မျောက်ကျောက်ရောဂါ (Monkeypox)

✍️ မျောက်ကျောက်ရောဂါ(Monkeypox)အကြောင်းတစ်စေ့တစ်စောင်း
🐒 Monkeypox ဗိုင်းရပ်စ်က ယေဘုယျအားဖြင့် အာဖရိကအလယ်ပိုင်းနဲ့ အနောက်ပိုင်းမှာတွေ့လေ့ရှိတတ်ပြီး ဒီဗိုင်းရပ်စ်ကူးစက်ခံရတဲ့တိရစ္ဆာန်တွေနဲ့ အနီးကပ်ထိတွေ့မိတဲ့အခါမျိုးမှာ လူတွေဆီကူးစက်တတ်ပါတယ်။ ဒါပေမဲ့ ဒီတစ်ခါတော့ Monkeypox ဖြစ်လေ့ဖြစ်ထမရှိတဲ့နိုင်ငံတွေမှာ အတည်ပြုလူနာ (၈၀) ခန့် တွေ့လာရပြီဖြစ်ပါတယ်။
မျောက်ကျောက်ရောဂါ(Monkeypox) ရောဂါက ဘယ်လိုကူးစက်နိုင်လဲ ⁉️
ဒီရုတ်တရက်ကူးစက်မှုမှာသမားရိုးကျမဟုတ်တဲ့ ထူးဆန်းမှုတွေရှိနေပါတယ်။ ဘာတွေလဲဆိုတော့~
🔹အခုကူးစက်ခံရသူတွေကအာဖရိကအလယ်ပိုင်း၊ အနောက်ပိုင်းဒေသတွေနဲ့ ဆက်နွယ်မှုမရှိသလောက် နည်းတယ်။
🔹ဘယ်ကနေကူးစက်မှန်း မသိရဘူး။
🔹လိင်မှုကိစ္စကတဆင့်ကူးစက်ပြန့်ပွားတယ်။
🔹ကူးစက်ခံရသူအများစုက Bisexuals နဲ့လိင်တူ ဆက်ဆံတတ်သူတွေဖြစ်နေတတ်ပါတယ်။
ဒါဆိုမျောက်ကျောက်ရောဂါ(Monkeypox)က ကပ်ရောဂါတစ်ခု ဖြစ်လာမှာလား ⁉️🤔
🔹Covid နဲ့မတူတာက မျောက်ကျောက်ရောဂါ (Monkeypox)ကရင်းနှီးအကြောင်းသိပြီးသားဗိုင်းရပ်စ်ဖြစ်လို့ ကာကွယ်ဆေးတွေ၊ ကုသနည်းစနစ်တွေက အဆင်သင့်ရှိနေပါတယ်။ ပြီးတော့ကိုဗစ်လိုကူးစက်မလွယ်တဲ့အပြင် သိသာထင်ရှားတဲ့အရေပြား လက္ခဏာရှိတာမို့ မသိလိုက်ဘဲပျံ့နှံ့တာမျိုးနည်းပါတယ်။ ဒါကြောင့်လက်ရှိအနေအထားအရမျောက် ကျောက်ရောဂါ(Monkeypox) ကကိုဗစ်လိုကပ်ရောဂါကြီးတစ်ခုဖြစ်လာနိုင်စရာ မရှိပါဘူး။
🔹ဒါပေမဲ့ ဒီကူးစက်မှုနဲ့ပတ်သက်ပြီး ရှင်းရှင်းလင်းလင်းမသိရသေးတဲ့အတွက်ဂရုပြုဆင်ခြင်ဖို့ မျောက် ကျောက်ရောဂါ(Monkeypox) အကြောင်းတော့ သိထားဖို့လိုပါတယ်။
မျောက်ကျောက်ရောဂါ(Monkeypox)ရဲ့ရောဂါ လက္ခဏာတွေက…
🔹ရောဂါလက္ခဏာတွေက ဖျားမယ်၊ ခေါင်းကိုက်မယ်၊ အကြိတ်တွေရောင်မယ်၊ ကြွက်သားတွေ နာကျင် ကိုက်ခဲမယ်၊ မောပန်းမယ်။ အဓိကအားဖြင့် မျက်နှာ၊ လက်၊ ခြေထောက်မှာ ယားယံတဲ့ အနီကွက်တွေ၊ အဖုအပိမ့်တွေပေါ်လာမယ်။
🔹ဘယ်လိုကူးစက်လဲဆိုရင် ရောဂါရှိတဲ့လူ (ဒါမှမဟုတ်) တိရစ္ဆာန်နဲ့ အနီးကပ်ထိတွေ့တာ၊ ရောဂါရှိတဲ့လူသုံးထားတဲ့ အဝတ်အစား၊ အိပ်ရာနဲ့ထိတွေ့တာတွေကြောင့်ဖြစ်တယ်။
🔹ကုသနည်းကတော့ ကျောက်ကြီးကာကွယ်ဆေးနဲ့ ဗိုင်းရပ်စ်သတ်ဆေးတွေပဲ ဖြစ်ပါတယ်။
✅ တကယ်လို့ သင့်မှာ မျောက်ကျောက်ရောဂါ (Monkeypox) ရဲ့ သံသယဖြစ်ဖွယ်လက္ခဏာတွေရှိနေတယ်ဆိုရင်တော့ သံသယကင်းရှင်းစေဖို့ အထူးကုသမားတော်ကြီးများရှိတဲ့ပန်းလှိုင်ဆေးရုံနဲ့ဆေးခန်းတွေမှာလာရောက်ဆွေးနွေးတိုင်ပင်နိုင်ပါတယ်နော်…🏥🧑🏻⚕️
ဆက်သွယ်စုံစမ်းရန် ☎☎
ပန်းလှိုင်ဆေးရုံ (လှိုင်သာယာ)
Hotline – 09 772 88 99 22
Mobile – 09 421 042 679
ပန်းလှိုင်ဆေးခန်း(တော်ဝင်)
Hotline – 09 772 88 99 22
Mobile – 09 513 7812
ပန်းလှိုင်ဆေးခန်း (မြောက်ဒဂုံ)
Hotline – 09 772 88 99 22
Mobile – 09 882 603 866
ပန်းလှိုင်ဆေးရုံ (မန္တလေး)
Hotline – 09 772 88 99 33
Mobile 09 952 207 781
ပန်းလှိုင်ဆေးရုံ(တောင်ကြီး)
Mobile – 09 5280 883
Phone – 081 212 28 44