Blog

Yoma Family Healthcare

Hi Yoma Family,

A reminder for all: If you are not feeling well, instead of going to the hospital, you now have the option (as a Yoma Employee) of booking an appointment and seeing your doctor via online consultation.

Follow the Step-to-step guide here.

Act responsibly, protect yourself and your family!

Antibody Test

During this week Virtual Townhall, CEO Melvyn Pun talked about doing COVID antibody test on some of our employees to keep our workplace safe. You can find out more details about the test in below Myanmar subtitle video. If you have any question about the test, please contact AskHR or AskDoc for further information. 

ဒီအပတ်ပြုလုပ်သွားသည့် Virtual Townhall မှာ ဝန်ထမ်းအချို့ကိုရွေးပြီး COVID antibody စစ်ဆေးမှု ပြုလုပ်သွားမည့်အကြောင်းကို CEO Melvyn Pun မှ ရှင်းလင်းပြောကြားသွားပါသည်။ စစ်ဆေးမှုနှင့်ပက်သက်၍ အသေးစိတ်ရှင်းပြထားသည်ကို အောက်ပါ မြန်မာစာတန်းထိုး ဗီဒီယိုတွင် ပြန်လည်ကြည့်ရှုနိုင်ပါသည်။ အခြားသိရှိမေးမြန်းလိုသည်များရှိပါက AskHR သို့ AskDoc သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။

မြန်မာပြည်သူများအားလုံး ဘဏ္ဍာရေးဝန်ဆောင်မှုအား လက်လှမ်းမီစေရန် ရည်ရွယ်၍ Wave Money နှင့် Ant Financial Services Group တို့မှပူးပေါင်းဆောင်ရွက်

၂၀၂၀ ခုနှစ်၊ မေလ ၁၈ ရက်၊ ရန်ကုန်၊ ဟန်ကျိုး။          မြန်မာနိုင်ငံရှိ ဘဏ်လုပ်ငန်းဝန်ဆောင်မှုကို လက်လှမ်းမမီသေးသူများနှင့် အခြေခံပြည်သူများအတွက် လူတိုင်း ဘဏ္ဍာရေးဝန်ဆောင်မှု အသုံးပြုနိုင်ရေးကို မြှင့်တင်လုပ်ဆောင်ရန် Digital Money Myanmar Limited (“Wave Money”) နှင့် Alipay အော်ပရေတာဖြစ်သူ Ant Financial Services Group (“Ant Group”) တို့အကြား မဟာဗျူဟာမြောက် မိတ်ဖက်လုပ်ကိုင်သွားမည်ဖြစ်ကြောင်းကို ယနေ့တွင် ထုတ်ပြန်ကြေညာသည်။ ဒီဂျစ်တယ်နှင့် မိုဘိုင်းငွေပေးချေမှုလုပ်ငန်းတွင် ရှေ့တန်းမှဦးဆောင်လျက်ရှိသော Ant Group နည်းပညာပိုင်းဆိုင်ရာပံ့ပိုးမှုများနှင့်အတူ Wave Money သည် မြန်မာနိုင်ငံအနှံ့ရှိ သုံးစွဲသူများအတွက် ပိုမိုလွယ်ကူအဆင်ပြေပြီး လုံခြုံစိတ်ချရသည့် မိုဘိုင်းဘဏ္ဍာရေးဝန်ဆောင်မှုများကို တိုးမြှင့်လုပ်ဆောင်သွားဖြစ်သည်။

Wave Money သည် Telenor Group Yoma Group (Yoma Strategic Holdings  – “Yoma Strategic” နှင့် ရိုးမဘဏ်တို့ကို ပူးပေါင်းခေါ်ဆိုခြင်း) တို့အကြား အကျိုးတူ ပူးပေါင်းလုပ်ဆောင်လျက်ရှိသည့် ဖက်စပ်ကုမ္ပဏီဖြစ်သည်။ အဆိုပါ ပူးပေါင်းဆောင်ရွက်မှုနှင့်အတူ Ant Group မှ Wave Money ကုမ္ပဏီတွင် အမေရိကန်ဒေါ်လာ ၇၃. သန်း ရင်းနှီးမြှုပ်နှံပြီး Yoma Group Telenor တို့နှင့်အတူ Wave Money အရာရောက်သည့် အနည်းစုပိုင်ရှယ်ယာရှင် ဖြစ်လာမည်ဖြစ်သည်။ Ant Group Wave Money တွင် ရင်းနှီးမြှုပ်နှံမှုအတွက် သက်ဆိုင်ရာအာဏာပိုင်များ၏ ခွင့်ပြုချက်ရရှိမှုနှင့် စာချုပ်ပါအချက်များပြည့်မှီမှုအပေါ် မူတည်၍ ရှယ်ယာအသစ်များ ထည့်ဝင်သွားမည်ဖြစ်သည်။

မြန်မာနိုင်ငံ၏ မိုဘိုင်းဘဏ္ဍာရေးဝန်ဆောင်မှုကဏ္ဍတွင် ရှေ့တန်းမှဦးဆောင်လျက်ရှိသော Wave Money သည် မြန်မာနိုင်ငံရှိ မြို့နယ်ပေါင်း ၃၃၀ အနက် ၂၉၅ မြို့နယ်အတွင်း ကိုယ်စားလှယ်ပေါင်း ၅၇,၀၀၀ ကျော်ဖြင့်  တစ်နိုင်ငံလုံး၏ ၈၉% အား မိုဘိုင်းဘဏ္ဍာရေး ဝန်ဆောင်မှုများပေးအပ်လျက်ရှိသည်။ မြန်မာနိုင်ငံရှိ သုံးစွဲသူပေါင်း ၂၁ သန်းကျော်မှ Wave Money ဝန်ဆောင်မှုအား အသုံးပြုပြီး ငွေလွှဲ ငွေထုတ်ခြင်း၊ ဘေလ်များပေးဆောင်ခြင်း၊ ဝန်ဆောင်ခပေးချေခြင်း၊ ဖုန်းငွေဖြည့်ခြင်းနှင့် ဒီဂျစ်တယ်ငွေပေးချေမှုများကို ပြုလုပ်လျက်ရှိသည်။ WavePay အက်ပလီကေးရှင်းအား စတင်မိတ်ဆက်ခဲ့ချိန် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ မှစ၍ WavePay အား ပုံမှန်သုံးစွဲသူအရေအတွက်မှာ လစဉ် ၁၄% ဖြင့်  တိုးပွားလျက်ရှိသည်။ ၂၀၁၉ ခုနှစ်တွင် Wave Money မှ ငွေလွှဲပြောင်းသည့် ပမာဏသည် ၂၀၁၈ ခုနှစ်ထက် ၃ဆကျော် တိုးတက်လာရာ မြန်မာကျပ်ငွေ ၆.၄ ထရီလီယံ (အမေရိကန်ဒေါ်လာ ၄.၃ ဘီလီယံ) အထိရှိခဲ့ပါသည်။ တစ်ချိန်တည်းမှာပင် လုပ်ငန်းဝင်ငွေနှင့် ငွေလွှဲပြောင်းပေးပို့သည့် အကြိမ်အရေအတွက်တို့သည်လည်း ဆအထိ တိုးတက်ခဲ့သည်။ Wave Money သည် လုပ်ငန်းစတင်ပြီး နှစ်နှစ်အကြာ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလကတည်းက EBITDA ဝင်ငွေ စတင်ရရှိခဲ့ပြီး ယခုအချိန်အထိ ဝင်ငွေရရှိမှုကို ဆက်လက်ထိန်းထားလျက်ရှိပါသည်။

Ant Group သည် တီထွင်ဆန်းသစ်သော နည်းပညာများနှင့်အတူ တစ်ကမ္ဘာလုံးရှိ လူတန်းစားအလွှာပေါင်းစုံ၊ မည်သူမဆို လက်လှမ်းမီနိုင်သည့် ဘဏ္ဍာရေးဝန်ဆောင်မှုများကို  ပံ့ပိုးပေးလျက်ရှိသည့် နည်းပညာအခြေပြုကုမ္ပဏီဖြစ်သည်။  ၎င်းသည် Alipay အော်ပရေတာဖြစ်ပြီး ၂၀၀၄ ခုနှစ်တွင် အွန်လိုင်းငွေပေးချေသည့် ဝန်ဆောင်မှုကို စတင်ခဲ့ရာမှ ဒီဂျစ်တယ်နေထိုင်မှုပုံစံအတွက် ကုန်သည်များနှင့် သုံးစွဲသူများအကြား ချိတ်ဆက်ပေးသည့် ထိပ်တန်းပလက်ဖောင်းတစ်ခု ဖြစ်လာခဲ့သည်။ ၂၀၁၉ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့အရ Alipay သည် ၎င်း၏ မဟာဗျူဟာကျ E-wallet မိတ်ဖက်များနှင့်အတူ ကမ္ဘာအနှံ့တွင် ပြည်သူပေါင်း . ဘီလီယံကို ဝန်ဆောင်မှုများ ပေးအပ်လျက်ရှိသည်။

အဆိုပါမဟာဗျူဟာကျ ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် Wave Money သည် Ant Group မိုဘိုင်းငွေပေးချေမှုလုပ်ငန်း အတွေ့အကြုံများအား အသုံးပြု၍ ၎င်း၏ ဒီဂျစ်တယ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်အပိုင်း၊ သုံးစွဲသူများ၏ ဝန်ဆောင်မှုအပေါ် တွေ့ကြုံခံစားရမှုအပိုင်း၊ ဝန်ဆောင်မှု အမျိုးအစားအပိုင်းတို့တွင် မြန်မာပြည်သူများ၏ လိုအပ်ချက်များအား ပိုမိုကောင်းမွန်စွာ ဖြည့်ဆည်းပေးနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်သည်။

“Wave Money အနေနဲ့ အခုလိုပူးပေါင်းဆောင်ရွက်မှုအတွက် အထူးစိတ်လှုပ်ရှားလျက်ရှိပြီး Ant Group နည်းပညာပိုင်ဆိုင်ရာ ကျွမ်းကျင်မှု၊ ပံ့ပိုးကူညီမှုတွေနဲ့အတူ ကျွန်တော်တို့ရဲ့ ဒီဂျစ်တယ်နည်းပညာဆိုင်ရာ ခရီးလမ်းကို အရှိန်အဟုတ်မြှင့် လုပ်ဆောင်သွားဖို့ မျှော်လင့်လျက်ရှိပါတယ်။ မိုဘိုင်းဖုန်းသုံးစွဲလာမှုနှုန်း  တရှိန်ထိုး မြင့်တက်လာတာနဲ့အမျှ မြန်မာနိုင်ငံရှိ ပြည်သူတွေအနေနဲ့လည်း ဒီဂျစ်တယ်ငွေပေးချေမှုများကို လက်ခံကျင့်သုံးရန် အသင့်ဖြစ်နေပါပြီ။   ဒါကြောင့် ကျွန်တော်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုသည် Wave Money အတွက်သာမက မြန်မာပြည်သူများအတွက်ပါ ကောင်းမွန်သော ပြောင်းလဲမှုတွေ ဖြစ်လာနိုင်မယ်လို့လည်း ယုံကြည်ပါတယ်ဟု Wave Money CEO ဖြစ်သူ Brad Jones မှ ပြောကြားခဲ့သည်။

မြန်မာနိုင်ငံရှိ လူဦးရေအများစုက သမားရိုးကျ ဘဏ်လုပ်ငန်းဝန်ဆောင်မှုကို မရရှိသေးဘဲ လူဦးရေရဲ့ လေးပုံတစ်ပုံခန့်သာ ဘဏ်စာရင်းရှိကြပါတယ်။ Ant Group သည် မိုဘိုင်းငွေပေးချေရေး နှင့် ဘဏ္ဍာရေးဝန်ဆောင်မှု လုပ်ငန်းတွေမှာ အတွေ့အကြုံများစွာ ရှိပါတယ်။ Covid-19 အခြေအနေကြောင့် ပြည်သူတွေကြားမှာ ငွေသားမဲ့ငွေပေးချေခြင်းတွေ တိုးများလာတာနဲ့အမျှ e-commerce လုပ်ငန်းတွေလည်း  တိုးတက်လာမည်ဖြစ်ပါတယ်။ ယခုမဟာဗျူဟာမြောက် မိတ်ဖက်မှုကနေ Wave Money ရဲ့ ငွေသားမဲ့ ငွေပေးချေမှုစနစ်  တိုးတက်လာအောင် ကြိုးပမ်းမှုအတွက် များစွာကူညီ ပံ့ပိုးပေးသွားနိုင်လိမ့်မယ်လို့ ကျွန်တော်တို့မျှော်မှန်းထားပါတယ်ဟု  Yoma Strategic CEO ဖြစ်သူ Melvyn Pun မှ ပြောကြားသည်။

လူတိုင်းလက်လှမ်းမီနိုင်သည့် ဘဏ္ဍာရေးဝန်ဆောင်မှုများ ဖော်ဆောင်ပေးရန်မှာ Ant Group နှင့် Wave Money တို့ရဲ့ တူညီသည့် ရည်မှန်းချက်ဖြစ်ပါတယ်။ Wave Money အနေနဲ့ Alipay ရဲ့ လုပ်ငန်းအတွေ့အကြုံတွေနဲ့အတူ မြန်မာနိုင်ငံရှိ ဘဏ်လုပ်ငန်းဝန်ဆောင်မှုကို အသုံးမပြုသူများ၊ လက်လှမ်းမမီသေးသူများနှင့် အသေးစားနှင့် အလတ်စား လုပ်ငန်းရှင်များအတွက် ဘဏ္ဍာရေးဝန်ဆောင်မှုများ ပေးအပ်နိုင်ရန် တိုးမြှင့်လုပ်ဆောင်သွားနိုင်မှာ ဖြစ်ပါတယ်။  ပြည်တွင်းသုံးစွဲသူတွေနှင့် ကုန်သည်တွေ၏ နေ့စဉ်ကိစ္စအဝဝမှာ ပိုမိုအဆင်ပြေ ကောင်းမွန်လာစေရန် Wave Money နဲ့အတူ  မြန်မာနိုင်ငံမှာ  အောင်မြင်စွာ ပူးပေါင်းလုပ်ကိုင်သွားရန်ကိုလည်း အထူးမျှော်လင့်မိပါတယ်ဟု Ant Group Executive Chairman ဖြစ်သူ Eric Jing မှ ပြောကြားပါသည်။

နိုင်ငံအတွင်း Financial Inclusion (လူတန်းစားအလွှာပေါင်းစုံ လက်လှမ်းမီနိုင်သော ဘဏ္ဍာရေးဝန်ဆောင်မှု) သည် လက်ရှိတွင် ၄၈% ရှိနေရာမှ၂၀၂၂  ခုနှစ်တွင် ၆၀% အထိ တိုးတက်လာအောင် လုပ်ဆောင်သွားရန် မြန်မာနိုင်ငံအစိုးရမှ ရည်မှန်းထားပါသည်။ အဆိုပါ ရည်မှန်းချက်အားအကောင်အထည်ဖော်ရန်အတွက် ဘဏ္ဍာရေးဆိုင်ရာ နည်းပညာနှင့် မိုဘိုင်းဆိုင်ရာ ဖြေရှင်းချက်များသည် အဓိက အခန်းကဏ္ဍတွင်  ပါဝင်လာမည်ဟု ခန့်မှန်းထားပါသည်။ ထို့ကြောင့် Yoma Strategic အနေဖြင့်လည်း မြန်မာနိုင်ငံရှိ ဒီဂျစ်တယ် ဘဏ္ဍာရေးဝန်ဆောင်မှု လုပ်ငန်းကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု ပိုမိုအားကောင်းလာစေရန် လု ပ်ဆောင်သွားမည်ဖြစ်ပြီး Wave Money တွင် ပိုင်ဆိုင်သည့် အစုရှယ်ယာအချိုးအစား တိုးပွားလာစေရန် ဖြစ်နိုင်ချေရှိသည့် အလားအလာများကိုလည်း ဆက်လက်ရှာဖွေ  ဖော်ဆောင်သွားမည်ဖြစ်သည်။  

– END –

Yoma Strategic Holdings အကြောင်း (http://www.yomastrategic.com)    

Singapore Securities Exchange Trading Limited (SGX-ST) တွင် စာရင်းသွင်းမှတ်ပုံတင်ထားသည့်  Yoma Strategic Holdings Ltd သည်  မြန်မာနိုင်ငံတွင်  အိမ်ခြံမြေ၊ စားသောက်ကုန်၊  မော်တော်ယာဉ်  နှင့်  အကြီးစား ပစ္စည်းကိရိယာများ၊ ဘဏ္ဍာရေးဝန်ဆောင်မှုများနှင့်  ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်နေသော ထိပ်တန်း စီးပွားရေး ကော်ပိုရေးရှင်းဖြစ်ပါသည်။ Yoma Group မိတ်ဖက်အဖွဲ့အစည်းတို့နှင့်အတူ Yoma Strategic သည် မြန်မာနိုင်ငံ၏ စီးပွားရေး လုပ်ငန်းနယ်ပယ် အသီးသီးတွင်  လုပ်ကိုင်ရန်အတွက် လုပ်ငန်းပေါင်းစုံကော်ပိုရေးရှင်းအဖြစ် လုပ်ကိုင်လျှက်ရှိပါသည်။ ကုမ္ပဏီသည် ၂၀၁၉ ခုနှစ် စင်္ကာပူနိုင်ငံ၏ အုပ်ချုပ်မှုနှင့်  ပွင့်လင်းမြင်သာမှု  အရှိဆုံး ကုမ္ပဏီများအနက်  ထိပ်သီး ရာခိုင်နှုန်း တွင်ပါဝင်သည့်အပြင်  ၂၀၁၇ ခုနှစ်၏ အာဆီယံကုမ္ပဏီအုပ်ချုပ်မှုမှ  သတ်မှတ်သည့်  စင်္ကာပူ၏ အကြီးဆုံးကုမ္ပဏီပေါင်း ၁၀၀ အနက် အဆင့်  ၂၆ တွင်ရပ်တည်ပြီး ၂၀၁၆ ခုနှစ်၏ စင်္ကာပူကုမ္ပဏီများ ဆုပေးပွဲတွင်  အကောင်းဆုံး စီမံခန့်ခွဲမှု  ဒါရိုက်တာအဖွဲ့ (ရွှေ) ဆုကိုလည်း ချီးမြှင့်ခြင်းခံရသည်။

Wave Money အကြောင်း (http://www.wavemoney.com.mm)

မြန်မာနိုင်ငံရှိ မိုဘိုင်းငွေကြေး ဝန်ဆောင်မှုလုပ်ငန်းတွင် ရှေ့တန်းမှဦးဆောင်လျက်ရှိသော Wave Money သည် မြန်မာနိုင်ငံအနှံ့တွင် Wave ဆိုင်ပေါင်း ၅၇,၀၀၀ ကျော်ဖြင့် ဝန်ဆောင်မှုများပေးအပ်လျက်ရှိသည်။ ထို့အပြင် Wave Money သည် Telenor ရိုးမဘဏ်နှင့် စင်္ကာပူစတော့အိတ်ချိန်းစာရင်းဝင် ကုမ္ပဏီတစ်ခုဖြစ်သော Yoma Strategic Holdings တို့နှင့် အကျိုးတူဖက်စပ်လုပ်ကိုင်နေသော ကုမ္ပဏီတစ်ခုဖြစ်သည်။ Wave Money သည် နိုင်ငံအနှံ့တွင်ထားရှိသည့် ကိုယ်စားလှယ်ကွန်ရက်မှတစ်ဆင့် လွယ်ကူ၊ လျင်မြန်ပြီး ယုံကြည်စိတ်ချရသည့် မိုဘိုင်းငွေကြေးဝန်ဆောင်မှုများကို ပေးလျက်ရှိပါသည်။ Wave Money သည် ငွေလွှဲဝန်ဆောင်မှုနှင့် ပတ်သက်၍ တမူထူးခြားသည့် ငွေလွှဲပြောင်းမှုပုံစံဖြင့် သန်းနှင့်ချီသော မြန်မာနိုင်ငံရှိ ပြည်သူများအား ဘဏ္ဍာရေးဝန်ဆောင်မှုများကို လက်လှမ်းမီလာစေရန် လုပ်ဆောင်ပေးခဲ့သည်။ ထောင်ပေါင်းများစွာသော ပြည်သူတို့သည် နေ့စဉ် ငွေပေးပို့ခြင်းများကို Wave Money မှတစ်ဆင့် အချိန်မရွေး၊ နေရာမရွေးမှ လုပ်ဆောင်လျက်ရှိပါသည်။ Wave Money Call Center များသည် တစ်ပတ် ရက်၊ တစ်ရက် ၂၄ နာရီ အချိန်ပြည့် လည်ပတ်လျက်ရှိပြီး သုံးစွဲသူများမှ သိရှိလိုသည့် မေးမြန်းချက်များကို အချိန်ပြည့် ဖြေကြားပေးလျက်ရှိသည်။

Ant Group အကြောင်း (https://www.antfin.com/)

Ant Financial Services Group (Ant Group) သည် နည်းပညာကို အသုံးပြု၍ တစ်ကမ္ဘာလုံးအတွက် တန်းတူညီမျှသည့် အခွင့်အရေးများ ဖော်ဆောင်ပေးနိုင်ရန် ရည်ရွယ်ထားပါသည်။ ကျွန်တော်တို့၏ နည်းပညာများဖြစ်သည့် Blockchain Artificial Intelligence Security Internet of Things နှင့် ကွန်ပြူတာ စသည့် နည်းပညာတို့ကြောင့် ကျွန်တော်တို့၏ မိတ်ဖက်လုပ်ငန်းများသည် ဘဏ်လုပ်ငန်း ဝန်ဆောင်မှုကို လက်လှမ်းမမီသူများနှင့် အသုံးမပြုသူများအတွက် ဝန်ဆောင်မှုပေးနိုင်စေပါသည်။ ထို့ကြောင့် ကမ္ဘာအနှံ့ရှိ ပြည်သူများနှင့် အသေးစားစီးပွားရေးလုပ်ငန်းရှင်  ဖောက်သည်များအတွက် ပိုမို လုံခြုံစိတ်ချရသော၊ ပွင့်လင်းမြင်သာမှုရှိသော၊ ကုန်ကျစရိတ် သက်သာသော၊ လူတိုင်းလက်လှမ်းမီနိုင်သော ဘဏ္ဍာရေးဝန်ဆောင်မှုများကို ဖော်ဆောင်ပေးလျက်ရှိပါသည်။

Ant Group သည် နိုင်ငံတကာရှိ အဖွဲ့အစည်းများနှင့် မဟာဗျူဟာမြောက်မိတ်ဖက်ပြီး ဈေးကွက်အတွင်းရှိ ဒေသခံပြည်သူများအား ဝန်ဆောင်မှုပေးနေသည့်အပြင် ပြည်ပရောက် တရုတ်ခရီးသွားများကိုလည်း Alipay မှတစ်ဆင့် အွန်လိုင်းနှင့် Offline ရှိ ကုန်သည်များနှင့် ချိတ်ဆက်ပေးခြင်းဖြင့် ဝန်ဆောင်မှုပေးလျက်ရှိပါသည်။ Ant Group လက်အောက်တွင် Alipay Ant Fortune MYbank နှင့် WorldFirst အစရှိသည့် အမှတ်တံဆိပ်များ ပါဝင်ပါသည်။ အခြားသိရှိလိုသည်များရှိပါက ဝဘ်ဆိုဒ်ဖြစ်သော www.antfin.com တွင် ဝင်ရောက်ကြည့်ရှုခြင်း (သို့) Twitter @AntFinancial တွင် ကြည့်ရှုနိုင်ပါသည်။

စုံစမ်းမေးမြန်းမှုများအတွက်

Yoma Strategic:

Analyst contact:

Ms. Jane Kwa, Tel: (65) 9759 2602 or (95) 09 79311 3587 Email: janekwa@yoma.com.mm

Media contact:

Ms. Sylvia Saw McKaige, Tel: (65) 9476 2581 Email: sylviamckaige@yoma.com.mm

Ms. Thiri Yee Mon, Tel: (95) 9777 211 888 Email: thiri@yoma.com.mm

Wave Money:

Media contact:

Ms. Kelly Moe Lwin, Tel: (95) 9791 009234 Email: kelly.moepwintlwin@wavemoney.com.mm

Ant Financial:

Media contact:

Mr. Le Shen, Email: shenle.sl@antfin.com

Wave Money and Ant Financial Services Group forms strategic partnership to promote financial inclusion for the unbanked in Myanmar

Yangon, Hangzhou, 18 May, 2020 – Digital Money Myanmar Limited (“Wave Money”) and Ant Financial Services Group (“Ant Group”), operator of Alipay, today announced a strategic partnership to promote financial inclusion for the unbanked and underbanked communities in Myanmar. Ant Group’s expertise in mobile payment and digital financial services will help boost Wave Money’s technological capabilities to provide greater convenience and security in mobile financial services across Myanmar.

Wave Money is a joint venture between Telenor Group and the Yoma Group (for this purpose to comprise Yoma Strategic Holdings (“Yoma Strategic”) and Yoma Bank). As part of this partnership, Ant Group plans to invest US$73.5 million in Wave Money to become a substantial minority stakeholder, alongside existing shareholders Yoma Groupand Telenor. Ant Group stake in Wave Money will come by way of a new share issuance which is subject to certain conditions, including regulatory approval.

Wave Money, a leading mobile financial services provider in Myanmar, runs a network of more than 57,000 agents or “Wave Shops” in urban and rural areas across 295 out of 330 townships nationwide, covering approximately 89% of the country. In 2019, Wave Money’s transfer volume more than tripled year-on-year reaching MMK6.4 trillion (US$4.3 billion). During the same period, revenue and transaction numbers also tripled. Wave Money became EBITDA positive in September 2018, just two years after its launch and continued to maintain its profitability.

More than 21 million people have used Wave Money’s platform including Wave Pay for remittances, utility payments, airtime top-ups and digital payments. Since its launch in October 2018, Wave Pay’s monthly active user base has been increasing steadily at 14% per month-on-month.

Ant Group is an innovative technology provider that aims to bring inclusive financial services to the world. It is the operator of Alipay, an online payment service launched in 2004 which has since evolved into a leading digital lifestyle platform connecting merchants and its users.  As of 30 June 2019, Alipay, together with its strategic e-wallet partners serves 1.2 billion global users.

As part of the strategic partnership, Wave Money will leverage Ant Group’s experience building mobile payment platforms to enhance its digital competence, capabilities, user experience and service offerings to better address the needs of users in Myanmar.

“Wave Money is excited to announce this partnership and look forward to accelerating our digital journey with the support and expertise from Ant Group. Myanmar is ready for mass adoption of digital payments with a connected population and high smartphone penetration. This partnership will be transformative for Wave Money and Myanmar,” said Brad Jones, CEO, Wave Money.

“Myanmar’s population is still massively underserved by formal banking institutions with only a quarter of people having a bank account. Ant Group brings a wealth of expertise in mobile payment and financial services. The covid-19 situation is accelerating the trend towards a cashless society and drives the growth of ecommerce, and we expect this strategic partnership to massively boost Wave Money’s capabilities to support these trends,” said Melvyn Pun, CEO, Yoma Strategic.

“Ant Group and Wave Money share a similar vision in making financial services more accessible for everyone. The partnership will enable Wave Pay to tap into the experience of Alipay to promote financial inclusion and better serve the unbanked and underbanked individuals and SMEs in Myanmar. We look forward to working collaboratively with Wave Money to build on its success in Myanmar and support the company to improve the well-being of local users and merchants,” said Eric Jing, Executive Chairman, Ant Group.

The Myanmar Government plans to increase financial inclusion in the country from its current 48% to 60% by 2022.  With financial technology and mobile solutions expected to play a significant role in this growth, Yoma Strategic will look to strengthen its interest in Myanmar’s digital financial services sector, which includes exploring the possibility of increasing its shareholding in Wave Money.

– END –

About Yoma Strategic Holdings Ltd. (www.yomastrategic.com)

Listed on the Main Board of the Singapore Securities Exchange Trading Limited (SGX-ST), Yoma Strategic Holdings Ltd. is a leading business corporation with a diversified portfolio of businesses in Real Estate, Consumer, Automotive & Heavy Equipment, Financial Services and Investments in Myanmar. Together with its Yoma Group partners, Yoma Strategic is taking a conglomerate approach to build a diversified portfolio of businesses in Myanmar. The Company was ranked in the top 5% of the Governance and Transparency Index 2019, ranked 26th out of top 100 largest Singapore companies in the ASEAN Corporate Governance Scorecard 2017 and won the Best Managed Board (Gold) Award at the Singapore Corporate Awards in 2016.

About Wave Money (http://www.wavemoney.com.mm)

Wave Money is the leading mobile financial services provider operating with over 57,000 Wave shops across Myanmar. Wave Money is a joint venture between Telenor, Yoma Bank and Singapore Exchange listed Yoma Strategic Holdings and provides easy, fast and reliable mobile financial services through a nationwide agent network. Wave Money introduced a unique way of transferring money, bringing millions of people in Myanmar access to formal financial services. Through Wave Money, thousands of people a day are sending money anywhere and at any time. The Wave Money call center operates 24/7 and is always available to respond to any customer queries.

About Ant Group (https://www.antfin.com/)

Ant Financial Services Group (Ant Group) is dedicated to using technology to bring the world equal opportunities. Our technologies, including blockchain, artificial intelligence, security, Internet of Things and computing empower us and our ecosystem partners to serve the unbanked and underbanked, bringing more secure, transparent, cost-effective and inclusive financial services to individuals and small and micro-sized individual customer and small businesses worldwide.

Ant Group has formed international partnerships with global strategic partners to serve local users in those markets, and we serve Chinese travelers overseas by connecting Alipay with online and offline merchants. Brands under Ant Group include Alipay, Ant Fortune, MYbank, and WorldFirst. For more information, please visit our website at www.antfin.com or follow us on Twitter @AntFinancial.

For enquiries, please contact:

Yoma Strategic:

Analyst contact:

Ms. Jane Kwa, Tel: (65) 9759 2602 or (95) 09 79311 3587 Email: janekwa@yoma.com.mm

Media contact:

Ms. Sylvia Saw McKaige, Tel: (65) 9476 2581 Email: sylviamckaige@yoma.com.mm

Ms. Thiri Yee Mon, Tel: (95) 9 777 211 888 Email: thiri@yoma.com.mm

Wave Money:

Media contact:

Ms. Kelly Moe Lwin, Tel: (95) 9791 009234 Email: kelly.moepwintlwin@wavemoney.com.mm

Ant Group:

Media contact:

Mr. Le Shen, Email: shenle.sl@antfin.com

မေလ ၁၈ ရက် – ရုံးပြန်တက်ခြင်း

မေလ ၁၈ ရက် အပတ်မှစပြီး ရုံးပြန်တက်မည့် ဝန်ထမ်းများ၏ ဘေးကင်းလုံခြုံရေးနှင့် ကျန်းမာရေးအတွက် ရုံးသို့လာရောက်ရန် နည်းလမ်း ၂ မျိုး စီစဉ်ထားရှိပါသည်။

နည်းလမ်း ၁ – Campus ရုံးကား (ဖယ်ရီဝန်ဆောင်မှု)

ဝန်ထမ်းများ၏ ဘေးကင်းလုံခြုံရေးအတွက် ကားပေါ်မတက်မီ လက်ကို ပိုးသတ်သန့်စင်ရန်နှင့် ဖယ်ရီကားပေါ် ရှိနေချိန်တွင် လူတိုင်း နှာခေါင်းစည်းများကို အချိန်ပြည့်တပ်ဆင်ရန် လိုအပ်ပါသည်။ ထိုင်ခုံတန်း တစ်တန်းတွင် လူတစ်ယောက်သာထိုင်ခွင့်ရှိပါသည်။  စုစုပေါင်း ဝန်ထမ်းဦးရေ၏ ၅၀% ခန့်သာ ရုံးပြန်တက်မှာဖြစ်သည့်အတွက် ဖယ်ရီကားပေါ်တွင် အချင်းချင်းခပ်ခွာခွာနေရန် လုံလောက်သည့် နေရာထိုင်ခုံများရှိမည်ဖြစ်ပါသည်။ ဖယ်ရီကားများကိုလည်း အသုံးမပြုခင်နှင့် အသုံးပြုပြီးတိုင်းတွင် ပိုးသတ်သန့်ရှင်းရေးများကို စနစ်တကျ ပြုလုပ်ထားပါသည်။

နည်းလမ်း ၂ – Yoma CarShare မှ ကားငှားရမ်းခြင်း

ရုံးကို ကိုယ်တိုင်ကားမောင်းပြီး လာချင်သူများအတွက် YomaCarShare မှ ကားငှားခကို တစ်နာရီလျှင် အနည်းဆုံး ကျပ်ငွေ ၂,၄၈၀ မှစ၍ ငှားရမ်းနိုင်ပါသည်။ YomaCarShare မှ ကားများကိုလည်း မကြာခဏ ပိုးသတ်သန့်ရှင်းရေးများ ပြုလုပ်ထားပါသည်။ အသေးစိတ်သိလိုပါက aung@yomafleet.comm သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

အချင်းချင်း ခပ်ခွာခွာနေခြင်း၊ နှာခေါင်းစည်း တပ်ဆင်ခြင်းနှင့် လက်မကြာခဏဆေးကြောခြင်းတို့ကို ပြုလုပ်ဖို့ မမေ့ကြရန် အသိပေးလိုပါသည်။

ရိုးမအုပ်စုအတွင်းရှိ ရုံးများအားလုံးတွင် အချင်းချင်းခပ်ခွာခွာနေစေရန်နှင့် ဘေးကင်းလုံခြုံမှုရှိစေရန်  အောက်ပါအချက်များကို လုပ်ဆောင်သွားရမည်ဖြစ်ပါသည်။

• ရုံးအတွင်းသို့ မဝင်ရောက်မီ ကိုယ်ပူချိန်တိုင်းရန်။

• အစည်းအဝေးခန်းများနှင့် ဧည့်ကြိုကောင်တာများတွင် လက်ဆေးရည်များ ထားရှိရန်။

• လုပ်ဖော်ကိုင်ဖက်အချင်းချင်း ၆ ပေအကွာမှနေ၍ ပြောဆိုဆက်ဆံရန်။

•အချင်းချင်းခပ်ခွာခွာနေစေရန် အလုပ်စားပွဲခုံအချို့တွင် အမှားသင်္ကေတများ ကပ်ထားရန်။

• ရုံးအတွင်း အချင်းချင်းခပ်ခွာခွာနေရန် အဆင်မပြေသည့်အချိန်များတွင် ဝန်ထမ်းများအနေဖြင့် နှာခေါင်းစည်း တပ်ဆင်ထားရန်။

• လုပ်ဖော်ကိုင်ဖက်များနှင့် အစည်းအဝေးခန်းအတွင်း ရှိနေချိန်တွင် နှာခေါင်းစည်းတပ်ဆင်ထားရန်။

• ပန်းလှိုင်အိမ်ရာနှင့် စတားစီးတီးအိမ်ရာအတွင်း ဝင်ရောက်သူများအား ကိုယ်ပူချိန်တိုင်းခြင်းကို ဆက်လက်လုပ်ဆောင်သွားရန်။

အားလုံးဘေးကင်းလုံခြုံစေရန်အတွက် နေ့လည်စာစားချိန်အတွင်း လိုက်နာကျင့်သုံးရမည့် စည်းကမ်းချက်များကိုလည်း ထုတ်ပြန်ထားသည့်အတွက် အားလုံးကို လိုက်နာကြစေလိုပါသည်။ စည်းကမ်းများကို လိုက်နာမှသာ ယခုကပ်ဘေးရောဂါကို ကျွန်တော်တို့အားလုံး အတူ ကျော်ဖြတ်နိုင်မှာဖြစ်ပါသည်။

Return to Work (Campus) — Week of May 18

If you are returning to the Campus next week, there are two travel options set up to ensure your health and safety: 

Option 1- Campus Ferry: 

Remember to sanitise your hands before boarding, and to wear a mask at all times. Only one person per row is allowed. Rest assured there is plenty of room for social distancing as all ferries are operating at less than half capacity. Each ferry is also properly sanitised before and after each ride. 

Option 2 – Rent a Car from Yoma Car Share: 

For those who prefer going to work on your own, Yoma Car Share is offering rental fees from as low as 2,480 MMK/hour ++. Yoma Car Share vehicles are regularly cleaned and sanitised.  Please contact aung@yomafleet.com for more details.

Let’s remember to practise safe social distancing as well as to wear a mask and wash your hands frequently. 

The following social distancing and health measure will apply to all Yoma Offices: 

– Temperature screening on entry to the office

– Hand sanitizer available in all meeting rooms and reception desks

– Observe 6 feet distance with work colleagues at all times

– Desks to be marked with an X to ensure appropriate social distancing

– Staff to wear masks in the office when social distancing cannot be maintained

– Staff to wear a mask if in a meeting room with other colleagues

– Temperature screenings on the Pun Hlaing Estate and StarCity Estate will continue

We request that all employees adhere to these measures for the health and safety of all Yoma employees.

Other measurements such as lunch hour arrangements are also put into place. We seek your understanding to follow them at all times. 

Together, we will get through this.