Blog

Withdraw your money using WavePay!

ATM စက်မှ ငွေထုတ်ယူရန်အခက်အခဲရှိနေပါက Yoma Bank Smart Account မှ WavePay သို့ငွေလွှဲပြီး Wave Money ဆိုင်မှငွေထုတ်ယူနိုင်ပါတယ်။ ဘယ်လို ငွေလွှဲ၊ ငွေထုတ်နိုင်တယ်ဆိုတာတွေကို အောက်ဖော်ပြပါ ပုံတွေ video တွေကတစ်ဆင့်လေ့လာနိုင်ပါတယ်။ 

ငွေသားလွှဲခြင်း –

ငွေသားထုတ်ယူခြင်း –

Download လုပ်ခြင်းနှင့် မှတ်ပုံတင်နည်း –

WavePay နှင့် Yoma Bank Smart ချိတ်ဆက်ခြင်း – //fb.watch/3TDfADyWzb/

ဖေဖော်ဝါရီလ လစာပေးခြင်းနှင့်ပတ်သက်၍ အသိပေးခြင်း

ဝန်ထမ်းများ၏လစာငွေအားလုံးကို ရိုးမဘဏ် Smart အကောင့်မှတစ်ဆင့် ပေးသွားမှာဖြစ်ပါသည်။ ယခုလတွင် Wave account မှမည်သည့်ငွေပေးချေမှုကိုပြုလုပ်မည်မဟုတ်ပါ။ ရိုးမဘဏ် ATM စက်များတွင်သာ Yoma Bank Smart Card ကိုပသုံးပြုပြီးငွေထုတ်ယူနိုင်ပါသည်။ 

If you are having trouble withdrawing cash out from ATM, you can transfer cash from your Yoma Bank Smart Account to your WavePay account and collect your cash from Wave Money Shop. Follow below step by step graphic and video guides.

How to cash in –

How to cash out –

How to download & register –

Wave x Yoma Linkage – //fb.watch/3TDfADyWzb/

Notice on salary payment methods for February

All salary payment will be paid by Yoma Bank into employees’ Smart Account as usual this month. We will not be making any payments into Wave Accounts this month. You can only withdraw cash from your Yoma Bank Smart Account at Yoma Bank ATM Machines.

Cyber and Internet Security Answers and Reminders

ဝန်ထမ်းများထံအသိပေးချက်

Cyber Law ဥပဒေမူကြမ်းအသစ်တစ်ရပ် ရေးဆွဲထားပြီးဖြစ်သည့် သတင်းကို မနေ့တွင် အများစုမှ သိရှိပြီးဖြစ်ပါလိမ့်မည်။ အဆိုပါ ဥပဒေသည် မူကြမ်းအဆင့်သာရှိသေး၍ Telcos နှင့် ISPS တို့မှ စီစစ်အတည်ပြုရန် လိုပါသေးသည်။ ထိုကြောင့် အွန်လိုင်းတွင် လုံခြုံစိတ်ချစွာ အသုံးပြုနိုင်ရန်အတွက် အောက်ပါအချက်များကို လမ်းညွှန်အကြံပြုလိုက်ပါသည်။

End to End Encryption ပါရှိသည့် အက်ပလီကေးရှင်းနှင့် ဝန်ဆောင်မှုများကိုသာ အသုံးပြုသင့်ပါသည်။ မိမိတို့၏ ဒေတာအချက်အလက်များကို ပြည်တွင်း ဒေတာစင်တာတွင် သိမ်းဆည်းထားမည်ဟု ပြောဆိုနေကြပါသည်။ သို့ရာတွင် encryption key မရှိပါက လက်တွေ့တွင် မိမိတို့၏ ဒေတာနှင့် မက်ဆေ့များကို Telcos နှင့် ISPs တို့အပါအဝင် မည်သူကမှ သိမ်းဆည်းရယူ နိုင်စွမ်းမရှိပါ။ ထို့ကြောင့် သင့်၏ လုပ်ငန်းသုံး အီးမေးလ်များနှင့် OneDrive ဖိုင်များအတွက် လုံခြုံစိတ်ချနိုင်ပါသည်။

Deep Packet Inspection သို့ DPI နှင့် ပတ်သက်၍လည်း များစွာ ပြောဆိုလျက်ရှိကြပါသည်။ ၎င်းမှာ အလွန်ခက်ခဲရှုပ်ထွေးသည့် နည်းပညာမျိုးဖြစ်ရာ Whatsapp မှတစ်ဆင့် မက်ဆေ့ချ်ပို့ထားမှန်းကို သိနိုင်သော်လည်း ရေးသားထားသည့် အကြောင်းအရာကို သိရှိနိုင်မှာ မဟုတ်ပါ။

ထို့ကြောင့် လက်ရှိတွင် End to End Encryption ပါရှိသည့် အွန်လိုင်းဝန်ဆောင်မှုများကို ဆက်လက်အသုံးပြုသင့်ပါသည်။ ထိုကိစ္စနှင့် ပတ်သက်၍ မရှင်းလင်းပါက Helpdesk ထံမေးမြန်းနိုင်ပါသည်။ ယေဘူယျအားဖြင့်ဆိုရသော် နိုင်ငံတကာတွင် အသုံးပြုနေသည့် ဝန်ဆောင်မှုများဖြစ်သည့် Facebook၊ Whatsapp နှင့် Signal တို့တွင် အလွန်ကောင်းမွန်သည့် လုံခြုံရေးစနစ်များ ပါရှိပါသည်။ VPN များ အသုံးပြုခြင်းသည် ပိုမိုလုံခြုံနိုင်စေသော်လည်း VPN တိုင်းကို စိတ်ချစွာ အသုံးပြုနိုင်သည် မဟုတ်ပါ။ လုံခြုံစိတ်ချစွာ အသုံးပြုနိုင်သည့် VPN များကို အောက်တွင် ဖော်ပြထားပါသည်။

မိမိတို့၏ ကိုယ်ပိုင်သုံးအကောင့်များအတွက်လည်း 2FAs ကို စတင်အသုံးပြုသင့်ပါသည်။ ပြုလုပ်ပုံ အဆင့်ဆင့်ကို အောက်တွင် ဖော်ပြထားပါသည်။ အဆိုပါ ကိစ္စရပ်နှင့် ပတ်သက်၍ လာမည့်ရက်များအတွင်း မသေချာ မရေရာမှုများစွာ ရှိနေနိုင်သေးသည့်အတွက် လက်ရှိတွင် လုပ်ဆောင်နိုင်သည့် အရာများကို ကြိုတင်လုပ်ဆောင်ထားရန် အသိပေးအကြောင်းကြားခြင်းဖြစ်ပါသည်။ အထက်ဖော်ပြပါ အကြောင်းအရာနှင့် ပတ်သက်၍ သိရှိလိုသည်များရှိပါက Helpdesk သို့ အချိန်မရွေး ဆက်သွယ်မေးမြန်းနိုင်ပါသည်။

Notice to all employees

Most of you will know that there has been a Draft of a new Cyber Law that was circulated yesterday. I would like to remind everyone that this is still a draft that is to be reviewed by Telcos and ISPs. That said, I think it’s worth addressing some of what’s being proposed so you understand how to keep yourselves safe online.

First and foremost, you should stick to apps and services that have end to end encryption. There is a lot of discussion about your data being intercepted and held in local data centers. The reality is that there is no way for anyone, including the Telcos or ISPs to actually unencrypt messages from services unless they have an encryption key. So, your work emails and OneDrive files are all safe.

There has also been a lot of noise about Deep Packet Inspection or DPI. This is highly sophisticated technologies that might, at best, say that you sent a message on Whatsapp but again, would not be able to unencrypt what was said.

So, in the meantime, stick to online services that have end to end encryption. If you are uncertain, please ask the Helpdesk. Generally speaking, all the major international services like Facebook, Whatsapp, Signal have strong encryption protocols. VPNs add an additional layer of security but please remember that not all VPNs are safe and to check with the list we have provided. Finally, turn on your 2FAs for all your personal accounts.

There is going to continue to be some uncertainty over the coming days about all of this, but it was worth sending you a quick reminder on what you can do now. Please stay safe everyone!

Notice to Employees

ဝန်ထမ်းများထံ အသိပေးချက်

ဝန်ထမ်းများအနေဖြင့် နေအိမ်မှနေ၍ အလုပ်လုပ်ခြင်းကို ယခုအပတ်မှစ၍ နောက်ထပ်ထုတ်ပြန်ချက် မကြေညာမီအချိန်အထိ ဆက်လက်လုပ်ဆောင်သွားကြရမှာဖြစ်ပါသည်။ နေအိမ်မှာနေ၍ အလုပ်လုပ်ခြင်းနှင့် ပတ်သက်၍ အခြားမေးမြန်းလိုသည်များရှိပါက မိမိ၏ မန်နေဂျာ (သို့) လုပ်ငန်းဌာနအကြီးအကဲထံ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

ဝန်ထမ်းများရဲ့ ဘေးကင်းလုံခြုံရေးသည် ကျွန်တော်တို့အတွက် အရေးကြီးဆုံးဖြစ်သဖြင့် အားလုံးဘဲ ဂရုစိုက်နေထိုင်ကြပါရန် တိုက်တွန်းလိုက်ပါသည်။ အားလုံးဘဲ ဘေးကင်းကြပါစေ။ ကျေးဇူးတင်ပါသည်။

Notice to all employees

We will continue with our working from home arrangement until further notice. Please reach out to your manager or entity head if you have any further questions regarding WFH arrangements.

Your safety is the most important priority for us so please stay safe. Thank you.

Cyber and Internet Security

ဆိုက်ဘာနှင့်အင်တာနက်လုံခြုံရေး

ပြီးခဲ့သည့် ရက်များတွင် အင်တာနက် သုံးစွဲရာတွင် အခက်အခဲများ ရှိလာခဲ့ပါသည်။ အွန်လိုင်းတွင် ဘေးကင်းလုံခြုံစွာ အသုံးပြုနိုင်ရန် အောက်ပါအချက်များကို ဖော်ပြပေးလိုက်ပါသည်။ အလုပ်အတွက်သာမက ကိုယ်ပိုင်သုံးအကောင့်များအတွက်ပါ ဘေးကင်းလုံခြုံစွာဖြင့် အသုံးပြုနိုင်ရန် လိုက်နာလုပ်ဆောင်ရမည့် အရာများကို လမ်းညွှန်ဖော်ပြပေးလိုက်ပါသည်။

VPNs

  • Systems များအတွက် အသုံးပြုသည့် VPN နှင့် Browsing အတွက် အသုံးပြုသည့် VPN တို့တွင် ကွဲပြားသည့် အရာတစ်ခုရှိပါသည်။ ကျွန်ုပ်တို့၏ Global Protect System ကို အသုံးပြုနေသူများအနေဖြင့် ၎င်းတို့၏ အခြားယေဘူယျ အင်တာနက် အသုံးပြုမှုများကို အဆိုပါ Global Protect System မှ ကာကွယ်ပေးနိုင်စွမ်းမရှိပါ။ အဆိုပါ System သည် ကျွန်ုပ်တို့၏ Servers နှင့်သာ ချိတ်ဆက်စေခြင်းဖြစ်ပါသည်။
  • မိမိတို့၏ ဖုန်းများနှင့် ကွန်ပြူတာများတွင် VPN ကို အသုံးပြုရန် တိုက်တွန်းလိုသော်လည်း VPN တိုင်းသည် လုံခြုံစိတ်ချရသည် မဟုတ်ပါ။ တွေ့ကရာ VPN များကို မိမိတို့၏ ကွန်ပြူတာနှင့် ဖုန်းတို့တွင် ဒေါင်းလုဒ်ဆွဲ အသုံးမပြုသင့်ပါ။ စိတ်ချစွာအသုံးပြုနိုင်သည့် VPN စာရင်းကို အောက်တွင် ဖော်ပြထားပါသည်။ VPN တစ်ခုအား အသုံးပြုသင့်၊ မသင့်ကို ဒေါင်းလုပ်မဆွဲမီ Helpdesk ထံဆက်သွယ်၍ မေးမြန်းနိုင်ပါသည်။
  • စိတ်ချစွာ အသုံးပြုနိုင်သည့် VPN စာရင်းကို ဖော်ပြလိုက်ပါသည်။ အသုံးပြုသူများ၏ အတွေ့အကြုံအပေါ် မူတည်၍ အဆိုပါ VPN စာရင်းကို လိုသလို ဖြည့်စွက်ပြုပြင်သွားပါမည်။
  • အကယ်၍သင်သည် Campus (သို့) StarCity (သို့) PHH တွင် ရှိနေပါက အင်တာနက်ကွန်ရက်၏ လုံခြုံရေးကို Group Technology မှ စီမံခန့်ခွဲ ထိန်းချုပ်ထားပါသဖြင့် သင့်အနေနှင့် VPN အသုံးပြုရန် မလိုပါ။

အီးမေးနှင့် ဖိုင်များကို Backup ပြုလုပ်ထားခြင်း

  • OneDrive တွင်ရှိသော သင်၏ အီးမေလ်းများနှင့် ဖိုင်များမှာ လုံခြုံစွာ ရှိနေသည့်အတွက် စိတ်ပူရန်မလိုပါ။ ၎င်းတို့သည် မိုက်ခရိုဆော့ဖ် Servers တွင် ရှိနေသည့်အတွက် ကျွနု်ပ်တို့၏ စက်ပစ္စည်းများ ချို့ယွင်းမှုရှိပါက စက်ပစ္စည်းများကို ပြန်လည်ကောင်းမွန်သည့်အခါတွင် ဒေတာများကို အလိုအလျောက် ပြန်လည်ရရှိမှာဖြစ်ပါသည်။ မိမိ၏ ဖုန်ကို Airplane Mode ထားပြီးနောက် ပြန်လည်အသုံးပြုသကဲ့သို့ပင်ဖြစ်ပါသည်။
  • သို့ရာတွင် မိမိအွန်လိုင်းတွင် မရှိသည့်အချိန် အချို့ဖိုင်များကို အသုံးပြုရယူလိုသူများအတွက် အဆိုပါဖိုင်များကို ကွန်ပြူတာနှင့် ဖုန်းများတွင် သိမ်းထားနိုင်ရန် လုပ်ဆောင်ပုံ အဆင့်ဆင့်ကို အောက်တွင် ဖော်ပြထားပါသည်။
  • ကွန်ပြူတာနှင့် ဖုန်းတို့တွင် OneDrive ရှိ ဒေတာဖိုင်များအားလုံးကို ဒေါင်းလုဒ်ဆွဲ၍ ထည့်သွင်းမထားသင့်ပါ။ အဘယ်ကြောင့်ဆိုသော သင်၏ ကွန်ပြူတာတွင် သိမ်းဆည်းနိုင်ရန် နေရာ လုံလောက်စွာ မရှိသည့်အပြင် ကွန်ပြူတာ၏ လုပ်ဆောင်မှုကိုလည်း နှေးကွေးစေမှာဖြစ်ပါသည်။
  • ဖိုင်များကို ကွန်ပြူတာနှင့် ဖုန်းများတွင် သိမ်းထားနိုင်ရန် လုပ်ဆောင်ပုံ အဆင့်ဆင့်ကို ဖော်ပြထားပါသည်။

Chat Apps

  • ပြီးခဲ့သည့် ရက်များတွင် Workplace ရှိ Chat Function ကို ကောင်းစွာ အသုံးမပြုနိုင်သည်ကို ကျွန်ုပ်တို့သိရှိပါသည်။ ယခုအခါ ကျွန်ုပ်တို့သည် Workchat ရှိ Chat များကို ပိုမိုကောင်းမွန်စွာ အသုံးပြုနိုင်သည့် Yoma Connect  နှင့် Teams သို့ထံ ရွှေ့ပြောင်းရန် လုပ်ဆောင်လျက်ရှိပါသည်။
  • မြန်မာနိုင်ငံတွင် Wifi ဖြင့် အသုံးပြု၍ဆက်သွယ်ခြင်းမရသူများသည် Bridgefy ကဲ့သို့အခြား Chat အက်ပလီကေးရှင်းများ ကို ဒေါင်းလုဒ်ဆွဲထားရန် ပြောဆိုနေကြသော်လည်း အဆိုပါ အက်ပလီကေးရှင်းများသည် လုံခြုံစိတ်ချရမှု မရှိသည့်အတွက် မိမိနှင့် မိမိတို့၏ ဖုန်းလုံခြုံမှုအတွက် ဆိုးကျိုးများ ဖြစ်စေနိုင်ပါသည်။

2 Factor Authentication

  • Facebook ၊ Gmail ၊ Whatsapp နှင့် အခြားသော မိမိတို့၏ ကိုယ်ပိုင်သုံး အကောင့်များအတွက် 2 Factor Authentication (2FA) မပြုလုပ်ရသေးပါက လုပ်ထားစေလိုပါသည်။
  • 2FA နှင့် ပတ်သက်၍ အကူအညီလိုပါက Helpdesk နှင့် ဆက်သွယ်နိုင်ပါသည်။

ဝန်ထမ်းများ သိရှိလိုသည်များအား အထက်ဖော်ပြပါအချက်များတွင် အဖြေရှာတွေ့နိုင်မည်ဟု မျှော်လင့်မိပါသည်။ အခြားမေးမြန်းလိုသည်များနှင့် အကူအညီတောင်းခံလိုပါက  Helpdesk ထံ အချိန်မရွေး ဆက်သွယ်မေးမြန်းနိုင်ပါသည်။

အားလုံး ဘေးကင်းကြပါစေ။

Cyber and Internet Security

There has been some instability of the internet over the past few days. Here is the information to help you stay safe online. Below are some tips and guidelines for what you should do, both with your work but also personal accounts to be as secure as possible.

VPNs

  • There is a difference between the VPN we make you use to access some systems and a consumer VPN that protects your browsing. Those of you using our Global Protect system should be aware it does not protect your general internet usage; it just lets you link to our servers.
  • We recommend that you use a VPN on your phone and computers but note that not all VPNs are safe to use! Please do NOT download random VPNs to your devices. We have provided a safe list below but reach out to helpdesk if you need assistance verifying the legitimacy of any VPN before you download it.
  • Here is a list of safe VPNs that we recommend. We will keep updating this list as some may experience disruption.
  • If you are at the Campus, Star City or PHH you will not need to use a VPN as that network security is managed and maintained by Group Technology.  

Backing up files and emails

  • Rest assured that all of your emails and files on OneDrive are safe. They are all on Microsoft servers and even if there is disruption to our services, once services are restored then everything will sync. This is like when you turn your phone to airplane mode, once you’re back online, things sync up again.
  • That said, there may be files you will want access to, even if you are offline for a short period of time. Below are instructions on how to ensure these files are on your machine so you can access them at all times.
  • I wouldn’t download all your OneDrive as you may not have enough space on your computer, and it could impact the speed of your computer dramatically.
  • Here is the how to guide to do that.

Chat apps

  • I know there’s been a lot of disruption to Workplace chat over the past few days. We are currently migrating our work chat groups over to Yoma Connect and Teams which have remained more stable.
  • There has been a lot of talk in Myanmar of downloading other chat apps that do not run on wifi networks like Bridgefy. I would highly caution you against this as they are not secure and expose you and your phone to some very bad behaviour.

2 Factor Authentication

  • If you have not already done so, please turn on 2FA for all or your personal accounts such as FB, Gmail, Whatsapp, etc.
  • Please contact the helpdesk if you need help with this.

I hope this helps answer some of the most common questions we have been getting. As always, the helpdesk is around to support as needed or feel free to reach out to me directly if you have any other questions.

Please stay safe everyone.

Office Closure Information

ဝန်ထမ်းများထံ အသိပေးချက်

Campus ရုံးကို ဖေဖော်ဝါရီလ ၈ ရက်နေ့နှင့် ၉ ရက်နေ့ (တနင်္လာနေ့ နှင့် အင်္ဂါနေ့) တို့တွင် ဆက်လက်ပိတ်ထားမှာဖြစ်ပါသည်။ ယခုလာမည့် ၂ ရက်အတွင်း အခြေအနေကို ပြန်လည်သုံးသပ်ပြီးမှ နောက်ရက်များအတွက် ထပ်မံဆုံးဖြတ်သွားမှာဖြစ်ပါသည်။ အချို့ရုံးများကိုလည်း ပိတ်ထားမှာဖြစ်ပြီး ရှေ့တန်းမှ ဝန်ထမ်းများသာ အလုပ်ဆင်းကြမှာဖြစ်ပါသည်။ ရုံးတက်ရမည့် ကိစ္စနှင့် ပတ်သက်၍ မိမိတို့၏ မန်နေဂျာများကို မေးမြန်းနိုင်ပါသည်။

အခုအချိန်သည် ကျွန်တော်တို့အားလုံ စိတ်မကောင်းဖြစ်နေရပြီး နိုင်ငံအတွင်း ဆန္ဒပြမှုများကိုလည်း တစ်ကမ္ဘာလုံးမှ စောင့်ကြည့်လျက်ရှိပါသည်။ အခြေအနေကို စောင့်ကြည့်ရန်နှင့် လိုအပ်သည့် အစီအစဉ်များ ရေးဆွဲရန် ကျွန်တော်အပါအဝင် ဥက္ကဌနှင့် စီမံခန့်ခွဲ့ရေးအဖွဲ့ဝင်တို့ အချင်းချင်း ယခုရုံးပိတ်ရက်တွင် ပုံမှန်ချိတ်ဆက် ဆက်သွယ်ခဲ့ကြပါသည်။ အင်တာနက် ရပ်ဆိုင်းလိုက်ခြင်းကြောင့် အဆင်မပြေမှုများစွာ ဖြစ်ပေါ်စေခဲ့သည်ကိုလည်း ကျွန်တော်တို့မှ နားလည်ပါသည်။ ဖုန်းခေါ်ဆိုခြင်းနှင့် အခြားနည်းလမ်းများ အသုံးပြု၍ အချင်းချင်း အမြဲချိတ်ဆက်ကာ ရိုင်းပင်းကူညီကြပါလို့လည်း တိုက်တွန်းလိုက်ပါသည်။ အားလုံးဘဲ ဘေးကင်းကြပါစေ။

We have made the decision to close the Campus office on Monday and Tuesday (8&9 Feb). We will assess the situation in the next 2 days to decide the arrangement for the rest of the week. Certain other offices will also be closed, while our essential service frontline staffs will be at work. Please check with your managers for your work arrangements.

This is an emotional time – the peaceful but forceful protests are being watched around the world. The Chairman, the management team and I have all stayed in regular contacts throughout this weekend and we have put in a number of contingency plans to continuously stay in touch to monitor the situation.  I understand the internet outage has caused substantial inconveniences – please stay close to each other by phone or other means, and please all stay safe together.

Best wishes,
Melvyn Pun
CEO, Yoma Strategic

The Campus Re-opening

Hi Everyone, The Campus will be reopened on Monday to the A/B team arrangement. Next week will be for the A Team. Workplace/ WorkChat are not accessible by everyone. We are moving all chats to Teams or Yoma Connect. Please try out the Yoma Connect chat function. Chairman visited NPT yesterday and have returned safely last night. Thanks for everyone who asked and are concerned. Please stay safe!

အားလုံးဘဲ မင်္ဂလာပါ။ The Campus ရုံးကို နောက်အပတ် တနင်္လာနေ့တွင် ပြန်လည်ဖွင့်လှစ်သွားမှာဖြစ်ပြီး Team A နှင့် Team B အစီအစဉ်အတိုင်း ရုံးပြန်တက်နိုင်မှာဖြစ်ပါသည်။ နောက်အပတ်သည် Team A အပတ်ဖြစ်ပါသည်။ Workplace နှင့် Workchat တို့ကို လူတိုင်းဝင်ရောက် အသုံးပြု၍ မရသေးပါသဖြင့် Chat အတွက် Teams (သို့) Yoma Connect ၏ Chat Function များဖြင့် အသုံးပြုသွားမှာဖြစ်ပါသည်။ Yoma Connect ၏ Chat Function ကို စတင်အသုံးပြုရန် တိုက်တွန်းလိုက်ပါသည်။ ဥက္ကဌသည် မနေ့က နေပြည်တော်သို့ သွားရောက်ခဲ့ပြီး ညနေပိုင်းတွင် ရန်ကုန်သို့ ဘေးကင်းစွာ ပြန်ရောက်ခဲ့ပါသည်။ စိတ်ပူ၍ မေးမြန်းနေကြသူများအားလုံးကို ကျေးဇူးတင်ရှိပါသည်။ အားလုံးဘဲ ဘေးကင်းကြပါစေ။