Blog

Announcement for Next App Portal and Business Banking Portal

Next Portal

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၂၀) ရက်နေ့ မှစတင်၍ အသစ်ထပ်မံအဆင့်မြှင့်တင်လိုက်သော Yoma Bank Next Portal Version အသစ် 1.0.1 အား အသုံးပြုနိုင်ပြီဖြစ်ပါသည်။ Yoma Bank Next Portal မိတ်ဆက်ရခြင်း၏ ရည်ရွယ်ချက်မှာ Customer များလက်ရှိအသုံးပြုလျက်ရှိနေသော Yoma Bank Next Mobile Banking App အပြင် အသုံးပြုရာတွင် ပိုမိုအဆင်ပြေစေရန်နှင့် Mobile သာမက Portal/ Web Version အနေဖြင့်ပါ ဘဏ္ဍရေးဆိုင်ရာလုပ်ငန်းများကို မြန်ဆန်စွာ ဆောင်ရွက်နိုင်စေရန် ရည်ရွယ် ပါသည်။ 

Yoma Bank Next Portal အား MVP အနေဖြင့် ရိုးမဘဏ်ရှိ ဝန်ထမ်းများကိုသာ Internal အသုံးပြုနိုင်ရန် စတင်မိတ်ဆက်ခဲ့ပြီး ယခုအခါ Yoma Bank Next Mobile Banking App အသုံးပြုနေသူ Existing Customer များနှင့် မိမိ၏ဖုန်းတွင် Yoma Bank Next Mobile Banking App အား ဖုန်းအမျိုးအစားကြောင့်သော်လည်းကောင်း Download ပြုလုပ်၍ အသုံးပြုနိုင်ခြင်းမရှိသော Existing Customer များနှင့် New Customer များကိုပါ Browser မှတဆင့် Portal/ Web Version အနေဖြင့် အသုံးပြုနိုင်တော့မည်ဖြစ်ပါသည်။ Yoma Bank Next Portal သို့ https://nextportal.yomabank.com/ မှတဆင့် ဝင်ရောက်အသုံးပြုနိုင်မည် ဖြစ်ပါသည်။ 

ယခု Version အသစ် 1.1.0 တွင် ပါဝင်လာသော Features အသေးစိတ်ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။ 

  • Activation
  • Login
  • Acc Transfer (Own Acc, Other Acc, Other Bank, WavePay)      
  • Bill Payment & Mobile Topup
  • Deposit & Fixed Deposit Acc Overview
  • Account Overview & Detail
  • Download Account Statement
  • Add Receivers
  • Transaction History
  • Forget Password
  • Open FD and Super FD
  • Open Flexi Everyday 

Business Banking Portal

YOMA Bank Business Banking Portal မိတ်ဆက်ရခြင်း၏ ရည်ရွယ်ချက်မှာ SME & Corporate Customer များလက်ရှိအသုံးပြုလျက်ရှိနေသော DC Enterprise Portal ပိုမိုကောင်းမွန်သော ဘဏ္ဍရေးဆိုင်ရာလုပ်ငန်းများကို လွယ်ကူမြန်ဆန်စွာ ဆောင်ရွက်နိုင်စေရန် ရည်ရွယ် ပါသည်။ရိုးမဘဏ်၏ SME & Enterprise Customer များအနေဖြင့် လက်ရှိအသုံးပြုလျက်ရှိနေသော DC Enterprise Portal မှာ မကြာမီအချိန်တွင် အသုံးပြု၍ ရရှိနိုင်တော့မည်မဟုတ်ဘဲ ဝန်ဆောင်မှုအား ရပ်ဆိုင်းသွားမည်ဖြစ်ပါသောကြောင့် SME& Enterprise Customer များအသုံးပြုနိုင်မည့် Online Banking Portal အသစ်အနေဖြင့် Yoma Bank Business Banking Portal (BBP) Version 1.1 အား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၂) ရက်နေ့မှ စတင်၍ အသုံးပြုနိုင်မည် ဖြစ်ပါသည်။ Business Banking Portal (BBP) အား https://businessbanking.yomabank.com မှတဆင့် ဝင်ရောက်အသုံးပြုရမည်ဖြစ်ပါသည်။  

YoWave: Enhanced YB Onboarding Approach & Campaign

WavePay Customer များအနေဖြင့် WavePay App ပေါ်တွင် ရိုးမဘဏ်၏ Flexi Everyday Account ကို “Promotions” Session ရှိ Yoma Bank Banner ကို နှိပ်ပြီး အလွယ်တကူဖွင့်လှစ်နိုင်ပြီဖြစ်ပါသည်။ မကြာသေးမီက Wave’s KYC data sharing API နှင့် ပေါင်းဆည်းလိုက်ခြင်းဖြင့် Customer များ သုံးစွဲမှုပိုမိုအဆင်ပြေစေရန်/ သိသာရိုးရှင်းသော customer onboarding experience ရရှိစေရန်အတွက်လည်း ၎င်းတို့၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို Yoma Bank Application Portal တွင် ကြိုတင်ထည့်သွင်းထားပြီးဖြစ်ပါသည်။

ဒါ့အပြင် WavePay App မှတဆင့် ရိုးမဘဏ်အကောင့်ဖွင့်သော Customer များအတွက် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့ မှ ဒီဇင်ဘာလ ၈ ရက်နေ့အတွင်း ကံစမ်းမဲအစီအစဉ် ပြုလုပ်လျက်ရှိပြီး ပေးအပ်မည့်ဆုများမှာ ကျပ်ငွေ ၃ သိန်းဆု၊ ၁ သိန်းဆု နှင့် ၅ သောင်းဆု တို့ဖြစ်သည်။ Customer များအနေဖြင့် ဤကံစမ်းမဲအစီအစဉ်တွင် အကျုံးဝင်ရန်နှင့် ကံထူးခွင့်လတ်မှတ် ၁ စောင် ရရှိရန် မိမိ၏ အသစ်ဖွင့်လှစ်ထားသော ရိုးမဘဏ်အကောင့်တွင် အနည်းဆုံးအပ်ငွေ ၃၀,၀၀၀ ကျပ် ထားရှိရမည့်အပြင် Yoma Bank Next Application ကို Download ဆွဲ၍ Activate လုပ်ထားရမည်။

Pocket နဲ့အတူရှေ့ဆက် ရင်ခုန်စရာ ၃၆၅ ရက် 

Pocket အသုံးပြုသူတို့ရဲ့ ဝိုင်းဝန်းပံ့ပိုးပေးမှုကြောင့် Pocket MM စတင်ခဲ့တာဆိုရင် (၁) နှစ်တိတိ ရောက်ရှိလို့လာခဲ့ပြီဖြစ်ပါတယ်။ ဒါ့အပြင် Pocket MM ရဲ့ (၁) နှစ်ပြည့် ရင်ခုန်စရာ အစီအစဉ်တွေနဲ့အတူ ပိုမိုကောင်းမွန်တဲ့ အတွေ့အကြုံတွေအတွက် Membership, Lucky Draw နဲ့ Special Offers စတဲ့ Features အသစ်တွေကို ထပ်မံမိတ်ဆက်ပေးလိုက်ပြီ ဖြစ်ပါတယ်။  

Pocket နဲ့ချိတ်ဆက်ထားတဲ့ဆိုင်တိုင်းမှာ ဈေးဝယ်ယူပြီးတိုင်း Coins တွေစုဆောင်းနိုင်ရုံသာမက သီးသန့်အကျိုးခံစားခွင့်တွေအတွက် – Membership နဲ့ အထူးလျှော့ဈေးတွေကို အလွယ်တကူရယူနိုင်မယ့် – Special Offers အပြင် Lucky Draw ဆုလက်ဆောင်တွေကို လက်ငင်းပိုင်ဆိုင်နိုင်မယ့် အခွင်အရေးတွေကို တစ်နေရာထဲမှာ ရရှိနိုင်ပြီပဲ ဖြစ်ပါတယ်။ အခုလို တိုးတက်ကောင်းမွန်လာတဲ့ လုပ်ဆောင်ချက်တွေနဲ့အတူ Pocket ရဲ့ (၁) နှစ်ပြည့် ကမ်ပိန်း အစီအစဉ်တွေမှာ ပါဝင်ရင်း Digital အတွေ့အကြုံအသစ်တွေအတွက် Pocket Application ကို App Store, Play Store နဲ့ Huawei App Gallery တွေမှာ အခုပဲ Download ရယူဖို့ သတင်းကောင်းပါးလိုက်ပါတယ်။ 

Yoma Car Share Driver App

သင်ဟာခရီးတစ်ခုသွားဖို့စီစဥ်နေပြီး လမ်းခရီးမှာတစ်ယောက်တည်း ကားမောင်းရမှာကို စိတ်ပူနေပြီလား? Yoma Car Share မှာကားငှားတဲ့အခါ Driver App ကနေ အပိုယာဥ်မောင်းအား စာရင်းသွင်းပြီး ခရီးစဥ်ကို အတူတကွ မျှဝေနိုင်ပါတယ်။ သင့်ရဲ့ သူငယ်ချင်းတွေ၊ မိသားစုနဲ့ ခရီးတစ်ခုသွားဖို့ စီစဥ်နေသည်ဖြစ်စေ ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့အတူ လုပ်ငန်းဆိုင်ရာ ခရီးတစ်ခုသွားဖို့ စီစဥ်နေသည်ဖြစ်စေ သင်ကိုယ်တိုင်ကားမမောင်းချင်တဲ့အခါမျိုးမှာဆို ယာဥ်မောင်းတဲ့တာဝန်ကို မျှဝေဖို့အတွက် Yoma Car Share Driver App မှာ အလွယ်တကူပြုလုပ်နိုင်ပါတယ်။

လွယ်ကူစွာ ကြိုတင်စာရင်းသွင်းခြင်း 

သင့်ရဲ့ ကားကြိုတင်ငှားခြင်းလုပ်ငန်းစဥ်တွင် အပိုယာဥ်မောင်းအား ချောမွေ့လွယ်ကူစွာ ထည့်သွင်းနိုင်ခြင်းကြောင့် အသုံးပြုရလွယ်ကူစေပြီး လျှင်မြန်ရိုးရှင်းသော အတွေ့အကြုံကို ရရှိမှာ အသေအချာပါပဲ။

လုံခြုံစိတ်ချရသော အတည်ပြုခြင်း

အပိုယာဥ်မောင်းများကို Yoma Car Share အကောင့်ပိုင်ရှင်မှ အတည်ပြုထားသော လျှို့ဝှက်စကားဝှက်ဖြင့် အကောင့်ဝင်ရောက်စေခြင်းအားဖြင့် လုံခြုံစိတ်ချရစေပါသည်။

အက်ပ်အတွင်း ဝင်ရောက်နိုင်မှု

အက်ပ်မှတစ်ဆင့် များစွာသော လုပ်ဆောင်ချက်များဖြစ်သည့် ကြိုတင်စာရင်းသွင်းမှု အသေးစိတ်ကို သိရှိနိုင်ခြင်း၊ ကားတံခါး အဖွင့်/အပိတ်ပြုလုပ်နိုင်ခြင်း ၊ ထိခိုက်ဒဏ်ရာများ ဖြစ်ပွားခဲ့ပါက တင်ပြနိုင်ခြင်း၊ ဆီဖိုး ပြန်လည်တောင်းခံနိုင်ခြင်း၊ ကြိုတင်စာရင်းသွင်းမှုအား အချိန်ထပ်မံတိုးခြင်း နှင့် ခရီးစဥ်ပြီးဆုံးသည့်အခါ ခရီးစဥ်ကို အဆုံးသတ်နိုင်ခြင်း စသည်တို့အား ဆောင်ရွက်နိုင်ပါသည်။

အချိန်နှင့်တစ်ပြေးညီ အကြောင်းကြားချက်များ

ကြိုတင်စာရင်းသွင်းမှု အောင်မြင်ကြောင်းနှင့် ပြင်ဆင်ပြောင်းလဲမှုများအား ယာဥ်မောင်း အက်ပ်မှတစ်ဆင့် အချိန်နဲ့တစ်ပြေးညီ အကြောင်းကြားချက်များ ရရှိနိုင်မည်ဖြစ်သည်။

ဝန်ဆောင်မှု

မေးမြန်းလိုသည်များနှင့် အခက်အခဲတစ်စုံတစ်ခုရှိပါက အကူအညီပေးနိုင်ရန်အတွက် ၂၄/၇ အသင့်ရှိနေသော ဝန်ဆောင်မှုရှိပါသည်။

ယာဥ်မောင်း အက်ပ် အလုပ်လုပ်ပုံ
  • အပိုယာဥ်မောင်း၏ အချက်အလက်များအား Yoma Car Share အကောင့်ပိုင်ရှင်၏ အက်ပ်တွင် စာရင်းသွင်းပါ။ 
  • အပိုယာဥ်မောင်းအား လွယ်ကူစွာ ထည့်သွင်းပါ။ 
  • အပိုယာဥ်မောင်းသည် Yoma Car Share Driver App ကို ဒေါင်းလုဒ်လုပ်ပါ။ 
  • ယာဥ်မောင်းအကောင့်အား ဝင်ရောက်ပါ။ 
  • ကြိုတင်စာရင်းသွင်းမှု အသေးစိတ်အချက်အလက်များအား ဝင်ရောက်ကြည့်ရှုပြီး ကိုယ်တိုင်ကားမောင်းခြင်း ခရီးစဥ်ကို စတင်နိုင်ပါပြီ။ 

အခုပဲ Yoma Car Share Driver App ကို ဒေါင်းလုဒ်လုပ်ပြီး တူတူသွားကြစို့! 

Website link – https://carshare.yomafleet.com/
Android App – https://play.google.com/store/apps/details?id=com.yomafleet.carsharedriver
iOS App – https://apps.apple.com/th/app/yoma-car-share-driver/id1633961520
Huawei App Gallery – https://appgallery.huawei.com/app/C107700699

Email – aung@yomafleet.com
24/7 Hotline – 09 YOMAFLEET (09 966 235 338)

heal by Pun Hlaing App

As we strive to prioritize your well-being, heal by Pun Hlaing App brings three key features that will transform the way you approach healthcare: On-Demand services, Electronic Medical Records, and In-Person Appointment.

heal by Pun Hlaing App မှာဆိုရင်

  • ရိုးရှင်းတဲ့ အဆင့်အနည်းငယ်ကို ပြုလုပ်လိုက်ရုံနဲ့တင် တယ်လီကျန်းမာရေးဆွေးနွေးခြင်း
  • ရက်ချိန်းရယူခြင်း
  • အီလက်ထရောနစ်ဆေးကုသမှုမှတ်တမ်း(EMR) ရယူခြင်း
  • ကျန်းမာရေးသတင်းတွေကို စုံစုံလင်လင်ဖတ်ယူနိုင်ခြင်း
  • သွားလာရခက်ခဲတဲ့ နေရာဒေသတွေမှာ နေထိုင်ကြသူများနဲ့ သွားလာလှုပ်ရှားဖို့ ကန့်သတ်ချက်ရှိသူတွေအတွက် အချိန်နှင့်တပြေးညီ အရည်အသွေးမြင့်ကျန်းမာရေးအထောက်အပံ့တွေနဲ့ သတင်းအချက်အလက်တွေကို ၂၄နာရီ၊ ၇ရက် ပတ်လုံးသုံးနိုင်တဲ့ တယ်လီကျန်းမာရေးဝန်ဆောင်မှု ပံ့ပိုးပေးနိုင်ခြင်း
  • အထူးကုဆရာဝန်ပေါင်း ၁၅၀ ကျော်နဲ့ ၂၄ နာရီ၊ ၇ ရက်ပတ်လုံး တယ်လီကျန်းမာရေးဝန်ဆောင်မှုများရယူနိုင်ခြင်း
  • ဆေးဝါးမှာယူခြင်းအတွက် heal by Pun Hlaing App ကိုသုံးစွဲနိုင်ပြီး ဆရာဝန်ညွှန်ကြားတဲ့ဆေးဝါးများကို အိမ်တိုင်ရာရောက်ပါမက ပန်းလှိုင်ဆေးရုံဆေးခန်းများတွင် ကိုယ်တိုင်ယူစနစ်ဖြင့် ရွေးချယ်ဝယ်ယူနိုင်ခြင်း စတဲ့ ဝန်ဆောင်မှုတွေရရှိမှာပါ
  • ဒါ့အပြင် ကျန်းမာရေးစောင့်ရှောက်မှု package တွေဖြစ်တဲ့ ပျော်ရွှင်ခြင်း၊ ဆရာကြီးများ၊ ပုခက်၊ ဟာကျူလီ packages တွေက်ို စျေးနှုန်းသက်သာစွာဖြင့် ဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ် 

Yoma Connect Feature အသစ်များ  

အသစ်ထွက်ရှိလာတဲ့ feature များကတော့

  • တူညီသော ဌာနလက်အောက်ရှိ ဝန်ထမ်းများအနေဖြင့် အလိုအလျောက် follow ဖြစ်နေမှာဖြစ်ပြီး အခြားဌာနများမှ မိတ်ဆွေများကို follow လုပ်လိုပါက ထိုသူ၏ profile သို့ ကိုယ်တိုင်သွားရောက်၍ follow button ကို နှိပ်ရမှာ ဖြစ်ပါသည်။  
  • နောက်တစ်ခုကတော့ Default Group များပါဝင်လာမှာဖြစ်ပြီး ဝန်ထမ်းများအနေဖြင့် ၎င်းတို့၏ သက်ဆိုင်ရာဌာန၊ entity အလိုက် Group များကိုလည်း စိတ်ကြိုက် ကြည့်ရှုနိုင်မှာဖြစ်ပါသည်။ 
  • Attendance ဝင်ရတဲ့ Entity များအတွက်လည်း အဆင်ပြေချောမွေ့စွာ Check-in/out လုပ်နိုင်အောင်လည်း ဆောင်ရွက်ထားပါတယ်။ 

Onenex

Onenex သည် ဆော့ဖ်ဝဲများ နှင့် ဒစ်ဂျစ်တယ် ထုတ်ကုန်များကို လှပသေသပ်စွာဖြင့် အစမှအဆုံး ဖန်တီး ရေးဆွဲပေးသည့် နည်းပညာ ကုမ္ပဏီ ဖြစ်ပါသည်။ 

ကျွန်တော်တို့ ကုမ္ပဏီသည်လိုအပ်ချက်နှင့် ဖန်တီးမှု ကိုက်ညီအောင် စူးစမ်းရှာဖွေပေးခြင်း၊ လိုက်ဖက်တဲ့ အမည် နှင့် အမှတ်တံဆိပ် များ ရွေးချယ် ဖန်တီးပေးခြင်း၊ အသုံးပြုသူ လက်ထဲရောက်သည်အထိ တာဝန်ယူ ဆောင်ရွက်ပေးခြင်း နှင့် နောက်ပိုင်း နည်းပညာ ပံ့ပိုးကူညီမှုများကိုပါ ဆောင်ရွက်ပေးပါသည်။ လက်ရှိ တွင် ဆော့ဖ်ဝဲပညာရှင်များ၊ ဒီဇိုင်းရေးဆွဲသူများ နှင့် အခြား နည်းပညာရှင်များ အပါအဝင် စုစုပေါင်း အယောက် ၈၀ ကျော်ဖြင့် နည်းပညာထုတ်ကုန်များ၊ မိုဘိုင်းအပလီကေရှင်းများ၊ လုပ်ငန်းသုံး ဆော့ဖ်ဝဲများ နှင့် ဝက်ဘ်ဆိုဒ် များ  ကို ဖန်တီး ရေးဆွဲပြီး လုပ်ငန်းလည်ပတ် ဆောင်ရွက်လျှက်ရှိပါသည်။ 

လုံခြုံစိတ်ချရပြီး ပိုမိုကောင်းမွန်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု့တွေ ပေးနိုင်ဖို့ ပန်းလှိုင် ဆေးရုံရဲ့ “Heal” အပလီကေးရှင်း (Onenex မှ ဖန်တီးရေးဆွဲပေးပါသည်) 

ပန်းလှိုင်ဆေးရုံသည် မြန်မာနိုင်ငံမှာ အကြီးဆုံး ပုဂ္ဂလိကဆေးရုံများထဲမှ တစ်ခုဖြစ်ပါသည်။ ပန်းလှိုင်ဆေးရုံအနေနဲ့ လက်ရှိမှာ လူနာ၊ ဆေးရုံ၊ ဆေးခန်းတွေနဲ့ ဆေးဆိုင်တွေ အများစုကြားမှာ လိုအပ်တဲ့ အရင်းအမြစ်တွေ နဲ့ နည်းပညာ ဆိုင်ရာ ထောက်ပံ့သုံးစွဲမှု့တွေ လိုအပ်နေတဲ့ အခြေအနေကို ကောင်းစွာ နားလည် သဘောပေါက်ထားပါသည်။ ဒါ့ကြောင့် မြန်မာနိုင်ငံသား အားလုံးအတွက် ပိုမိုကောင်းမွန်တဲ့ ကျန်းမာရေးဝန်ဆောင်မှုများကို အဆင်ပြေလွယ်ကူစွာ ဆောင်ကျဉ်းပေးမယ့် နည်းပညာ အထောက်အကူပြု ဝန်ဆောင်မှု့ တစ်ခု ဖြစ်တဲ့ Tele Health platform application တစ်ခုကို မိတ်ဆက်ပေးဖို့ ရည်ရွယ်ပါတယ်။ 

Our Solution

ပန်းလှိုင်ဆေးရုံရဲ့ Heal application ကို iOS နှင့် Android ဖုန်းများအတွက် customer များ အလွယ်တကူ အသုံးပြုနိုင်အောင် ရေးဆွဲ ပေးခဲ့ပါတယ်။ customer or patient များဟာ app ပေါ်မှာပဲ ဆရာဝန်များ နှင့် အထူးကုများကို ရှာဖွေကြည့်ရှုနိုင်ခြင်း၊ ဆေးခန်းပြဖို့ ရက်ချိန်းယူနိုင်ခြင်း၊ online ပေါ်မှာပဲ video call ခေါ်ပြီး ဆရာဝန် သို့မဟုတ် အထူးကုများဖြင့် ကျန်းမာရေးကိစ္စဆွေးနွေးနိုင်ခြင်း၊ မိမိအတွက် လိုအပ်သော ဆေးဝါးများပါ အိမ်အရောက်ပို့ စနစ်ဖြင့် အော်ဒါမှာနိုင်ခြင်း စတဲ့ လုပ်ဆောင်ချက်များကို အသုံးပြုနိုင်ပါတယ်။ တစ်ဖက်မှာလည်း ဆရာဝန်များ၊ ဆေးရုံဝန်ထမ်းများနှင့် စီမံအုပ်ချုပ်သူများ အတွက် လွယ်ကူလျှင်မြန်စွာ အသုံးပြုနိုင်ဖို့ Web Application များကိုလည်း ဖန်တီးရေးဆွဲပေးခဲ့ပါတယ်။ ဆရာဝန်များအနေနဲ့ customer or patient များနဲ့ online ပေါ် app ထဲမှာပဲ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ခြင်း လူနာရဲ့ ယခင် ကျန်းမာရေး အချက်အလက်များကို EMR စနစ် မှ တိုက်ရိုက် တန်းကြည့်နိုင်ခြင်း၊ ဆေးစာများရေးပေးနိုင်ခြင်း စတဲ့ လုပ်ဆောင်ချက်တွေကို လွယ်ကူစွာ အသုံးပြုနိုင်ပါတယ်။ တစ်နိုင်ငံလုံးမှာရှိတဲ့ ပန်းလှိုင်ဆေးရုံများရဲ့ လူနာ ဆေးမှတ်တမ်းများကိုလည်း ဆရာဝန် အနေဖြင့် အလွယ်တကူကြည့်ရှိနိုင်ပါတယ်။ 

The Impact

နည်းပညာ အခြေပြု အွန်လိုင်း ကျန်းမာရေးစောင့်ရှောက်မှု့ platform တစ်ခုကို တည်ဆောက်ပေးခဲ့ခြင်းရဲ့ အကျိုးရလဒ်အနေနဲ့ကတော့ ဆရာဝန်၊ လူနာ နှင့် ဆေးရုံ တို့ကြားမှာ အဆင်ပြေ လွယ်ကူ အချိန်ကုန် သက်သာမှု ကို ဖြစ်စေခဲ့တာ အထင်အရှားပါပဲ။ ၄ လခွဲကြာကာလအတွင်းမှာ အသုံးပြုလို့ရအောင် ဖန်တီးခဲ့အပြီးမှာတော့ Heal app ကို customer တွေလက်ထဲ အရောက်ပို့နိုင်ခဲ့ပါတယ်။ ၃ ပတ်အတွင်းမှာပဲ အသုံးပြုသူ ၉၀၀၀ ကျော် အထိ ရောက်လာခဲ့ပါတယ်။

လူသုံးများသည့် Chat အက်ပလီ‌ကေးရှင်းများကို နှိုင်းယှဥ်ခြင်း (Viber ၊ Whatsapp ၊ Telegram ၊ Teams) 

Viber၊ WhatsApp၊ Telegram နှင့် Microsoft Teams အချို့ကို နှိုင်းယှဉ်ကြည့်ရတဲ့အခါမှာ အက်ပ်တစ်ခုချင်းစီတွင် ထူးခြားသော အင်္ဂါရပ်များနှင့် လုပ်ဆောင်နိုင်စွမ်းများကို တွေ့ရပါတယ်။ သင့်ရဲ့ လိုအပ်ချက်နဲ့အညီ ဆက်သွယ်ရေးလိုအပ်ချက်များအတွက် အသင့်တော်ဆုံးပလက်ဖောင်းကို ရွေးချယ်နိုင်ဖို့ ၎င်းတို့၏ထူးခြားသောအရည်အချင်းများကို တစ်ဆင့်ချင်းဆီ လေ့လာကြည့်ကြပါစို့။ 

WhatsApp

  • ဖုန်းခေါ်ဆိုမှုများနှင့် မက်ဆေ့ဂျ်ပို့ခြင်းများအားလုံးအတွက် End-to-end encryption ထားရှိခြင်း   
  • မက်ဆေ့ဂျ်များကို Server များတွင် သိမ်းဆည်း မထားခြင်း  
  • Group chats ဖန်တီးရာတွင် လူဦးရေ ၂၅၆ ဦးအထိ ပါဝင်နိုင်ခြင်း  
  • Group chats တွင် ပါဝင်သူများ၏ မက်ဆေ့ချ်များကို လိုအပ်သလိုရွေး၍ ဖျက်နိုင်ခြင်း  
  • အဖွဲ့လိုက် Voice နှင့် Video Call များ ခေါ်ဆိုနိုင်ခြင်း  
  • ရုပ်ပုံ၊ ဗီဒီယိုနှင့် ဖိုင်များကို ပေးပို့ရှဲပေးနိုင်ခြင်း   

Telegram

  • Chat App များအနက် Telegram တစ်ခုတည်းသာ  1GB ထက်ကြီးသောဖိုင်များကို ရှဲနိုင်ခြင်း   
  • Group chat များကို ဖန်တီးရာတွင် လူဦးရေ ၂၀၀,၀၀၀ အထိ ပါဝင်နိုင်သဖြင့် Chat App များအနက် အများဆုံးဖြစ်ခြင်း   
  • Telegram သည် Facebook (သို့) Facebook ၏ တွဲဖက်ကုမ္ပဏီများနှင့် ဆက်စပ်မှုမရှိသည့် အားသာချက်ရှိခြင်း  
  • ဗီဒီယိုများ၊ ဓာတ်ပုံများနှင့် ဖိုင်များကို မျှဝေနိုင်ခြင်း  
  • လူဦးရေ ၂၀၀,၀၀၀ အထိ ပါဝင်နိုင်သည့် Group chat များတွင် ပါဝင်သူအားလုံး၏ မက်ဆေ့ဂျ်များကို ဖျက်နိုင်သည့် လုပ်ဆောင်ချက်ရှိခြင်း  
  • Secret Chat များအတွင်း screenshot ရိုက်လို့မရအောင် တားဆီးထားခြင်း   
  • Secret Chat များတွင် ဖျက်လို‌သော မက်ဆေ့ချ်များကို မိမိကိုယ်တိုင်ဖျက်နိုင်ခြင်း   

Viber

  • ဖုန်းခေါ်ဆိုမှုများနှင့် မက်ဆေ့ဂျ်ပို့ခြင်းများအားလုံးအတွက် End-to-end encryption ထားရှိခြင်း   
  • ပေးပို့ပြီးသည့် မက်ဆေ့ဂျ်အားလုံးကို ဖျက်ပစ်နိုင်ပြီး အလွယ်တကူ ဝင်ရောက်နိုင်သော server နေရာများတွင် သိမ်းဆည်းမှု မရှိခြင်း   
  • ပေးပို့ပြီးသည့် မက်ဆေ့ချ်များ၊ ဗီဒီယိုများ နှင့် အသံဖိုင်များကို ကြည့်ရှုပြီးသည့်နောက် အလိုအလျောက် ဖျက်သွားအောင် လုပ်နိုင်ခြင်း  
  • App တွင် Counterparty screenshot လုပ်ဆောင်ချက်ပါဝင်ခြင်း 
  • Group Chat ဖွဲ့ရာတွင် private နှင့် public အတွက် လုပ်ဆောင်နိုင်ပြီး private chat တွင် လူဦးရေ ၂၅၀ ဦးထိ ထည့်သွင်းနိုင်ပြီး private chat တွင်မူ လူဦးရေ အကန့်အသတ်မရှိ ထည့်သွင်းနိုင်ခြင်း  
  • Group Chat တွင် ပါဝင်သူတစ်ဦးချင်းစီ (သို့) ပါဝင်သူအားလုံး၏ မက်ဆေ့ချ်များကို ဖျက်နိုင်ခြင်း    
  • Private chat များကို pin code စနစ်ဖြင့် အခြားသူ မမြင်နိုင်အောင် လော့ခ်ချ၍ ဝှက်ထားနိုင်ခြင်း   
  • အသံနှင့် ဗီဒီယိုခေါ်ဆိုမှုများ ပြုလုပ်နိုင်ခြင်း – ထိုသို့ ခေါ်ဆိုမှုများ၏ ရုပ်သံကြည်လင်ပြတ်သားမှုမှာ Chat App များအနက် အကောင်းဆုံးဖြစ်ခြင်း  
  • Facebook (သို့) Facebook ၏ တွဲဖက်ကုမ္ပဏီများ (ဥပမာ GIFY) နှင့် ဆက်စပ်မှုမရှိခြင်း 

Microsoft Teams

  1. အဆင်ပြေချောမွေ့သော Microsoft 365 ၏ ပေါင်းစည်းမှု   
  2. Instant Chats
    Microsoft Teams ၏ Chat သည် အဓိကအင်္ဂါရပ်များအနက်မှ တစ်ခုဖြစ်သည်။ တစ်ဦးချင်းဖြစ်စေ၊ Group chat ဖြင့်ဖြစ်စေ အကြံပြုချက်များကို အဖွဲ့၀င်များထံ ချက်ချင်းသတင်းပို့ကာ လျင်မြန်စွာ တိုင်ပင်ဆွေးနွေးနိုင်ခြင်း 
  3. စကားဝိုင်း channel များ။   
  4. Email, Skype, OneDrive နှင့် SharePoint  တို့နှင့် တိုက်ရိုက်ချိတ်ဆက် ဝင်ရောက်နိုင်ခြင်း  
    Teams မှတစ်ဆင့် Microsoft 365 အပလီကေးရှင်းများထံ ဝင်ရောက်နိုင်သဖြင့် အလုပ်တာဝန်များကို ပိုမိုထိရောက်စွာ လုပ်ဆောင်နိုင်စေပါသည်။ OneDrive နှင့် SharePoint ရှိ ဖိုင်များနှင့် စာရွက်စာတမ်းများကို ဝင်ရောက်ကြည့်ရှုနိုင်ပြီး Team မှ တိုက်ရိုက် ဖုန်းခေါ်ဆိုမှုများနှင့် video conference များပြုလုပ်နိုင်ခြင်း။   
  5. ရုံးတွင်းနှင့် ပြင်ပအကြား ချိတ်ဆက်ရာတွင် စိတ်ချရခြင်း 

What is Ransomware and how does it work?

Ransomware သည် တောင်းဆိုသည့် ငွေကြေး မပေးမချင်း အ‌‌ရေးကြီးဒေတာ၊ စနစ်များထံ ဝင်ရောက်ခွင့်ကို ဖျက်ဆီး သို့မဟုတ် ပိတ်ဆို့သည့် အန္တရာယ်ရှိသော ဆော့ဖ်ဝဲ သို့မဟုတ် မဲလ်ဝဲအမျိုးအစားဖြစ်သည်။ အတိတ်ကာလတွင် Ramsomware အများစုသည် လူတစ်ဦးချင်းစီကို ပစ်မှတ်ထားသော်လည်း မကြာသေးမီအချိန်မှစ၍ အဖွဲ့အစည်းများကို အဓိကပစ်မှတ်ထားလာသည့် လူသားများမှ လုပ်ဆောင်သော Rasomware များ၏ အန္တရာယ်မှာ ပိုမိုကြီးမားလာပြီး ထိန်းချုပ်ရလည်း ပို၍ ခက်ခဲလာပါသည်။  

လူသားလုပ်ဆောင်သည့် ransomware တွင် စုပေါင်းတိုက်ခိုက်သူများ၏ ထောက်လှမ်းမှုဖြင့် အဖွဲ့အစည်းတစ်ခု၏ လုပ်ငန်းကွန်ရက်သို့ ဝင်ရောက်ခွင့်ကို ရယူကြသည်။ ထိုကဲ့သို့သော ခေတ်မှီရှုပ်ထွေးသည့် တိုက်ခိုက်မှုများတွင် တိုက်ခိုက်သူများသည် ၎င်းတို့ရရှိထားသော အဖွဲ့အစည်း၏ ဘဏ္ဍာရေးဆိုင်ရာ သတင်းအချက်အလက်များအပေါ် မူတည်၍ ငွေကြေးတောင်းဆိုမှုများကို ပြုလုပ်ကြပါသည်။ 

Change your profile picture on Yoma Connect and join Ransomware Campaign with us!

Highlighting 2023 | Group Technology Achievements and Year in Review

Group Technology ရဲ့  Product Team ကနေ ၂၀၂၃ ခုနှစ်အတွင်း Yoma Group ရဲ့ entity များကို ပြုလုပ်ပေးခဲ့တဲ့ Website များနဲ့အားလုံးကို မိတ်ဆက်ပေးလိုက်ပါတယ်။ 

Awei Pila Resort Website (Revamp)

February 2023

Kospa Logistic Website (Revamp)

July 2023

StarCity Sports Club Website (New)

July 2023

KFC Myanmar Website (New)

July 2023

Yoma Land Website (Revamp)

September 2023

Ducati Myanmar Website (Revamp)

October 2023

Pocket Website (Revamp)

October 2023

Governor’s Residence Website

November 2023