Yoma Meme Challenge

အားလုံးပဲ မင်္ဂလာပါမနက်ဖန်စတင်မယ့် Yoma Meme Challenge မှာ ပါဝင်ရမယ့် ပုံစံလေးက နည်းနည်း ထူးခြားပါတယ် ၊ အမှတ်ပေးစနစ်ကလည်း ပုံစံပြောင်းထားတဲ့အတွက် စည်းကမ်းချက်များကို သေချာသတိပြုပေးစေချင်ပါတယ် 

Challenge အတွက် ဘယ်လိုပါဝင်ရမလဲဆို နဲ့ စည်းကမ်းချက်များကိုအသေးစိတ် ဖော်ပြပေးလိုက်ပါတယ်နော် 

၁) Challenge တွင်ပါဝင်ရန် Team တစ်ခု၏ ဖိတ်ခေါ်မှုကို ရရှိသည့်အခါ သင်၏ ရယ်စရာအကောင်းဆုံးဟာသ (Memes) တစ်ခုကို ပို့စ်တင်ပါ။

၂) ဟာသ (Memes) ကို ဓာတ်ပုံ (သို့) GIF ဖြင့် တင်နိုင်ပါသည်။ ညစ်ညမ်း၍ လိင်ပိုင်းဆိုင်ရာ စော်ကားသော၊ ဘာသာရေးအရ တိုက်ခိုက်သော၊ နိုင်ငံရေးနှင့်ဆိုင်သော ပို့စ်များကို (လုံးဝ) တင်ခွင့်မပြုပါ။ ထိုပို့စ်များကို Group Admin မှ ဖျက်ပိုင်ခွင့်ရှိသည်။

၃) ပါဝင်သူတိုင်းသည် ဟာသ (Memes) တစ် (၁) ခုသာ တင်ခွင့်ရှိပြီး အဖွဲ့ (၁) ဖွဲ့ကိုသာ ကိုယ်စားပြုပေးရမှာဖြစ်ပါသည်။

၄) သင်ကိုယ်စားပြုသော အဖွဲ့နာမည်ကို # တွဲ၍ အနည်းဆုံး သူငယ်ချင်း (၅) ယောက်ကို Tag တွဲပြီး ပါဝင်ရန် ဖိတ်ခေါ်ရပါမည်။

၅) ရမှတ်စာရင်းကို Challenge ၏ နောက်ဆုံးနေ့တွင်သာ ရေတွက်သွားမှာ ဖြစ်ပါသည်။ယခု Challenge ၏ အမှတ်ပေးစနစ်မှာ အဖွဲ့ဝင်များမှ တင်ထားသော ဟာသပို့စ်များအောက်ရှိ “Reactions” အရေအတွက်အပေါ် မူတည်၍ အမှတ်ပေးသွားမှာ ဖြစ်ပါသည်။ ဟာသပို့စ်များအောက်တွင် “Reactions” အရေအတွက် အများဆုံးရရှိသည့် အဖွဲ့မှာ အနိုင်ရမှာ ဖြစ်ပါသည်။ဥပမာ – အဖွဲ့ A ကိုယ်စားပြု ပို့စ် ၅၀ ၏ အောက်တွင် Reactions စုစုပေါင်း ၄၀၀ ရရှိပြီး အဖွဲ့ B ကိုယ်စားပြု ပို့စ် ၆၀ ၏အောက်တွင် Reactions စုစုပေါင်း ၃၅၀ ရရှိထားမည်ဆိုပါစို့။ အဖွဲ့ B သည် ပို့စ်အရေအတွက် ပိုများသော်လည်း “Reactions” အရေအတွက် ပိုရရှိထားသော အဖွဲ့ A ကသာ အနိုင်ရရှိမှာဖြစ်ပါသည်။ဆုလက်ဆောင် Winner Pin များကိုလည်း အဖွဲ့ A ကိုယ်စားပြု ပို့စ်တင်ထားသော အဖွဲ့ဝင် ၅၀ ကိုသာ ချီးမြှင့်သွားမှာ ဖြစ်ပါသည်။

၆) အဖွဲ့ခေါင်းဆောင်များသည် Workplace အကောင့် မရှိသူများအတွက် ကိုယ်စားတင်ပေးခွင့် မရှိပါ။ အကောင့်မရှိသူမှ အဖွဲ့ခေါင်းဆောင်အား ကိုယ်စားတင်ပေးရန် တောင်းဆိုထားသော မက်ဆေ့ချ်ကို သက်သေပြနိုင်မှသာ ကိုယ်စားတင်ပေးခြင်းကို အသိအမှတ်ပြုပါမည်။

How to Play?
Our Team Leaders

Date

20 - 27 Nov 2020
Expired!

Time

All Day

More Info

Join Now
Yoma Group

Organizer

Yoma Group
Join Now