Yoma TechHub August Newsletter Myanmar 2024
Yoma Techhub
Quarterly Highlights
August 2024
Issue 06
၂၀၂၄ ခုနှစ်အတွင်း နည်းပညာ ကုမ္ပဏီများ၏ လှုပ်ရှားမှုများ
ယခုနှစ်၏ ပထမခြောက်လအတွင်းတွင် ထိပ်တန်း နည်းပညာကုမ္ပဏီများအနေဖြင့် အနာဂတ်ကို တိုးတက်ပြောင်းလဲစေနိုင်သည့် နည်းပညာအသစ်၊ ထုတ်ကုန်အသစ်များကို တီထွင်ဖန်တီးနိုင်ခဲ့ကြပါသည်။ ယခုနှစ်အတွင်း နည်းပညာနယ်ပယ်တွင် ခေတ်စားနေသော ထုတ်ကုန်အသစ်၊ …
CrowdStrike ဆော့ဖ်ဝဲ၏ အကြီးစား လွဲချော်မှု
ဇူလိုင် ၁၉ ရက်နေ့တွင် အရေးကြီးလုံခြုံရေးဆော့ဖ်ဝဲဖြစ်သည့် CrowdStrike ကို မှားယွင်း၍ update လုပ်မိရာမှ ထင်ရှားသော ကွန်ပျူတာပျက်စီးချို့ယွင်းမှုပြဿနာများ ပေါ်ပေါက်ခဲ့ပါသည်။ ဤမမျှော်လင့်ထားသော ပြဿနာကြောင့် ကမ္ဘာတစ်ဝှမ်းလုံးရှိ Windows အသုံးပြုသူ သန်းပေါင်းများစွာကိုထိခိုက်စေခဲ့ပါသည်။
သတင်းအချက်အလက် ကာကွယ်ရေးနှင့် ဒေတာဆုံးရှုံးမှု ကာကွယ်ရေး
သတင်းအချက်အလက်သည် ယနေ့ ခေတ်သစ်လုပ်ငန်းများ၏ အရေးကြီးနေသော အရင်းအမြစ်ဖြစ်ပြီး ဆုံးဖြတ်ချက်ချခြင်း၊ ဆန်းသစ်တီထွင်ခြင်းနှင့် လုပ်ငန်း လည်ပတ်မှု တို့ကို ထိရောက်မှုကို အားပေးသည်။ ဒီအဖိုးတန်သော သတင်းအချက်အလက်တွေကို ကာကွယ်ရန် အလွန်အရေးကြီးပါသည်။ …
Pocket Updated Feature
pocket မှာ စိတ်ကြိုက်ပေးချေလိုတဲ့ ပမာဏအလိုက် စတင်အသုံးပြုနိုင်ပြီဖြစ်တဲ့ Pay with Coins Feature နဲ့အတူ Update Version 2.0.8 မှာ Upgrade ပြုလုပ်ထားတဲ့ Stamp Campaign Feature တွေကို August လ ရဲ့ Tech Hub Newsletter မှာ မျှဝေပေးလိုက်ပါတယ်။
Discover the Latest on Yoma Connect
Yoma Connect ကို ပိုမိုကောင်းမွန်လာစေရန် လုပ်ဆောင်လျက်ရှိရာ လွန်ခဲ့တဲ့ ၃ လအတွင်းတွင် လုပ်ဆောင်ချက် (feature) အသစ်များဖြစ်သည့် Biometric Feature နဲ့ Mood Meter Feature တို့ကို အသုံးပြုနိုင်အောင် လုပ်ဆောင်နိုင်ခဲ့ပါသည်။
Yoma Bank: Bank Smarter Next Better
၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၂၉) နေ့မှ စတင်ပြီး အဆင့်မြှင့်တင်ထားတဲ့ Yoma Bank Next Mobile Application Version အသစ် 1.14.0 မှာဆိုရင် လက်ရှိအသုံးပြုနေသော Device တွင် လက်ခံရရှိသော အတည်ပြုကုဒ်ကို အသုံးပြုပြီး Device အသစ်များ ချိတ်ဆက်နိုင်ခြင်း၊ Profile မှတစ်ဆင့် Email မှတ်ပုံတင်ခြင်းနှင့် Email အသစ်သို့ ပြောင်းလဲနိုင်ခြင်း၊ Profile အောက်တွင်ရှိသော Feature များအား သက်ဆိုင်ရာ အုပ်စုများအလိုက် ပြန်လည်ဖွဲ့စည်းပေးထားခြင်း၊ လျှပ်စစ်မီတာဘေလ်၊ အင်တာနက်ဘေလ်နှင့် Credit Card Repayment များ ပေးဆောင်ရာတွင် ထည့်သွင်းထားသော အချက်အလက်များကို ပြန်လည်အသုံးပြုနိုင်ရန်အတွက် သိမ်းဆည်းထားနိုင်ခြင်း၊ Card နှင့်ပတ်သတ်သော ဝန်ဆောင်မှုများကို အဆင့်မြှင့်တင်ထားခြင်းစတဲ့ Feature အသစ်တွေ ပါဝင်လာတာဖြစ်လို့ Update လုပ်ဖို့ မမေ့နဲ့နော်။
သင့်မိသားစုရဲ့ကျန်းမာရေးကို အထောက်အကူပြုစေမယ့် HEAL by Pun Hlaing ရဲ့ Family Member Tagging Feature
HEAL by Pun Hlaing Appliction ကနေ သင့်မိသားစုတွေရဲ့ ကျန်းမာရေးကို အထောက်အကူပြုစေမယ့် Family Member Tagging Feature အသစ်ကို မိတ်ဆက်လိုက်ပါပြီ။ မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ ပြည်သူလူထုရဲ့ ကျန်းမာရေးကို အလေးထားသောအားဖြင့် HEAL by Pun Hlaing Application ကနေ သင်နှင့်သင့်မိသားစုအတွက် အကျိုးရှိစေမယ့် Family Member Tagging Feature အသစ်ကို မိတ်ဆက်လိုက်ပါပြီ
Yoma Fleet ၏ ဝက်ဘ်ဆိုက် အသစ်ကိုဝင်ရောက်ကြည့်ရှုနိုင်ပါပြီ
ကျွန်ုပ်တို့ အသစ်ပြန်လည်ပြုပြင်ထားသော Yoma Fleet ၏ Website ကို ယခုပဲအသုံးပြုနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ ဤကဲ့သို့ ဝက်ဘ်ဆိုက်အသစ် ကို မိတ်ဆက်နိုင်ခဲ့ခြင်းသည် Yoma Fleet ၏ မှတ်တိုင်တစ်ခုဖြစ်ပြီး ဝက်ဘ်ဆိုက်အသစ်တွင် ဝန်ဆောင်မှုများကို လွယ်ကူစွာ ရှာဖွေတွေ့ရှိရန်နှင့် လွယ်ကူစွာ ဆက်သွယ်နိုင်ရန်အတွက် ပံ့ပိုးပေးထားပါသည်။
Yoma InnoSights နှင့်မိတ်ဆက်ခြင်း
ယာဉ်စီမံခန့်ခွဲခြင်း နှင့် IoT ဝန်ဆောင်မှုများအတွက် သင့်ကို ယုံကြည်စိတ်ချမှု အပြည့်အဝ ပေးနိုင်သည့် Yoma InnoSights မှ ကြိုဆိုလိုက်ပါသည်။ ကျွန်ုပ်တို့သည် အချိန်နှင့်တပြေးညီ အချက်အလက်များ ရယူနိုင်ခြင်း၊ အချက်အလက်များကို အဆင့်မြင့်စွာ သုံးသပ်နိုင်ခြင်း နှင့် ကောင်းမွန်သော ဆက်သွယ်မှု နည်းပညာများဖြင့် ယာဉ်စီမံခန့်ခွဲခြင်း၊ ပစ္စည်းခြေရာခံခြင်းနှင့် အချက်အလက်အခြေပြု ဆုံးဖြတ်ချက်ချခြင်းတို့ကို လုပ်ဆောင်နေသည့်အတွက် စီးပွါးရေးလုပ်ငန်းများအတွက် ထိရောက်မှုရှိစေရုံသာမကဘဲ လုံခြုံမှုရှိခြင်းနှင့် စွမ်းဆောင်ရည် တိုးတက်ခြင်းအတွက်လည်း အထောက်အကူပေးပါသည်။
Quizzes
Quiz Section တွင် ပါဝင်ဖြေဆိုသူများအနေဖြင့် မေးခွန်းအားလုံး မှန်ကန်အောင် ဖြေဆိုနိုင်ပါက အထူးဆု ရရှိနိုင်မည့် အခွင့်အရေးကို ရရှိမှာ ဖြစ်ပါသည်။ အဖြေကို ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၃၀ ရက်နေ့ နောက်ဆုံးထား၍ ပေးပို့ထားနိုင်ပါသည်။ အဖြေအကုန်မှန်အောင် ဖြေနိုင်သူများအနက် ဆုရရှိသူ (၁၀) ယောက်ကို မဲနှိုက်ရွေးချယ်ပေးသွားမည်ဖြစ်ပြီး ဆုရရှိသူများကို Group Communications မှဆက်သွယ် အကြောင်းကြားပေးသွားမှာ ဖြစ်ပါသည်။