Cybersecurity Awareness Month – October

အောက်တိုဘာလသည် ကမ္ဘာတစ်ဝှမ်းလုံးတွင် အွန်လိုင်းလုံခြုံမှုနှင့် လူတိုင်းအား ၎င်းတို့၏ သတင်းအချက်အလက်များကို ကာကွယ်ကြရန် သတိပေးလှုံ့ဆော်သည့် Cybersecurity Awareness Month ဖြစ်ပါသည်။ အွန်လိုင်းတွင် data breaches နှင့် cyberattack ဖြစ်ပွားမှုများ မြင့်တက်လာလျက်ရှိရာ မိမိတို့၏ ပုဂ္ဂိုလ်ရေးနှင့် စီးပွားရေးလုပ်ငန်းဆိုင်ရာ သတင်းအချက်အလက်များအား လွယ်ကူစွာ ကာကွယ်နိုင်သည်ကို သတိပေးနေခြင်း ဖြစ်ပါသည်။  

Yoma Group တွင် ကျွန်ုပ်တို့သည် “Secure Our World!” ဟူသည့် ခေါင်းစဉ်ဖြင့် Cybersecurity Awareness ကမ်ပိန်းတွင် ပါဝင်သွားမှာဖြစ်ပါသည်။ ကျွန်ုပ်တို့၏ အဖွဲ့အစည်း၊ မိသားစုနှင့် ပုဂ္ဂိုလ်ရေး သတင်းအချက်အလက်များကို အွန်လိုင်းအန္တရာယ်များမှ ကာကွယ်နိုင်ရန် လိုအပ်သည့် လုပ်ဆောင်ချက်များအကြောင်းနှင့် အသိပညာများကို အောက်တိုဘာလ တစ်လလုံး မျှဝေပေးသွားမှာ ဖြစ်ပါသည်။ 

အပတ်စဥ် မျှဝေသွားမည့် အကြောင်းအရာများ

  • အပတ်စဥ် (၁): Phishing အကြောင်းနှင့် report ပြုလုပ်ပုံ
  • အပတ်စဥ် (၂): Password ထားရှိရန် နှင့် Password Manager ကို အသုံးပြုပုံ။ 
  • အပတ်စဥ် (၃): Multifactor Authentication (MFA) ကို အသုံးပြုပုံ။ 
  • အပတ်စဥ် (၄): Software များကို အဆင့်မြှင့်တင်ပုံ။ 

ဝန်ထမ်းများအားလုံးကို Cybersecurity Awareness Month လှုပ်ရှားမှုများတွင် ပါဝင်ကြရန် တိုက်တွန်းလိုက်ပါသည်။ အပတ်စဥ် သက်ဆိုင်ရာ လမ်းညွှန်ချက်များကို ပေးပို့သွားမှာဖြစ်သည့်အတွက် ဝန်ထမ်းများအနေဖြင့် Cybersecurity Awareness အတွက် ပြုလုပ်ထားသည့် Virtual Background ၊ ail Signature ၊ Poster စသည်များကို ဒေါင်းလုဒ်ဆွဲ အသုံးပြုခြင်းဖြင့်လည်း ပါဝင်နိုင်ပါသည်။

ပူးပေါင်းပါဝင်မှုအတွက် ကျေးဇူးတင်ရှိပါသည်။

Ref : National Cybersecurity Alliance