Contact Tracing

MOHS reported a positive COVID-19 case this week – Case 120. The infected woman works at a MPT shop on Level 1 in Myanmar Plaza. If you were in Myanmar Plaza between April 1 – 9, and had visited the MPT shop, please inform HR (askHR@yoma.com.mm) so that we can conduct COVID-19 contact tracing with you.

ထိတွေ့သွားလာမှုအပေါ် စီစစ်ခြင်း

ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ယခုအပတ်တွင် အတည်ပြုလိုက်သည့် လူနာအမှတ် ၁၂၀ အမျိုးသမီးသည် မြန်မာပလာဇာ ပထမထပ်ရှိ MPT ဆိုင်တွင် အလုပ်လုပ်သူဖြစ်သည်။ အကယ်၍ သင်သည် ဧပြီလ ၁ ရက်နေ့မှ ၉  ရက်နေ့အထိ အဆိုပါ MPT ဆိုင်သို့ သွားရောက်ခဲ့ပါက askHR@yoma.com.mm သို့ အီးမေးလ်ပေးပို့ပြီး HR ထံ အကြောင်းကြားပါ။ သို့မှသာ ကျွန်တော်တို့အနေဖြင့် သင့်အတွက် COVID-19 လူနာနှင့် ထိတွေ့သွားလာခဲ့မှုအပေါ် စုံစမ်းစစ်ဆေးနိုင်မည်ဖြစ်ပါသည်။

ထိေတြ႕သြားလာမႈအေပၚ စီစစ္ျခင္း

က်န္းမာေရးဝန္ႀကီးဌာန၏ ထုတ္ျပန္ခ်က္အရ ယခုအပတ္တြင္ အတည္ျပဳလိုက္သည့္ လူနာအမွတ္ ၁၂၀ အမ်ိဳးသမီးသည္ ျမန္မာပလာဇာ ပထမထပ္ရွိ MPT ဆိုင္တြင္ အလုပ္လုပ္သူျဖစ္သည္။ အကယ္၍ သင္သည္ ဧၿပီလ ၁ ရက္ေန႔မွ ၉ ရက္ေန႔အထိ အဆိုပါ MPT ဆိုင္သို႔ သြားေရာက္ခဲ့ပါက askHR@yoma.com.mm သို႔ အီးေမးလ္ေပးပို႔ၿပီး HR ထံ အေၾကာင္းၾကားပါ။ သို႔မွသာ ကြၽန္ေတာ္တို႔အေနျဖင့္ သင့္အတြက္ COVID-19 လူနာႏွင့္ ထိေတြ႕သြားလာခဲ့မႈအေပၚ စုံစမ္းစစ္ေဆးႏိုင္မည္ျဖစ္ပါသည္။