Press Release – Yoma Strategic plans to take controlling stake of Wave Money, Myanmar’s leading mobile financial services provider

မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးဝန်ဆောင်မှုကဏ္ဍကို နည်းပညာမှတစ်ဆင့် ပုံဖော်ရာတွင် တစ်ဖက်တစ်လှမ်းမှ ပါဝင်ကူညီနိုင်မည်ကို Yoma Strategic မှ ယုံကြည်ပါသည်။ ကျွန်ုပ်တို့သည် မြန်မာနိုင်ငံ၏ ထိပ်တန်းမိုဘိုင်းဘဏ္ဍာရေးဝန်ဆောင်မှုဖြစ်သည့် Wave Money ၏ အကြီးဆုံး အစုရှယ်ယာရှင်ဖြစ်လာမည်ကို ယနေ့မနက်တွင် ကြေညာခဲ့ပါသည်။ ထိုသို့ အကြီးဆုံးရှယ်ယာရှင်ဖြစ်လာခြင်းဖြင့် Wave Money နှင့် Yoma Group အကြား ပူးပါင်းဆောင်ရွက်မှုကိုလည်း တိုးမြှင့်စေနိုင်မည်ဖြစ်ပါသည်။

“ယခုပြုလုပ်သည့် ရှယ်ယာဝယ်ယူမှုသည် မြန်မာနိုင်ငံတွင် ပိုမိုတောင့်တင်းခိုင်မာသည့် ဘဏ္ဍာရေးနည်းပညာ ဂေဟစနစ်တည်ဆောက်ရန်ဟူသော ကျွန်တော်တို့၏ ရည်ရွယ်ချက်ကို အကောင်အထည်ဖော်စေနိုင်မည့် လုပ်ငန်းစဉ်တစ်ခု ဖြစ်ပါသည်။ COVID-19 ကပ်ရောဂါကြောင့် ငွေသားမဲ့ငွေပေးချေခြင်းများ တိုးများလာသည်နှင့်အမျှ Wave Money ၏ ကိုယ်စားလှယ်ကွန်ယက်နှင့် ဒစ်ဂျစ်တယ်ငွေပေးချေမှု ပလက်ဖောင်းတို့မှာလည်း စဉ်ဆက်မပြတ်တိုးတက်လျက်ရှိပါသည်။ Ant Group ၏ ရင်းနှီးမြှုပ်နှံမှုသည် Wave Money ကို ပိုမိုဖွံ့ဖြိုးတိုးတက်လာစေနိုင်ပြီး ၎င်း၏ ရှယ်ယာရှင်များကိုည်း ရေရှည်တွင် အကျိုးအမြတ်များ ရရှိနိုင်စေမှာဖြစ်သည်” ဟု Yoma Strategic ၏ CEO ဖြစ်သူ Melvyn Pun မှ ပြောကြားပါသည်။

COVID-19 Economic Relief Plan သည် ငွေသားမဲ့ မိုဘိုင်းငွေပေးချေရေး ဝန်ဆောင်မှုများကို ပိုမိုအသုံးပြုလာအောင် မြှင့်တင်လျက်ရှိရာ ၎င်းမှာလည်း မြန်မာအစိုးရ၏ အဓိက ဦးစားပေးကိစ္စများအနက် တစ်ခုဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ဘဏ္ဍာရေးဝန်ဆောင်မှုကို လူတန်းစားအလွှာပေါင်းစုံမှ လက်လှမ်းမမှီနိုင်သေးသဖြင့် နိုင်ငံ၏ ဘဏ္ဍာရေးနည်းပညာကဏ္ဍတွင် ဦးဆောင်သူတစ်ဦးအဖြစ် လုပ်ကိုင်သွားရန်ကို လုပ်ငန်းစုမှ စိတ်လှုပ်ရှားမိပါသည်။

Yoma Strategic believes in its role in helping to shape the financial services sector of Myanmar through technology. We’ve just announced our plans to take a controlling stake of Wave Money, the leading mobile financial services provider in Myanmar; a move that will also help Yoma Strategic forge greater collaboration between Wave Money and the Yoma Group’s businesses.

“This acquisition is part of our goal to build a strong financial technology ecosystem in Myanmar. Wave Money continues to see sustained growth in its agent and digital platforms, with Wave Pay gaining strong traction during the COVID-19 pandemic through the acceleration in and adoption of cashless payment solutions. The investment by Ant Group will further fuel Wave Money’s growth trajectory and will help to create a greater value for our shareholders in the longer term,” said Melvyn Pun, CEO, Yoma Strategic.

Myanmar Government’s COVID-19 Economic Relief Plan promotes the use of mobile payment services to accelerate the adoption of cashless solutions, and it is one of the government’s key priority. Given Myanmar’s financial inclusion gap, the Group is excited about the role it can play as a leading player in Myanmar’s Fintech industry.