Talk on Corona Virus (Video)

Covid-19 message 13-March-2020

အားလုံးဘဲ မင်္ဂလာပါ။ ကျွန်တော်အားလုံးကို Coronavirus အကြောင်း ပြောပြချင်ပါတယ်။ ရောဂါကူးစက်ခံရမှုများမှာ နေ့စဉ်တိုးမြင့်လျက် ရှိပါတယ်။ WHO မှလည်း ၎င်းကို ကမ္ဘာ့ကပ်ရောဂါအဖြစ် သတ်မှတ်ထားပြီးဖြစ်ပါတယ်။ Yoma အနေနဲ့လည်း ပြီးခဲ့တဲ့ ၅ ပတ်အတွင်း စနစ်တကျ ထိန်းချုပ်စစ်ဆေးမှုများကို နေ့စဉ်ပြုလုပ်ခဲ့ပါတယ်။ ရောဂါအများဆုံး ကူးစက်ခံနေရတဲ့ နိုင်ငံများသို့ ခရီးသွားရောက်မှုအတွက် ကန့်သတ်ချက်များ ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။ နိုင်ငံခြားသို့ သွားရောက်မဲ့သူများကိုလည်း ခရီးမထွက်မီ ကြိုတင် အကြောင်းကြားရန် ညွှန်ကြားထားပါတယ်။ ဒါပေမဲ့ နိုင်ငံတကာမှာတော့ အခြေအနေ ပိုဆိုးလျက်ရှိပါတယ်။ ဒါကြောင့် နောက်ရက် ၃၀ အတွင်း လူစုဝေးတွေ့ဆုံမှုများကို မပြုလုပ်ဖို့နဲ့ အလုပ်ကိစ္စအရ လူအယောက် ၂၀ အထက် ပါဝင်သည့် တွေ့ဆုံမှုများအတွက်လည်း ကြိုတင် ခွင့်ပြုချက်တောင်းရန် လိုအပ်ပါတယ်။ ဧပြီလမှာ လုပ်မဲ့ Wednesday Club ကိုလည်း ရက်ရွှေ့သွားမှာဖြစ်ပြီး အဲ့အစား Workplace မှာဘဲ Live ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။ ဒီထက် အခြေအနေဆိုးလာပါက စီးပွားရေးလုပ်ငန်းများအပေါ် နှောက်ယှက်မှုမရှိအောင် စီစဉ်ထားရှိပါတယ်။ ဒါပေမဲ့ ကြောက်စရာမလိုပါဘူး။ ဒီဗိုင်းရပ်စ် မကူးစက်အောင် တကိုယ်ရေ သန့်ရှင်းမှုက အဓိကကျပါတယ်။ ဘာကို ဆိုလိုတာလဲဆိုတော့ လက်ကို မှန်မှန်ဆေးကြောဖို့၊ တယောက်နဲ့တယောက် နီးကပ်စွာ မနေဖို့၊ လက်ဆွဲနှုတ်ဆက်ခြင်းများ မပြုလုပ်ဖို့ ၊ ပန်းကန် ဇွန်း ခရင်း ခွက်​​ယောက်များ အတူသုံးစွဲခြင်း မလုပ်ဖို့ဘဲ ဖြစ်ပါတယ်။ နောက် အရေးကြီးဆုံးတချက်ကတော့ သင် (သို့) သင့်မိသားစုဝင် တယောက်ယောက်မှ ကိုယ်ပူခြင်း၊ ချောင်းဆိုးခြင်းနဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ဝေဒနာ ခံစားရပါက အလုပ်ခွင်သို့ လာရောက်ခြင်း လုံးဝမပြုရန်နဲ့ သက်ဆိုင်ရာ ဆေးရုံဆေးခန်းရဲ့ အကူအညီကို တောင်းခံဖို့ဘဲ ဖြစ်ပါတယ်။ နောက်ဆုံးအနေနဲ့ ပြောချင်တာကတော့ ဒီ Coronavirus က မကြာမီအချိန်အတွင်း ပပျောက်သွားဖို့ သိပ်တော့မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ရေရှည်အတွက် ကြိုတင်ပြင်ဆင်ဖို့ လိုပါမယ်။ စီးပွားရေးလုပ်ငန်းများအပေါ်ကိုလည်း သက်ရောက်မှု ရှိလာနိုင်ပါတယ်။ ဘယ်လိုဘဲဖြစ်ဖြစ် သင်နဲ့ သင့်ပတ်ဝန်းကျင်ကသူတွေ အန္တရာယ်ကင်း ဘေးရှင်းဖို့က အရေးကြီးဆုံးဘဲဖြစ်ပါတယ်။ ဒါကြောင့် ဂရုတစိုက်နေထိုင်ဖို့ တိုက်တွန်းလိုပါတယ်။ လိုအပ်သည်များကိုလည်း ဆက်လက်မျှဝေပေးသွားမှာ ဖြစ်ပါတယ်။