Work From Home Guidelines

Work From Home – Guidelines 

As a part of our response to the global Covid-19 outbreak, we must be ready to roll out Business Continuity Plans quickly and efficiently if needed.

  • Work from Home: all Business Leaders will start trialling work from home arrangements for their teams. We are working to implement a number of measures to ease the transition into working from home. This includes making data available for those without internet access at home and providing necessary stationery and business tools available for employees to perform their roles remotely.
  • High Risk Group: The Group HR team is working to identify staff who are at a higher risk of contracting the virus. This includes staff aged over 70, pregnant women and those with underlying health issues. If you are a part of this group and unable to work from home due to the nature of your job, you will be placed on paid leave.

If you have any questions or feel you might be part of the high-risk group, please speak to your manager or email askhr@yoma.com.mm

Thank you all in advance for your understanding and flexibility at this challenging time.

နေအိမ်တွင်နေ၍ အလုပ်လုပ်ရန် လမ်းညွှန်ချက်များ

ကမ္ဘာအနှံ့ ကူးစက်ပျံ့ပွားနေသည့် Covid-19 ကြောင့်ကြိုတင်ပြင်ဆင်သည့်အနေဖြင့် စီးပွားရေးလုပ်ငန်းများ ဆက်လက်ရပ်တည်နိုင်ရန် လိုအပ်သည့်အစီအစဉ်များကို လျှင်မြန်ထိရောက်စွာ ဆောင်ရွက်သွားဖို့ အသင့်ဖြစ်နေရန် လိုအပ်ပါသည်။

  • နေအိမ်တွင်နေ၍ အလုပ်လုပ်ခြင်း -ခေါင်းဆောင်များအနေဖြင့် မိမိတို့ အဖွဲ့သားများ နေအိမ်တွင်နေ၍ အလုပ်လုပ်ခြင်းကိုစတင်စမ်းသပ်လုပ်ဆောင်ရမည်ဖြစ်သည်။နေအိမ်တွင်နေ၍ အလုပ်လုပ်နိုင်ရန် လိုအပ်သည့် အရာများအတွက်လည်း ကျွန်တော်တို့မှကြိုတင်ပြင်ဆင်လျက်ရှိပါသည်။ အဆိုပါပြင်ဆင်မှုများတွင် နေအိမ်မှာနေ၍ အလုပ်များထိရောက်စွာလုပ်ကိုင်နိုင်ရန် နေအိမ်တွင်အင်တာနက်မရှိသည့် ဝန်ထမ်းများအတွက် အင်တာနက်ဒေတာ ရရှိအောင် လုပ်ဆောင်ခြင်း၊လိုအပ်သည့် စာရေးကိရိယာနှင့် လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ခြင်းတို့ပါဝင်ပါသည်။
  • ရောဂါကူးစက်ခံရနိုင်ခြေများသည့် ဝန်ထမ်းများ – ရိုးမလုပ်ငန်းစု HR မှ ဗိုင်းရပ်ကူးစက်ခံရနိုင်ခြေများသည့် ဝန်ထမ်းများကို ရှာဖွေထုတ်ဖော်လျက်ရှိပါသည်။ အဆိုပါဝန်ထမ်းများမှာ အသက် ၇၀ အထက် ဝန်ထမ်းများ၊ကိုယ်ဝန်ဆောင်များ နှင့် ကျန်းမာရေးချို့တဲ့ပြီးရောဂါအခံရှိသူတို့ပင် ဖြစ်ပါသည်။ အကယ်၍သင်သည် နေအိမ်တွင်နေ၍ အလုပ်လုပ်ရမည့်ဝန်ထမ်းအုပ်စုတွင် ပါဝင်နေသော်လည်း မိမိ၏အလုပ်သဘောအရ နေအိမ်တွင် အလုပ်လုပ်ရန် အဆင်မပြေပါက လစာပေးခွင့်အဖြစ်ပြောင်းလဲသတ်မှတ်ပေးမည်ဖြစ်ပါသည်။

သင်သည် ဗိုင်းရပ်ကူးစက်ခံရနိုင်ခြေများသည့်ဝန်ထမ်းအုပ်စုတွင် ပါဝင်နေသည်ဟု ထင်ပါကသင်၏ မန်နေဂျာနှင့် တိုင်ပင်ခြင်း (သို့) askhr@yoma.com.mm သို့ အီးမေးလ်ပေးပို့မေးမြန်းနိုင်ပါသည်။

နားလည်ပေးမှုနှင့် ပူးပေါင်းဆောင်ရွက်ပေးမှုများအတွက် အထူးပင် ကျေးဇူးတင်ရှိပါသည်။