Yoma’s Got Talent တွင် ပါဝင်ယဥ်ပြိုင်လိုသူများ စာရင်းပေးသွင်းနိုင်ပြီ

Yoma’s Got Talent အစီအစဥ် ထပ်ရောက်ရှိလာပါပြီ! ယခုနှစ်ရဲ့ Yoma Family Day မှာ ပါဝင်မယ့် Yoma’s Got Talent အစီအစဥ်လေးကို ပိုပြီး စိတ်လှုပ်ရှားဖို့ကောင်းအောင် စီစဥ်ထားပါတယ်။ ‘Yoma Got Talent’ ရဲ့ စင်ပေါ်မှာ ‘Yo-Tal’ (Yo-ma’s Tal-ent) အဖြစ်အကောင်းဆုံး တောက်ပနိုင်အောင် အသင့်ပြင်ထားကြပါနော်။

သီချင်းဆိုခြင်း၊ အကစွမ်းရည်၊ သရုပ်ဆောင်ခြင်း နှင့် မျက်လှည့်ပြကွက်များ (သို့) အခြား စွမ်းရည်တစ်ခုခုရှိတဲ့ ဝန်ထမ်းတွေအတွက် ရိုးမရဲ့ စင်မြင့်ပေါ်မှာ မိမိတို့ရဲ့ စွမ်းရည်တွေကို ပြသနိုင်မယ့် အခွင့်အရေးတစ်ခုဖြစ်ပါတယ်။ Yoma Group နှင့် လုပ်ငန်းခွဲများရဲ့ အမြုတေတန်ဖိုးများကို ထည့်သွင်းဖော်ကျူးထားတဲ့ ဖျော်ဖြေမှုများအတွက်လည်း အထူးဆုတွေ ပေးသွားမှာဖြစ်ပါတယ်။

ပါဝင်ယှဥ်ပြိုင်လိုသူများအနေနဲ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၃၀) နေ့ နောက်ဆုံးထားပြီး စာရင်းပေးသွင်းနိုင်ပါတယ်။ စာရင်းပေးသွင်းရန် 

ကိုယ့်ရဲ့ အရည်အချင်းတွေကို ဖော်ထုတ်ပြသနိုင်မယ့် အခွင့်အရေးဖြစ်လို့ လက်လွတ်မခံဘဲ ပါဝင်ယှဥ်ပြိုင်ရင်း ၂၀၂၄ ခုနှစ် ရဲ့ Yoma’s Got Talent မှာ မေ့မရတဲ့ အမှတ်တရတွေကို အတူတူ ဖန်တီး လိုက်ကြရအောင်နော်။

အခြားမေးမြန်းလိုသည်များရှိပါက မြတ်သက်ထား (myatthethtar@yoma.com.mm / 09 777 226 161) ထံ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။ 

အစီအစဥ်နှင့်ပတ်သက်တဲ့ အသေးစိတ်အချက်အလက်များကို ထပ်မံကြေညာသွားပါမယ်။