Blog Posts

Biometric Login Step

  1. ပထမဦးစွာ YC app ထဲသို့ mobile number ဖြင့် ဖြစ်စေ Microsoft mail ဖြင့် ဖြစ်စေ Yoma Connect Email ဖြင့်ဖြစ်စေ login ၀င်ရန် လိုအပ်ပါသည်။
  2. Login ၀င်ပြီးနောက် Office Bottom Tab ကို နှိပ်၍ Profile ပုံကို နှိပ်ပါ။
  3. Setting ထဲသို့ ၀င်ပါ။
  4. ထို့နောက် “Biometric” switch button ကို နှိပ်ပါ။
  5. မိမိ ၏ phone setting တွင် register လုပ်ထားသော fingerprint ကို အသုံးပြုမည် ဆိုပါလျှင် Fingerprint button ကို နှိပ်ပြီး “Biometric authentication registered successfully” ပေါ််လာသည် အထိ confirm ပြုလုပ်ပေးရမည်ဖြစ်ပြီး fingerprint မမှန်သေးပါက “Try again” ဆိုသည့် alert box နှင့် အတူ Authetication fail ဆိုသည့် စာသားကို မြင်နေရပါမည်။

  1. ပုံမှန်အားဖြင့် ဝန်ထမ်းများသည် မိမိ၏ password ကို အသုံးပြုပြီး Profile အောက်ရှိ Payroll သို့ ဝင်၍ Payslips ကို ကြည့်ကြပါသည်။
  2. Yoma Connect app တွင် Biometric function setup လုပ်ပြီးနောက် Payroll module ရှိ payslips ကြည့် “Payroll” ကို နှိပ်ရာတွင် “Verify your biometric” နှင့် Cancel text ဆိုသည့် alert box ကျလာပါသည်။
  3. Fingerprint ကို verify ပြုလုပ်ပြီးပါလျှင် မိမိ၏ payslips records များကို မြင်တွေ့ရမည်ဖြစ်ပါသည်။
    မှတ်ချက် – မိမိ၏ entity တွင် payroll feature မရှိပါက မမြင်ရပါ။
  4. Cancel ကို နှိပ်မည်ဆိုပါလျှင် မိမိသည် payroll password generate မပြုလုပ်ရသေးပါက “Your payroll password is not generated” ဟူ၍ ပြနေမည်ဖြစ်ပြီး payroll password generate ပြုလုပ်ပြီးပါလျှင် “Login with password”ဆိုသည့် text ပေါ် လာမည် ဖြစ်ပါသည်။

  1. Yoma Connect app ထဲသို့ login ၀င်ပြီး Setting အောက်ရှိ Biometric switch button ကို နှိပ်လျှင် “Cannot Setup Biometric : Biometric is not setup yet in mobile setting. Please try again after setting up.” ဆိုသည့် Alert box ကျလာပြီးနောက် “Go to Mobile Setting” button ကိုနှိပ်ပေးရပါမည်။
  2. မိမိဖုန်း၏ setting ထဲတွင် Fingerprint added လုပ်ပြီးနောက် Done ကို နှိပ်ပါ။
  3. Yoma Connect app ၏ settings ထဲသို့ ရောက်ရှိလာပါမည်။
  4. Biometric switch button ကို နှိပ်လျှင် “Quick and Easier Login: Place your finger on fingerprint button to confirm” ဆိုသည့် alert box ပေါ်လာပါမည်။
  5. Fingerprint ကို အသုံးပြုမည်ဆိုပါလျှင် Fignerprint button ကို နှိပ်ပြီး “Biometric authentication registered successfully” ပေါ််လာသည်အထိ confirm ပြုလုပ်ပေးရမည်ဖြစ်ပြီး fingerprint မမှန်သေးပါက “Try again” ဆိုသည့် alert box နှင့် အတူ Authetication fail ဆိုသည့် စာသား ပြနေမည်ဖြစ်ပါသည်။

မိမိဖုန်းတွင် Biometric function မရှိလျှင်လည်း Yoma Connect application ကို အသုံးပြုနိုင်ပါသည်။Yoma Connect app setting တွင် biometric function ကို ပိတ်ပြီး အသုံးပြုနိုင်ပါသည် ။ Biometric Register မပြုလုပ်သေး‌သရွေ့ Alert ‌‌‌ပေါ်နေမှာ ဖြစ်ပါသည်။

Biometric မှားဝင်လို့ပဲဖြစ်စေ Password မှား၀င်မိလို့ပဲ ဖြစ်စေ OTP code မှား၀င်မိသည်ဖြစ်စေ Yoma Connect app ထဲ login ပြန်၀င်နိုင်ရန် ၁မိနစ် စောင့်ရမည်ဖြစ်ပါသည်။

Yoma Connect app ထဲသို့ mobile number ဖြင့် ဖြစ်စေ Microsoft mail ဖြင့် ဖြစ်စေ Yoma Connect Email ဖြင့်ဖြစ်စေ ဝင်ရောက်ပြီး အသုံးပြုနိုင်ပါသည်။

Yoma Family Day မှာပြုလုပ်မယ့် Esports တွင် ပါဝင်ဖို့ မကြာခင်မှာ စာရင်းပေးသွင်းနိုင်ပြီ

Yoma Family Day အတွက် အသင့်ပြင်ထားကြနော်! ကိုယ့်ရဲ့ လုပ်ငန်းဌာနကို ကိုယ်စားပြုပြီး ကိုယ့်ရဲ့ Esports အစွမ်းတွေကို ပြသဖို့ အဆင်သင့်ဘဲလား? အခုဆိုရင် နေရာတော်တော်များများမှာ Esports ကို တရားဝင် အားကစားဂိမ်းတစ်ခုအဖြစ် သတ်မှတ်ထားကြပါတယ်။ အခုလာမယ့် Yoma Family Day အစီအစဉ်မှာလည်း Esports ကို အားကစားတစ်ခုအနေနဲ့ ပါဝင်သွားမှာဖြစ်ကြောင်း အသိပေးလိုက်ပါတယ်။

Yoma Family Day မှာ ပါဝင်မယ့် Esports နဲ့ ပတ်သက်ပြီး သိထားရမယ့်အချက်တွေကို ဖော်ပြလိုက်ပါတယ်။

  • သင်နှင့် သင့်သူငယ်ချင်းများရဲ့ MOBA စွမ်းရည်ကို ပြသဖို့ဆိုရင် YFD Mobile Legends Tournament မှာ ပါဝင်ရပါမည်။
  • ချန်ပီယံဆုရရှိရန် Double Elimination Bracket Tournament တွင် ပါဝင်ယှဥ်ပြိုင်ရပါမည်။
  • အဆိုပါပြိုင်ပွဲကို Yoma Group ရှိ ဝန်ထမ်းများအားလုံး ပါဝင်ယှဥ်ပြိုင်နိုင်ပြီး အဖွဲ့ဝင် ၅ ဦးမှ ၆ ဦးအထိ ပါဝင်ကစားနိုင်ပါသည်။
  • ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်နေ့တွင် စတင်စာရင်းပေးသွင်းနိုင်မှာဖြစ်ပြီး စည်းမျဉ်းစည်းကမ်းနှင့် အသေးစိတ်အချက်အလက်များကိုလည်း ထိုနေ့တွင် ထုတ်ပြန်ကြေညာသွားပါမည်။
  • စာရင်းပေးသွင်းခြင်းနှင့် အခြားအသေးစိတ် အချက်အလက်များအတွက် အောက်ပါ QR Code ကို စကင်န်ဖတ်၍  ကြည့်ရှုနိုင်ပါသည်။

Yoma’s Got Talent တွင် ပါဝင်ယဥ်ပြိုင်လိုသူများ စာရင်းပေးသွင်းနိုင်ပြီ

Yoma’s Got Talent အစီအစဥ် ထပ်ရောက်ရှိလာပါပြီ! ယခုနှစ်ရဲ့ Yoma Family Day မှာ ပါဝင်မယ့် Yoma’s Got Talent အစီအစဥ်လေးကို ပိုပြီး စိတ်လှုပ်ရှားဖို့ကောင်းအောင် စီစဥ်ထားပါတယ်။ ‘Yoma Got Talent’ ရဲ့ စင်ပေါ်မှာ ‘Yo-Tal’ (Yo-ma’s Tal-ent) အဖြစ်အကောင်းဆုံး တောက်ပနိုင်အောင် အသင့်ပြင်ထားကြပါနော်။

သီချင်းဆိုခြင်း၊ အကစွမ်းရည်၊ သရုပ်ဆောင်ခြင်း နှင့် မျက်လှည့်ပြကွက်များ (သို့) အခြား စွမ်းရည်တစ်ခုခုရှိတဲ့ ဝန်ထမ်းတွေအတွက် ရိုးမရဲ့ စင်မြင့်ပေါ်မှာ မိမိတို့ရဲ့ စွမ်းရည်တွေကို ပြသနိုင်မယ့် အခွင့်အရေးတစ်ခုဖြစ်ပါတယ်။ Yoma Group နှင့် လုပ်ငန်းခွဲများရဲ့ အမြုတေတန်ဖိုးများကို ထည့်သွင်းဖော်ကျူးထားတဲ့ ဖျော်ဖြေမှုများအတွက်လည်း အထူးဆုတွေ ပေးသွားမှာဖြစ်ပါတယ်။

ပါဝင်ယှဥ်ပြိုင်လိုသူများအနေနဲ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၃၀) နေ့ နောက်ဆုံးထားပြီး စာရင်းပေးသွင်းနိုင်ပါတယ်။ စာရင်းပေးသွင်းရန် 

ကိုယ့်ရဲ့ အရည်အချင်းတွေကို ဖော်ထုတ်ပြသနိုင်မယ့် အခွင့်အရေးဖြစ်လို့ လက်လွတ်မခံဘဲ ပါဝင်ယှဥ်ပြိုင်ရင်း ၂၀၂၄ ခုနှစ် ရဲ့ Yoma’s Got Talent မှာ မေ့မရတဲ့ အမှတ်တရတွေကို အတူတူ ဖန်တီး လိုက်ကြရအောင်နော်။

အခြားမေးမြန်းလိုသည်များရှိပါက မြတ်သက်ထား (myatthethtar@yoma.com.mm / 09 777 226 161) ထံ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။ 

အစီအစဥ်နှင့်ပတ်သက်တဲ့ အသေးစိတ်အချက်အလက်များကို ထပ်မံကြေညာသွားပါမယ်။

Yoma Family Cup ၏ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ရန် ဖိတ်ကြားခြင်း

၂၀၂၄ ခုနှစ် Yoma Family Cup ပြိုင်ပွဲကြီးရဲ့ ဖွင့်ပွဲအခမ်းအနားကို မကြာခင်မှာ ကျင်းပတော့မှာ ဖြစ်ပါတယ်။ ပျော်စရာ၊ စိတ်လှုပ်ရှားစရာတွေနဲ့ ဝန်ထမ်းအားလုံး ရင်းရင်းနှီးနှီး ပါဝင်ကြမဲ့ ပွဲဖြစ်လို့ လုံးဝလက်လွတ်မခံဘဲ အတူတူပါဝင်ဆင်နွဲဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

ဖွင့်ပွဲအခမ်းအနား အသေးစိတ်
  • နေ့စွဲ – ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက် (စနေနေ့)
  • အချိန် – နေ့လည် ၁၂း၃၀ မှ ၁း၃၀ နာရီထိ
  • နေရာ – StarCity Sports Club

ဖွင့်ပွဲအခမ်းအနားမှာ ပြိုင်ပွဲဝင်များရဲ့ အားကစားစွမ်းရည်များ၊ အဖွဲ့လိုက် လုပ်ဆောင်မှုများကို တွေ့မြင်နိုင်မယ့်အပြင် မိမိတို့၏ လုပ်ဖော်ကိုင်ဖက်များကိုပါ ပျော်ရွှင်စွာ အားပေးနိုင်မှာ ဖြစ်ပါတယ်။ 

Yoma Family Day ၏ အားကစားပြိုင်ပွဲများတွင် ပါဝင်ရန်အတွက် စာရင်းပေးသွင်းရန် ဖိတ်ခေါ်ခြင်း

၂၀၂၄ ခုနှစ်ရဲ့ Yoma Family Day ပွဲမှာ စိတ်လှုပ်ရှားဖွယ်ရာ အားကစားပြိုင်ပွဲများဖြစ်သော စားပွဲတင် တင်းနစ်၊ တင်းနစ်၊ ကြက်တောင်၊ ဘတ်စကက်ဘောနှင့် ဖူဆယ်လ်ပြိုင်ပွဲများတွင် ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြရန် အားကစား ဝါသနာရှင်များအားလုံးကို ဖိတ်ခေါ်လိုက်ပါသည်။

ပွဲစဥ်များ
  • ဖူဆယ်လ်
    အမျိုးအစား – (၁) အမျိုးသမီး (၂) အမျိုးသား (၃) အမျိုးသမီး အမျိုးသား အရော
  • ကြက်တောင်ရိုက်
    အမျိုးအစား – (၁) အမျိုးသမီး တဦးချင်း (၂) အမျိုးသား တဦးချင်း (၃) အမျိုးသား၊ အမျိုးသမီး နှစ်ဦးတွဲ
  • စားပွဲတင်တင်းနစ်
    အမျိုးအစား – (၁) တစ်ဦးချင်း ယှဉ်ပြိုင်မှု (၂)  နှစ်ဦးတွဲ ယှဥ်ပြိုင်မှု)
  • တင်းနစ်
    အမျိုးအစား – (၁) အမျိုးသမီး တဦးချင်း (၂) အမျိုးသား တဦးချင်း (၃) အမျိုးသမီး အမျိုးသား နှစ်ဦးတွဲ (၄) အမျိုးသား ၂ ဦးတွဲ
  • ဘတ်စကပ်ဘော (3v3)
    အမျိုးအစား – အသင်းလိုက် (တသင်းလျှင် ၅ ယောက်အများဆုံး)

မိမိတို့ရဲ့ အားကစားစွမ်းရည်တွေကို ထုတ်ပြနိုင်မှာဖြစ်လို့ ပါဝင်ယှဥ်ပြိုင်ဖို့ ဖိတ်ခေါ်လိုက်ပါသည်။ သက်ဆိုင်ရာ အားကစားတွေမှာ ကျွမ်းကျင်သည်ဖြစ်စေ ၊ ဝါသနာပါသည်ဖြစ်စေ  Yoma Family Day ရဲ့ အားကစားလှုပ်ရှားမှုတွေမှာ ပါဝင်ပြီး မေ့မရနိုင်တဲ့ အတွေ့အကြုံတွေကို ဖန်တီးနိုင်မှာ ဖြစ်ပါသည်။

စာရင်းပေးသွင်းနိုင်သည့်ကာလ
၂၀၂၃ ခုနှစ် ၊ နိုဝင်ဘာလ ၁၀ ရက်နေ့အထိ

စာရင်းပေးသွင်းရန်
သင်ပါဝင်ဆင်နွဲလိုသည့် ပြိုင်ပွဲ (များ) ကို ysc@yoma.com.mm သို့ အီးမေလ်းပေးပို့၍ စာရင်းပေးသွင်းနိုင်ပါသည်။

၂၀၂၄ ခုနှစ် Yoma Family Day  တွင် လုပ်ဖော်ကိုင်ဖက်များနှင့် အတူ ရင်းနှီးစွာ ပါဝင်ပျော်ရွှင်နိုင်မှာဖြစ်လို့ လက်လွတ် မခံဘဲ ပါဝင်ဆင်နွဲကြဖို့ တိုက်တွန်းလိုက်ပါသည်။

World Cleanup Day | Digital Cleanup Event Announcement

World Cleanup Day | Digital Cleanup Event Announcement

In honor of World Cleanup Day, we are excited to announce a special initiative aimed at decluttering our digital lives and contributing to a cleaner, more sustainable digital environment. From September 11th, 2023, to September 22nd, 2023, we will conduct a Wallpaper Change for your computer screen and a Digital Cleanup Campaign.

Wallpaper Change:
Your laptop wallpaper will automatically change to a theme that reflects our commitment to sustainability and cleanliness.

How to Participate in Digital Cleanup Campaign:

  • Laptop: Clean up your recycle bin, system files, and temporary files.
  • Mobile: Delete duplicate photos, blurry photos, and videos.
  • Email: Unsubscribe and delete newsletters, inactive blog posts, FYI emails, appointment emails for meetings, etc.
  • Cloud Storage: Clean duplicate files and empty the recycle bin.

Once you’ve completed your digital cleanup, we invite you to share your progress on Yoma Connect. Take pictures of your storage before and after cleaning digital waste and post them with the hashtags (#WorldCleanupDay2023)

Rewards:
We want to recognize your efforts and commitment to a cleaner digital world. Here’s our reward plan:

  • The first 20 people who post their cleanup results on Yoma Connect will receive special gifts.
  • The next 80 participants on Yoma Connect will be rewarded with Pocket application perks, such as KFC 5,000 MMK off coupons, YKKO 5,000 MMK off coupons, and pocket coins.
  • The following 100 individuals who post on Yoma Connect can enjoy games via Pocket applications and receive exciting gifts.

Pocket applications and receive exciting gifts. Let’s come together as a team to make a positive impact on World Cleanup Day and contribute to a cleaner digital environment.

Thank you.
#WorldCleanupDay2023

Feature Improvements

ရိုးမမိသားစုဝင်များထံ

Yoma Connect တွင် လုပ်ဆောင်ချက်အသစ်များကို ထပ်မံဖြည့်စွက်ထားပါသည်။ ထိုလုပ်ဆောင်ချက်အသစ်များဖြင့် အောက်ပါတို့ကိုလုပ်ဆောင်နိုင်မှာဖြစ်ပါသည်။

(၁) Social Feed ဆိုင်ရာ လုပ်ဆောင်ချက်များ

  • Hashtag အသုံးပြုနိုင်ခြင်း
  • ပို့စ်၏ လင့်ကို ကော်ပီကူးနိုင်ခြင်း
  • အကြောင်းကြားစာ (Noti) များဝင်ခြင်း

(၂) Chat ဆိုင်ရာ လုပ်ဆောင်ချက်များ

  • Chat ရှိ အရေးကြီးမက်ဆေ့ချ်များကို လွယ်ကူစွာရှာဖွေနိုင်ရန် (Pin Chat) လုပ်ထားနိုင်ခြင်း
  • မက်ဆေ့ချ်များကို သိမ်းဆည်းထားနိုင်ခြင်း
  • GIF

(၃) ရုံးပိုင်းဆိုင်ရာ လုပ်ဆောင်ချက်

  • စစ်တမ်းကောက်ယူနိုင်ခြင်း

အထက်ဖော်ပြပါ လုပ်ဆောင်ချက်အသစ်များကို အသုံးပြုနိုင်ရန် မိမိတို့ဖုန်းမှ App Store (သို့) Google Play Store သို့ သွား၍ Yoma Connect App ကို Update ပြုလုပ်ရန် လိုအပ်ပါသည်။

Android Link: https://bit.ly/3tic0QJ 

iOS Link: https://apple.co/3tjnxPA 

စစ်တမ်းကောက်ယူခြင်းမှအပ အခြား လုပ်ဆောင်ချက်များကို မိုဘိုင်း App တွင်သာမက ဝဘ်ဆိုဒ် (https://social.yomastrategic.com) မှတဆင့် ဝင်ရောက်၍လည်း အသုံးပြုနိုင်ပါသည်။ စစ်တမ်းကောက်ယူခြင်းကို မိုဘိုင်း app တွင်သာ လုပ်ဆောင်နိုင်ပါသည်။

Dear Yoma Family,

We have added new functions on Yoma Connect. With newly added functions, we can now enjoy the following features:

(1) Social Feed Feature

  • Usage of Hashtags
  • Copy Link in Post
  • Notification Inbox

(2) Chat Feature

  • Pin Chat
  • Save Message
  • GIF

(3) Office Feature

  • Survey Form

To activate the new features, please go to your App Store or Google Play Store to update your Yoma Connect App. 

Android Link: https://bit.ly/3tic0QJ 

iOS Link: https://apple.co/3tjnxPA 

You can also log in from Web version through (https://social.yomastrategic.com). All the features are the same as mobile app version except Survey Feature, as it is only available on the mobile app.