Blog Posts

ဝန်ထမ်းများအတွက် လူမှုကွန်ရက်မူဝါဒ

ယခုခေတ်အခါတွင် ကျွန်တော်တို့အားလုံး လူမှုကွန်ရက်စာမျက်နှာများကို နေ့စဉ်နှင့်အမျှ အသုံးပြုလာကြပါတယ်။ “လူမှုကွန်ရက်” လို့ဆိုတာနဲ့ လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် သတင်းအချက်အလက်များကို မျှဝေရန်အတွက် ပို့စ်တင်ခြင်း၊ ဓာတ်ပုံ ဗီဒီယိုများတင်ခြင်း၊ မက်ဆေ့ချ်ပို့ခြင်း၊ မိမိတို့၏ Status ကို အသစ်ပြောင်းလဲတင်ခြင်း (သို့) လူမှုကွန်ရက်မှတစ်ဆင့် ဆက်သွယ်ပြောဆိုသည့် နည်းမျိုးစုံတို့ ပါဝင်ပါတယ်။

လူမှုကွန်ရက်စာမျက်နှာတွင် အချင်းချင်း သတင်းအချက်အလက်များ၊ ထင်မြင်ချက်များနှင့် အတွေ့အကြုံများကို မျှဝေကြတာမို့ လေ့လာသင်ယူနိုင်စေတဲ့အပြင် စိတ်ကိုလည်း ပျော်ရွှင်စေပါတယ်။ သို့ရာတွင် လူမှုကွန်ရက်များကို စနစ်တကျ အသုံးပြုတတ်မှသာလျှင် အကျိုးဖြစ်ထွန်းစေပြီး အလုပ်နှင့် ကိုယ်ပိုင်လူမှုကွန်ရက်စာမျက်နှာများကို မှားယွင်းစွာ အသုံးပြုမိပါက မလိုလားအပ်တဲ့ ပြဿနာများ ဖြစ်လာနိုင်ပါတယ်။

အထူးသဖြင့် ရိုးမရှိဝန်ထမ်းများအနေဖြင့် မိမိတို့၏ ကိုယ်ပိုင်သုံး လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ကုမ္ပဏီကိုယ်စားပြုနေခြင်း မရှိနေသည့်တိုင် ၎င်းတို့၏ ကိုယ်ပိုင်လူမှုကွန်ရက်များပေါ်ရှိ အမူအကျင့်၊ ပို့စ်များသည် ကုမ္ပဏီ၏ ဂုဏ်သတင်းကို ထင်ဟပ်စေသည်ကို သိစေလိုပါတယ်။

ရိုးမဝန်ထမ်းတစ်ယောက်အနေဖြင့် လူမှုကွန်ရက်များပေါ်တွင် မည်သို့ပြုမှုသင့်သည်နှင့် ပတ်သက်၍ အသေးစိတ် အချက်အလက်များကို နောက်ရက်များတွင် Group Communications မှဆက်လက်ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

လူမှုကွန်ရက်များပေါ်တွင် မိမိတင်မည့် ပို့စ်သည် မိမိ၏ ဂုဏ်သိက္ခာ (သို့) အခြားသူများကို ထိခိုက်နစ်နာစေခြင်း (သို့) ကုမ္ပဏီ၏ ဂုဏ်သတင်းကို ထိခိုက်စေခြင်း မရှိစေရန် ပို့စ်၊ ဓာတ်ပုံ နှင့် ဗီဒီယိုများ မတင်မီတွင် သေချာပြန်စဉ်းစားသင့်ပါသည်။

ရိုင်းပြသော၊ ဆဲဆိုသော၊ ကြမ်းတမ်းသော၊ တစ်ပါးသူအား နှောက်ယှက်သော ပို့စ်၊ကွန့်မန့်များနှင့် အမုန်းစကားများသည် အခြားသူများနှင့် လုပ်ငန်းစုအပေါ် သက်ရောက်မှုရှိနိုင်သည်သာမက မိမိ၏ ဂုဏ်သိက္ခာကိုလည်း ကျဆင်းစေသဖြင့် လုံးဝရှောင်ကြဉ်ရပါမည်။

လူမှုကွန်ရက်များပေါ်တွင် မိမိတင်မည့် ပို့စ်သည် မိမိ၏ ဂုဏ်သိက္ခာ (သို့) အခြားသူများကို ထိခိုက်နစ်နာစေခြင်း (သို့) ကုမ္ပဏီ၏ ဂုဏ်သတင်းကို ထိခိုက်စေခြင်း မရှိစေရန် ပို့စ်၊ ဓာတ်ပုံ နှင့် ဗီဒီယိုများ မတင်မီတွင် သေချာပြန်စဉ်းစားသင့်ပါသည်။

လိင်ပိုင်းဆိုင်ရာ အသားပေးသည့် ပို့စ်များ၊ ဓာတ်ပုံ၊ ဗီဒီယိုနှင့် ကွန့်မန့်များ၊ လူမျိုးရေး၊ ဘာသာရေး ခွဲခြားခြင်း၊ အခြားလူမျိုးဘာသာများကို ကဲ့ရဲ့ရှုံ့ချသည့် ပို့စ်များ၊ ဗီဒီယို ဓာတ်ပုံများတင်ခြင်းများမှ လုံးဝရှောင်ကြဉ်ရပါမည်။

လူမှုကွန်ရက်များပေါ်တွင် မိမိတင်မည့် ပို့စ်သည် မိမိ၏ ဂုဏ်သိက္ခာ (သို့) အခြားသူများကို ထိခိုက်နစ်နာစေခြင်း (သို့) ကုမ္ပဏီ၏ ဂုဏ်သတင်းကို ထိခိုက်စေခြင်း မရှိစေရန် ပို့စ်၊ ဓာတ်ပုံ နှင့် ဗီဒီယိုများ မတင်မီတွင် သေချာပြန်စဉ်းစားသင့်ပါသည်။

လုပ်ငန်းခွင်၏ စည်းကမ်းထိန်းချုပ်မှုများကို အားနည်းပျက်စီးစေပြီး လုပ်ငန်းခွင်ကို အနှောက်အယှက်ဖြစ်စေခြင်း၊ လုပ်ငန်းခွင်တွင် အလုပ်ဆက်ဆံရေးနှင့် လုပ်ဖော်ကိုင်ဖက်အချင်းချင်း အမုန်းပွားစေခြင်း၊ သူတစ်ပါး၏ လုပ်ကိုင်ရည်အပေါ် ဝင်ရောက်စွက်ဖက်စေခြင်းနှင့် လုပ်ငန်းလုပ်ဆောင်မှုအပေါ် နှောက်ယှက်မှုဖြစ်စေသည့် ပို့စ်၊ ဓာတ်ပုံ၊ ဗီဒီယိုနှင့် ကွန့်မန့်တင်ခြင်းများကို လုံးဝရှောင်ကြဉ်ရပါမည်။

လုပ်ငန်းစုအတွင်း မိမိတို့၏ လုပ်ငန်းတာဝန်ရာထူးကို အထင်လွဲမှားစေနိုင်သည့် ပို့စ်များ၊ ဓာတ်ပုံ၊ ဗီဒီယိုများတင်ခြင်းနှင့် ကွန့်မန့်များရေးသားခြင်းကို လုံးဝ ရှောင်ကြဉ်ရပါမည်။ မိမိတို့ ကိုယ်ပိုင်သုံး လူမှုကွန်ရက်ပေါ်ရှိ လုပ်ငန်းဆိုင်ရာ ရေးသားဖော်ပြချက်များသည် မိမိ၏ ကိုယ်ပိုင် အတွေးအခေါ်ယူဆချက်များကိုသာ ရေးသားဖော်ပြရပြီး ကုမ္ပဏီအတွက် ကိုယ်စားပြုရေးသားခြင်းများကို လုံးဝ မပြုလုပ်ရပါ။ဝန်ထမ်းများသည် ကိုယ်ပိုင်ထင်မြင်ယူဆချက်များအား ရေးသားဖော်ပြထားသည်များကို ကုမ္ပဏီမှ ထောက်ခံခွင့်ပြုထားသည့် ပုံစံမျိုး၊ ကုမ္ပဏီအား ကိုယ်စားပြုနေသည့် ပုံစံမျိုး ရေးသားခြင်းမှ လုံးဝ ရှောင်ကြဉ်ရပါမည်။

Yoma Group တွင် ဝန်ထမ်းများ၏ ဘေးကင်းလုံခြုံရေးသည် လုပ်ငန်းစုအတွက် နံပါတ် ၁ ဦးစားပေးဖြစ်သည့်အတွက် မိမိနှင့် မိမိလုပ်ဖော်ကိုင်ဖက်သာမက အခြားသူများ၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များနှင့် အခြား လျှို့ဝှက်ထားရှိရမည့် အကြောင်းအရာများကို လူမှုကွန်ရက်များပေါ်တွင် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ရေးသားဖော်ပြခြင်းများကို ရှောင်ကြဉ်ရပါမည်။

Yoma Connect နှင့် Workplace တို့သည် လုပ်ငန်းတွင်း အချင်းချင်းချိတ်ဆက်မှု ရှိနေစေရန် ရည်ရွယ်ချက်ဖြင့် ထားရှိပေးထားခြင်းဖြစ်ပါသည်။ ထို့ကြောင့် Yoma Connect နှင့် Workplace တွင် မျှဝေဖော်ပြထားသည့် အကြောင်းအရာများ၊ တိုက်ရိုက်ထုတ်လွှင့်နေမှု အစီအစဉ်များကို HR နှင့် သက်ဆိုင်ရာ တာဝန်ရှိသူ၏ ခွင့်ပြုချက်မရှိဘဲ မိမိတို့၏ ကိုယ်ပိုင် လူမှုကွန်ရက်ပေါ်တွင် ပြန်လည်မျှဝေခြင်းများ (သို့) ပြန်လည် ရေးသားဖော်ပြခြင်းများကို လုံးဝ ရှောင်ကြဉ်ရပါမည်။

လျှို့ဝှက်ထားရှိရမည့် အရာများအတွက် ထားရှိသည့် မူဝါဒနှင့် ဥပဒေများကို လိုက်နာရပါမည်။ Intellectual Property များဖြစ်သည့် ကုန်အမှတ်တံဆိပ်များကို ကိုယ်ပိုင်လူမှုကွန်ရက်အကောင့်တွင် အများနှင့် မျှဝေခြင်းများကို လုံးဝ ရှောင်ကြဉ်ရပါမည်။

လုပ်ငန်းစု၏ ပြန်ကြားရေးဌာန (Group Communications) နှင့် သက်ဆိုင်ရာ Marketing နှင့် Communications အဖွဲ့များ၏ ခွင့်ပြုချက် မရရှိဘဲ လုပ်ငန်းစုနှင့် လုပ်ငန်းစုအောက်ရှိ လုပ်ငန်းဌာန၊ ကုမ္ပဏီများ၏ ကုန်အမှတ်တံဆိပ်များအား အသုံးပြုခြင်းကို လုံးဝ မပြုလုပ်ရပါ။

ယနေ့ခေတ်အခါတွင် လူမှုကွန်ရက်ပေါ်ရှိ သတင်းမီဒီယာများမှာ တင်ထားသော သတင်းအချက်အလက်တိုင်းသည် မှန်ကန်မှု မရှိသည်ကို ကျွန်ုပ်တို့အားလုံး သတိမူရန်လိုအပ်ပါသည်။ သတင်းအမှားတွေသည် လူတွေ၏ တွေးခေါ်ယူဆပုံ၊ ထင်မြင်ချက်တွေကို ပြောင်းလဲစေပြီး ငြိမ်းချမ်းရေး၊ လူမှုရေး နှင့် စီးပွားရေးတွေကို ထိခိုက်နိုင်စေသဖြင့် သတင်းအမှားများ၏ အန္တရာယ်သည် အလွန်ကြီးမားပါသည်။

မမှန်ကန်သော သတင်းအမှားတွေကို ပြန်မျှ‌ဝေမိပါက မိမိကိုယ်တိုင်မှ မကောင်းမှုကို အားပေးကူညီပေးနေသကဲ့သို့ ဖြစ်နေတတ်ပါသည်။ ထို့ကြောင့် သတင်းအကြောင်းအရာ၊ အချက်အလက်တွေ၏ အမှား၊အမှန်ကို သေချာဝေဖန်ပိုင်းခြားနိုင်ခြင်းမရှိပါက ထိုအကြောင်းအရာများကို ပြန်လည်ပို့စ်တင် ရှဲခြင်းများကို ရှောင်ကြဉ်ရပါမည်။

 

Yoma Group ရှိဝန်ထမ်းများအနေဖြင့် လူမှုကွန်ရက်တွင် ရှောင်ကြဉ်ရမည့် အချက်များကို ရှေ့ရက်များတွင် ဖော်ပြပြီးဖြစ်ပါသည်။ သို့ရာတွင် ဝန်ထမ်းများအနေဖြင့် လူမှုကွန်ယက်စာမျက်နှာ တစ်ခုခုတွင် တင်ရှိထားသည့် အကြောင်းအရာ၊ ပို့စ်များသည် မူဝါဒကို လိုက်နာမှု မရှိခြင်း (သို့) မသင့်လျော်ပါက အဆိုပါ အကြောင်းအရာ၊ ပို့စ်များကို ချက်ချင်း အပြီးဖျက်ပေးရန် ရိုးမအုပ်စုမှ ဝန်ထမ်းအား ညွှန်ကြားစေနိုင်ပါသည်။

ဝန်ထမ်းတိုင်းသည် လူမှုကွန်ရက်ပေါ်ရှိ မိမိတို့၏ ပြုမူလုပ်ဆောင်မှုများအတွက် အကျိုးဆက်ကို ခံကြရမည်ဖြစ်ပါသည်။ စည်းကမ်းဖောက်ဖျက်ခြင်း၏ ကိစ္စရပ် တစ်ခုချင်းစီအပေါ်မူတည်၍ လိုအပ်သလို အရေးယူခံရမှာဖြစ်ပါသည်။

ဝန်ထမ်းများ၏ တာဝန်ဝတ္တရားသည် လူမှုကွန်ရက်စာမျက်နှာများတွင် ကောင်းမွန်စွာပြုမူနေထိုင်ရန်သာမက အခြားသူများ တင်ရှိထားသည့် မသင့်လျော်သော ပို့စ်များနှင့် ပြုမူဆက်ဆံမှုများကို တွေ့ရှိပါကလည်း မိမိလုပ်ငန်းဌာန အကြီးအကဲ (သို့) လုပ်ငန်းစု၏ ပြန်ကြားရေးဌာန (Group Communications) ထံ အကြောင်းကြားရန် လိုအပ်ပါသည်။

CEO Message – Salary Reduction

Many have asked me about the salary reduction. I want to announce that we have decided to extend the current salary reductions until March 2021.

I know this is a difficult situation that affects many of you and your family. But I want to thank many of you who have expressed strong support to me in the past months – it is heartwarming to feel that we are all in this situation together, and that the Yoma Family has become closer together as a result.

Each business will be notified by their HR team on the salary arrangement. For those who need help, your HR team will also discuss each situation to provide assistance.

Thank you very much for your understanding and please stay safe.

Teatime with Melvyn – Q & A section

Thank you for those who have participated in the Teatime with Melvyn sessions. I have enjoyed the discussion and look forward to more sessions in the coming days. I will regularly share relevant questions & answers.

Question : When will we come back to the office?

Answer: We will be guided by the government notice, but I expect the Stay Home Notice will be extended, and to be safe we may come back to the office more than a week after it is allowed. So, I expect we will not be back in the office until mid-Nov at the earliest – December is more likely.

Question : Will the company take care of me if I catch COVID due to work? How about if I pass COVID to my family?

Answer: (1) The Group is committed to guiding you through the treatment period – Telehealth and CCC will follow your progress at every step if you catches COVID; (2) the Group has comprehensive health care coverage for out-patient and in-patient benefits – whether you see the doctor without staying in the hospital, or if you stay in the hospital. For COVID infection, the coverage is up to Ks400,000, which is enough for all the cost of the COVID treatment to be paid back to you. (3) Your salary will continue to be paid while you take the sick leave. (4) For any staff who pass COVID to their family due to work, the Group will of course also take special care of your family members. We will look at each situation with care.

Question : I’m stressed working from home and because of the uncertain during COVID. Is there anyone I can talk to?

Answer: We recognize it can be difficult for some of our staffs to work from home. We are starting weekly wellness webinars, and also a Yoma Support Group for you to speak with medical professionals to help you get through these difficult times. We will provide information soon.

Video to learn more about pandemic

Be Responsible

Hi Yoma Family, Due to the arises of cases in Myanmar, all Yoma employees are asked to take extra precautions and follow straightly the current Yoma Health Guidelines. If you display any Covid symptoms or believe you have been in contact with a positive case, promptly action as following: Stay Safe.

COVID-19 Alert

COVID-19 UPDATE: message from CCC. The MOHS has made an announcement of lockdown measures for some townships in Yangon. These lock down measures allow employees working for a company to attend work. Mandatory face mask wearing is required. Entities will be working on WFH measures however employees should be able to come to work as usual under these restrictions. Usual ferry services will be in place tomorrow. If you experience any difficulties coming to work you should contact your manager or AskHR.

*Remember to wear a mask, maintain social distance and wash/sanitize hands*