Tech-Hub Newsletter Myanmar

2024 ခုနှစ် နည်းပညာ၏ ပျော်ရွှင်ကြည်နူးစရာများ

၂၀၂၄ ခုနှစ်သည် နည်းပညာ၏ ပျော်ရွှင်ကြည်နူးစရာများ ကို ရှုထောင့်အသစ်မှ မီးမောင်းထိုးပြသ ခဲ့သည့် စိတ်ကြည်နူးဖွယ် အပြုသဘောဆောင်သည့် နည်းပညာပေါင်း များစွာဖြင့် ပြည့်နှက်ခဲ့သော နှစ် ဖြစ်ပါသည်။ AI နည်းပညာ၊ အာကာသရှာဖွေမှုများနှင့် လူမှုအခြေပြုဆိုင်ရာ နည်းပညာများသည် စိတ်လှုပ်ရှားစရာအကောင်းဆုံးနှင့် အထူးခြားဆုံးဖြစ်ခဲ့သည်။

AI သည် အံ့အားသင့်ဖွယ်ရာ အကျိုးကျေးဇူးများရှိစေခဲ့ပြီး ရင်သားကင်ဆာနှင့် ဦးနှောက်ကင်ဆာတို့၏ အစောပိုင်းအဆင့်များကို ရှာဖွေသိရှိနိုင်စေခြင်းကြောင့် ကုသမှုများ ပိုမိုထိရောက်စေပြီး လူနေမှုဘဝ များကို ပိုမိုတိုးတက်ကောင်းမွန်စေခဲ့ပါသည်။ AI သည် ကင်ဆာရောဂါရှာဖွေခြင်း၊ ရောဂါကုသခြင်းလမ်းညွှန်ချက်များ၊ လူနာ၏အခြေအနေများကို ခန့်မှန်းချက်ပြုလုပ်ပေးပါသည်။

AI Diagnoses Cancer, Guides Treatment, Predicts Patient Survival

ဒါ့အပြင် အီဂျစ်ပိရမစ်များကဲ့သို့ ရှေးဟောင်းနေရာများကို ခွဲခြမ်းစိတ်ဖြာ၍ ထိန်းသိမ်းရာတွင်လည်း AI နည်းပညာကိုအသုံးပြု၍ သမိုင်းဝင်အမွေအနှစ်များကို ကာကွယ်စောင့်‌ရှောက်လျက်ရှိပါသည်။

AI Visualizes Ancient Egyptian Pyramid Construction

ဒါ့အပြင် အာကာသစူးစမ်းရှာဖွေအပိုင်းတွင်လည်း အာကာသအတွင်း လမ်းလျှောက်ခြင်းကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ပြီး အရေးပါသောမှတ်တိုင်တစ်ခုအဖြစ် အနာဂတ်မျိုးဆက်များကို လမ်းပြပေးခဲ့သည်။ အာကာသစူးစမ်းလုပ်ဆောင်ချက်များတွင် ဂြိုဟ်သိမ်ဂြိုဟ်မွှားများနှင့် အခြားသော ဂြိုဟ်များကို ရှာဖွေတွေ့ရှိခဲ့ပြီး ကျွန်ုပ်တို့အား စကြဝဠာအကြောင်းကို နားလည်စေခဲ့ပါသည်။ ရည်မှန်းချက် ကြီးသောနိုင်ငံများသည် အာကာသမစ်ရှင်များအတူတကွလုပ်ဆောင်ကာ နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်မှုကို ပြသပါသည်။

SpaceX Makes History with First Spacewalks by Private Citizens

ဘက်ထရီနည်းပညာပိုင်းဆိုင်ရာ အောင်မြင်မှုများ၊ ပြန်လည်အသုံးပြုနိုင်သော စွမ်းအင်ဆိုင်ရာတီထွင်မှုများနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆုံးရှုုံးမှုလျော့နည်းစေမည့် eco-friendly devices ထုတ်ကုန်များကိုလည်း ထုတ်လုပ်ခြင်းဖြင့် ‌ရေရှည်တည်တံ့မှုကို ပိုမိုအာရုံစိုက်လာကြပါသည်။  The Future of Energy: 5 Battery Innovations in 2024/2025

လူသားအကျိုးပြမသန်စွမ်းသူများအတွက် အသုံးပြုနိုင်မည့် တီထွင်မှုများ၊ စိတ်ကျန်းမာရေးပိုင်းဆိုင်ရာနှင့် ပညာရေးဆိုင်ရာတို့တွင် ကူညီပံ့ပိုးပေးနိုင်မည့် နည်းပညာများဖြင့် တိုးတက်မှုရရှိစေခဲ့ပါသည်။ ၎င်းနည်းပညာတို့သည် အသက်အရွယ်မရွေး ကျောင်းသားများအတွက် ပညာသင်ယူမှုအပေါ် စိတ်ပါဝင်စားမှု တိုးတက်လာစေသော အခွင့်အလမ်းများကို ဖန်တီးပေးနိုင်ပါသည်။ Top EdTech Trends Shaping Education in 2024-2025

နည်းပညာသည် အရှိန်အဟုန်ဖြင့် တိုးတက်လျက်ရှိပြီး အနာဂတ်နှစ်များတွင် အထူးစိတ်လှုပ်ရှားဖွယ် တီထွင်မှုများကို ရင်သပ်ရှုမောဖွယ် စောင့်မျှော်ကြည့်ရှုနိုင်ပါသည်။

Yoma Family Day တွင် အဓိက အစီအစဥ်အဖြစ် ပါဝင်လာမည့် Esports

ရိုးမမိသားစုဝင်များထံ,

လွန်ခဲ့သောနှစ်များအတွင်း ယှဥ်ပြိုင်ဂိမ်းများ  (သို့) Esports ဟုခေါ်သော ကစားပွဲများသည် ကမ္ဘာတစ်ဝန်း ကျယ်ပြန့်သော ဂိမ်းပြိုင်ပွဲများအဖြစ် ပျံ့နှံ့လာခဲ့ပါသည်။ ထိုသို့ရေပန်းစားသည့် ဂိမ်းများအနက် Mobile Legends: Bang Bang သည် ကမ္ဘာအနှံ့ရှိ လူသန်းပေါင်းများစွာ၏ အသည်းနှလုံးကို သိမ်းပိုက်နိုင်ခဲ့သော ဂိမ်းတစ်ခုဖြစ်ပါသည်။ ရိုးမလုပ်ငန်းစုတွင် ထိုသို့ စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းပြိုင်ပွဲကို ကုမ္ပဏီပွဲများတွင် ထည့်သွင်းကျင်းပသည့်အတွက် ဝမ်းမြောက်ဂုဏ်ယူမိပါသည်။

Mobile Legends စတင်ခဲ့ပုံ

၂၀၁၆ ခုနှစ်တွင် ထွက်ရှိခဲ့သော Mobile Legends တွင် တစ်ဖက်လျှင် အသင်း ၅ သင်းစီပါဝင်ပြီး စိတ်လှုပ်ရှားဖွယ် တိုက်ပွဲများနှင့် လူတိုင်းအလွယ်တကူ ဝင်ရောက်ကစားနိုင်ခြင်းကြောင့် လူကြိုက်များသည့် ဂိမ်းတစ်ခု ဖြစ်လာခဲ့သည်။ ယနေ့တွင် တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် ဒေါင်းလုဒ်လုပ်သူ ၁ ဘီလီယံကျော်ရှိပြီး ဂိမ်းဗျူဟာနှင့် ဦးဆောင်မှုပိုင်းကို ပြသနိုင်သဖြင့် ဆယ်ကျော်သက်များမှစ ဝါရင့်ကစားသမားများအထိ အသက်အရွယ်စုံနှင့် ကျွမ်းကျင်သူများကို ဆွဲဆောင်နိုင်သည့် ပလက်ဖောင်းတစ်ခု ဖြစ်လာခဲ့ပါသည်။

၂၀၂၄ ခုနှစ် Yoma Family Day တွင် ပါဝင်ခဲ့သည့် Esports

ရိုးမလုပ်ငန်းစုအနေဖြင့် ပြီးခဲ့သည့်နှစ် Wave Money ၏ ဦးဆောင်မှုဖြင့် Yoma Family Day တွင် Esport ဂိမ်းများကို စတင် မိတ်ဆက်နိုင်ခဲ့ပါသည်။ ဝန်ထမ်းများနှင့် မိသားးစုဝင်များ ပါဝင်ယှဥ်ပြိုင်ခဲ့ပြီး အသင်းပေါင်း ၆၄ သင်းနှင့် ကစားသမားပေါင်း ၃၀၀ ကျော်တို့၏ စိတ်အားထက်သန်မှု၊ ယှဥ်ပြိုင်မှုတို့ကို တွေ့မြင်ခဲ့ရပါသည်။

နောက်ဆုံးဖိုင်နယ်ပွဲစဥ်ကို StarCity ၏ Sports Arena ၌ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး ပရိသတ်များမှ သူတို့၏ အကြိုက်ဆုံး အသင်းများကို လာရောက်အားပေးခဲ့ကြပါတယ်။ PHH Team မှ ချန်ပီယံဆုကို ဆွတ်ခူးခဲ့ကာ ဝန်ထမ်းများအားလုံးအတွက် အမှတ်တရများကို ဖန်တီးနိုင်ခဲ့ကြပါသည်။

မျှော်မှန်းချက်များ – Yoma Family Day 2025

ပြီးခဲ့သောနှစ်၏ အောင်မြင်မှုများကြောင့် လာမည့်  Yoma Family Day 2025 တွင်လည်း Mobile Legends ကို ထည့်သွင်းကျင်းပသွားမှာ ဖြစ်ပါသည်။ ယခုနှစ် အစီအစဥ်ကို Group Technology Department နှင့် YFD Esports Committee တို့မှ ပူးပေါင်း၍ စီစဉ်ကျင်းပခြင်းဖြစ်ပါသည်။

အသေးစိတ်အချက်အလက်များ

ပြိုင်ပွဲဝင်များ – အသင်းပေါင်း ၆၄ သင်းနှင့် ကစားသမား ၄၄၈ ယောက်ကျော် စံချိန်တင် စာရင်းပေးသွင်းထားပြီး ဖြစ်ပါသည်။

ပွဲအစီအစဉ်:

  • Semi-finals: ၂၀၂၅ ခုနှစ် ၊ ဇန်နဝါရီတွင် Campus Lounge ၌ ကျင်းပပြုလုပ်မည်။
  • Grand Finals:  ၂၀၂၅ Yoma Family Day နေ့တွင် ကျင်းပပြုလုပ်မည်။

ယခုနှစ်တွင် ပါဝင်ယှဥ်ပြိုင်သူများသည် ယခင်နှစ် ပြိုင်ပွဲ ပြီးဆုံးချိန်မှစ၍ လေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြည်ကို ကြည့်ခြင်းဖြင့် ၎င်းတို့၏ စိတ်အားထက်သန်မှုနှင့် ကြိုတင်ပြင်ဆင်ထားမှုများကို သိနိုင်ပါသည်။  

လာရောက်အားပေးကြရန်

မိမိနှစ်သက်သည့် အသင်းများအား လာရောက်အားပေးကြရန် ရိုးမလုပ်ငန်းစုရှိ ဝန်ထမ်းများအားလုံးကို ဖိတ်ခေါ်လိုက်ပါသည်။ Yoma Family Day ၏ မမေ့နိုင်စရာ အစီအစဥ်တစ်ခုဖြစ်သည့် E-sports ၏ စိတ်လှုပ်ရှားမှုနှင့် အဖွဲ့လိုက် ပူးပေါင်းလုပ်ဆောင်မှုတို့ကို မြင်တွေ့ရမှာ ဖြစ်ပါသည်။

အီးမေးလ်အမျိုးအစား‌ပေါ်မူတည်၍ လေဘယ်(လ်) သတ်မှတ်ခြင်း (Sensitivey Labels) နှင့် ဒေတာပျောက်ဆုံးမှု ကာကွယ်ခြင်းဆိုင်ရာများနှင့် ပတ်သက်၍ သိသင့်သည်များ

🙍‍♀️ K: Tech Newsletter မှ ကြိုဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့တွင် သတင်းအချက်အလက် နှင့် ဒေတာပျောက်ဆုံးမှု ကာကွယ်ခြင်းဆိုင်ရာ အကြောင်းအရာများနှင့် မိတ်ဆက်ပေးခဲ့ပါတယ်။ ၎င်းသည် အရေးကြီး သတင်းအချက်အလက်များကို ကာကွယ်ရန် အရေးကြီးပါတယ်။ ယခုလမှာဆိုရင် Sensitivey Labels နှင့် ဒေတာပျောက်ဆုံးမှု ကာကွယ်ခြင်းဆိုင်ရာ အကြောင်းအရာများနှင့် ပတ်သက်ပြီး အဆိုပါလုပ်ဆောင်ချက်တွေကို ဦးဆောင်အကောင်အထည်ဖော်နေသူ ကိုအောင်သူရ (ATR) နှင့်အတူ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ အခုလိုအချိန်ပေးပြီး ပါဝင်တဲ့အတွက် ကျေးဇူးတင်ပါတယ်။

🙍‍♂️ ATR: ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ လက်ရှိ ဆောင်ရွက်နေတာတွေကို အားလုံးသိအောင် မျှဝေပေးရတဲ့အတွက် ဝမ်းသာပါတယ်။ အခုလက်ရှိမှာလည်း ကျွန်တော်တို့ Group Technology Department မှာ လုပ်ဆောင်ချက်တချို့ကို စမ်းသပ်လျက်ရှိပါတယ်။

🙍‍♀️ K: ဒါဆို ‌Sensitivity label တွေအကြောင်းကို စပြီးဆွေးနွေးလိုက်ရအောင်။ အားလုံးနားလည်အောင် ရှင်းပြပေးပါလား။ 

🙍‍♂️ ATR: ဟုတ်ကဲ့။  Sensitivity Label ကို မိမိတို့ ဒေတာအချက်အလက်တွေရဲ့  ဒီဂျစ်တယ် အချက်ပြမီးပွိုင့်လို့  ယူဆလိုက်ပါ။ ဒေတာအချက်အလက်တွေရဲ့ အရေးပါပုံကို မူတည်ပြီး  ခွဲခြားနိုင်ဖို့ ကူညီပေးတာ ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ လေဘယ်ကို ၃ မျိုး ခွဲထားပါတယ်။

  • General: ဒါကတော့ လူတိုင်းသိဖို့အတွက် နေ့တဓူ ပေးပို့နေတဲ့ Document တွေ‌ပေါ့။ ဥပမာ ကုမ္ပဏီပွဲအတွက် ဖိတ်ကြားစာတွေ (သို့) စျေးကွက်ရှာဖွေရေး ကြော်ငြာကမ်းစာတွေမျိုးတွေ ဖြစ်ပါတယ်။
  • Internal Use Only: ဒါကတော့ လုပ်ငန်းတွင်းမှာသာ ရှိရမဲ့ လုပ်ငန်းတွင်းအစီရင်ခံစာများ (သို့) ပရောဂျက် အစီအစဥ်တွေပါဝင်တဲ့ Document တွေအတွက် ဖြစ်ပါတယ်။ ‘ရုံးတွင်း အသုံးပြုရန် အတွက်သာ’ လို့ တံဆိပ်တုံးရိုက်နှိပ်ထားတဲ့ သဘောပါ။
  • Confidential: နောက်ဆုံးအဆင့်အနေနဲ့ကတော့ အထူးလျှို့ဝှက်ထားရမဲ့ အချက်အလက်တွေအတွေက် ဖြစ်ပါတယ်။ ဘဏ္ဍာရေးဆိုင်ရာ ဒေတာများ (သို့) လျှို့ဝှက် ဗျူဟာလို အရေးကြီးတာတွေအတွက် ဖြစ်ပါတယ်။ သော့ခတ်သိမ်းထားရမဲ့ Document လိုပေါ့။

🙍‍♀️ K: ဒီ Sensitivity labels တွေကို ဘယ်နေရာတွေမှာ အသုံးပြုနိုင်ပါသလဲ။

🙍‍♂️ ATR: Microsoft Office document ဖြစ်တဲ့ Word, Excel နဲ့ PowerPoint တွေမှာ အသုံးပြုနိုင်ပါတယ်။ 

🙍‍♀️ K: ဒီတော့ သုံးစွဲသူတွေက ဒီ label တွေရဲ့ အသုံးပြုပုံကို ဘယ်လိုသိနိုင်မလဲ။

🙍‍♂️ ATR: အသုံးပြုသူတွေအနေနဲ့ ကိုယ့်ဒေတာအချက်အလက်တွေရဲ့ အရေးပါမှုကို ထည့်သွင်း စဥ်းစားရပါမယ်။ လူတိုင်းသိလို့ရတဲ့ အချက်အလက်တွေဆိုရင် “General” Label ၊ ကုမ္ပဏီ အတွင်းမှာပဲ သိရမယ့် အချက်အလက်မျိုးဆိုရင်တော့ “Internal Use Only” ကို သုံးရမှာဖြစ်ပြီး အရေးကြီး လျှို့ဝှက်ရမဲ့ သတင်းအချက်အလက်တွေဆိုရင် “Confidential” ကို သုံးရမှာ ဖြစ်ပါတယ်။ 

🙍‍♀️ K: “Internal Use Only” Label တပ်ထားတဲ့ အချက်အလက်တွေကို ကုမ္ပဏီပြင်ပရှိ အခြားသူတစ်ဦးထံ ဖြန့်ဝေဖို့ ကြိုးစားရင် ဘာဖြစ်မလဲ?

🙍‍♂️ ATR: အဲ့ဒီလို လုပ်ဆောင်လာပြီဆိုရင် Label ကိုပြောင်းရန် (သို့) ဘာကြောင့်ဖြန့်ဝေဖို့ လိုအပ်သလဲဆိုတဲ့ အကြောင်းပြချက်ကို System ကနေတဆင့် တောင်းခံမှာ ဖြစ်ပါတယ်။ ဒီလိုလုပ်ဆောင်ခြင်းဖြင့် လျှို့ဝှက်အအချက်အလက်တွေကို ကုမ္ပဏီပြင်ပသို့ မတော်တဆ ပေါက်ကြားမှုကို ကာကွယ်ပေးမှာ ဖြစ်ပါတယ်။

🙍‍♀️ K: DLP ဆိုတာကကော ဘာလဲ? အဲ့ဒါက ဘယ်လို အလုပ်လုပ်တာလဲ?

🙍‍♂️ ATR: DLP ဆိုတာ ကျွန်တော်တို့ ဒေတာအချက်အလက်တွေရဲ့ လုံခြုံရေးအစောင့်လိုပါဘဲ။ အရေးကြီးတဲ့ အချက်အလက်တွေကို ခွင့်ပြုချက်မရှိဘဲ ဖြန့်ဝေတာတွေကို တားဆီးခြင်းဖြင့် ဒေတာပျက်ဆီးဆုံးရှုံးမှုများကို ကာကွယ်ပေးပါတယ်။ ဥပမာ – တစ်စုံတစ်ယောက်က “Confidential” လို့ တပ်ထားတဲ့ Document ကို ပြင်ပရှိ email လိပ်စာ (သို့) personal email ထံ ပို့တဲ့ လုပ်ဆောင်ချက်တွေကို တားဆီးပေးပါတယ်။ ဒါ့အပြင် Data အသုံးပြုမှုတွေကို စောင့်ကြည့်ပြီး ဖြစ်နိုင်ချေရှိတဲ့ ဒေတာဆုံးရှုံးမှုတွေကို စောင့်ကြည့်ပေးပါတယ်။rsonal email account. 

🙍‍♀️ K: ဒီ labels တွေက လူတွေ အလုပ်လုပ်တဲ့အပေါ် ဘယ်လိုအကျိုးသက်‌ရောက်နိုင်ပါသလဲ။

🙍‍♂️ ATR: User အများစုအတွက်တော့ တော်တော်လေး အဆင်ပြေကြပါတယ်။ “Internal Use Only” Label ကိုတော့ ပုံသေသတ်မှတ်ပြီးသားဖြစ်လို့ သူတို့အနေနဲ့ ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး အများကြီး စဉ်းစားနေစရာမလိုပါဘူး။ ဒါပေမယ့် ပြင်ပကို အချက်အလက် တစ်ခုခု မျှဝေလိုတဲ့ အခါမှာတော့ Label ကို ပြန်လည်စစ်ဆေးဖို့ သတိပေးချက်တစ်ခုကို ရမှာဖြစ်ပါတယ်။ တချို့အချိန်တွေမှာ ဒါဟာ အလုပ်နည်းနည်းရှုပ်စေပေမဲ့ အရေးကြီး လျှို့ဝှက်ဒေတာ အချက်အလက်တွေကို ကာကွယ်နိုင်ဖို့အတွက် လိုအပ်တဲ့ စနစ်တစ်ခုဖြစ်ပါတယ်။ 

🙍‍♀️ K: ဒီ tools တွေကို ထည့်သွင်းအသုံးပြုနိုင်အောင် လုပ်ဆောင်တဲ့အခါ ဘယ်လို စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရလဲ?

🙍‍♂️ ATR: အကြီးဆုံး စိန်ခေါ်မှုကတော့ ဝန်ထမ်းတိုင်း ဒီ tools တွေရဲ့ အရေးကြီးမှုကို နားလည်ပြီး မှန်ကန်စွာ အသုံးပြုနိုင်အောင် လုပ်ပေးဖို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် အသုံးပြုသူတွေကို မှန်ကန်တဲ့ Label ကို ရွေးချယ်နိုင်ဖို့အတွက် ရှင်းလင်းပြတ်သားတဲ့ လမ်းညွှန်ချက်တွေနှင့် လေ့ကျင့်သင်ကြားရေး အစီအစဥ်တွေကို ပြုလုပ်ပေးနေပါတယ်။ users make the right choices.  

🙍‍♀️ K: အဖွဲ့အစည်းအတွင်း Sensitivity Labels နဲ့ DLP အတွက် နောက်တစ်ဆင့်မှာ ဘာတွေ ဆက်လုပ်ဆောင်သွားဖို့ရှိလဲ။

🙍‍♂️ ATR: DLP ကို အခြားဌာနတွေထိ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုဖို့နဲ့ System ထဲကို နောက်ထပ် လုပ်ဆောင်ချက် အသစ်တွေ ထည့်သွားမှာ ဖြစ်ပါတယ်။ ဒေတာလုံခြုံရေးနှင့် ၎င်းရဲ့ အရေးပါပုံကို ဝန်ထမ်းတိုင်းနားလည်ပြီး အလေးပေးလာတဲ့ အနေအထားသို့ ‌ရောက်ရှိအောင် ကြိုးစားလုပ်ဆောင်နေပါတယ်။

🙍‍♀️ K: စာဖတ်သူတွေအတွက် နောက်ဆုံးအကြံပြုချက်ပေးချင်တာ ရှိပါသလား။

🙍‍♂️ ATR: အဓိကကတော့ ဒေတာအချက်အလက်တွေကို လုံခြုံအောင်ထိန်းသိမ်းရာမှာ ကျွန်တော်တို့အားလုံးက အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေကြတာဖြစ်ပါတယ်။ Label တွေကို သေချာဂရုစိုက်ကြည့်ပါ၊ လမ်းညွှန်ချက်တွေကို လိုက်နာပါ၊ မသေချာတာ မသိတာရှိရင် ချက်ချင်းမေးမြန်းပါ။ ကျွန်တော်တို့အားလုံး အတူတကွလုပ်ဆောင်မယ်ဆိုရင် ဆိုက်ဘာခြိမ်းခြောက်မှုတွေကနေ အကောင်းဆုံး ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။

🙍‍♀️ K: အခုလို ရှင်းလင်းပြောကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ကိုအောင်သူရ။

About InnoLearn by Yoma Academy

InnoLearn ဆိုသည်မှာ လူငယ်များကို IT လုပ်ငန်းကဏ္ဍတွင် လုပ်ကိုင်နိုင်ရန်အတွက် လိုအပ်သော အတတ်ပညာများကို Yoma Academy မှ လေ့ကျင့်သင်ကြားပေးသည့် အစီအစဉ်တစ်ခုဖြစ်ပါသည်။

ကနဦး လျှောက်ထားသူ အယောက် ၄၀၀ ရှိသည့်အနက်မှ သင်တန်းသား ၂၀ ကို ဝင်ခွင့်စာမေးပွဲ ဖြေဆိုစေခဲ့ပြီး ရွေးချယ်ခံရသော ကျောင်းသားများကို In Class နှင့် On Job Training အဖြစ် စာတွေ့ လက်တွေ့ ၉လတာ သင်ကြားစေသည့် Program ဖြစ်ပါသည်။

Objectives

InnoLearn ၏ အဓိက ရည်မှန်းချက်မှာ လူငယ်များ IT နည်းပညာနှင့် Soft Skill များတွင် ဖွံ့ဖြိုးတိုးတက်စေရန် ဖြစ်ပြီး၊ ကျောင်းသားများကို IT ၏ အမျိုးမျိုးသော လုပ်ငန်းခွင်များအတွက် ပြင်ဆင်ပေးခြင်းဖြစ်ပါသည်။

သင်တန်းကာလအောင်မြင်စွာ ပြီးဆုံးသည့်အခါ ကျောင်းသားကျောင်းသူများသည် Yoma Group ၏ IT လုပ်ငန်းခွင်အသီးသီးသို့ ဝင်ရောက်အလုပ်လုပ်ရာတွင် အသင့်ဖြစ်စေရန်  IT နှင့်ပါတ်သတ်သည့် အသိပညာများသာမက Communication skill, Problem solving skill ၊ အဖွဲ့အစည်းအတွင်း ပူးပေါင်းဆောင်ရွက်မှုများနှင့် Yoma Group ၏  IT Talents များ ပေါ်ထွက်လာစေရန် ရည်ရွယ်ပါသည်၊၊

InnoLearn Journey

InnoLearn Program သည် စာသင်ခန်းတွင် ICT foundation, JAVA, Networking, Database, Software Engineering, Cyber Security, Server and Cloud technologies, English Language skill နှင့် ကိုယ်ရည်ကိုယ်သွေးတိုးတက်မှုဆိုင်ရာ သင်ခန်းစာများကို ၆ လတာ သင်ကြားရပါသည်။

ပြီးနောက် လက်တွေ့လုပ်ငန်းခွင်ပိုင်းဆိုင်ရာများကို လေ့လာနိုင်စေရန် On Job Training အဖြစ်  Yoma Group ၏ Entity များသို့   ကို ၃ လ တာ သွားရောက် လေ့လာသင်ယူရပါသည်။

ကျောင်းသားများသည် လုပ်ငန်းခွင်အတွက် သင်ခန်းစာများ သီအိုရီများသာမက အခြားသော လှုပ်ရှားမှုများအဖြစ် ပြဇာတ်ကခြင်း၊ Yoma Connect Feature Idea Generating နှင့် Tech Visionaries Showcase များကို တက်ကြွစွာ ပါဝင်ဆောင်ရွက်ကြရပါသည်။

Yoma InnoSights Mobile App မိတ်ဆက်ပွဲအခမ်းအနားကိုအောင်မြင်စွာကျင်းပနိုင်ခဲ့ခြင်း🚀

၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၉ ရက်နေ့တွင် ရန်ကုန်မြို့ရှိ Melia Hotel တွင် Yoma Fleet မှ ၎င်း၏ Yoma InnoSights Mobile App အသစ်ကို တရားဝင်မိတ်ဆက်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားတွင် စီးပွားရေးလုပ်ငန်းရှင် များအား ဖိတ်ကြားခဲ့ပြီး ဤအက်ပလီကေးရှင်းအသစ်သည် ယာဥ်စီမံခန့်ခွဲခြင်းကို မည်ကဲ့သို့ အဆင့်မြင့်လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ပါသည်။   

အခမ်းအနားအစီအစဥ်များ🌟

  • Yoma Fleet မှ General Manager of Products ဖြစ်သူ မကေတီဟိန်းမှ ဧည့်သည်များအား အဖွင့်အမှာစကား ပြောကြားခဲ့ပြီး စီးပွားရေးလုပ်ငန်းများ အတွက် နည်းပညာဖြင့် လုပ်ဆောင်မှုသည် မည်မျှ အရေးပါကြောင်းကို ပြောကြားခဲ့ပါသည်။  
  • Operation Services ၏ General Manager ဖြစ်သူ ကိုညွန့်လင်းအောင်မှ IoT နည်းပညာကို အသုံးပြုခြင်းဖြင့် ယာဥ်စီမံခန့်ခွဲခြင်းနှင့် လုံခြုံရေးကို ပိုမိုကောင်းမွန်စေရန် မည်ကဲ့သို့ လုပ်ဆောင်နိုင်ကြောင်း၊ အထောက်အကူဖြစ်စေကြောင်း ကို ဆွေးနွေးတင်ပြခဲ့သည်။ 
  • အဆိုပါ အခမ်းအနားတွင် IoT Presales Manager ဖြစ်သူ မစောစန္ဒာထက်မှ Yoma InnoSights Mobile App ကို မိတ်ဆက်ပြသကာ အချိန်နှင့်တစ်ပြေးညီ ယာဥ်များအား စီမံခန့်ခွဲခြင်း၊ အစီရင်ခံစာများထုတ်ခြင်းနှင့် Geofencing လုပ်ဆောင်ခြင်း စသည့်လုပ်ဆောင်ချက်များအား အက်ပလီကေးရှင်းဖြင့် အသုံးပြုနည်းကို ရှင်းလင်းပြသခဲ့ပါသည်။  

Networking နှင့် ဆုချီးမြှင့်ခြင်း 🎁🍽️  

အခမ်းအနား၏ နောက်ဆုံးအပိုင်းတွင် အချင်းချင်းမိတ်ဆက်ခြင်း၊ အက်ပလီကေးရှင်းအကြောင်း ဆွေးနွေးခြင်းနှင့် Lucky Draw အစီအစဥ်တို့ကိုကျင်းပခဲ့ပါသည်။ ဤသို့ဖြင့် အခမ်းအနားတွင် Yoma InnoSights Mobile App ကို မိမိတို့ လုပ်ငန်းဆောင်ရွက်ချက်များတွင် မည်သို့ အကျိုးရှိစွာထည့်သွင်း အသုံးပြုနိုင်သည်ကို ဧည့်သည်များ အထူးတလည် စိတ်ဝင်စားမှုရှိကြောင်းကို တွေ့ရှိခဲ့ရပါသည်။ 

Yoma InnoSights Mobile App ကိုအောက်ပါ လင့်များမှ တစ်ဆင့် ဒေါင်းလုဒ်ဆွဲနိုင်ပါပြီ ⬇️  

Yoma InnoSights Website ကိုအောက်ပါ လင့်မှတစ်ဆင့်လေ့လာနိုင်ပါသည် ⬇️  

Experience the future of fleet management firsthand! 🚚  

Wrapping Up 2024: A Year of Progress and Unforgetting Moments

ျွန်တော်တို့အနေနှင့် ၂၀၂၄ ခုနှစ်ကို နှုတ်ဆက်ရင်း တစ်နှစ်တာလုံး ကြုံတွေ့ခဲ့ရတဲ့ အမှတ်တရတွေ၊ စိတ်လှုပ်ရှားစရာတွေနဲ့ မမေ့နိုင်တဲ့ အခိုက်အတန့်တွေ သုံးသပ်မိပါတယ်။ ဒီတစ်နှစ်တာလုံးမှာ အားလုံးနဲ့အတူတူ ချစ်ခြင်းမေတ္တာတွေ၊ ရယ်မောမှုတွေ အခက်အခဲတွေကို ကျွန်တော်တို့ အတူတူနဲ့ ရင်ဆိုင်ကျော်ဖြတ်ခဲ့ပါတယ်။    

ဆိုးအတူ ကောင်းဖက် ရပ်တည်ပေးခဲ့ကြတဲ့ onenex ရဲ့ အဖွဲ့သား အယောက် ၉၀ ကျော်အားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်။ တစ်နှစ်တာအတွင်း ရရှိခဲ့တဲ့ အောင်မြင်မှုတိုင်းဟာ အခက်အခဲတိုင်းမှာ ကူညီပံ့ပိုးပေးခဲ့ကြတဲ့ အဖွဲ့ဝင်တိုင်းရဲ့ ကြိုးစားအားထုတ်မှုတွေကြောင့် ဖြစ်ပါတယ်။ ဒီနှစ်ထဲမှာ onenex အဖွဲ့သားတွေရဲ့ လုပ်ဆောင်မှု အကျဉ်းချုပ်ကို ဖော်ပြလိုက်ပါတယ်။

🌊 Team Retreat to Ngwe Saung Beach! The sun, the sand and the waves. We left with great memories (and maybe a little sunburn)! 

💻 This year, we officially embraced hybrid working culture! Flexibility has brought out the best in us, whether we’re brainstorming in the office or coding from a cozy spot at home. 

🚀 We had a blast working on *** innovative projects for fantastic clients this year. 🐒 We welcomed 27 new joiners. 

👕 2024 onenex’s New Merch Drop! 

🎟️ Our latest product, Tikkat, made its big debut! It’s our homemade ticketing platform that is designed to make events smoother for event organizers and event go-ers. We’re proud to see Tikkat creating new opportunities and bringing people together. 

🎪  A little friendly competition goes a long way! Our board game day brought out some serious strategy, and maybe a few rivalries, too. 

😋 Monthly Birthdays and Seasonal Treats. 

Expanded cloud services at onenex 

📸 Captured a lot of new meme photos of us this year as well. 

🪄 2024 in three words: Resilience, Collaboration, Progress! 💪🏻🤝🏻🌱 

Can’t wait to see what new doors are awaiting for all of us in 2025! 

Last but not least, we jingled into the holiday season with a pre-Christmas celebration, decorating out recycled-material Christmas trees and sharing laughs (and surprises) with a jolly Secret Santa exchange!

HEAL App မှ သင့်ကျန်းမာရေးအတွက် ကူညီပေးဖို့ ခေါ်ဆောင်လာတဲ့ ကျန်းမာရေး ပက်ကေ့ချ်များ

အရည်အသွေးမြင့် ပြီး ထိရောက်သော ကျန်းမာရေးစောင့်ရှောက်မှု၊  လူတိုင်းအတွက် လက်လှမ်းမှီစေမဲ့နှုန်းထား၊ ကောင်းမွန် အဆင်ပြေသော ဝန်ဆောင်မှုတို့ကိုပေးနိုင်ရန် မှာ HEAL by Pun Hlaing App ကို စတင်ခဲ့တဲ့ရည်ရွယ်ချက်ဖြစ်ပါတယ်။

အခုဆိုရင်လည်း HEAL by Pun Hlaing App ကနေ လူနာများအတွက် ပြီးပြည့်စုံတဲ့ ကျန်းမာရေးစောင့်ရှောက်မှုကိုပေးနိုင်ရန်အတွက် ကျန်းမာရေးကိုကောင်းမွန်အဆင်ပြေစေမယ့်နည်းလမ်းတွေနဲ့ စောင့်ရှောက်မှုပေးနိုင်မယ့် ပက်ကေ့ချ် လေးမျိုးကို မိတ်ဆက်ခဲ့ပါတယ်။

These packages include – 

  • Tele GP Unlimited ပက်ကေ့ချ် – ၂၄/၇ အချိန်မရွေး ဆရာဝန်နဲ့ အွန်လိုင်းကနေ တိုင်ပင်နိုင်မယ့် ပက်ကေ့ချ်
  • တိုးတိုးပြော ပက်ကေ့ချ် – မျိုးဆက်ပွားကျန်းမာရေး နှင့် လိင်မှတဆင့် ကူးဆက်တတ်သော ရောဂါများကို ဆွေးနွေးနိုင်မယ့် ကျန်းမာရေး ဆိုင်ရာ စောင့်ရှောက်မှု ပက်ကေ့ချ်
  • ကျန်းမာလှပ အာဟာရ ပက်ကေ့ချ် – ကျန်းမာရေး၊ ကိုယ်ခန္ဓာ လှပကျစ်လစ်ရေးစသည့် အာဟာရပိုင်းဆိုင်ရာလိုအပ်ချက်များကို အာဟာရ အထူးပြုဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးနိုင်မယ့် ပက်ကေ့ချ်
  • ပုခက် ပက်ကေ့ချ် – ကိုယ်ဝန်ဆောင်စဉ်ကာလ တစ်လျှောက်မှာဖြစ်ပေါ်တက်တဲ့ နာကျင်ကိုက်ခဲမှုတွေနဲ့ စိုးရိမ်မှုတွေအတွက်ကို ဆရာဝန်နှင့်တိုင်ပင်နိုင်မယ့် ပက်ကေ့ချ် အစရှိတဲ့ ပက်ကေ့ချ်တွေပဲဖြစ်ပါတယ်။

ဒါကြောင့်သင့်ရဲ့ ကျန်းမာရေး အတွက်လိုအပ်လာပြီိဆိုရင်  HEAL by Pun Hlaing Application ကို Click ကလေးတစ်ချက်နှိပ်လိုက်ပြီး စိတ်ချ ယုံကြည်ရတဲ့ ကျန်းမာရေးစောင့်ရှောက်မှုကိုရယူနိုင်ပါပြီ။

New Promotions for Yoma Bank Customers

ဈေးဝယ်ထွက်ရင် ရိုးမဘဏ်နဲ့ပဲငွေရှင်းမယ်ဆိုတဲ့ Customer တွေအတွက် အခုဆို Yoma Bank Next Mobile Application နဲ့ပဲဖြစ်ဖြစ်၊ ရိုးမဘဏ်ကတ်တွေနဲ့ပဲဖြစ်ဖြစ် သတ်မှတ်ထားတဲ့ မိတ်ဖက်ဆိုင်တွေမှာ ငွေရှင်းတိုင်း အထူးအခွင့်အရေးတွေရရှိနိုင်တယ်နော်။

Read More : https://www.yomabank.com/promotion/

Pocket Latest News  

Pocket ရဲ့ နောက်ဆုံး Updated သတင်းများအနေဖြင့် Pocket (၂) နှစ်ပြည့် အထိမ်းအမှတ်ပွဲ အစီအစဉ်နဲ့ Pocket app ပေါ်သို့ ရောက်ရှိလာတဲ့ YKKO Member Card များအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။ 

Pocket 2nd Anniversary 

ပြီးခဲ့တဲ့ နိုဝင်ဘာလ (၁၅) ရက်နေ့မှတော့ Pocket က Users တွေဆီ ဈေးဝယ်ခြင်း အတွေ့အကြုံသစ်တွေနဲ့အတူ ဆုလက်ဆောင်တွေ၊ Points တွေ ယူဆောင်လာခဲ့တာ (၂) နှစ်တိတိပြည့်ခဲ့ပြီပဲ ဖြစ်ပါတယ်။ 

Pocket (၂) နှစ်ပြည့်အထိမ်းအမှတ်ကိုတော့ Campus မှာ Pocket Market ဈေးရောင်းပွဲတော်နဲ့အတူ Entertainment အစီအစဉ်တွေ၊ ဂိမ်းအစီအစဉ်တွေနဲ့ ပျော်ရွှင်စွာ ကျင်းပနိုင်ခဲ့ပါတယ်။ 

YOMA မိသားစုဝင်များ၊ Pocket မိတ်ဖက်ပါတနာများနှင့် Pocket Team Member များရဲ့ ပံ့ပိုးမှုတွေကြောင့် Pocket အနေနဲ့ (၂) နှစ်တာကာလကို အောင်မြင်မှုများစွာနဲ့ ဖြတ်သန်းနိုင်ခဲ့ပြီး နောက်ထပ် တိုးတက်အောင်မြင်မှုတွေ ဆွတ်ခူးနိုင်ဖို့အတွက်လည်း ပိုမိုကောင်းမွန်တဲ့ Features အသစ်များ၊ ဆန်းသစ်တဲ့ Idea များ၊ Campaigns များ၊ Event များ ပြုလုပ်သွားနိုင်ဖို့ Pocket Team တစ်ခုလုံး ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။ 

YKKO Member Card with Pocket 

YKKO ရဲ့ Member Card ကို အောက်တိုဘာလ (၁) ရက်နေ့မှစတင်ပြီး Pocket app ရဲ့ Membership System ပေါ်သို့ ပြောင်းရွှေ့ခဲ့ပြီပဲဖြစ်ပါတယ်။ 

YKKO ရဲ့ Member Card ရရှိနိုင်ဖို့အတွက် YKKO ဆိုင်ခွဲတွေမှာ (၃) လအတွင်း (၃) သိန်းဖိုးပြည့်အောင်ဈေးဝယ်ပြီး Pocket app နဲ့ Points တွေ စုလိုက်ပါက YKKO Green Member Card ကို စတင်ရရှိသွားမှာပါ။ YKKO Green Member Card ရရှိပြီး (၁) နှစ်အတွင်း (၈) သိန်းဖိုးပြည့်အောင်ဈေးဝယ်၊ Points တွေစုလိုက်ပါက YKKO Gold Member Card သို့ အဆင့်မြင့်တက်သွားမှာဖြစ်ပါတယ်။ YKKO Gold Member Card ဖြစ်ပြီး (၁) နှစ်အတွင်း (၈) သိန်းဖိုးပြည့်အောင်ဈေးဝယ်၊ Points တွေစုခဲ့ခြင်းမရှိပါက YKKO Green Member Card အဖြစ်သို့ ပြန်လည်ပြောင်းလဲသွားမှာ ဖြစ်ပါတယ်။  YKKO Member Card ရှိတဲ့အခါ အကျိုးခံစားခွင့်တွေအနေနဲ့ Green Member Card ဆိုရင် YKKO ဆိုင်ခွဲတွေမှာ Pocket app နဲ့ဝယ်ယူမှုတိုင်းကို Points (10%) အထိ ရရှိသွားမှာဖြစ်ပြီး (၁) နှစ်အတွင်း ငွေကျပ် (၂၅၀,၀၀၀) ဖိုး အသုံးပြုထားပါက Bonus Points (၅,၀၀၀) ကိုလည်း ရရှိသွားမှာပါ။ Gold Member Card ဆိုရင် YKKO ဆိုင်ခွဲတွေမှာ Pocket app နဲ့ဝယ်ယူမှုတိုင်းကို Points (10%) အထိ ရရှိသွားမှာဖြစ်ပြီး (၁) နှစ်အတွင်း ငွေကျပ် (၈၀၀,၀၀၀) ဖိုး အသုံးပြုထားပါက Bonus Points (၅၀,၀၀၀) ကိုလည်း ရရှိသွားမှာပါ။ Gold Member Card နဲ့ဆိုရင်တော့ VIP Room ကိုပါ FOC အနေနဲ့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ 

Yoma Connect ရဲ့ Hi Badge ဆိုတဲ့ feature အသစ်ကို အားလုံးသိအောင် မိတ်ဆက်ပေးပါရစေ

သိသိသာသာ ပိုမိုကောင်းမွန်လာတဲ့ Search feature၊ Private group တွေမှာ Share Post လုပ်နိုင်တော့မှာဖြစ်ပြီး Yoma Connect အသုံးပြုသော user များအတွက်ပိုမိုလွယ်ကူတဲ့ in app alerts ‌လေးတွေ ပါဝင်လာမှာ ဖြစ်ပါတယ်။

ဒါ့အပြင် အာလုံးသဘောကျနှစ်ခြိုက်မယ့် Hi Badges feature လည်းပါမှာ ဖြစ်ပါတယ်။

🏅 Hi Badges ဆိုတာ ဘာတွေလဲ။

ပျော်စရာလည်းကောင်း ချစ်စရာလည်းကောင်းတဲ့ Hi Badge တွေဆိုတာ ကိုယ့် လုပ်ဖော်ကိုင်ဖက်တွေကနေ ကိုယ့်ကို ချီးမြှင့်တဲ့ Badge လေးတွေ ဖြစ်ပါတယ်။ ကိုယ့်ရဲ့ personality ပေါ်မူတည်ပြီး  သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေက Badge လေးတွေပေးပြီး အသိအမှတ်ပြုကြမှာ ဖြစ်ပါတယ်။ 🏆🎭

Hi Badge နာမည်လေးတွေကတော့ YC BookWorm, YC BusyBee, IdeaGuru, SuperStar, Spy, TechGuru, Leadership Legend, Talkative Monster, Team Player တွေအပြင် Yoma Core Values ဖြစ်တဲ့ Integrity, Respect, Innovative, and Team Work တို့ဖြစ်ပါတယ်။ တစ်ခုဆီရဲ့ အဓိပ္ပါယ်လေးတွေကို အောက်ကပုံတွေမှာ ဆက်လက်ကြည့်ရှုပေးပါနော်။

ကိုယ်ကလည်း ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေကို Hi Badge လေးတွေ ပြန်ပေးဖို့ မမေ့နဲ့အုံးနော်!