Tech-Hub Newsletter Myanmar

၂၀၂၄ ခုနှစ်အတွင်း နည်းပညာ ကုမ္ပဏီများ၏ လှုပ်ရှားမှုများ

ယခုနှစ်၏ ပထမခြောက်လအတွင်းတွင် ထိပ်တန်း နည်းပညာကုမ္ပဏီများအနေဖြင့် အနာဂတ်ကို တိုးတက်ပြောင်းလဲစေနိုင်သည့် နည်းပညာအသစ်၊ ထုတ်ကုန်အသစ်များကို တီထွင်ဖန်တီးနိုင်ခဲ့ကြပါသည်။ ယခုနှစ်အတွင်း နည်းပညာနယ်ပယ်တွင် ခေတ်စားနေသော ထုတ်ကုန်အသစ်၊ တီထွင်မှု အသစ်များနှင့် မဟာဗျူဟာမြောက် လှုပ်ရှားမှုများကို ဖော်ပြလိုက်ပါသည်။

Artificial Intelligence နှင့် Machine Learning

AI နှင့် ML တို့သည် နည်းပညာပိုင်းဆိုင်ရာ တီထွင်မှုအပိုင်းတွင် ဆက်လက်ဦးဆောင်လျက်ရှိပါသည်။ ၂၀၂၄ ခုနှစ် အစောပိုင်းတွင် ကုမ္ပဏီအများစုသည် သိသာထင်ရှား‌သော တိုးတက်မှုများကို ပြုလုပ်နိုင်ခဲ့ကြပါသည်။

OpenAI: GPT-5 ကို စတင်နိုင်ခဲ့ပြီး သဘာဝ ဘာသာစကားပိုင်းဆိုင်ရာ လုပ်ငန်းစဥ်ကို တိုးတက်စေခဲ့ခြင်းကြောင့် AI သည် လူသားများ၏ စိတ်ခံစားချက်နှင့် အခြေအနေများကို ပို၍နားလည်လာစေပါသည်။ ထို့ကြောင့် AI မှ ပိုမိုခက်ခဲသည့် လုပ်ဆောင်ချက်များအတွက် ကူညီလုပ်ဆောင်ပေးလာနိုင်ပြီး အကြောင်းအရာများကို ဖန်တီးပေးသည့် AI အခြေပြု ကိရိယာများကိုလည်း ပေါ်ထွက်လာစေပါသည်။

Google: Google Workspace နှင့် ထည့်သွင်း ပေါင်းစပ်ထားသော အဆင့်မြင့် AI စနစ်အသစ်တစ်ခုဖြစ်သည့် Bard နှင့် မိတ်ဆက်ခဲ့ပြီး အဆင့်မြင့် စကားလုံး အသုံးအနှုန်းများ ၊ အစည်းအဝေး မှတ်တမ်းများကို အလိုအလျောက် ရေး‌ပေးခြင်းနှင့် ကောင်းမွန်သော ဒေတာခွဲခြမ်းစိတ်ဖြာမှုများကို ‌ပြုလုပ်နိုင်ပါသည်။

Quantum Computing

Quantum Computing သည် ကောင်းမွန်သော တိုးတက်မှုအခြေအနေတစ်ခုသို့ ရောက်ရှိခဲ့သည်။

IBM Condor အမည်ရှိ Quantum Processor သည် 1,000 qubits အထိ ရောက်ရှိခဲ့ကြောင်း ကြေညာခဲ့သည်။ ဤတိုးတက်မှုသည် Cryptography, Materials Science, နှင့် Complex System Simulations ကဲ့သို့သော နယ်ပယ်များကိုပါ တိုးတက်ပြောင်းလဲနိုင်စေမည်ဖြစ်သည်။

Google Quantum AI ပုံမှန် ကွန်ပျူတာများအတွက် ဖြေရှင်းရခက်သော ပြဿနာတစ်ခုကို ဖြေရှင်းလိုက်ခြင်းဖြင့် quantum ယှဥ်ပြိုင်မှုတွင် ၎င်းတို့၏ ဦးဆောင်နိုင်မှုကို ပြသနိုင်ခဲ့သည်။

Metaverse နှင့် လက်တွေ့ကြီးထွားခြင်း (AR)

Metaverse ကို အခြေခံထားသော သဘောတရားသည် ဆက်လက်နာမည်ကြီးလျက်ရှိသည်။

Meta (ယခင်က Facebook): လူအစစ်နှင့် ပိုတူလာသည့် Avatar များ၊ လက်တွေ့ဘဝရှိ မြင်ကွင်း ရုပ်ပုံများနှင့် ပိုတူလာအောင် လုပ်ဆောင်ခဲ့ခြင်းဖြင့် ပလက်ဖောင်းကို တိုးချဲ့ခဲ့သည်။ ကုမ္ပဏီသည် အွန်လိုင်း စာသင်ခန်းများကို ဖန်တီးပြီး အွန်လိုင်းပညာရေးကို တိုးတက်ပြောင်းလဲနိုင်ရန်အတွက် နာမည်ကြီး ပညာရေး အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းကိုလည်း ကြေညာခဲ့ပါသည်။

Apple: လူများ မျှော်လင့်ထားကြသည့် Vision Pro ဟုခေါ်သော AR မျက်မှန်များဖြင့် AR စျေးကွက်သို့ ၀င်ရောက်ခဲ့သည်။ အဆိုပါ မျက်မှန်များသည် Apple ၏ ‌ဂေဟစနစ် နှင့် တစ်ထပ်တည်း ပေါင်းစပ်ထားပြီး ဂိမ်း ၊ စက်မှုလုပ်ငန်းပိုင်းနှင့် ကျန်းမာရေးကဏ္ဍဆိုင်ရာ အက်ပလီကေးရှင်း အသုံးပြုသူများအား ပိုမိုကောင်းမွန်သော AR အတွေ့အကြုံကို ပေးစွမ်းနိုင်ပါသည်။

ရေရှည်တည်တံ့ ခိုင်မြဲမှုဆိုင်ရာ နည်းပညာ

သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ရေရှည်တည်တံ့ခိုင်မြဲရေးသည် အဓိက ဦးစားပေး လုပ်ဆောင်ရမည့်အရာအဖြစ် ဆက်လက်တည်ရှိလျက်ရှိပါသည်။

Tesla: ပိုမိုထိရောက်မှုရှိပြီး အသုံးခံသော အိမ်သုံး ဘက်ထရီစနစ် တစ်ခုဖြစ်သည့် Powerwall 3 ဖြင့် မိတ်ဆက်ခဲ့ပါသည်။ Tesla သည် ၎င်း၏ တိုးချဲ့ကြီးမားလာသော စွမ်းအင်လုပ်ငန်းဌာနကို အထောက်အကူပြုနိုင်ရာ ဧရာမ ဘက်ထရီ စက်ရုံတစ်ခုကို Texas တွင် ဆောက်လုပ်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့ပါသည်။

Microsoft: ကာဗွန်ဖမ်းယူစုထားနိုင်သည့် နည်းပညာများ၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ရင်းနှီးမြှုပ်နှံမှုများနှင့် ပြည့်စုံသောရေရှည်တည်တံ့မှုဆိုင်ရာ မဟာဗျူဟာများမှတစ်ဆင့် ရည်မှန်းထားသော ကာဗွန်အထွက် လျော့ချနိုင်မှုနှုန်းထားကို ၃ နှစ်တာ စော၍ ရရှိခဲ့ပါသည်။

ဆိုက်ဘာလုံခြုံရေး

ဆိုက်ဘာခြိမ်းခြောက်မှုများ များပြားလာသည်နှင့်အမျှ ဆိုက်ဘာလုံခြုံရေး သည် ယခင်ထက် ပို၍ အရေးကြီးလာပါသည်။

CrowdStrike: Cloud ၊ on-premises နှင့် ပေါင်းစပ်ကွန်ရက်များ အပါအဝင် ပတ်ဝန်းကျင်အမျိုးမျိုးတွင် ခြိမ်းခြောက်မှုများ အန္တရာယ်များကို ထောက်လှမ်းရှာဖွေနိုင်ပြီး နှင့် တုံ့ပြန်ဖြေရှင်းပေးနိုင်သည့် Falcon XDR ဖြင့် မိတ်ဆက်ခဲ့ပါသည်။

Palo Alto Networks: ၎င်း၏ Cloud လုံခြုံရေးကို မြှင့်တင်နိုင်ရန် နှင့် လုပ်ငန်းပတ်ဝန်းကျင်တွင် ခိုင်မာအားကောင်းသော ကာကွယ်မှုများရှိစေရန် ထိပ်တန်း ဆိုက်ဘာလုံခြုံရေး ကုမ္ပဏီတစ်ခုဖြစ်သည့် Prisma Cloud ကို ဝယ်ယူခဲ့သည်။

5G နှင့် ချိတ်ဆက်မှု

5G ကွန်ရက်များသည် အရှိန်အဟုန်ဖြင့် ထွက်ရှိလျက်ရှိပါသည်။

Verizon– မြန်နှုန်းမြင့်ပြီး ကြန့်ကြာမှုနည်းသော 5G Ultra Wideband network ကို မြို့ပေါင်း ၁၀၀ ကျော်သို့ ချဲ့ထွင်နိုင်ခဲ့ပါသည်။ ကုမ္ပဏီသည် မြို့ပြဖွံ့ဖြိုးတိုးတက်မှုအတွက် 5G network ကို အသုံးချရန် smart city နှင့် သက်ဆိုင်သည့် စီမံကိန်း၊ လှုပ်ရှားမှုများနှင့် မိတ်ဖက်ခဲ့ကြောင်းကိုလည်း ထုတ်ဖော်ကြေညာခဲ့ပါသည်။

Huawei– ပထဝီအနေအထားအရ နိုင်ငံရေး စိန်ခေါ်မှုများ ရှိနေသော်လည်း အာရှနှင့် အာဖရိကနိုင်ငံများတွင် 5G  ချဲ့ထွင်မှုကို ဆက်လက်လုပ်ဆောင်နိုင်ခဲ့ပြီး ဖွံ့ဖြိုးဆဲ ဒေသများတွင် စျေးနှုန်း သက်သာစွာ ချိတ်ဆက်အသုံးပြုနိုင်ရန် အာရုံစိုက် လုပ်ဆောင်ခဲ့ပါသည်။

လုပ်ငန်းပေါင်းစည်းမှုများ

မဟာဗျူဟာမြောက် လုပ်ငန်းပေါင်းစည်းမှုများသည် ပြိုင်ဆိုင်မှုများသည့် လုပ်ငန်းခွင်နယ်ပယ်ကို ပြောင်းလဲစေခဲ့ပါသည်။

NVIDIA –  NVIDIA အနေဖြင့် Semiconductor လုပ်ငန်းကဏ္ဍတွင် ထိပ်ဆုံးမှ ရပ်တည်နိုင်ရန် Arm Holdings ကို ဝယ်ယူခဲ့သည်။ ထိုဝယ်ယူမှုသည် AI, IoT, နှင့် edge computing တို့တွင် ဆန်းသစ်တီထွင်မှုများ ပိုမိုအားကောင်းလာအောင် တွန်းအားပေးနိုင်မည်ဟု မျှော်မှန်းထားပါသည်။

Amazon – ၎င်း၏ ထောက်ပံ့ပို့ဆောင်ရေးနှင့် ပို့ဆောင်ရေးကွန်ရက် အားကောင်းလာစေရန် အလိုအလျောက် မောင်းနှင်သည့်  မော်တော်ယာဥ်ကုမ္ပဏီဖြစ်သော Zoox ကို ဝယ်ယူခဲ့သည်။ ထိုသို့ ဝယ်ယူလိုက်ခြင်းကြောင့် အလိုအလျောက် မောင်းနှင်မှု လုပ်ငန်းကဏ္ဍတွင် ထိပ်တန်းမှ ဦးဆောင်လိုသည့် Amazon ၏ ရည်ရွယ်ချက်ကို သိနိုင်ပါသည်။

မဟာဗျူဟာမြောက် လုပ်ငန်းစဥ်များနှင့် ပူးပေါင်းဆောင်ရွက်မှုများ

ပူးပေါင်းဆောင်ရွက်ခြင်းသည် ဆန်းသစ်တီထွင်မှုအတွက် အလွန် အရေးပါသည်။

Microsoft နှင့် OpenAI-  OpenAI ၏ နည်းပညာများကို Microsoft ၏ Azure ပလက်ဖောင်းတွင် ပေါင်းစပ်လိုက်ခြင်းအားဖြင့် ၎င်းတို့၏ မဟာဗျူဟာဆိုင်ရာ ပူးပေါင်းမှုကို ခိုင်မာစေခဲ့ပြီး Azure ၏ ကာစတန်မာများအတွက် အဆင့်မြင့် AI စွမ်းရည်များကို ပေးဆောင်နိုင်ခဲ့ပါသည်။

Google နှင့် Samsung – ခေါက်နိုင်သော စမတ်ဖုန်းအတွက် နည်းပညာပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်လာပြီး    စမတ်ဖုန်း စက်မှုလုပ်ငန်းတွင် စံနှုန်းသစ်များ ထားရှိလာနိုင်ရန် ရည်ရွယ်၍ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများကို ကြေညာခဲ့ပါသည်။

၂၀၂၄ ခုနှစ်၏ ပထမနှစ်ဝက်တွင် နည်းပညာတိုးတက်ပြောင်းလဲမှုများ၊ ကုမ္ပဏီများအကြား မဟာဗျူဟာမြောက် ဝယ်ယူမှုများနှင့် တီထွင်ဆန်းသစ်သော မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုများဖြင့် မှတ်တမ်းတင်နိုင်ခဲ့ပါသည်။ ကုမ္ပဏီများသည် နည်းပညာဆိုင်ရာ စွမ်းဆောင်ရည်များ၏ နယ်နမိတ်ကို ချဲ့ထွင်ရုံသာမက ဒစ်ဂျစ်တယ် လုပ်ငန်းနယ်ပယ်တွင် အနာဂတ် ခေါင်းဆောင်များအဖြစ် ရပ်တည်နိုင်ရန် ရဲရင့်သော လုပ်ငန်းစဥ်များကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

Ref: Technology Trends in 2024

CrowdStrike ‌ဆော့ဖ်ဝဲ၏ အကြီးစား လွဲချော်မှု

ဇူလိုင် ၁၉ ရက်နေ့တွင် အလွန်အရေးပါသည့် ဆိုက်ဘာလုံခြုံရေး ဆော့ဖ်ဝဲတစ်ခုဖြစ်သည့် CrowdStrike သည် အမှားပါသည့် update ပြုလုပ်မိရာမှ  ကွန်ပျူတာစနစ်များကို ပျက်စီးချို့ယွင်းစေခဲ့ပါသည်။ မထင်မှတ်၍ ဖြစ်လာသည့် အဆိုပါ ပြဿနာကြောင့် ကမ္ဘာတစ်ဝှမ်းလုံးရှိ Windows အသုံးပြုသူ သန်းပေါင်းများစွာကို ထိခိုက်စေခဲ့ပါသည်။

CrowStrike သည် ကွန်ပျူတာများကို ဆိုက်ဘာတိုက်ခိုက်မှုအန္တရာယ်များမှ ကာကွယ်ပေးရာတွင် အရေးကြီးသော အဓိကအခန်းကဏ္ဍမှ ပါဝင်ပါသည်။ အဆိုပါ ဆော့ဖ်ဝဲ၏ ချို့ယွင်းမှုကြောင့် ဒိုမီနို အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်ကာ စီးပွားရေးလုပ်ငန်းများနှင့် အခြားအရေးကြီး ဝန်ဆောင်မှုများကိုပါ ထိခိုက်စေခဲ့ပါသည်။ အထူးသဖြင့် ကွန်ပျူတာစနစ်ကို အဓိကမှီခိုအသုံးပြုနေရသည့် လေကြောင်းလိုင်းများအနေဖြင့် ထိခိုက်မှုများစွာ ရှိခဲ့ပါသည်။

ဤပြဿနာကို ဖြေရှင်းရာတွင် ထိခိုက်မှုရှိသည့် ကွန်ပျူတာတစ်လုံးချင်းစီကို ကျွမ်းကျင်သူကိုင်တိုင် အချိန်ပေး၍ ကိုင်တွယ်ဖြေရှင်းရပါသည်။ ထို့ကြောင့် လုပ်ငန်းအဖွဲ့အစည်းများအနေဖြင့် အချိန်ကြာမြင့်စွာ လုပ်ငန်းရပ်တန့်ထားခဲ့ရပြီး များစွာသော ငွေကြေးဆုံးရှုံးမှုများကို ဖြစ်ပေါ်စေခဲ့ပါသည်။

ဤအဖြစ်အပျက်ကို ကြည့်ခြင်းဖြင့် ဆော့ဖ်ဝဲချို့ယွင်းမှုများကြောင့် ဖြစ်ပေါ်လာနိုင်သည့် အကျိုးဆက်များကို သိရှိနိုင်ပြီး ဆော့ဖ်ဝဲများ၏ အခြေခံအရင်းအမြစ်များဖြစ်သည့် ကိရိယာများ၊ လုပ်ငန်းစဥ်များ အစရှိသည့် အရာများ၏  ခံနိုင်ရည်ရှိမှုနှင့် ပတ်သက်၍ မေးခွန်းထုတ်စရာများ ဖြစ်လာခဲ့ပါသည်။

 Ref: Standford Report

သတင်းအချက်အလက် ကာကွယ်ရေးနှင့် ဒေတာဆုံးရှုံးမှု ကာကွယ်ရေး 

သတင်းအချက်အလက်သည် ယနေ့ခေတ် လုပ်ငန်းများအတွက် အလွန်အရေးကြီးနေသော အရာဖြစ်ပြီး ဆုံးဖြတ်ချက်ချခြင်း၊ ဆန်းသစ်တီထွင်ခြင်းနှင့် လုပ်ငန်းလည်ပတ်မှုတို့အတွက် အရေးကြီးပါသည်။ ဒီအဖိုးတန်သော သတင်းအချက်အလက်တွေကို ကာကွယ်ရန် အလွန်အရေးကြီးပါသည်။ ဒါကြောင့် သတင်းအချက်အလက်လုံခြုံရေး (Information Protection) ကို ပြုလုပ်ဖို့ မည်သည့်အဖွဲ့အစည်းအတွက်မဆို အရေးကြီးပါသည်။ 

၂၀၂၄ ခုနှစ်တွင် ဒေတာပေါက်ကြားမှု များမှာ ရှေးနှစ်များနှင့်နှိုင်းလျှင် တစ်မ္ဘာလုံးအတိုင်းအတာဖြင့် ၃၀ ရာခိုင်နှုန်းမြင့်တက်လာပြီး သန်းပေါင်းများစွာသော အချက်အလက်တွေ ထိခိုက်ဆုံးရှုံးမှု ရှိခဲ့ပါသည်။ ဒီထိခိုက်မှုတွေကြောင့် စီးပွားဆိုင်ရာ ထိခိုက်မှုများ၊ ဂုဏ်သတင်းဆုံးရှုံးမှု ပျက်စီးမှုများနှင့် တရားဥပဒေဆိုင်ရာ ပြဿနာများ ဖြစ်ပေါ်ခဲ့ပါသည်။ ဒေတာပေါက်ကြား မှုများ တိုးလာသည့် အခြေအနေသည် သတင်းအချက်အလက်ကို ကာကွယ်ရန် အရေးကြီးသော လုံခြုံရေးနည်းလမ်းများကို ထည့်သွင်းရန် အရေးကြီးသည်ကို ပြသနေပါသည်။ 

အန္တရာယ်များကို ကာကွယ်ရန်အတွက်၊ အဖွဲ့အစည်းများသည် Data loss prevention (DLP) ဖြေရှင်းနည်းများကို အပြည့်အဝ အသုံးပြုရန်လိုအပ်သည်။ လုံခြုံရေးစနစ်များအတွက် အားကောင်းသော DLP စနစ်များသည် ဒေတာများကို အမျိုးအစားခွဲခြင်း၊ မူဝါဒများ ပြဋ္ဌာန်းခြင်းနှင့် အချိန်နှင့်တပြေးညီ စောင့်ကြည့်ခြင်းတို့ဖြင့် ဒေတာပျက်စီးမှုများကို သတိပေးပြီး ကာကွယ်ပေးသည်။ ထို့ပြင် ဒေတာကိုမှန်ကန်စွာ အမျိုးအစား စနစ်တကျသတ်မှတ်ခြင်းသည် လုံခြုံရေးနှင့်လိုက်နာမှုအတွက် အရေးကြီးပါသည်။ 

အဖွဲ့အစည်း ရှိ ဝန်ထမ်းများအားလုံးသည် ဒေတာကာကွယ်မှုတွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်ပါသည်။ ဒေတာများကို သင့်လျော်သောအမျိုးအစားခွဲခြင်း၏ အရေးပါမှုကို နားလည်ခြင်းဖြင့် အဖွဲ့အစည်း၏ အချက်အလက်များကို အကာအကွယ်ပေးနိုင်ပါသည်။ ထိလွယ်ရှလွယ်သော အချက်အလက်များကို ကာကွယ်ရာတွင် ဝန်ထမ်းများအားလုံး ၎င်းတို့၏ တာဝန်များကို နားလည်ကြောင်း သေချာစေရန် လေ့ကျင့်ရေးနှင့် အသိပညာပေး အစီအစဉ်များသည် အရေးကြီးပါသည်။ ဝန်ထမ်းများအား ဒေတာကာကွယ်ရေး၏ အရေးပါမှု၊ ဒေတာချိုးဖောက်မှုများနှင့် ဆက်စပ်အန္တရာယ်များနှင့် Information Protection နှင့် Data Loss prevention ကိရိယာများကို ထိရောက်စွာအသုံးပြုနည်းတို့ကို အသိပညာပေးသင့်ပါသည်။ 

အချုပ်အားဖြင့်၊ 2024 ခုနှစ်တွင် ဒေတာချိုးဖောက်မှု အကြိမ်ရေ တိုးလာသည်နှင့်အမျှ၊ Data loss prevention မဟာဗျူဟာများကို အကောင်အထည်ဖော်ခြင်းနှင့် ဒေတာအမျိုးအစားခွဲခြားခြင်းအကြောင်း သုံးစွဲသူများအကြား အသိတရားမြှင့်တင်ပေးခြင်းသည် မရှိမဖြစ်လိုအပ်ပါသည်။ ဒေတာကာကွယ်ရေးကို ဦးစားပေးခြင်းသည် အဖွဲ့အစည်းများသည် ၎င်းတို့၏ ပိုင်ဆိုင်မှုများကို ကာကွယ်ရန်၊ သုံးစွဲသူ၏ယုံကြည်မှုကို ထိန်းသိမ်းရန်နှင့် ရေရှည်အောင်မြင်မှုသေချာစေရန် ကူညီပေးပါသည်။ 

Pocket Updated Feature

pocket မှာ စိတ်ကြိုက်ပေးချေလိုတဲ့ ပမာဏအလိုက် စတင်အသုံးပြုနိုင်ပြီဖြစ်တဲ့ Pay with Coins Feature နဲ့အတူ Update Version 2.0.8 မှာ Upgrade ပြုလုပ်ထားတဲ့ Stamp Campaign Feature တွေကို August လ ရဲ့   Tech Hub Newsletter  မှာ မျှဝေပေးလိုက်ပါတယ်။

အသစ်ထွက်ရှိထားတဲ့ Pocket App New Version 2.0.8 ရဲ့ Stamp Campaign Feature မှာ ပိုမိုလွယ်ကူစွာ Stamp တွေ စတင်စုဆောင်းနိုင်ပါပြီ။ Stamp တွေစုဆောင်းရန်အတွက် Home Screen ပေါ်က “Campaign” ထဲကို ဝင်ရောက်ရန်မလိုဘဲ သတ်မှတ်ထားတဲ့ ပမာဏအလိုက် pocket Coins စုပြီးတာနဲ့ Home Screen ပေါ်မှာ စုဆောင်းထားတဲ့ Stamp Card တွေကို အလွယ်တကူ ကြည့်ရှုနိုင်ပြီဖြစ်ပါတယ်။

ဒါ့အပြင် Oasis Spa, Oasis Bistro, Horizon Restaurant, Yoogane, Gloria Jean’s (Star City), Boma Pet Villa, Mogok Noodle Bar, Pizzarella, Dreamy Fancies စတဲ့ ဆိုင်တွေမှာ pocket ရဲ့ Feature တစ်ခုဖြစ်တဲ့ “Pay With Coins” ကို စတင် အသုံးပြုပြီး စိတ်ကြိုက်ဈေးဝယ်နိုင်ပါပြီ။ pocket App ထဲက Collect/Pay မှာ Pay ကို ‌ရွေးချယ်ပြီး မိမိ ပေးချေလိုတဲ့ ပမာဏအလိုက် စုဆောင်းထားတဲ့ pocket Coins တွေနဲ့ ဝယ်ယူနိုင်ပြီနော်။

Discover the Latest on Yoma Connect

Yoma Connect ကို ပိုမိုကောင်းမွန်လာစေရန် လုပ်ဆောင်လျက်ရှိရာ လွန်ခဲ့တဲ့ ၃ လအတွင်းတွင် လုပ်ဆောင်ချက် (feature) အသစ်များဖြစ်သည့် Biometric Feature နဲ့ Mood Meter Feature တို့ကို အသုံးပြုနိုင်အောင် လုပ်ဆောင်နိုင်ခဲ့ပါသည်။

Password မှတ်မိစရာ မလိုတော့တဲ့ Biometric Feature

ဒီ feature ကတော့ မိမိရဲ့လက်ဗွေ (သို့) မျက်နှာကို scan ဖတ်ပြီး Yoma Connect Account ကို ဝင်ရောက်လို့ရမှာ ဖြစ်ပါတယ်။ အသုံးပြုပုံအဆင့်ဆင့်ကို အောက်ပါပုံများမှာ ကြည့်ရှုနိုင်ပါတယ်။

Mood Meter Feature

Yoma Connect App ထဲကို ဝင်တိုင်း ကိုယ့်ရဲ့စိတ်အခြေအနေကို ဖော်ပြလို့ရတဲ့ Mood Meter ဆိုတဲ့ Feature ကိုလည်း အားလုံးအသုံးပြုနေကြပြီလို့ ထင်ပါတယ်။ Happy, Calm, Neutral, Sad, and Mad ဆိုတဲ့ feature ကို နေ့စဉ်အသုံးပြုရင်း မိမိစိတ်ခံစားချက်များကို ဖွင့်ဟလိုက်ပါ။

အထက်ပါလုပ်ဆောင်ချက်ကို အသုံးပြုနိုင်ဖို့ သင့်ရဲ့ Yoma Connect အက်ပ်ကို update လုပ်ရပါမည်။ 

သင့်မိသားစုရဲ့ကျန်းမာရေးကို အထောက်အကူပြုစေမယ့် HEAL by Pun Hlaing ရဲ့ Family Member Tagging Feature

HEAL by Pun Hlaing Appliction ကနေ သင့်မိသားစုတွေရဲ့ ကျန်းမာရေးကို အထောက်အကူပြုစေမယ့် Family Member Tagging Feature အသစ်ကို မိတ်ဆက်လိုက်ပါပြီ။ မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ ပြည်သူလူထုရဲ့ ကျန်းမာရေးကို အလေးထားသောအားဖြင့် HEAL by Pun Hlaing Application ကနေ သင်နှင့်သင့်မိသားစုအတွက် အကျိုးရှိစေမယ့် Family Member Tagging Feature အသစ်ကို မိတ်ဆက်လိုက်ပါပြီ။ 

Family Member Tagging Feature ဟာဆိုရင် မြန်မာနိုင်ငံမှာရှိတဲ့ မိသားစုတွေရဲ့ တစ်ဦးနှင့်တစ်ဦးအပြန်အလှန်ဂရုစိုက်တတ်တဲ့ ယဉ်ကျေးမှုကိုအမှီပြုပြီး Digital Version အနေနဲ့ App ပေါ်ကနေတစ်ဆင့် မိသားစုဝင်တွေရဲ့ ကျန်းမာရေးမှတ်တမ်းတွေကို ကြည့်ရှုပြီး လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကို ဂရုပြုနိုင်အောင်ဖန်တီးထားတဲ့ Feature အသစ်တစ်ခုဖြစ်ပါတယ်။ 

Family Member Tagging Feature ကို အသုံးပြုခြင်းအားဖြင့် – 

  • မိဘ၊ ဘိုးဘွား (သို့မဟုတ်) ကလေးများငယ်ရဲ့ ကျန်းမာရေးမှတ်တမ်းတွေကို လိုအပ်တဲ့အချိန်မှာ App ကနေတစ်ဆင့် အလွယ်တကူသိရှိနိုင်တဲ့အတွက် စိုးရိမ်ပူပန်မှုလျော့နည်းစေနိုင်ခြင်း။
  • မိသားစုဝင်တွေရဲ့ ကျန်းမာရေးဆေးမှတ်တမ်း၊ ဆေးခန်းပြသရန်ရက်ချိန်း၊ ဆရာကြီးများနှင့်ဆွေးနွေးတိုင်ပင်ထားတဲ့ ကျန်းမာရေး အခြေအနေတွေကို  App ထဲမှာပဲ တစုတစည်းတည်းသိရှိနိုင်ခြင်းကြောင့် မိသားစုဝင်တွေရဲ့ ကျန်းမာရေးဆိုင်ရာစောင့်ရှောက်မှုအတွက် အထောက်အကူဖြစ်စေခြင်း။ 
  • Family Member Tagging Feature ကို အသုံးပြုခြင်းအားဖြင့် မိသားစုဝင်တွေရဲ့ လိုအပ်တဲ့ ကျန်းမာရေးဆိုင်ရာဆုံးဖြတ်ချက်တွေမှာ နှောင့်နှေးမှုမရှိပဲ လွယ်ကူအဆင်ပြေစွာ ဆုံးဖြတ်နိုင်ခြင်း။ 
  • အဝေးမှာရှိနေတဲ့ မိသားစုဝင်တွေအနေနဲ့လည်း ကျန်ရှိတဲ့ မိသားစုဝင်တွေရဲ့ ကျန်းမာရေးအခြေအနေတွေကို မိမိရဲ့ ဖုန်းထဲကနေ သိရှိနိုင်တဲ့အတွက် လိုအပ်တဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေကို အချိန်ကုန်လူပင်ပန်းသက်သာစွာဖြင့်စောင့်ရှောက်ပေးနိုင်ခြင်း (ဉပမာ။ ဆေးခန်းရက်ချိန်းရယူခြင်း၊ ဆရာဝန်ကြီးများနှင့်တစ်ဆင့်ဆွေးနွေးနိုင်ခြင်း) စတဲ့ အကျိုးရလဒ်တွေကို ရရှိစေနိုင်မှာဖြစ်ပါတယ်။ 

အနေဝေးနေ‌ပေမယ့်လည်း ချစ်ခြင်းမေတ္တာနဲ့ ဂရုစိုက်မှုတွေမဝေးကွာရအောင် heal by Pun Hlaing Application ရဲ့ Feature အသစ်ဖြစ်တဲ့ Family Member Tagging  Feature ကိုအသုံးပြုပြီး မိသားစုဝင်အချင်းချင်း အမြဲမပြတ်ဂရုစိုက်မှုတွေကိုမျှဝေလိုက်ကြရအောင်။ 

Yoma Fleet ၏ ဝက်ဘ်ဆိုက် အသစ်ကိုဝင်ရောက်ကြည့်ရှုနိုင်ပါပြီ

ကျွန်ုပ်တို့ အသစ်ပြန်လည်ပြုပြင်ထားသော Yoma Fleet ၏ Website ကို ယခုပဲအသုံးပြုနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ ဤကဲ့သို့ ဝက်ဘ်ဆိုက်အသစ် ကို မိတ်ဆက်နိုင်ခဲ့ခြင်းသည် Yoma Fleet ၏ မှတ်တိုင်တစ်ခုဖြစ်ပြီး ဝက်ဘ်ဆိုက်အသစ်တွင် ဝန်ဆောင်မှုများကို လွယ်ကူစွာ ရှာဖွေတွေ့ရှိရန်နှင့် လွယ်ကူစွာ ဆက်သွယ်နိုင်ရန်အတွက် ပံ့ပိုးပေးထားပါသည်။

အဓိကအင်္ဂါရပ်များ

ခေတ်မီဒီဇိုင်း – ကျွန်ုပ်တို့ဝက်ဘ်ဆိုက်၏ ရိုးရှင်းပြီးဆန်းသစ်သော ပုံစံသည် Yoma Fleet ၏ပုံရိပ်ကိုထင်ဟပ်ရုံသာမက ၀န်ဆောင်မှုနှင့် သတင်းအချက်အလက်များ ရှာဖွေရာတွင်လည်း ယခင်ထက်ပိုမိုရိုးရှင်း လွယ်ကူလာပါသည်။ 

ဝန်ဆောင်မှုအချက်အလက်များ – ဝက်ဘ်ဆိုက်အသစ်တွင် ကျွန်ုပ်တို့၏ အဓိကလုပ်ငန်းအမျိုးအစားများဖြစ်သော သယ်ယူပို့ဆောင်ရေး နှင့် မော်တော်ယာဥ်၀န်ဆောင်မှုများ၊ ငွေကြေးဆိုင်ရာ ၀န်ဆောင်မှုများနှင့် နည်းပညာဆိုင်ရာ ၀န်ဆောင်မှုများ အားလုံး၏အသေးစိတ်အချက်အလက်များကို အလွယ်တကူ ရှာဖွေတွေ့ရှိနိုင်ပါသည်။ 

ဘလော့နှင့်သတင်းများ – သတင်းအသစ်များနှင့် နည်းပညာဆိုင်ရာ ဘလော့များကိုလည်း ဝက်ဘ်ဆိုက်ထဲမှတဆင့် ဝင်ရောက်လေ့လာနိုင်မည်ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ ၀န်ဆောင်မှုအသစ်များ၊ ပရိုဂရမ်များနှင့် တီတွင်ဖန်တီးမှုများကိုလည်း ဤနေရာမှတစ်ဆင့် အလွယ်တကူလေ့လာနိုင်ပါသည်။ 

အကူအညီ – Yoma Fleet နှင့် ပတ်သတ်သော ၀န်ဆောင်မှုများအတွက် အသေးစိတ်ပိုမိုသိရှိလိုပါက Help Center တွင် ၀န်ဆောင်မှုတစ်ခုချင်းစီနှင့်ပတ်သတ်သော ဆောင်းပါးများနှင့် အမေးများသော မေးခွန်းနှင့် အဖြေများမှ တစ်ဆင့် အချက်အလက်များကို ရှာဖွေနိုင်ပါသည်။

ဆက်သွယ်ရန် – ဝက်ဘ်ဆိုက်အသစ်တွင် ကျွန်ုပ်တို့ကို ဆက်သွယ်နိုင်ရန်အတွက် နည်းလမ်းများစွာကို ထည့်သွင်းပေးထားသောကြောင့် ယခင်ကထက်ပိုမိုလွယ်ကူစွာ ဆက်သွယ်နိုင်ပါသည်။ အကူအညီလိုအပ်ပါက သို့မဟုတ် မေးခွန်းများမေးရန်ရှိပါက aung@yomafleet.com အီးမေးလ်နှင့် 24/7 Hotline ဖြစ်သော 09 YOMAFLEET (09 966 235 338) ဖုန်းနံပါတ်တို့မှတစ်ဆင့် ကျွန်ုပ်တို့ထံလွယ်ကူစွာ ဆက်သွယ်နိုင်ပါသည်။

မည်သို့ဝင်ရောက်ရမည်နည်း – ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်အသစ်အား https://www.yomafleet.com/ မှတစ်ဆင့် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

အကြံပြုချက်များ – ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများ တိုးတက်စေရန်အတွက် သင်၏အကြံပြုချက်မှာ အလွန်တန်ဖိုးရှိပါသည်။ သင်၏အတွေးအခေါ်များနှင့် အကြံပြုချက်များကို ဝက်ဘ်ဆိုက်ရှိ ဆက်သွယ်ရန်ဖောင်မှတစ်ဆင့် သို့မဟုတ် ကျွန်ုပ်တို့ထံသို့ တိုက်ရိုက်ဆက်သွယ်ခြင်းဖြင့် မျှဝေနိုင်ပါသည်။

Yoma Fleet ကို စဥ်ဆက်မပြတ် အားပေးနေသည့် သုံးစွဲသူများအားလုံးကို ကျေးဇူးတင်ပါသည်။ ပိုမိုကောင်းမွန် တိုးတက်သော အနာဂတ်ဆီသို့အတူတကွသွားကြပါစို့။

Yoma InnoSights နှင့်မိတ်ဆက်ခြင်း

ယာဉ်စီမံခန့်ခွဲခြင်း နှင့် IoT ဝန်ဆောင်မှုများအတွက် သင့်ကို ယုံကြည်စိတ်ချမှု အပြည့်အဝ ပေးနိုင်သည့် Yoma InnoSights မှ ကြိုဆိုလိုက်ပါသည်။ ကျွန်ုပ်တို့သည် အချိန်နှင့်တပြေးညီ အချက်အလက်များ ရယူနိုင်ခြင်း၊ အချက်အလက်များကို အဆင့်မြင့်စွာ သုံးသပ်နိုင်ခြင်း နှင့် ကောင်းမွန်သော ဆက်သွယ်မှု နည်းပညာများဖြင့် ယာဉ်စီမံခန့်ခွဲခြင်း၊ ပစ္စည်းခြေရာခံခြင်းနှင့် အချက်အလက်အခြေပြု ဆုံးဖြတ်ချက်ချခြင်းတို့ကို လုပ်ဆောင်နေသည့်အတွက် စီးပွါးရေးလုပ်ငန်းများအတွက် ထိရောက်မှုရှိစေရုံသာမကဘဲ လုံခြုံမှုရှိခြင်းနှင့် စွမ်းဆောင်ရည် တိုးတက်ခြင်းအတွက်လည်း အထောက်အကူပေးပါသည်။

ကျွန်ုပ်တို့အကြောင်း

Yoma InnoSights တွင် ကျွန်ုပ်တို့သည် ယာဉ်စီမံခန့်ခွဲခြင်းနှင့် IoT ဝန်ဆောင်မှုများကို အသုံးပြု၍ မြန်မာနိုင်ငံရှိစီးပွားရေးလုပ်ငန်းများ၏  စီမံခန့်ခွဲပုံကို ပြောင်းလဲစေရန် ရည်ရွယ်ပါသည်။ ကျွန်ုပ်တို့သည် ယာဥ် စီမံခန့်ခွဲခြင်း၊ ပစ္စည်းခြေရာခံခြင်းနှင့် အချက်အလက်များကို အချိန်နှင့် တပြေးညီ ခွဲခြမ်းစိတ်ဖြာနိုင်ခြင်း အစရှိသည့် ဝန်ဆောင်မှုများကိုအဓိကထားလုပ်ဆောင်နေပါသည်။

Yoma InnoSights ကို ဘာကြောင့် ရွေးချယ်သင့်တာလဲ

ကျွန်ုပ်တို့၏ စနစ်သည် အောက်ပါ ဝန်ဆောင်မှုများကို ထိရောက်ပြီးအသုံးပြုရလွယ်ကူစေရန် ပြုလုပ်ထားပါသည်။ 

  • အချိန်နှင့်တပြေးညီ အချက်အလက်များ ဖမ်းယူခြင်း (ယာဉ်နှင့်ပတ်သတ်သည့် အချက်အလက်များကို အချိန်နှင့် တပြေးညီ ကြည့်ရှုနိုင်သည်။) 
  • ပစ္စည်းခြေရာခံခြင်း (အဆင့်မြင့် ခြေရာခံစနစ်ဖြင့် တန်ဖိုးမြင့် ပိုင်ဆိုင်မှု ပစ္စည်းများကို စောင့်ကြည့်ထိန်းသိမ်းနိုင်ခြင်း) 
  • ယာဥ်ပြုပြင်ထိန်းသိမ်းမှုလိုအပ်ချက်အား ပြသခြင်း (အချိန်မီပြုပြင်မှုများဆောင်ရွက်နိုင်ရန် ကြိုတင် အသိပေးချက်များ ရရှိနိုင်ပါသည်။ ) 
  • ယာဉ်မောင်း စွမ်းဆောင်ရည်အား ကြည့်ရှုနိုင်ခြင်း (အန္တရာယ်ကင်းစွာ မောင်းနှင်ခြင်းကို ထောက်ပံ့ပေးပါသည်။) 
  • လောင်စာဆီ သုံးစွဲမှု့ကို လျော့ချနိုင်ခြင်း (လောင်စာဆီကုန်ကျစရိတ်များကို သိသိသာသာလျော့ချနိုင်သည်။) 

ကျွန်ုပ်တို့စတင်ခဲ့ပုံ

Yoma Fleet သည် ယာဥ်စီမံခန့်ခွဲမှု လုပ်ငန်းများကို အချက်အလက်အခြေခံ နည်းလမ်းဖြင့်လုပ်ဆောင်နိုင်ရန် ရည်ရွယ်ချက်ဖြင့် စတင်ခဲ့ခြင်းဖြစ်ပါသည်။ ကျွန်ုပ်တို့သည် သုံးစွဲသူများ၏ တုံ့ပြန်ချက်များအပေါ် အခြေခံပြီး ဝန်ဆောင်မှုများကို အဆက်မပြတ် ကောင်းမွန်အောင် ကြိုးပမ်းနေပါသည်။ 

ဆက်သွယ်ရန် 

ခေတ်မှီ Telematics နှင့် IoT ဝန်ဆောင်မှုများကို လုပ်ဆောင်ပေးလျက်ရှိသည့် Yoma InnoSights အကြောင်းကို ကျွန်ုပ်တို့၏ဝဘ်ဆိုဒ် https://www.yomainnosights.com/ တွင် ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပြီး အသေးစိတ်သိရှိလိုပါက contact@yomainnosights.com နှင့် ဖုန်းနံပါတ် 09YOMAFLEET (09966235338) သို့ ဆက်သွယ် မေးမြန်းနိုင်ပါသည်။ 

ကျွန်ုပ်တို့နှင့်အတူ နည်းပညာတိုးတက်မှုများနှင့်  ပိုမိုကောင်းမွန်သော ချိတ်ဆက်မှုဆီသို့ ဦးတည်သွားကြပါစို့။ 

Get To Know Pocket Offers In Depth

✅ Reward System – Discount, Special Offers, Exclusive Rewards, Coins စသဖြင့် ရွေးချယ်စရာများစွာနဲ့ Rewards တွေ ပေး‌ဆောင်ပြီး Customers တွေကို Loyal ဖြစ်လာအောင်ပြုလုပ်နိုင်မယ်။

✅ Loyalty Tactics – Membership, Lucky Draw နဲ့ အခြား Campaign အစီအစဉ်တွေကိုလည်း Customize ပြုလုပ်နိုင်တဲ့အတွက် Business Strategy တွေ လုပ်ဆောင်နိုင်မယ်။  

✅ Customer Retention – Loyalty program နဲ့ Pocket မှာရှိတဲ့ Features တွေကြောင့် Customers တွေ Loyal ဖြစ်လာပြီး အနာဂတ်မှာ မိမိ Brand နဲ့ Customers ကြား ပိုမိုကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခုကို ရရှိလာနိုင်မယ်။

✅ Data Collection and Analysis – မိမိ Product ကို ဝယ်ယူလိုက်တဲ့ Customer တွေရဲ့ Behavior ကို Pocket နဲ့အတူ လေ့လာနိုင်ပြီး Customer Data နဲ့ Insights တွေကို အလွယ်တကူ ရယူနိုင်မယ်။

✅ Increased Sales – Coins တွေ စုဆောင်းပြီး Rewards တွေ ထုတ်ယူနိုင်ဖို့အတွက် ပိုမိုများပြားတဲ့ ဝယ်ယူမှုတွေ ပြုလုပ်လာနိုင်တာကြောင့် ရောင်းအားတက်လာနိုင်မယ်။ 

✅ Competitive Advantages – Rewards Systems နဲ့ Loyalty စနစ်ကြောင့် မိမိ Business နယ်ပယ်ကြားထဲ Stand out ဖြစ်စေနိုင်ပါတယ်။ 

Yoma Bank: Product Highlights

၂၀၂၄ ခုနှစ်၊ မတ်လ (၂၂) ရက်နေ့တွင် Yoma Bank Next Mobile Application မိတ်ဆက်ခြင်း စာနယ်ဇင်း ရှင်းလင်းပွဲအခမ်းအနားကို သတင်းမီဒီယာတွေနဲ့ Melia Hotel (Yangon) မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အခမ်းအနားတွင် ရိုးမဘဏ်၏ Acting Chief Products, Services and Channels Officer ဖြစ်သူ ဦးဉာဏ်မြင့်အောင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး သုံးစွဲသူတွေအတွက် “Bank Smarter, Next Better” ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ ငွေကြေးစီမံခန့်ခွဲမှုတွေကို Yoma Bank Next App မှတစ်ဆင့် လွယ်ကူလျင်မြန်စွာ လုပ်ဆောင်နိုင်မဲ့အကြောင်းအရာ အသေးစိတ်ကိုတော့ Head of Digital Products ဖြစ်သူ ဦးဝေယံမင်းထက်က ရှင်းလင်းပြောကြားခဲ့ပါတယ်။ ဒါ့ကြောင့် Yoma Bank Next Mobile Application စာနယ်ဇင်း ရှင်းလင်းပွဲအခမ်းအနား အမှတ်တရပုံရိပ်လေးတွေကို ဂုဏ်ယူဝမ်းမြောက်စွာဖြင့် မျှဝေပေးလိုက်ပါတယ်။