
Effective Communication & Interpersonal relationship
ဒုတိယအကြိမ်ပြုလုပ်မည့် Real Talk Yoma အွန်လိုင်းဟောပြောမှု အစီအစဉ်ကို ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ပြုလုပ်သွားမှာဖြစ်ပါသည်။ လုပ်ငန်းခွင်အတွင်း စိတ်မပျော်ရွှင်မှုများ (သို့) ပြဿနာများကို လျှော့ချပေးနိုင်ရန် ဒေါက်တာ Anila Paul နှင့် ဒေါက်တာစိုးပိုင်တို့မှ အချင်းချင်း ထိရောက်စွာ ချိတ်ဆက်ပြောဆိုရေးနှင့် လူမှုဆက်ဆံရေးဆိုင်ရာအကြောင်းတို့ကို ဆွေးနွေးပြောကြားသွားမှာဖြစ်ပါသည်။ ကိုဗစ်ကြောင့် ကျွန်ုပ်တို့အများစုမှာ နေအိမ်မှနေ၍ အလုပ်ဆက်လုပ်နေကြဆဲဖြစ်ပါသည်။ ထို့ကြောင့် ယခုကဲ့သို့ အချင်းချင်း ဝေးကွာနေချိန်တွင် မိမိအဖွဲ့သားများနှင့် အမြဲချိတ်ဆက်မှုရှိပြီး နီးစပ်မှုရှိနေစေရန် ကြိုးစားရာတွင် စိန်ခေါ်မှုများ ရှိလာနိုင်ပါသည်။ သို့ဖြစ်၍ ယခုပြုလုပ်မည့် အွန်လိုင်းဆွေးနွေးပွဲတွင် မိမိတို့၏ လုပ်ဖော်ကိုင်ဖက်များနှင့် ဆက်ဆံရေးအဆင်ပြေပြီး အဆင်ပြေချောမွေ့စွာ ပူးပေါင်းလုပ်ကိုင်နိုင်ရန် အကြံဉာဏ်ပေး ဆွေးနွေးသွားမှာဖြစ်ပါသည်။
ပွဲအစီအစဉ်နေ့ရက်:
ဖေဖော်ဝါရီလ ၂ ရက် (အင်္ဂါနေ့)
အချိန်: ညနေ ၃:၀၀
အကြောင်းအရာ: အချင်းချင်း ထိရောက်မှုရှိစွာ ချိတ်ဆက်ပြောဆို ဆက်ဆံခြင်း
(Effective Communications & Interpersonal Skills)
ဘာသာစကား: မြန်မာနှင့် အင်္ဂလိပ်