Fatigue, Stress and Me

ဒေါက်တာ Anila Paul နှင့် ဒေါက်တာ စိုးပိုင်ဟိန်းတို့မှ ဦးဆောင်၍ တတိယအကြိမ်မြောက် Real Talk Yoma အစီအစဉ်ကို ယခုအပတ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့ (မနက်ဖြန်) တွင် ပြုလုပ်သွားမှာဖြစ်ပြီး “Fatigue, Stress and Me” အကြောင်း ပြောပြသွားမှာဖြစ်ပါသည်။

လက်ရှိတွင် ဖြစ်ပွားနေသည့် နိုင်ငံရေးအခြေအနေကြောင့် ကျွန်ုပ်တို့အများစုမှာ စိုးရိမ်ပူပန်ကာ စိတ်ဖိစီးမှုများကို ခံစားနေရပါသည်။ သို့ဖြစ်၍ စိတ်ဖိစီးမှုကြောင့် ဖြစ်လာနိုင်သည့် လက္ခဏာများကို သတိမူနိုင်ရန်၊ လက်ရှိအခြေအနေတွင် မိမိတို့ကိုယ်ကို စီမံလမ်းညွှန်နိုင်ရန် နှင့် မိမိတို့၏ စိတ်ခံစားချက်များကို ထိန်းချုပ်နိုင်ရန်မှာ လွန်စွာ အရေးကြီးလာပါသည်။ ထို့ကြောင့် စိတ်ဖိစီးမှု ခံစားနေရချိန်တွင် လုပ်ဆောင်သင့်သည့် အရာများနှင့် စိတ်ဖိစီးမှုဒဏ်မှ ကာကွယ်နိုင်စေမည့် လမ်းညွှန်ချက်များကို ယခုပြုလုပ်မည့် ဆွေးနွေးပွဲတွင် ပြောပြသွားမှာဖြစ်ပါသည်။

ပွဲအစီအစဉ်
နေ့ရက်: ဖေဖော်ဝါရီလ ၁၆ ရက် (အင်္ဂါနေ့)
အချိန်: ညနေ ၃:၀၀
အကြောင်းအရာ: Fatigue, Stress and Me
ဘာသာစကား: မြန်မာနှင့် အင်္ဂလိပ်

အထက်ဖော်ပြပါ လင့်ခ်ထံ ပွဲအစီအစဉ်မတိုင်မီ ၅ မိနစ်အလိုတွင် ဝင်ရောက်ပေးစေလိုပါသည်။ YSH Teams အကောင့်မရှိသူများအနေဖြင့် ဟောပြောပွဲတက်ရောက်ရန် Microsoft Teams အက်ပလီကေးရှင်းသုံးရန်မလိုဘဲ ဤလင့်ခ်မှတစ်ဆင့် Join Real Talk Yoma တွင် တိုက်ရိုက်ဝင်ရောက် ကြည့်ရှုနိုင်ပါသည်။

ဟောပြောပွဲအစီအစဉ်နှင့် ပတ်သက်၍ Dr Anila Paul နှင့် ဒေါက်တာ စိုးပိုင်ဟိန်းတို့ကို မေးမြန်းလိုသည်များရှိပါက ဖေဖော်ဝါရီလ ၁၆ ရက်နေ့ (အင်္ဂါနေ့)၊ မနက် ၁၁ နာရီ နောက်ဆုံးထား၍ thiri@yoma.com.mm ထံ အီးမေးပေးပို့ထားနိုင်ပါသည်။

This week, we will organise a third webinar session on February 16 (tomorrow) and Dr Anila Paul and Dr Soe Paing will talk about “Fatigue, Stress and Me”.

Many of us are feeling worried and stressed from the current political situation. It is important for us to identify the signs of stress, to navigate the current situation and to handle our emotions. This webinar will give you some guidelines on different steps that you can take when you are feeling stressed and ways to help protect yourself from stress.

Event Details
Date: February 16, 2021 (Tuesday)
Time: 3:00 pm Yangon time
Title: Fatigue, Stress and Me
Language: Myanmar & English

Please connect to the above link five minutes earlier (2:55pm) to join the meeting. For those who don’t have a YSH Teams account, please join the meeting via web link Join Real Talk Yoma instead of using Microsoft Teams App.

If you have any questions for Dr Anila Paul and Dr Soe Paing Hein, please send them to thiri@yoma.com.mm by 11am on Feb 16 (Tuesday).

Date

16 Feb 2021
Expired!

Time

3:00 pm

More Info

Join Now
Yoma Group

Organizer

Yoma Group
Join Now