Real Talk Yoma_The Survivors of Covid

လုပ်ဖော်ကိုင်ဖက်များထံသို့

ကျွန်ုပ်တို့အားလုံးသည် လုပ်ငန်းခွင်တွင် စိန်ခေါ်မှုများရှိနေခြင်း သို့ အလုပ်နှင့် မိသားစုကြား ဟန်ချက်ညီအောင် ကြိုးစားနေခြင်း သို့ ယခုလို ခက်ခဲနေချိန်တွင် အစစအရာရာ အဆင်ပြေအောင် စီမံခန့်ခွဲနေရပါသည်။ လူတိုင်းသည် တူညီသော မုန်တိုင်းဒဏ်ကို ခံနေကြသော်လည်း ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ခံနိုင်ရည်ရှိအောင် ရုန်းကန်နေကြခြင်းဖြစ်ပါသည်။

Dr Anila Paul နှင့် ဒေါက်တာ စိုးပိုင်ဟိန်း တို့မှ ဦးဆောင်၍ အခြား Panelist များ ပါဝင်သော “Real Talk Yoma” အွန်လိုင်း ဟောပြောပွဲ အစီအစဉ်ကို အပတ်စဉ် အင်္ဂါနေ့တွင် စတင်ပြုလုပ်သွားမှာဖြစ်ပါသည်။ ကျွန်ုပ်တို့အားလုံး၏ စိတ်ဖိစီးမှု သောကများကို လျော့ကျအောင်နှင့် စိတ်ပျော်ရွှင်လာအောင် ဤအစီအစဉ်ကို ပြုလုပ်ရခြင်းဖြစ်ပါသည်။

ဤအစီအစဉ်တွင် လုပ်ဖော်ကိုင်ဖက် အချင်းချင်း၏ အတွေ့အကြုံများကို မျှဝေခံစားနားဆင်နိုင်ကာ လိုအပ်သည့် ကူညီထောက်ပံ့မှုများ ရရှိနိုင်မည့်အပြင် အခက်အခဲ ပြဿနာများကို ဖြေရှင်းနိုင်မည့် နည်းလမ်းများကိုလည်း ရှာဖွေနိုင်မှာဖြစ်ပါသည်။

Dr Anila Paul နှင့် ဒေါက်တာ စိုးပိုင်တို့သည် ဆေးဘက်ဆိုင်ရာနှင့် စိတ်ပညာရှင် အကြံပေးဆရာဝန်များ ဖြစ်ပါသည်။ သူတို့နှစ်ယောက်လုံးသည် ကျွန်ုပ်တို့အပတ်စဉ်ပြုလုပ်မည့် အွန်လိုင်းဟောပြောပွဲအစီအစဉ်တွင် ပါဝင်ကူညီပေးကြခြင်းဖြစ်ပါသည်။

ယခု ဇန်နဝါရီလ ၁၉ ရက်နေ့တွင် ပထမဆုံး ဟောပြောပွဲအစီအစဉ်ကို ပြုလုပ်မည်ဖြစ်ပြီး လုပ်ငန်းစုအတွင်းရှိ ဝန်ထမ်းများအနက်မှ ကိုဗစ်ကူးစက်ခံရပြီး ပြန်လည်ကျန်းမာလာသူများအား Panelist အဖြစ် ဖိတ်ကြားထားကာ ၎င်းတို့မှ တွေ့ကြုံခံစားခဲ့ရသည့် လူမှုရေး၊ ကိုယ်စိတ်နှစ်ပါးဆိုင်ရာ စိန်ခေါ်မှုများအကြောင်းနှင့် ထိုစိန်ခေါ်မှုများအား တွန်းလှန်နိုင်ခဲ့ပုံများကို ဆွေးနွေးပြောကြားသွားမှာဖြစ်ပါသည်။

ပွဲအစီအစဉ်
နေ့ရက်: ဇန်နဝါရီလ ၁၉ ရက် (အင်္ဂါနေ့)
အချိန်: ညနေ ၄:၃၀
အကြောင်းအရာ: ကိုဗစ်ကို အနိုင်ရခဲ့သူများ (The Survivors of Covid)
ဘာသာစကား: မြန်မာနှင့် အင်္ဂလိပ်
လင့်ခ်: Join Real Talk Yoma

အထက်ဖော်ပြပါ လင့်ခ်ထံ ပွဲအစီအစဉ်မတိုင်မီ ၅ မိနစ်အလိုတွင် ဝင်ရောက်ပေးစေလိုပါသည်။ YSH Teams အကောင့်မရှိသူများအနေဖြင့် ဟောပြောပွဲတက်ရောက်ရန် Microsoft Teams အက်ပလီကေးရှင်းသုံးရန်မလိုဘဲ ဤလင့်ခ်မှတစ်ဆင့် Join Real Talk Yoma တိုက်ရိုက်ဝင်ရောက် ကြည့်ရှုနိုင်ပါသည်။

ဟောပြောပွဲအစီအစဉ်နှင့် ပတ်သက်၍ Dr Anila Paul၊ ဒေါက်တာ စိုးပိုင်ဟိန်း နှင့် Panelist ကို မေးမြန်းလိုသည်များရှိပါက ဇန်နဝါရီလ ၁၈ ရက်နေ့ (တနင်္လာနေ့)၊ ညနေ ၅ နာရီ နောက်ဆုံးထား၍ thiri@yoma.com.mm ထံ အီးမေးပေးပို့ထားနိုင်ပါသည်။

ကျေးဇူးတင်ပါသည်။

Dear Colleagues,

If you are facing challenges at work or trying to balance between work and your family life or trying to cope with everything that is going on, you are not alone. As we are going through the same storm but rocking on different boats.

We are now introducing a program called “Real Talk Yoma”, led by Dr Anila Paul, Dr Soe Paing Hein and other various panelists to talk about different topics every Tuesday to soothe our stress and worries as well as to improve our well-being and resilience.

This webinar is a place where we can come together to share, listen and give each other support; a place where we can find solutions to problems and find ways to cope with any stressful things that are affecting us.

Dr Anila Paul and Dr Soe Paing are medical doctors and counseling psychologist/ psychotherapists. Both of them have kindly volunteered their time to run these webinars every week.

For the first webinar session on Jan 19, we invited Covid survivors among our employees as our panelists and they will be discussing about social, physical, and mental challenges that they faced and how they overcome them.

Event Details
Date: January 19, 2021 (Tuesday)
Time: 4:30pm
Title: The Survivors of Covid
Language: Myanmar & English
Link: Join Real Talk Yoma

Please connect to the above link five minutes earlier (4:25pm) to join the meeting. For those who don’t have a YSH Teams account, please join the meeting via web link Join Real Talk Yoma instead of using Microsoft Teams App.

If you have any questions for the panelists or for Dr Anila Paul and Dr Soe Paing Hein, please send them to thiri@yoma.com.mm by 5pm (Ygn Time) on Jan 18 (Monday).

Thank you.

Date

19 Jan 2021
Expired!

Time

4:30 pm

More Info

Join Now
Yoma Group

Organizer

Yoma Group
Join Now