Group Medical Policy (MM Version)

ရိုးမလုပ်ငန်းစု၏ ဆေးကုသမှုဆိုင်ရာ မူဝါဒ

ယခုဖော်ပြပါ ဆေးကုသမှုဆိုင်ရာ မူဝါဒသည် ရိုးမလုပ်ငန်းစုအောက်ရှိ အခြား ဆေးကုသမှုဆိုင်ရာ အစီအစဉ်အောက်တွင်ရှိသော ဝန်ထမ်းများမှလွဲ၍ အချိန်ပြည့်ဝန်ထမ်းများ အားလုံးအတွက် အကျုံးဝင်ပါသည်။

 (က) ပြင်ပလူနာ နှင့် အတွင်းလူနာအဖြစ် ဆေးရုံတက်ခြင်း

ရိုးမလုပ်ငန်းစုအနေဖြင့် မိမိဝန်ထမ်းများအား ပန်းလှိုင်စီလုံဆေးရုံကို ဦးစားပေး အသုံးပြုစေချင်သော်လည်း မဖြစ်မနေ လုပ်ဆောင်ရမည်ဟု မဆိုလိုပါ။ ကုမ္ပဏီအနေဖြင့် ဆေးကုသမှုကုန်ကျစရိတ်အတွက် သတ်မှတ်ထားသည့် ပမာဏအတိုင်း ဝန်ထမ်းများအတွက် ပြန်လည်ထုတ်ပေးမည်ဖြစ်ပါသည်။

၁) ဤမူဝါဒတွင် ဖော်ပြထားသည့် ခံစားခွင့်များသည် တစ်နှစ်ချင်းစီအပေါ်တွင် အခြေခံသည်။

၂) ပြင်ပလူနာ ဆေးကုသမှုကုန်ကျစရိတ်အတွက် နှစ်စဉ် ဆေးကုသမှု ကုန်ကျစရိတ်၏ ၈၀% အထိကျခံပေးပြီး၊ တစ်နှစ်လျှင် အများဆုံး ကျပ်ငွေ ၂၀၀,၀၀၀ အထိ ပြန်လည်ထုတ်ပေးမည်ဖြစ်ပါသည်။  ဆေးကုသမှု ကုန်ကျစရိတ်များအပြင် လိုင်စင်ရဆရာဝန်မှ ညွှန်ကြားပေးသော ဆေးဝါးများ၏ ကုန်ကျစရိတ်အတွက်လည်း အကျုံးဝင်ပါသည်။

၃) အတွင်းလူနာအဖြစ် ဆေးကုသမှုခံရပါက အောက်ပါအတိုင်း ပြန်လည်ထုတ်ပေးသွားမည်ဖြစ်ပါသည်။

က။ အတွင်းလူနာအဖြစ် ဆေးကုသမှုအတွက် ကျပ်ငွေ ၁,၀၀၀,၀၀၀ အထိကို ၁၀၀% အပြည့်ပြန်ပေးခြင်း။

            ခ။ နောက်ထပ် ဆေးကုသမှုကုန်ကျစရိတ် ကျပ်ငွေ ၂,၀၀၀,၀၀၀ အတွက် ၅၀% ကို ပြန်ပေးခြင်း။

ဥပမာ – ဝန်ထမ်းတစ်ယောက်သည် အတွင်းလူနာအဖြစ် ဆေးကုသရာ စုစုပေါင်း ကျပ်ငွေ ၃,၀၀၀,၀၀၀ ကုန်ကျသည်ဆိုပါစို့။ ပထမကုန်ကျစရိတ် ကျပ်သိန်း ၁,၀၀၀,၀၀၀ အတွက် အပြည့်ပြန်ပေးပြီး ကျန်သည့် ကုန်ကျစရိတ် ကျပ်ငွေ ၂,၀၀၀,၀၀၀ အတွက် ၅၀% ပြန်ပေးသည့်အတွက် စုစုပေါင်း ထောက်ပံ့ကြေးငွေ ကျပ်ငွေ ၂,၀၀၀,၀၀၀ ရရှိမည်ဖြစ်ပါသည်။

  COVID အတွက် အထူးထောက်ပံ့ကြေး (၂၀-၄-၂၀၂၀ မှ ၃၁- ၁၀- ၂၀၂၀ အထိ)   Covid-19 ကပ်ရောဂါ ကာလအတွင်း ဝန်ထမ်းများအတွက် အောက်ဖော်ပြပါ အပိုဆောင်းထောက်ပံ့ကြေးများကို ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၃၁) ၇က်နေ့အထိ ထောက်ပံ့ပေးသွားမည်ဖြစ်ပါသည်။   ၁) Covid-19 ကြောင့် ပြင်ပလူနာအဖြစ် ဆေးကုသမှုခံရပါက ဝန်ထမ်းတစ်ဦးလျှင် အများဆုံး ကုန်ကျစရိတ် ကျပ်ငွေ ၄၀၀,၀၀၀ အထိကို ၁၀၀% အပြည့်ပြန်လည်ထုတ်ပေးသွားမည်ဖြစ်ပါသည်။   ၂) အတွင်းလူနာအဖြစ် ဆေးကုသမှုခံရပါက အောက်ပါအတိုင်း ပြန်လည်ထုတ်ပေးသွားမည်ဖြစ်ပါသည်။                က။ အတွင်းလူနာအဖြစ် ဆေးကုသမှုအတွက် ကျပ်ငွေ ၂,၀၀၀,၀၀၀ အထိကို ၁၀၀% အပြည့်ပြန်ပေးခြင်း။                 ခ။ နောက်ထပ် ဆေးကုသမှုကုန်ကျစရိတ် ကျပ်ငွေ ၄,၀၀၀,၀၀၀ အတွက် ၅၀% ကို ပြန်ပေးခြင်း။   ဥပမာ – ဝန်ထမ်းတစ်ယောက်သည် Covid-19 ကြောင့် အတွင်းလူနာအဖြစ် ဆေးကုသရာ စုစုပေါင်း ကျပ်ငွေ ၆,၀၀၀,၀၀၀ ကုန်ကျသည်ဆိုပါစို့။ ပထမကုန်ကျစရိတ် ကျပ်သိန်း ၂,၀၀၀,၀၀၀ အတွက် အပြည့်ပြန်ပေးပြီး ကျန်သည့် ကုန်ကျစရိတ် ကျပ်ငွေ ၄,၀၀၀,၀၀၀ အတွက် ၅၀% ပြန်ပေးသည့်အတွက် စုစုပေါင်း ထောက်ပံ့ကြေးငွေ ကျပ်ငွေ ၄,၀၀၀,၀၀၀ ရရှိမည်ဖြစ်ပါသည်။

ဆေးကုသမှု ထောက်ပံ့ကြေးများသည် အောက်ဖော်ပြပါ ကိစ္စရပ်များကြောင့် အတွင်းလူနာ၊ ပြင်ပလူနာအဖြစ် ကုသမှုခံယူခြင်းများအတွက် အကျုံးမဝင်ပါ။

  • သားဖွားမီးယပ်
  • ပလတ်စတစ် ဆာဂျရီ ခွဲစိတ်ပြုပြင်ခြင်း
  • သွားဘက်ဆိုင်ရာကုသခြင်း
  • အလှအပဆိုင်ရာကုသခြင်း
  • အမြင်အာရုံဆိုင်ရာ ကုသခြင်း
  • ယခင်ကတည်းမှ ရှိနေသည့် ရောဂါများကို ကုသခြင်း
  • ရောဂါကြိုတင်ကာကွယ်ရန် ဆေးစစ်ဆေးမှုများ ပြုလုပ်ခြင်း

ခ) နာတာရှည် နာမကျန်းဖြစ်ခြင်း

နာတာရှည်ရောဂါခံစားနေသူဖြစ်ပါက သက်ဆိုင်ရာမန်နေဂျာနှင့် ဌာနဆိုင်ရာ HR တို့ နှင့် တိုင်ပင်ဆွေးနွေးပါ။

ဂ) ဝန်ထမ်း ဆုံးပါးမှုများအတွက် ထောက်ပံ့ကြေးငွေပေးခြင်း

ရိုးမလုပ်ငန်းအုပ်စုအနေဖြင့် ဝန်ထမ်းဆုံးပါးသွားလျှင် အနီးစပ်ဆုံးမိသားစုဝင် / စာရင်းဝင် အကျိုးဆက်ခံသူအား ထောက်ပံ့ကြေးငွေ ပေးအပ်ပါသည်။

  • လုပ်သက် (၁၀) နှစ်အောက် – နောက်ဆုံးရလစာ ၆ လစာ
  • လုပ်သက် (၁၀) နှစ် အထက် – နောက်ဆုံးထုတ်လစာ

……………………………………

                                                                                                Martin Appel
Group Head Human Resources
၂၀၂၀ ခုနှစ်၊ ဧပြီလ ၂၀ ရက်

နောက်ဆက်တွဲ

အထွေထွေ သတ်မှတ်ချက်များ

ဆေးကုသမှုဆိုင်ရာမူဝါဒများကို  အောက်ပါသတ်မှတ်ချက်များအတိုင်း ဆောင်ရွက်ရမည်ဖြစ်ပါသည်။

ဆေးကုသမှုစရိတ်အတွက် ထောက်ပံ့ကြေး တောင်းခံခြင်းမပြုမီ ဤမူဝါဒ၏ စည်းကမ်းသတ်မှတ်ချက်များကို အပြည့်အဝ လိုက်နာဆောင်ရွက်ရန်လိုအပ်ပါသည်။

ထောက်ပံ့ကြေးတောင်းခံရန် လုပ်ငန်းစဉ်

၁။         ဝန်ထမ်းအနေနှင့် ဆေးကုသစရိတ် ငွေတောင်းခံလွှာပုံစံကို ဆရာဝန်၏ဆေးစာနှင့် ဆေးကုသမှု  ကုန်ကျစရိတ်ဖြတ်ပိုင်းတို့ကို အတူပူးတွဲ၍ သက်ဆိုင်ရာ HR ဌာနသို့ တင်ပြတောင်းခံရမည်။

၂။        HR ဌာနမှ ဘဏ္ဍာရေးဌာနနှင့်  စစ်ဆေးအတည်ပြုခြင်း လုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်သွားပါမည်။

၃။         ဆေးကုသစရိတ် ငွေတောင်းခံလွှာပုံစံကို ဆေးကုသမှု ကုန်ကျစရိတ်ဖြတ်ပိုင်းတွင် ဖော်ပြထားသည့် နေ့မှစ၍ ရက်ပေါင်း (၃၀) အတွင်း ကုမ္ပဏီထံ ပေးအပ်လျှောက်ထားရန်လိုအပ်ပြီး  ပြေစာများ၊ ဆေးမှတ်တမ်းများ အစရှိသည့် မူရင်းအထောက်အထားများကိုလည်း ပြည့်စုံစွာ ပူးတွဲတင်ပြရန်လိုအပ်ပါသည်။

အကျုံးမဝင်သည့် ကုန်ကျစရိတ်များ

၁။ သတ်မှတ်ထားသော ပမာဏကို ကျော်လွန်နေခြင်း။  

၂။ ကျိုးကြောင်းဆီလျော်မှုမရှိခြင်း၊ မလိုအပ်ခြင်း (သို့) ကုန်ကျစရိတ် အလွန်အကျွံများနေသည်ဟု ကုမ္ပဏီမှ သတ်မှတ်ယူဆထားခြင်း။

၃။ အတုအပပြုလုပ်၍ လိမ်လည်ခြင်း၊ မှားယွင်းစွာ တင်ပြခြင်း သို့မဟုတ် အကျိုးဆက်တစ်ခုခုကို ဖုံးကွယ်ထားခြင်း။  

၎။ သန္ဓေတားခြင်း၊ သားကြောဖြတ်ခြင်း(သို့မဟုတ် ပြင်ဆင်ခြင်း)၊ မျိုးစပ်ခြင်း၊ ယောက်ျား သားကြောဖြတ်ခြင်း၊ လိင်မှတစ်ဆင့် ကူးစက်သည့် ရောဂါများ၊ လိင်အင်္ဂါပြောင်းလဲခြင်း (သို့) လိင်ပိုင်းဆိုင်ရာ ရောဂါအခြေအနေများကြောင့် ကုသမှုခံယူခြင်း။   

၅။ မျိုးမပွားနိုင်ခြင်းဆိုင်ရာနှင့် ပက်သက်၍ ပြုလုပ်သည့် ဆေးစစ်ကုသမှုများ။

၆။ ကျောက်ကပ်ပျက်စီး၍ နာတာရှည်ရောဂါဖြစ်ခြင်း၊ ကျောက်ကပ်အလုပ်မလုပ်သဖြင့် ပုံမှန် (သို့) ရေရှည် ကျောက်ကပ်ဆေးရန်လိုအပ်ခြင်း။

၇။ အသက်အရွယ်အိုမင်းလာခြင်းကြောင့် ဖြစ်ပေါ်သည့် လက္ခဏာများ (သို့) ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများအတွက်  ကုသမှုခံယူခြင်း။

၈။ ပြဌာန်းထားသည့် ဆေးကုသမှုဆိုင်ရာ မူဝါဒ၏ သက်ဆိုင်ရာ ပထဝီဒေသ နယ်မြေ ပြင်ပတွင် ဆေးကုသမှုခံယူခဲ့ခြင်းကြောင့် စရိတ်ကုန်ကျခဲ့ခြင်း။

၉။ နှလုံးအတု ထည့်ခြင်းကြောင့် ကုန်ကျစရိတ်များ၊

၁၀။ ဆရာဝန်၏ ဆေးညွှန်းစာမပါဘဲ ဝယ်ယူခဲ့သည့် ဆေးဖိုးဝါးခများ။

၁၁။ ပုံမှန်သောက်နေကျဆေး၊ ရောဂါကာကွယ်ရန် သောက်သောဆေး၊ ကာကွယ်ဆေးထိုးခြင်းနှင့် ဆေးစစ်ခြင်းများအတွက် ကုန်ကျခြင်း။

၁၂။ အလှအပပြုပြင်ခြင်းဆိုင်ရာ ခွဲစိတ်ကုသမှု၊ ခန္ဓာကိုယ်မှအဆီပိုထုတ်ခြင်း၊ ယင်းသို့ပြုလုပ်ခြင်းကြောင့် ဆေးကုသမှုပြုလုပ်ရသည့် အကျိုးဆက်များ၊ ကိုယ်အလေးချိန်ချခြင်း (သို့) ကိုယ်အလေးချိန်ဆိုင်ရာပြဿနာများ၊ စိတ်ရောဂါနှင့် ဆက်စပ်သည်ဖြစ်စေ၊ ဆက်စပ်မှုမရှိသည်ဖြစ်စေ ပုံမှန်မဟုတ်သော အစာစားေ သာက်ခြင်းများ။ (မတော်တဆမှုတစ်ခုခုကြောင့် (သို့) ကင်ဆာရောဂါကြောင့် လိုအပ်သည့် ခွဲစိတ်မှုများမှလွဲ၍)

၁၃။ မတော်တဆမှုတစ်ခုခုကြောင့် (သို့) ဖျားနာခြင်းကြောင့်မဟုတ်ဘဲ မျက်စိ အမြင်အာရုံ အဝေးမှုန်ခြင်း၊ အနီးမှုန်ခြင်း (သို့) အခြားချွတ်ယွင်းချက်များအတွက် ခွဲစိတ်ကုသခြင်း။

၁၄။ လူအိုရုံ၊ Spa၊ ကျန်းမာရေးစင်တာ စသည်ဖြင့် ကျန်းမာရေးကုသစောင့်ရှောက်ပေးရန် အလို့ငှာ ဆေးရုံကဲ့သို့ ဖွင့်လှစ်ထားသည့်နေရာတစ်ခုခုတွင် မိမိနေအိမ်ကဲ့သို့ နေထိုင်ကာ ဆေးကုသသည့်အတွက် နေထိုင်ခနှင့် ဆေးကုသမှုအတွက် ကုန်ကျစရိတ် တောင်းခံခြင်း၊

၁၅။ စိတ်ပိုင်းဆိုင်ရာ (သို့) အာရုံကြော ဆိုင်ရာရောဂါကြောင့် စိတ်ရောဂါနှင့်သက်ဆိုင်သော ကုသမှုခံယူခြင်း၊ စိတ်ကုထုံးဖြင့် ကုသပေးသူ၊ စိတ်ပညာရှင်များနှင့်  တိုင်ပင်ဆွေးနွေးခြင်း။

၁၆။ နျူကလီးယားလက်နက် (သို့) ကရိယာတန်ဆာပလာ (သို့) ဓါတုပစ္စည်း (သို့) ဇီဝဆိုင်ရာ ပစ္စည်းများ အသုံးပြုခြင်း (သို့) ဖြန့်ချိခြင်းတိုးကြောင့် ဖြစ်ပေါ်သည့် အကျိုးဆက်အတွက် တောင်းခံခြင်း နှင့် ကုသမှုခံယူခြင်း။

၁၇။ စစ်ပွဲ၊ ကျူးကျော်ခြင်း၊ ပြည်ပရန်ကျူးကျော်ခြင်း၊ အကြမ်းဖက်လုပ်ရပ်၊ ပြည်တွင်းစစ်ဖြစ်ခြင်း၊ ဆူပူအုံကြွခြင်း၊ တော်လှန်ရေးစစ်ပွဲ၊ ပုန်ကန်မှု၊ စစ်တပ်မှအာဏာသိမ်းခြင်း၊ လူထုအုံကြွမှု၊ အဓိကရုဏ်း စသည်တို့ကြောင့် ဖြစ်ပေါ်သည့် အကျိုးဆက်များအတွက် တောင်းခံခြင်း။

ဤအချက်ကို ကျန်းမာရေးကုသမှုဆိုင်ရာ ထောက်ပံ့ကြေး တောင်းဆိုခွင့်မရှိသော အချက်အဖြစ် ထည့်သွင်းသတ်မှတ်ထားရသည့် အကြောင်းမှာ အင်အားအသုံးပြုခြင်း (သို့) ရက်စက်ကြမ်းကြုတ်ခြင်း၊ တစ်ဦးတည်းဖြစ်စေ၊ အုပ်စုလိုက်ဖြစ်စေ၊ တစ်ဦးတစ်ယောက်တည်းမှ လုပ်ဆောင်သည်ဖြစ်စေ၊ အခြားအဖွဲ့အစည်း (သို့) အစိုးရ အဖွဲ့အစည်းကို ကိုယ်စားပြု၍ လုပ်ဆောင်ခြင်းဖြစ်စေ၊  နိုင်ငံရေး၊ ဘာသာရေး၊ အတွေးအမြင်၊ (သို့) အလားတူ ကိစ္စရပ်၊ အကြောင်းပြချက်များဖြင့် အစိုးရအဖွဲ့အစည်းကို လွှမ်းမိုးရန်ရည်ရွယ်ခြင်း  (သို့) ပြည်သူလူထုအား ကြောက်လန့်အောင် လုပ်ဆောင်ခြင်းဖြစ်သဖြင့် အကြမ်းဖက်သည့် လုပ်ရပ်အဖြစ် သတ်မှတ်ထားခြင်းကြောင့်ဖြစ်ပါသည်။

Download : Medical Claim Form here