The Campus ရှိ ဝန်ထမ်းများအတွက် အရေးပေါ်တုံ့ပြန်မှု လမ်းညွန်ချက်များ
အရေးပေါ်ပြောင်းရွေ့ခြင်း
အရေးပေါ်အချက်ပေးသံမြည်သည့်အခါ
- မထိတ်လန့်ပါနှင့်။ မှားယွင်းသည့် အရေးပေါ် အချက်ပေးသံမြည်ခြင်း ဖြစ်နိုင်ပါသည်။
- သတိရှိပါ။ ဖြစ်နိုင်ပါက မိမိ၏ အလုပ်စားပွဲသို့ ပြန်ပြီး ပစ္စည်းများကို သိမ်းဆည်းပါ။
ညွှန်ကြားချက်များကို စောင့်ပါ
- "The Campus Communication Channel Upgrade" Group chat တွင် “အရေးပေါ် တာဝန်ခံ” မှ ပေးပို့သော မက်ဆေ့ (သို့) သင့်၏ “သက်ဆိုင်ရာ အရေးပေါ် တာဝန်ခံ" ထံမှ အကြောင်းကြားချက်ကို စောင့်ကြည့်ပါ။
- အကယ်၍ အရေးပေါ်အချက်ပေးသံ မြည်ပြီး အချိန်အတော်ကြာသည့်အထိ တစ်စုံတစ်ဦးထံမှ မက်ဆေ့မရရှိပါကလည်း ဘေးကင်းလုံခြုံရာသို့ ပြောင်းရွေ့ပါ။
ဘေးကင်းရာသို့ ပြောင်းရွေ့ရန် မက်ဆေ့ရရှိပါက
- အရေးပေါ် တာဝန်ခံများ၏ ညွှန်ကြားချက်များကို လိုက်နာ၍ သတ်မှတ်ထားသော စုရပ်များသို့ သွားပါ။
မိမိ၏ အလုပ်စားပွဲတွင် ရှိမနေပါက
- မိမိနှင့် အနီးစပ်ဆုံး စုရပ်သို့ သွားရောက်ပါ။
- CERT ဦးထုပ်ဆောင်းထားသော The Campus ၏ အရေးပေါ် တာဝန်ခံများထံ မိမိရောက်ရှိကြောင်း အကြောင်းကြားပါ။
ရွေ့ပြောင်းနေစဥ်အတွင်း
- အရေးပေါ်ထွက်ပေါက် (သို့) ပင်မ လှေကားကို အသုံးပြုပါ။
- ဓာတ်လှေကားကို အသုံးမပြုပါနှင့်။ မီးဘေးအန္တရာယ်ကြုံသည့်အခါ ဓာတ်လှေကားများ အလုပ်လုပ်မည်မဟုတ်ပါ။
အရေးပေါ်စုရပ်တွင်
- မိမိ၏ အရေးပေါ် တာဝန်ခံများ၏ အနီးတွင်နေ၍ အမည်စာရင်းစစ်သည့်အခါ မိမိရောက်ရှိကြောင်းကို အသိပေးပါ။ လျှောက်သွားခြင်းများကို မပြုပါနှင့်။
အရေးပေါ်အခြေအနေကို ဖြေရှင်းပြီးကြောင်း မက်ဆေ့ချ်ကို ရရှိပါက
- မိမိတို့၏ လုပ်ငန်းခွင်သို့ ပြန်သွားနိုင်ပါသည်။
The Campus ၏ အရေးပေါ်စုရပ် နေရာများ
အောက်ပါပုံတွင် ဖော်ပြထားသည့်အတိုင်း အရေးပေါ်စုရပ် ၂ နေရာရှိမည်ဖြစ်ပြီး ဝန်ထမ်းများအနေဖြင့် မိမိတို့နှင့် အနီးဆုံး နေရာရှိ သတ်မှတ်ထားသော စုရပ်တွင်သာ စုဝေးကြရန် အကြံပြုအပ်ပါသည်။
- Assembly Point A – Wing A & Wing B
- Assembly Point B – Wing C
မီးအရေးပေါ်
အရေးပေါ် အချက်ပေးသံ မြည်သည့်အခါ
- အရေးပေါ်ပြောင်းရွေ့ခြင်း လုပ်ငန်းစဥ်များအတိုင်း လိုက်နာလုပ်ဆောင်ပါ။
- အရေးပေါ်တာဝန်ခံ (သို့) CERT ထံမှ ခွင့်ပြုချက် မရသေးသရွေ့ ရုံးအဆောက်အအုံအတွင်းသို့ လုံးဝပြန်မဝင်ပါနှင့်။
အကယ်၍ မထွက်ခွာနိုင်ပါက
- တံခါးများနှင့် လေဝင်ပေါက်များရှိ နေရာလွတ်အပေါက်များအားလုံးကို မျက်နှာသုတ်ပုဝါ အစိုများ၊ အဝတ်စ အစိုများဖြင့် ပိတ်စို့ပါ။
- တံခါးများနှင့် နံရံများကို ရေခဲပုံး (သို့) ရေကိုအသုံးပြု၍ တံခါးများနှင့် နံရံများကို စိုစွတ်အောင်ပြုလုပ်ပါ။
- အခန်းတ္ငင်းမီးခိုးငွေ့များ ရှိနေပါက စိုစွတ်သော မျက်နှာသုတ်ပုဝါတစ်ထည်ကို တြိဂံပုံစံခေါက်၍ နှာခေါင်းနှင့် ပါးစပ်တွင်ချည်ပြီး ခန္ဓာကိုယ်ကို အောက်တွင်ဝပ်ထားပါ။
- သင့်အား ပြတင်းပေါက် (သို့) ဝရံတာများမှတဆင့် ကယ်ဆယ်ရေးသမားများ မြင်နိုင်အောင်နေပါ၊ (လုံးဝ) ခုန်မချပါနှင့်။
- အကူအညီမရောက်မချင်း တတ်နိုင်သလောက် မီးငြိမ်းသတ်ပါ ၊ အရှုံးမပေးပါနှင့်။
- ရုံးတွင်း အလွှာတိုင်းရှိ Wing တိုင်းတွင် မီးသတ်ပိုက်များ၊ မီးသတ်ဆေးဗူးများ ထားရှိထားပါသည်။
မီးသတ်လေ့ကျင့်မှု
မီးသတ်လေ့ကျင့်မှု ပြုလုပ်ရမည့် အချိန်နှင့်ပတ်သက်၍ ဝန်ထမ်းများနှင့် နေထိုင်သူများကို ကြိုတင်အသိပေး အကြောင်းကြားမည်ဖြစ်ပါသည်။ အရေးပေါ်အချက်ပေးသံမြည်သည့်အခါ “မီးအရေးပေါ်” တွင် ဖော်ပြထားသည့်အတိုင်း လုပ်ဆောင်ပါ။
ဓါတ်လှေကားအတွင်း ပိတ်မိခြင်း
လျှပ်စစ်မီး ပြဿနာကြောင့် ဓါတ်လှေကား ရုတ်တရက် ရပ်တန့်သွားပါက
- မထိန့်လန့်ပါနှင့်။ ဓါတ်လှေကား၏ အလိုအလျောက် ကယ်ဆယ်ရေးကိရိယာသည် ဓါတ်လှေကားကို အနီးဆုံးအထပ်သို့နိမ့်ချ၍ တံခါးဖွင့်ပေးလိမ့်မည်ဖြစ်သည်။
- အရေးပေါ်မီးစက်သည် ၁၅ စက္ကန့်မှ ၃၀ စက္ကန့် အတွင်း စက်နှိုးပေးပါမည်။
- အကယ်၍ ဓာတ်လှေကားသည် ၂ - ၃ မိနစ်အတွင်း စတင်ခြင်းမရှိပါက ဓါတ်လှေကားအတွင်းရှိ အချက်ပေးခလုတ် ကိုနှိပ်ပါ၊ intercom မှ တုံ့ပြန်မှုရလျှင် မိမိကြုံတွေ့ရသော ပြဿနာကို ပြောပြပါ။
- တံခါးဖွင့်ရန် မကြိုးစားပါနှင့်။
- လက်ရန်းကို ကိုင်ထားပြီး တံခါးပေါက်နားမှ ဖယ်နေပါ။
- ဓါတ်လှေကား ပြုပြင်သူများမှ အနိမ့်ဆုံးအဆင့်သို့ရောက်အောင် လျော့ချပေးပြီး အပြင်မှနေ၍ တံခါးကို ဖွင့်ပေးပါမည်။
မုန်တိုင်းအရေးပေါ်
ပြင်းထန်သော မုန်တိုင်းအရေးပေါ် အခြေအနေအတွင်း
- သက်ဆိုင်ရာ အာဏာပိုင်များ၏ ကြေညာချက်များနှင့် အရေးပေါ်တာဝန်ခံများ၏ လမ်းညွှန်ချက်အခြေအနေများကို နားထောင်ပါ။
- သင့်အား ဘေးလွတ်ရာသို့ ပြောင်းရွေ့ရန် အကြံပြုထားခြင်းမရှိသေးပါက ပြတင်းပေါက်များနှင့် ဝေးဝေးတွင်နေထိုင်ပါ။
- လျှပ်စစ်ပစ္စည်းများ၊ စက်ပစ္စည်းများ၏ ပါဝါခလုတ်များကို ပိတ်ထားပြီး အသုံးပြုခြင်းမှ ရှောင်ကြဥ်ပါ။
- မုန်တိုင်းတိုက်ခတ်နေစဥ် ကားမောင်းနေပါက သစ်ပင်များ၊ ဓါတ်အားလိုင်းများနှင့် ရေပိုက်လိုင်းများ ဝေးသော နေရာတွင် ကားကို ချက်ချင်းရပ်၍ ကားထဲမှာဘဲ နေပါ။
ငလျင်
ငလျင်လှုပ်ခတ်မှု ဖြစ်လျင်
- မြေပြင်ပေါ်သို့ ဝပ်ချပါ။
- ခိုင်ခံ့သောစားပွဲအောက်တွင် ဝပ်ကာ တုန်ခါမှုရပ်သည့်အချိန်ထိ အကာအကွယ်ယူပါ။
- အိမ်ထဲတွင်သာနေပါ၊ အဆောက်အဦ ပြင်ပသို့ မထွက်ပါနှင့် ။ ဓါတ်လှေကားကို အသုံးမပြုပါနှင့် ။
- ပြတင်းပေါက်များ၊ ကြီးမားသော မှန်များရှိရာနေရာနှင့် ဝေးဝေးတွင်နေပါ။
- နံရံမှတွဲလောင်းပြုတ်ကျနိုင်သော လေးလံသည့် အရာဝတ္ထုများအောက်တွင် မနေပါနှင့် ။
- အထူးအကူအညီ လိုအပ်နေသူများကို ဘေးကင်းသည့်နေရာရောက်အောင် ကူညီပေးပါ။
- ဘီးတပ်ကုလားထိုင် အသုံးပြုသူများအနေနှင့် ဘီးကိုလော့ချထားသင့်သည်။
မတော်တဆမှု၊ နာမကျန်းဖြစ်မှု
လုပ်ငန်းခွင်အတွင်း မတော်တဆမှု/ နာမကျန်းမှုများအတွက် Campus အရေးပေါ်တာဝန်ခံ အဖွဲ့ဝင်များ (သို့) Front Office ထံ ချက်ချင်းအကြောင်းကြား၍ အကူအညီရယူပါ။
အရေးပေါ်တာဝန်ခံများအား ဆက်သွယ်ရန်
Emergency Response Position | Name | Contact |
---|---|---|
Emergency Response Coordinator | Nay Linn Htun
Hein Htet Aung |
09 777 229 229
09 765 655 898 |
Campus Emergency Respond Team (CERT) | Min Naung Aye
Aung Soe Moe |
09 777 252 225
09 783 383 785 |
Security Control Room | Duty Officer | 01 368 77 66 (Ext: 8633) |
Security Guard Post 1 | Duty Security | 01 368 77 66 (Ext: 8631) |
Security Guard Post 2 | Duty Security | 01 368 77 66 (Ext: 8630) |
Main Front Office | Duty Front Office Executive | 01 368 77 66 (Ext: 8441, 8442) |
Facilities Management Team Leader | Maintenance Team
Wai Phyo Maung Kyaw Zin Oo |
01 368 77 66 (Ext: 9999)
09 777 257 888 09 777 447 111 |
Communication Team Leader | Thiri Yee Mon | 09 777 211 888 |
Traffic Control Team Leader | Duty Security Team | 01 368 77 66 (Ext: 8633) |
Emergency Warden / Headcount Team Leader | Maung Maung Tin
Nyein Chan Ko |
09 777 411 141
09 777 227 979 |
Logistic Management | Lwin Lwin Soe
Naing Kyaw |
09 785 421 002
09 777 221 100 |
First Aiders | Win Moh Moh San
Han Min Thu |
09 777 402 999
09 765 655 875 |