The Campus ရှိ ဝန်ထမ်းများအတွက် အရေးပေါ်တုံ့ပြန်မှု လမ်းညွန်ချက်များ

အရေးပေါ်အချက်ပေးသံ စမြည်ပါက-

  • အနီးဆုံးနှင့် အလုံခြုံဆုံးလှေကားမှ ထွက်ခွာပါ။
  • ဓါတ်လှေကားကို အသုံးမပြုပါနှင့်။
  • အရေးပေါ်လုပ်ဆောင်ချက်အတွင်း ဘေးကင်းစေမည့် အနီးစပ်ဆုံး စုရပ်ကိုရွေးပါ။
  • မိမိနှင့်သက်ဆိုင်ရာ မီးသတ်တာဝန်ခံ၊ တာဝန်ရှိသူ၏ ညွန်ကြားချက်များကို လိုက်နာပါ။

အောက်တွင်ဖော်ပြထားသည့်အတိုင်း အရေးပေါ်စုရပ် ၂နေရာရှိမည်ဖြစ်ပြီး ဝန်ထမ်းများအနေဖြင့် ‌ဘေးကင်းမှု အရှိဆုံးနှင့် အလုံခြုံဆုံးနေရာတွင် စုဝေးကြရန် အကြံပြုအပ်ပါသည်။

  • Assembly Point A – wing A & Wing B
  • Assembly Point B – Wing C

မီးလောင်မှုဖြစ်ပွားပါက -

  • အထိတ်တလန့်မဖြစ်ပါနှင့် ။
  • ဓါတ်လှေကားအသုံးမပြုပါနှင့်။. ထိုအချိန်တွင် ဓါတ်လှေကားများ လည်ပတ်မည်မဟုတ်ပါ။
  • မိမိနှင့် အနီးဆုံးရှိ အရေးပေါ်လှေကားမှ ထွက်ခွာပါ။
  • Exit ထွက်ပေါက်မှ လှေကား လက်တန်းကိုကိုင်၍ ဆင်းပါ။
  • သတ်မှတ်ထားသော စုရပ်သို့သွားပြီး သက်ဆိုင်ရာတာဝန်ရှိသူ (သို့) မီးသတ်တာဝန်ခံ၏ ညွှန်ကြားချက်များကို စောင့်ပါ။
  • သက်ဆိုင်ရာ တာဝန်ရှိသူ၏ ခွင့်ပြုချက်မရှိဘဲ အဆောက်အဦအတွင်းသို့ လုံးဝပြန်မဝင်ပါနှင့်။

မထွက်ခွာနိုင်လျှင် -

  • တံခါးများနှင့် လေဝင်ပေါက်များရှိ နေရာလွတ်အပေါက်များအားလုံးကို မျက်နှာသုတ်ပုဝါအစိုများ၊ အဝတ်စအစိုများဖြင့် ပိတ်စို့ပါ။
  • တံခါးများနှင့် နံရံများကို ရေခဲပုံး (သို့) ရေကိုအသုံးပြု၍ တံခါးများနှင့် နံရံများကို စိုစွတ်အောင်ပြုလုပ်ပါ။
  • အခန်းတ္ငင်းမီးခိုးငွေ့များ ရှိနေပါက စိုစွတ်သော မျက်နှာသုတ်ပုဝါတစ်ထည်ကို တြိဂံပုံစံခေါက်၍ နှာခေါင်းနှင့် ပါးစပ်တွင်ချည်ပြီး ခန္ဓာကိုယ်ကို အောက်တွင်ဝပ်ထားပါ။
  • သင့်အား ပြတင်းပေါက် (သို့) ဝရံတာများမှတဆင့် ကယ်ဆယ်ရေးသမားများမြင်နိုင်အောင်နေပါ၊ ခုန်မချပါနှင့် ။
  • အကူအညီမရောက်မချင်း တတ်နိုင်သလောက် မီးငြိမ်းသတ်ပါ ၊ အရှုံးမပေးပါနှင့် ။
  • ရုံးတွင်း အလွှာတိုင်းရှိ Wingတိုင်းတွင် မီးသတ်ပိုက်များ၊ မီးသတ်ဆေး‌ဗူးများ ထားရှိထားပါသည် ။

မီးသတ်လေ့ကျင့်မှု ပြုလုပ်ရမည့် အချိန်နှင့်ပတ်သက်၍ ဝန်ထမ်းများနှင့် နေထိုင်သူများကို ကြိုတင်အသိပေး အကြောင်းကြားမည်ဖြစ်ပါသည်။

အရေးပေါ်အချက်ပေးသံမြည်သည့်အခါ-

  • အနီးဆုံးထွက်ပေါက်ကို ချက်ချင်းသွားပါ။
  • ဓါတ်လှေကားအသုံးမပြုပါနှင့်။
  • အရေးပေါ်လုပ်ထုံးလုပ်နည်းတွင် ဖော်ပြထားသည့် အလုံခြုံဆုံး နှင့် အနီးဆုံး စုရပ်သို့ သွားပါ။
  • အ‌ရေးပေါ်တာဝန်ခံ (သို့) မီးသတ်ဌာနထံမှ ညွှန်ကြားချက်များကို လိုက်နာပါ။

စက်ချို့ယွင်းမှုကြောင့် ဓါတ်လှေကားရုတ်တရက် ရပ်တန့်သွားပါက ကျေးဇူးပြုပြီး ထိန့်လန့်မသွားပါနှင့်။ ဓါတ်လှေကား၏ အလိုအလျောက် ကယ်ဆယ်‌ရေးကိရိယာသည် ဓါတ်လှေကားကို အနီးဆုံးအထပ်သို့နိမ့်ချ၍ တံခါးဖွင့်ပေးလိမ့်မည်ဖြစ်သည်။ အရေးပေါ်မီးစက်သည် ၁၅ စက္ကန့်မှ ၃၀ စက္ကန့် အတွင်း ဓါတ်လှေကားသို့ ပါဝါစတင်ပေးမည်ဖြစ်သည်။

ဓါတ်လှေကားအတွင်း ပိတ်မိခဲ့လျှင် -

  • ဓါတ်လှေကားအတွင်းရှိ အချက်ပေးခလုတ် ကိုနှိပ်ပါ၊ intercom မှ တုံ့ပြန်မှုရလျှင် မိမိကြုံတွေ့ရသော ပြဿနာကို ပြောပြပါ။
  • တံခါးဖွင့်ရန် မကြိုးစားပါနှင့်။
  • လက်ရန်းကို ကိုင်ထားပြီး တံခါးပေါက်နားမှ ဖယ်နေပါ။
  • ဓါတ်လှေကား ပြုပြင်သူများမှ အနိမ့်ဆုံးအဆင့်သို့ရောက်အောင် လျော့ချပေးပြီး အပြင်မှနေ၍ တံခါးများကို ဖွင့်ပေးပါလိမ့်မည်။
  • လုံခြုံမှုရှိအောင် ကူညီဆောင်ရွက်ပေးမည့်အတွက် စိတ်အေးအေးထားပါ။

ပြင်းထန်သော မုန်တိုင်းအရေးပေါ်အခြေအနေအတွင်း-

  • သက်ဆိုင်ရာ အာဏာပိုင်များ၏ ကြေညာချက်များနှင့် အရေးပေါ်တာဝန်ခံများ၏ လမ်းညွှန်ချက်အခြေအနေများကို နားထောင်ပါ ။
  • သင့်အား ဘေးလွတ်ရာသို့ ပြောင်းရွေ့ရန် အကြံပြုထားခြင်းမရှိသေးပါက ပြတင်းပေါက်များနှင့် ဝေးဝေးတွင်နေထိုင်ပါ။
  • လျှပ်စစ်ပစ္စည်းများ၊ စက်ပစ္စည်းများကို ခလုတ်များကို ပိတ်ထားပြီး အသုံးပြုခြင်းမှ ရှောင်ကြဥ်ပါ။
  • မုန်တိုင်းတိုက်ခတ်နေစဥ် ကားမောင်းနေပါက သစ်ပင်များ၊ ဓါတ်အားလိုင်းများနှင့် ရေပိုက်လိုင်းများ ဝေးသော နေရာတွင် ကားကို ချက်ချင်းရပ်၍ ကားထဲမှာဘဲ နေပါ။

ငလျင်လှုပ်ခတ်မှု ဖြစ်လျင်

  • မြေပြင်ပေါ်သို့ ဝပ်ချပါ။
  • ခိုင်ခံ့သောစားပွဲအောက်တွင် ဝပ်ကာ တုန်ခါမှုရပ်သည့်အချိန်ထိ အကာအကွယ်ယူပါ။
  • အိမ်ထဲတွင်သာနေပါ၊ အဆောက်အဦပြင်ပသို့မထွက်ပါနှင့် ။ ဓါတ်လှေကားကိုအသုံးမပြုပါနှင့် ။
  • ပြတင်းပေါက်များ၊ ကြီးမားသော မှန်များရှိရာနေရာနှင့် ဝေးဝေးတွင်နေပါ။
  • နံရံမှတွဲလောင်းပြုတ်ကျနိုင်သော လေးလံသည့်အရာဝတ္ထုများအောက်တွင် မနေပါနှင့် ။
  • အထူးအကူအညီလိုအပ်နေသူများကို ဘေးကင်းသည့်နေရာရောက်အောင် ကူညီပေးပါ။
  • ဘီးတပ်ကုလားထိုင်အသုံးပြုသူများအနေနှင့် ဘီးကိုလော့ချထားသင့်သည်။

လုပ်ငန်းခွင်အတွင်း မတော်တဆမှု/ နာမကျန်းမှု ဖြစ်ရပ်များအားလုံးအတွက် အရေးပေါ်တာဝန်ခံ အဖွဲ့ဝင်များ (သို့) Front Desk Office ထံ ချက်ချင်းအကြောင်းကြား၍ အကူအညီရယူပါ။

  • ဝင်ခွင့်ကဒ်ပြားမပါဘဲ လုပ်ငန်းခွင်အဆောက်အဦတွင်းသို့ မည်သူတစ်ဦးတစ်ယောက်မျှ ဝင်ရောက်ခွင့်မပြုပါနှင့်၊ မိမိနောက်သို့ ပေးမလိုက်ပါနှင့်။
  • သံသယဖြစ်စရာ လှုပ်ရှားမှုများ၊ ပုဂ္ဂိုလ်များတွေ့ရှိပါက အရေးပေါ်တာဝန်ခံ အဖွဲ့ဝင်များ (သို့) Front Desk Office သို့ ချက်ချင်းသတင်းပို့ပါ။
  • သင့်ပတ်ဝန်းကျင်ကို အမြဲသတိနှင့် စောင့်ကြည့်ပါ။

Emergency Response Position Name Contact
Emergency Response Coordinator Nay Linn Htun
Min Naung Aye
09 777 229 229
09 778 298 765
Security Control Room Duty Officer 01 368 77 66 (Ext: 8633)
Security Guard Post 1 Duty Security 01 368 88 66 (Ext: 8631)
Security Guard Post 2 Duty Security 01 368 77 66 (Ext: 8630)
Main Front Desk Duty Receptionists 01 368 77 66 (Ext: 8441, 8442)
Building Maintenance Office Maintenance Team
Maintenance Engineer
01 368 77 66 (Ext: 9999)
09 777 257 888
Communication Team Leader Thiri Yee Mon 09 777 211 888
Facilities Team Leader Yin Mon Oo 09 450 005 735
Evacuation / Emergency Warden Leader Saw Nyi Nyi San 09 777 224 445
Traffic Control Team Leader Wai Phyo Maung 09 777 257 888
Headcount Team Leader Aye Thida Soe 09 777 223 883
Logistic Management Lwin Lwin Soe 09 785 421 002
First Aiders Leader Security Team 09 955 400 922