လူစွမ်းအားအရင်းအမြစ် နှင့် စည်းမျဉ်းစည်းကမ်းများ

Policy > ရိုးမအုပ်စု၏ မူဝါဒ နှင့် လမ်းညွှန်ချက်များ > လူစွမ်းအားအရင်းအမြစ် နှင့် စည်းမျဉ်းစည်းကမ်းများ

အလုပ်ခန့်အပ်လွှာ (သို့) အလုပ်ခန့်အပ်ခြင်းဆိုင်ရာ သဘောတူညီမှု စည်းမျဥ်းစည်းကမ်းများ ပါဝင်သည့် စာချုပ် နှင့် အတူ ဝန်ထမ်းလက်စွဲစာအုပ်ကို လူ့စွမ်းအား အရင်းအမြစ်ဌာန/ သက်ဆိုင်ရာမန်နေဂျာမှ ဝန်ထမ်းအသစ်ထံ ပေးအပ်မည်ဖြစ်သည်။

သက်ဆိုင်ရာ အလုပ်ခန့်အပ်ခြင်းသဘောတူညီမှု စာချုပ်တွင် အခြားနည်းဖြင့်ဖော်ပြထားခြင်းမှ လွဲ၍ ဝန်ထမ်း အသစ်များအားလုံးသည် အစမ်းခန့် (၃) လ တာဝန်ထမ်းဆောင်ရန် လိုအပ်ပါသည်။ အမြဲတမ်းဝန်ထမ်းအဖြစ် ခန့်အပ်ခံရခြင်းသည် ဝန်ထမ်း၏ စွမ်းဆောင်ရည်အပေါ် မူတည်ပါသည်။

ဝန်ထမ်းမှ လုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်များကို ဝန်ထမ်းအား အသိပေးမည်ဖြစ်ပါသည်။ သင့်အနေနှင့် ၎င်းအကြောင်းအရာများကို သေချာနားမလည်ပါက တာဝန်ခံမန်နေဂျာ (သို့) လူသားအရင်းအမြစ်ဌာနတို့ဖြင့် မေးမြန်းနိုင်ပါသည်။ အခါအားလျော်စွာ ဝန်ထမ်း၏ လုပ်ငန်းတာဝန်များကို ပြင်ဆင်‌ရန် လိုအပ်နိုင်ပါသည်။

ဝန်ထမ်း၏ ပြင်ဆင်ဝတ်စားပုံနှင့် တစ်ကိုယ်ရည် သန့်ရှင်းသပ်ရပ်မှုသည် Yoma Group ၏ ဂုဏ်သတင်းအ‌ပေါ် သက်ရောက်မှုရှိပါသည်။ ဝန်ထမ်းအားလုံးသည် လုပ်ငန်းအရ သင့်လျော်သော ဝတ်စားဆင်ယင်ထုံးဖွဲ့မှုကို လိုက်နာရန် လိုပါသည်။ ဝန်ထမ်းအားလုံးသည် သက်ဆိုင်ရာလုပ်ငန်းဌာနမှ သတ်မှတ်ထားသည့်  တူညီဝတ်စုံကို လိုအပ်သည့်အခါ ဝတ်ဆင်ရမည်ဖြစ်သည်။

Yoma Group တွင် ဝန်ထမ်းတိုင်း အလုပ်အကိုင်တိုးတက်မှု အခွင့်အလမ်းများကို ရရှိနိုင်မည်ဖြစ်သည်။ သင့်လျော်သော အရည်အချင်းနှင့် ပြည့်မီပါက ဝန်ထမ်းအား ရာထူးတိုးမြှင့်ခြင်းအတွက် ထည့်သွင်း စဥ်းစားသွားမည် ဖြစ်သည်။

Yoma Group တွင် ဝန်ထမ်းအား အခြားသင့်လျော်သော ရာထူးနေရာ၊ လုပ်ငန်းဌာနသို့ ပြောင်းရွေ့နိုင်ပါသည်။ ထိုပြောင်းရွေ့မှုကို သက်ဆိုင်ရာ ဌာနများ၏ သဘောတူညီချက်နှင့်အတူ စီမံခန့်ခွဲရေးအဖွဲ့မှ စီစဥ်ဆောင်ရွက်‌ ပေးပါသည်။ ထိုသို့ ပြောင်းရွေ့ခြင်းအတွက် ဝန်ထမ်းအား အကြောင်းကြားလိမ့်မည် ဖြစ်ပါသည်။ လုပ်သက် အနည်းဆုံး ၁၈ လ ရှိပြီးသည့် ဝန်ထမ်းတိုင်း Yoma Group အတွင်းရှိ လစ်လပ်ရာထူးနေရာများသို့ လျှောက်ထား နိုင်ပါသည်။

အလုပ်သဘောတူညီမှုစာချုပ်တွင် သတ်မှတ်ထားသည့်အတိုင်း အလုပ်စတင်ဝင်ရောက်သည့် နေ့မှစ၍ (အစမ်းခန့် ကာလအပါအဝင်) စဥ်ဆက်မပြတ် တာဝန်ထမ်း‌ဆောင်သည့်ကာလကို လုပ်သက် သက်တမ်းဟု သတ်မှတ်သည်။

Yoma Group သည် တည်ဆဲဥပဒေ၏ ပြဌာန်းချက်များ၊ စည်းမျဥ်းစည်းကမ်းများ (သို့) အခါအားလျော်စွာ ထုတ်ပြန်သော မြန်မာနိုင်ငံအာဏာပိုင်များ၏ ထုတ်ပြန်ချက်နှင့်အညီ ပေးချေမည်ဖြစ်သည်။

ဝန်ထမ်းကို အလုပ်သဘောတူညီမှုစာချုပ်အရ သတိပေးချက်များ၊ တည်ဆဲဥပဒေများ၊ စည်းမျဥ်းစည်းကမ်းများ နှင့်အညီ အလုပ်မှ ရပ်စဲနိုင်သည်။

ဝန်ထမ်းသည် အလုပ်သဘောတူစာချုပ်အရ အလုပ်ထွက်ခြင်းအတွက် သက်ဆိုင်ရာကြီးကြပ်ရေးမှူး (သို့) သက်ဆိုင်ရာဌာန မန်နေဂျာထံသို့ ကြိုတင်အသိပေးစာ ပေးပို့၍ အကြောင်းကြားနိုင်ပါသည်။ ကြိုတင် အကြောင်း ကြားရမည့် ကာလသည် ဝန်ထမ်းနှင့် သက်ဆိုင်ရာမန်နေဂျာ၏ သဘောတူညီမှုအရ ပိုမိုတိုတောင်း နိုင်ပါသည်။

ကျွန်ုပ်တို့ဝန်ထမ်းများကို  ပုံမှန်အားဖြင့် အသက် ၆၅နှစ်တွင် အငြိမ်းစားပေးပါသည်။  အလုပ်ရှင်၏ သဘောတူညီချက် နှင့် လူမှုဖူလုံရေးအဖွဲ့၏ ဆေးခန်းများမှ ပေးအပ်ထားသော ဆေးစစ်ချက်မှတ်တမ်းနှင့်အတူ ဝန်ထမ်းသည် အသက်၆၅ နှစ် ပြည့်ပြီးနောက်တွင်လည်း လုပ်ငန်းခွင်အတွင်း အလုပ် ဆက်လက်လုပ်ကိုင် နိုင်ပါသည်။