Group Technology News

(a) Cybersecurity အသိပညာပေး

ကျွန်ုပ်တို့၏ Group Technology မှ ပြုလုပ်သော 2023 Cyber Security Program  ဖြင့် မိတ်ဆက်ပေးလိုက်ပါတယ်။ အဆိုပါပရိုဂရမ်ကတော့ IT လုံခြုံရေးနဲ့ပတ်သက်တဲ့ ကိစ္စရပ်များကို ဝန်ထမ်းများ အမြဲသတိရှိနိုင်စေရန်အတွက် ရည်ရွယ်ပြီးလုပ်ဆောင်ခြင်းဖြစ်ပါတယ်။ ထိုအစီအစဉ်ကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်မှ စ၍ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလအထိ Yoma Group ရှိ ဝန်ထမ်းများအားလုံး တက်ရောက်နိုင်ရန် စီစဥ်ထားပါတယ်။

(b) Group Tech Go Green Campaign

Group Technology က GroupTekkers များကတော့ Group Tech Go Green Campaign ကို ၂၀၂၃ ခုနှစ် ၊ ဇူလိုင်လ ၁၁ ရက်နေ့  စတင်ကာ အပတ်စဉ် အင်္ဂါနေ့တိုင်း ပြုလုပ်သွားမှာဖြစ်ပါတယ်။ ထိုကန်ပိန်းကတော့ အစားအသောက်နှင့် ပလပ်စတစ် စွန့်ပစ်ပစ္စည်းများကို လျော့ချခြင်း၊ ဒစ်ဂျစ်တယ် အရင်းအမြစ်များကို ပိုမိုထိရောက်စွာ အသုံးပြုပြီး စွမ်းအင်သုံးစွဲမှု အလေ့အကျင့်‌ကောင်းများကို ကျင့်သုံးနိုင်ရန်အတွက် ရည်ရွယ်ခြင်းဖြစ်ပါတယ်။
 #GroupTechSustainability #GroupTech #GroupTechGoGreen

(c) Tech စတစ်ကာများ

ယခုတစ်ခေါက် TechHub Newsletter ဖတ်ပြီး စိတ်ပျော်ရွှင်စရာကောင်းတဲ့ Group Technology ရဲ့ လုပ်ငန်းခွင်မှာပါတဲ့ အသုံးအနှုန်း‌ စတစ်ကာတွေကို ရယူနိုင်မှာ ဖြစ်ပါသည်။ အထူးအစီအစဥ် အနေဖြင့် ပဟေဋ္ဌိကဏ္ဍတွင် ပါဝင်ဖြေဆိုသူများအား လက်ဆောင်ပေးသွားမှာ ဖြစ်ပါသည်။ ထို့ကြောင့် ယခုတခေါက် Newsletter တွင်သာ ရရှိနိုင်မည့် Group Technology-Themed စတစ်ကာများကို ရယူရန် ပဟေဋ္ဌိကဏ္ဍတွင် ပါဝင်ဖြေဆိုလိုက်ပါ။

  1. Home »
  2. Tech-hub Newletter »
  3. Group Technology News