Intelligent Meeting Recap

Microsoft Teams Premium တွင် အစည်းအဝေးမှတ်တမ်း အချက်အလက်များကို အလိုအလျောက် အနှစ်ချုပ်ပေးနိုင်သည့် Intelligent Meeting Recap” လုပ်ဆောင်ချက်အသစ်ကို စတင် အသုံးပြုနိုင်ပြီ ဖြစ်ပါသည်။ ထိုလုပ်ဆောင်ချက်သည် AI စနစ်ကို အသုံး အစည်းအဝေး၏ အသံဖိုင်နှင့် မှတ်တမ်းများမှတဆင့် အဓိကဆွေးနွေးမှုအချက်များ၊ လုပ်ဆောင်စရာများ နှင့် အရေးကြီးသည့် အရာများကို ခွဲခြမ်းစိတ်ဖြာပေးပါသည်။ ထိုလုပ်ဆောင်ချက်ကြောင့် အစည်းအ‌ဝေး အတွင်း ပါဝင်သူများအနေဖြင့် အချိန်ကုန်သက်သာပြီး အစည်းအဝေး အချက်အလက်များကိုလည်း အလွယ်တကူ ဖတ်ရှုနိုင်မှာ ဖြစ်ပါသည်။ ထိုအနှစ်ချုပ် အချက်အလက်များမှ လုပ်ဆောင်စရာ ကိစ္စရပ်များကိုလည်း Microsoft Productivity Tool ဖြစ်သည့် ToDo (သို့) Planner တွင် ထည့်သွင်းထားနိုင်ပါသည်။ Teams Premium တွင်သာ အသုံးပြုနိုင်သည့် ထိုလုပ်ဆောင်ချက်သည် အသုံးပြုသူများကို အလုပ်ပိုမို ပြီးမြောက်စေကာ ပူးပေါင်းဆောင်ရွက်မှုကိုလည်း မြှင့်တင်ပေးပါသည်။

Ref: https://techcommunity.microsoft.com/t5/microsoft-teams-blog/intelligent-meeting-recap-in-teams-premium-now-available/ba-p/3832541

  1. Home »
  2. Tech-hub Newletter »
  3. Intelligent Meeting Recap