Pocket Updated Feature

pocket မှာ စိတ်ကြိုက်ပေးချေလိုတဲ့ ပမာဏအလိုက် စတင်အသုံးပြုနိုင်ပြီဖြစ်တဲ့ Pay with Coins Feature နဲ့အတူ Update Version 2.0.8 မှာ Upgrade ပြုလုပ်ထားတဲ့ Stamp Campaign Feature တွေကို August လ ရဲ့   Tech Hub Newsletter  မှာ မျှဝေပေးလိုက်ပါတယ်။

အသစ်ထွက်ရှိထားတဲ့ Pocket App New Version 2.0.8 ရဲ့ Stamp Campaign Feature မှာ ပိုမိုလွယ်ကူစွာ Stamp တွေ စတင်စုဆောင်းနိုင်ပါပြီ။ Stamp တွေစုဆောင်းရန်အတွက် Home Screen ပေါ်က “Campaign” ထဲကို ဝင်ရောက်ရန်မလိုဘဲ သတ်မှတ်ထားတဲ့ ပမာဏအလိုက် pocket Coins စုပြီးတာနဲ့ Home Screen ပေါ်မှာ စုဆောင်းထားတဲ့ Stamp Card တွေကို အလွယ်တကူ ကြည့်ရှုနိုင်ပြီဖြစ်ပါတယ်။

ဒါ့အပြင် Oasis Spa, Oasis Bistro, Horizon Restaurant, Yoogane, Gloria Jean’s (Star City), Boma Pet Villa, Mogok Noodle Bar, Pizzarella, Dreamy Fancies စတဲ့ ဆိုင်တွေမှာ pocket ရဲ့ Feature တစ်ခုဖြစ်တဲ့ “Pay With Coins” ကို စတင် အသုံးပြုပြီး စိတ်ကြိုက်ဈေးဝယ်နိုင်ပါပြီ။ pocket App ထဲက Collect/Pay မှာ Pay ကို ‌ရွေးချယ်ပြီး မိမိ ပေးချေလိုတဲ့ ပမာဏအလိုက် စုဆောင်းထားတဲ့ pocket Coins တွေနဲ့ ဝယ်ယူနိုင်ပြီနော်။