Simplify Your Tasks with Microsoft Planner

Microsoft Planner ဆိုတာ ဘာလဲ?
Microsoft Planner ဆိုသည်မှာ အလုပ်တာဝန်များကို စီမံခန့်ခွဲပေးနိုင်သည့် Microsoft 365 ထုတ်လုပ်မှုစွမ်းရည်ဆိုင်ရာ အက်ပ်လီကေးရှင်း၏ တစ်စိတ်တစ်ပိုင်းဖြစ်ပါသည်။ အသုံးပြုသူများအနေဖြင့် လုပ်ငန်းဆောင်တာများကို အစီအစဉ်‌ရေးဆွဲနိုင်ခြင်း၊ လုပ်ငန်းတာဝန်များကို တစ်နေရာတည်းတွင် ထည့်ထားနိုင်ခြင်း၊ အဖွဲ့၀င်များထံ တာဝန်များ ခွဲပေးနိုင်ခြင်း ၊ Deadlines များ သတ်မှတ်ခြင်း ၊ အလုပ်ပြီးစီးမှု အခြေအ‌နေကို စောင့်ကြည့်ခြင်း စသည်တို့ကို တစ်နေရာတည်းတွင် လုပ်ဆောင်နိုင်ပါသည်။ 

လုပ်ဆောင်ပုံ
Microsoft Planner ကိုအသုံးပြုခြင်းဖြင့် သင့်လုပ်ငန်းတာဝန်များကို စီမံခန့်ခွဲရာတွင် ပိုမိုလွယ်ကူအဆင်ပြေစေပါသည်။ ၎င်း၏ လုပ်ဆောင်ပုံမှာ – 

အစီအစဥ်တစ်ခုကို ရေးဆွဲပါ – သင့်ပရောဂျက် (သို့) လုပ်ငန်းတာဝန်များအတွက် အစီအစဉ်အသစ်တစ်ခုကို ရေးဆွဲပါ။ သင့်အဖွဲ့သားများ နားလည်နိုင်စေရန် အစီအစဥ်ကို အမည်ပေး၍ သတ်မှတ်ဖော်ပြနိုင်ပါသည်။  

လုပ်ငန်းတာဝန်များကို ထည့်သွင်းပါ – အစီအစဉ်ရေးဆွဲပြီးသည်နှင့် တစ်ပြိုင်နက် လုပ်ဆောင်ရမည့်လုပ်ငန်းတာဝန်များကို စတင်ထည့်သွင်းနိုင်ပါသည်။ “Add Task” ခလုတ်ကို နှိပ်၍ လုပ်ဆောင်ရမည့် တာဝန်အတွက် အမည်ပေးနိုင်ပြီး လိုအပ်ပါက ထိုအလုပ်တာဝန်ကို အဖွဲ့ဝင်ထံ တာဝန်ချပေးနိုင်ပါသည်။

လုပ်ငန်းတာဝန်များကို ခွဲခြမ်းစိတ်ဖြာပါ – လုပ်ငန်းတာဝန်များကို အမျိုးအစားခွဲခြားပြီး ဦးစားပေး သတ်မှတ်မှုများ ပြုလုပ်နိုင်ရန် bucket list များ ပြုလုပ်ထားနိုင်ပါသည်။ ဥပမာအားဖြင့် ပရောဂျက်တစ်ခု၏ ဦးစားပေးအဆင့်အလိုက် တာဝန်များ (သို့) အဖွဲ့၀င်အလိုက် သက်ဆိုင်သည့် ဝာာဝန်များကို bucket list ပြုလုပ်၍ ခွဲခြား သတ်မှတ်နိုင်ပါသည်။ 

တာဝန်များပေးအပ်ခြင်း – အလုပ်တာဝန်တစ်ခုကို စတင်သည့်အခါ (သို့) ပြင်ဆင်သည့်အခါ ဝာာဝန်ချပေးလိုသူသူ၏ အမည်ကို dropdown menu မှရွေးချယ်၍ တာဝန်များပေးအပ်နိုင်ပါသည်။ သို့မှသာ အဖွဲ့ဝင်များမှ ၎င်းတို့လုပ်ဆောင်ရမည့် အလုပ်တာဝန်များကို သိရှိပြီး အလုပ်များကို အချိန်မီ ပြီးမြောက်အောင် လုပ်ဆောင်နိုင်မှာ ဖြစ်ပါသည်။  

လုပ်ငန်းတာဝန်များ ပြီးဆုံးမှု အခြေအနေကို ခြေရာခံပါ – ပြီးစီးသွားသည့် လုပ်ငန်းတာဝန်များကိုလည်း ပြီးမြောက်သွားပြီဖြစ်ကြောင်းကို Microsoft Planner တွင် မှတ်သားထားနိုင်ပါသည်။ ထိုသို့ မှတ်သားမှုများကို ကြည့်၍ အလုပ်ပြီးမြောက်မှု အခြေအနေကို အလွယ်တကူ သိနိုင်ပါသည်။ 

Microsoft Planner ၏ အကျိုးကျေးဇူးများ

  • အလုပ်တာဝန်များကို ထိရောက်စွာ စီမံခန့်ခွဲနိုင်ခြင်း – လုပ်ငန်းတာဝန်များကို တစ်နေရာတည်းတွင် စုစည်းထားခြင်းဖြင့် လုပ်ဆောင်ရမည့် တာဝန်များနှင့် အလုပ်တစ်ခုစီတိုင်းအတွက် မည်သူ့တွင် တာဝန်ရှိသည်ကို အလွယ်တကူ သိရှိနိုင်ပါသည်။  
  • ပူးပေါင်းဆောင်ရွက်နိုင်ခြင်း – Microsoft Planner ဖြင့် အဖွဲ့၀င်များသည် လုပ်ငန်းတာဝန်များကို ပူးပေါင်းဆောင်ရွက်နိုင်ခြင်း၊ ဖိုင်များကို မျှဝေနိုင်ခြင်း၊ တစ်ဦးနှင့်တစ်ဦး ဆက်သွယ်ပြောဆိုခြင်း အစရှိသည်တို့ကို တစ်နေရာတည်းတွင် လုပ်ဆောင်နိုင်ပါသည်။ 
  • အလုပ်ပိုမို ပြီးမြောက်နိုင်ခြင်း – အချိန်မီပြီးစီးရမည့် လုပ်ငန်းတာဝန်များနှင့် နေ့ရက်များကို လွယ်ကူရှင်းလင်းစွာ သိမြင်နိုင်ခြင်း‌ကြောင့် သင့်အား ပိုမို အာရုံစိုက် လုပ်ကိုင်နိုင်စေကာ အလုပ်များကို ပိုမိုပြီးမြောက်နိုင်စေပါသည်။ 

နိဂုံးချုပ်အနေဖြင့် Microsoft Planner သည် မိမိတို့၏ လုပ်ငန်းတာဝန်များကို ပိုမိုထိရောက်စွာ စီမံခန့်ခွဲနိုင်စေသည့်အပြင် ပူးပေါင်းဆောင်ရွက်မှုများကိုပါ မြင့်တင်ပေးနိုင်ခြင်းတို့ကြောင့် မိမိတို့ မျှော်မှန်းထားသည်များကို အကောင်အထည်‌ပေါ်အောင် လုပ်ဆောင်ပေးနိုင်သည့် ပလက်ဖောင်းတစ်ခုဖြစ်ပါသည်။ 
Plan an event in Microsoft Planner – Microsoft Support  
Track a process in Microsoft Planner – Microsoft Support