What is Ransomware and how does it work?

Ransomware သည် တောင်းဆိုသည့် ငွေကြေး မပေးမချင်း အ‌‌ရေးကြီးဒေတာ၊ စနစ်များထံ ဝင်ရောက်ခွင့်ကို ဖျက်ဆီး သို့မဟုတ် ပိတ်ဆို့သည့် အန္တရာယ်ရှိသော ဆော့ဖ်ဝဲ သို့မဟုတ် မဲလ်ဝဲအမျိုးအစားဖြစ်သည်။ အတိတ်ကာလတွင် Ramsomware အများစုသည် လူတစ်ဦးချင်းစီကို ပစ်မှတ်ထားသော်လည်း မကြာသေးမီအချိန်မှစ၍ အဖွဲ့အစည်းများကို အဓိကပစ်မှတ်ထားလာသည့် လူသားများမှ လုပ်ဆောင်သော Rasomware များ၏ အန္တရာယ်မှာ ပိုမိုကြီးမားလာပြီး ထိန်းချုပ်ရလည်း ပို၍ ခက်ခဲလာပါသည်။  

လူသားလုပ်ဆောင်သည့် ransomware တွင် စုပေါင်းတိုက်ခိုက်သူများ၏ ထောက်လှမ်းမှုဖြင့် အဖွဲ့အစည်းတစ်ခု၏ လုပ်ငန်းကွန်ရက်သို့ ဝင်ရောက်ခွင့်ကို ရယူကြသည်။ ထိုကဲ့သို့သော ခေတ်မှီရှုပ်ထွေးသည့် တိုက်ခိုက်မှုများတွင် တိုက်ခိုက်သူများသည် ၎င်းတို့ရရှိထားသော အဖွဲ့အစည်း၏ ဘဏ္ဍာရေးဆိုင်ရာ သတင်းအချက်အလက်များအပေါ် မူတည်၍ ငွေကြေးတောင်းဆိုမှုများကို ပြုလုပ်ကြပါသည်။ 

Change your profile picture on Yoma Connect and join Ransomware Campaign with us!