Announcement for Next App Portal and Business Banking Portal

Next Portal

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၂၀) ရက်နေ့ မှစတင်၍ အသစ်ထပ်မံအဆင့်မြှင့်တင်လိုက်သော Yoma Bank Next Portal Version အသစ် 1.0.1 အား အသုံးပြုနိုင်ပြီဖြစ်ပါသည်။ Yoma Bank Next Portal မိတ်ဆက်ရခြင်း၏ ရည်ရွယ်ချက်မှာ Customer များလက်ရှိအသုံးပြုလျက်ရှိနေသော Yoma Bank Next Mobile Banking App အပြင် အသုံးပြုရာတွင် ပိုမိုအဆင်ပြေစေရန်နှင့် Mobile သာမက Portal/ Web Version အနေဖြင့်ပါ ဘဏ္ဍရေးဆိုင်ရာလုပ်ငန်းများကို မြန်ဆန်စွာ ဆောင်ရွက်နိုင်စေရန် ရည်ရွယ် ပါသည်။ 

Yoma Bank Next Portal အား MVP အနေဖြင့် ရိုးမဘဏ်ရှိ ဝန်ထမ်းများကိုသာ Internal အသုံးပြုနိုင်ရန် စတင်မိတ်ဆက်ခဲ့ပြီး ယခုအခါ Yoma Bank Next Mobile Banking App အသုံးပြုနေသူ Existing Customer များနှင့် မိမိ၏ဖုန်းတွင် Yoma Bank Next Mobile Banking App အား ဖုန်းအမျိုးအစားကြောင့်သော်လည်းကောင်း Download ပြုလုပ်၍ အသုံးပြုနိုင်ခြင်းမရှိသော Existing Customer များနှင့် New Customer များကိုပါ Browser မှတဆင့် Portal/ Web Version အနေဖြင့် အသုံးပြုနိုင်တော့မည်ဖြစ်ပါသည်။ Yoma Bank Next Portal သို့ https://nextportal.yomabank.com/ မှတဆင့် ဝင်ရောက်အသုံးပြုနိုင်မည် ဖြစ်ပါသည်။ 

ယခု Version အသစ် 1.1.0 တွင် ပါဝင်လာသော Features အသေးစိတ်ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။ 

  • Activation
  • Login
  • Acc Transfer (Own Acc, Other Acc, Other Bank, WavePay)      
  • Bill Payment & Mobile Topup
  • Deposit & Fixed Deposit Acc Overview
  • Account Overview & Detail
  • Download Account Statement
  • Add Receivers
  • Transaction History
  • Forget Password
  • Open FD and Super FD
  • Open Flexi Everyday 

Business Banking Portal

YOMA Bank Business Banking Portal မိတ်ဆက်ရခြင်း၏ ရည်ရွယ်ချက်မှာ SME & Corporate Customer များလက်ရှိအသုံးပြုလျက်ရှိနေသော DC Enterprise Portal ပိုမိုကောင်းမွန်သော ဘဏ္ဍရေးဆိုင်ရာလုပ်ငန်းများကို လွယ်ကူမြန်ဆန်စွာ ဆောင်ရွက်နိုင်စေရန် ရည်ရွယ် ပါသည်။ရိုးမဘဏ်၏ SME & Enterprise Customer များအနေဖြင့် လက်ရှိအသုံးပြုလျက်ရှိနေသော DC Enterprise Portal မှာ မကြာမီအချိန်တွင် အသုံးပြု၍ ရရှိနိုင်တော့မည်မဟုတ်ဘဲ ဝန်ဆောင်မှုအား ရပ်ဆိုင်းသွားမည်ဖြစ်ပါသောကြောင့် SME& Enterprise Customer များအသုံးပြုနိုင်မည့် Online Banking Portal အသစ်အနေဖြင့် Yoma Bank Business Banking Portal (BBP) Version 1.1 အား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၂) ရက်နေ့မှ စတင်၍ အသုံးပြုနိုင်မည် ဖြစ်ပါသည်။ Business Banking Portal (BBP) အား https://businessbanking.yomabank.com မှတဆင့် ဝင်ရောက်အသုံးပြုရမည်ဖြစ်ပါသည်။  

YoWave: Enhanced YB Onboarding Approach & Campaign

WavePay Customer များအနေဖြင့် WavePay App ပေါ်တွင် ရိုးမဘဏ်၏ Flexi Everyday Account ကို “Promotions” Session ရှိ Yoma Bank Banner ကို နှိပ်ပြီး အလွယ်တကူဖွင့်လှစ်နိုင်ပြီဖြစ်ပါသည်။ မကြာသေးမီက Wave’s KYC data sharing API နှင့် ပေါင်းဆည်းလိုက်ခြင်းဖြင့် Customer များ သုံးစွဲမှုပိုမိုအဆင်ပြေစေရန်/ သိသာရိုးရှင်းသော customer onboarding experience ရရှိစေရန်အတွက်လည်း ၎င်းတို့၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို Yoma Bank Application Portal တွင် ကြိုတင်ထည့်သွင်းထားပြီးဖြစ်ပါသည်။

ဒါ့အပြင် WavePay App မှတဆင့် ရိုးမဘဏ်အကောင့်ဖွင့်သော Customer များအတွက် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့ မှ ဒီဇင်ဘာလ ၈ ရက်နေ့အတွင်း ကံစမ်းမဲအစီအစဉ် ပြုလုပ်လျက်ရှိပြီး ပေးအပ်မည့်ဆုများမှာ ကျပ်ငွေ ၃ သိန်းဆု၊ ၁ သိန်းဆု နှင့် ၅ သောင်းဆု တို့ဖြစ်သည်။ Customer များအနေဖြင့် ဤကံစမ်းမဲအစီအစဉ်တွင် အကျုံးဝင်ရန်နှင့် ကံထူးခွင့်လတ်မှတ် ၁ စောင် ရရှိရန် မိမိ၏ အသစ်ဖွင့်လှစ်ထားသော ရိုးမဘဏ်အကောင့်တွင် အနည်းဆုံးအပ်ငွေ ၃၀,၀၀၀ ကျပ် ထားရှိရမည့်အပြင် Yoma Bank Next Application ကို Download ဆွဲ၍ Activate လုပ်ထားရမည်။