Yoma Bank: Product Highlights

၂၀၂၄ ခုနှစ်၊ မတ်လ (၂၂) ရက်နေ့တွင် Yoma Bank Next Mobile Application မိတ်ဆက်ခြင်း စာနယ်ဇင်း ရှင်းလင်းပွဲအခမ်းအနားကို သတင်းမီဒီယာတွေနဲ့ Melia Hotel (Yangon) မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အခမ်းအနားတွင် ရိုးမဘဏ်၏ Acting Chief Products, Services and Channels Officer ဖြစ်သူ ဦးဉာဏ်မြင့်အောင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး သုံးစွဲသူတွေအတွက် “Bank Smarter, Next Better” ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ ငွေကြေးစီမံခန့်ခွဲမှုတွေကို Yoma Bank Next App မှတစ်ဆင့် လွယ်ကူလျင်မြန်စွာ လုပ်ဆောင်နိုင်မဲ့အကြောင်းအရာ အသေးစိတ်ကိုတော့ Head of Digital Products ဖြစ်သူ ဦးဝေယံမင်းထက်က ရှင်းလင်းပြောကြားခဲ့ပါတယ်။ ဒါ့ကြောင့် Yoma Bank Next Mobile Application စာနယ်ဇင်း ရှင်းလင်းပွဲအခမ်းအနား အမှတ်တရပုံရိပ်လေးတွေကို ဂုဏ်ယူဝမ်းမြောက်စွာဖြင့် မျှဝေပေးလိုက်ပါတယ်။