WFH The Yoma Way Employee Guidelines (Unicode MM Font)

Division Human Resources
Policy number 002
Last Updated 9th April 2020
Approved By Melvyn Pun & Martin Appel

၁။ နိဒါန်း

လတ်တလော ဖြစ်ပွားနေသည့် COVID-19 အခြေအနေကြောင့် ရိုးမရှိ ဝန်ထမ်းအများစုသည် နေအိမ်မှာနေ၍ ရုံးအလုပ်လုပ်နေကြရမည်ဖြစ်ပါသည်။ ယခုစာတမ်းသည် ဝန်ထမ်းများ နေအိမ်မှာနေ၍ ရုံးအလုပ်ကို ထိရောက်စွာလုပ်ကိုင်နိုင်ရန် (WFH The Yoma Way) ၊ လုပ်ငန်းစုမှ ထားရှိသည့် မျှော်မှန်းချက်များနှင့် လိုက်နာကျင့်သုံးရမည့် လမ်းညွှန်ချက်များကို သိရှိစေရန် စုဆောင်းဖော်ပြထားခြင်းဖြစ်ပါသည်။

၂။ ဝန်ထမ်းများ၏ အခန်းကဏ္ဍနှင့် တာဝန်ဝတ္တရားများ

၂.၁ ဝန်ထမ်းများသည် ရုံးချိန်အတွင်း အလုပ်လုပ်ရန် အမြဲအသင့်ဖြစ်နေရပါမည်။
၂.၂ ဝန်ထမ်းများအနေဖြင့် ညွှန်ကြားချက်များကို သေချာစွာ နားမလည်ပါက သေချာပြန်မေးမြန်းရပါမည်။
၂.၃ ဝန်ထမ်းများသည် ဗီဒီယိုကွန်ဖရင့်နှင့် တယ်လီဖုန်း ခေါ်ဆိုမှုများအတွက် အသင့်ရှိနေရမည်ဖြစ်ပြီး အီးမေးလ်များကို အချိန်နှင့်တပြေးညီ ပြန်လည်ဖြေကြားရပါမည်။
၂.၄ ဝန်ထမ်းများသည် နေမကောင်းခြင်း (သို့) ကိုယ်ရေးကိုယ်တာကိစ္စကြောင့် ရုံးအလုပ်မလုပ်နိုင်ပါက မန်နေဂျာကို အကြောင်းကြားပြီး Yoma Connect မှ ခွင့်ရက် လျှောက်ထားရပါမည်။
၂.၅ ဝန်ထမ်းများသည် လျှပ်စစ်ဓါတ်အား ပြတ်တောက်မှုအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ရုံးလုပ်ငန်းသုံး စက်ပစ္စည်းအသုံးအဆောင်များကို ကြိုတင်၍ ဓါတ်အားအပြည့်သွင်းထားရပါမည်။
၂.၆ ဝန်ထမ်းများသည် မိမိနေအိမ်တွင် လုံလောက်ကောင်းမွန်သော အင်တာနက်ချိတ်ဆက်မှု ရရှိနိုင်ရန် သေချာစွာ ပြင်ဆင်ဆောင်ရွက်ထားရပါမည်။

၃။ ဝန်ထမ်းများ ထိရောက်စွာ အလုပ်လုပ်နိုင်ရန် နှင့် အချင်းချင်း ချိတ်ဆက်မှုရှိစေရန် အကြံပေးချက်များ

၃.၁ ရုံးအလုပ်လုပ်ရန် မိမိကိုယ်ကို စနစ်တကျ ပြင်ဆင်ပါ။
• နေအိမ်တွင် အလုပ်လုပ်နေသော်လည်း အလုပ်ခွင်သို့ ရောက်ရှိနေသကဲ့သို့ စိတ်ကို သတ်မှတ်ထားပါ။ နေအိမ်အတွင်း အလုပ်လုပ်ရန် သီးသန့်နေရာ သတ်မှတ်ထားရှိပါ။
• အလုပ်လုပ်နေသည့် စိတ်ခံစားမှုမျိုး ရရှိစေရန် သပ်ရပ်စွာ ဝတ်စားဆင်ယင်ပါ။ ရုံးအဝတ်အစားဖြစ်ရန် မလိုသော်လည်း ဗီဒီယိုကွန်ဖရင့် ခေါ်ဆိုခြင်းများအတွက် သင့်လျော်စွာ ဝတ်ဆင်ပါ။
• နှောက်ယှက်မှုများ မရှိစေရန် မိမိအလုပ်လုပ်ချိန်နှင့် အလုပ်ပြီးဆုံးချိန်များတွင် မိသားစုဝင်များကို အသိပေးအကြောင်းကြားပါ။
• အလုပ်လုပ်နေစဉ် တီဗီနှင့် စိတ်အနှောက်အယှက်ပေးနိုင်သည့် အရာများကို ရှောင်ကြဉ်ပါ။
• ရုံးချိန်ရောက်သည်နှင့် နေအိမ်တွင် ရုံးအလုပ်လုပ်ရန် သတ်မှတ်ထားတဲ့နေရာသို့ သွားရောက်ခြင်းဖြင့် စတင်ပါ။
• ရုံးချိန်ပြီးသည်နှင့် နေအိမ်တွင် ရုံးအလုပ်လုပ်ရန် သတ်မှတ်ထားသည့် နေရာမှ ထွက်ခွာပြီး ကောင်းမွန်စွာ အနားယူပါ။

၃.၂ အချိန်ကို စီမံခန့်ခွဲရန် အကြံပေးချက်များ
• အလုပ်လုပ်ချိန်ကို သေချာစွာ သတ်မှတ်ထားရှိပါ။
• မိမိနေအိမ်တွင် အလုပ်လုပ်နေရသည့်အတွက် အချိန်ကို ကိုယ်တိုင် စီမံခန့်ခွဲနိုင်သည့်အတွက် လုပ်မည့်အလုပ်နှင့် လုပ်မည့်အချိန်ကို ကိုယ်တိုင်စီစဉ်ထားရှိပါ။
• အလုပ်အတွက် တာဝန်ယူသိတတ်သူဖြစ်ရမည်။
• အလုပ်ရပ်နားရမည့်အချိန်တွင် ရပ်နားပြီး ကောင်းမွန်စွာ အနားယူရန် သတိရှိပါ။
• အလုပ်ပြီးမြောက်ချိန်တွင် နေအိမ်တွင် ပုံမှန်နေထိုင်သည့် ဘဝမျိုး ပြန်လည်ရရှိစေရန် သီးခြားအချိန်နှင့် နေရာသတ်မှတ်ထားပြီး ရုံးအလုပ်ကိုလုပ်ပါ။
• နေ့တိုင်း လုပ်စရာအလုပ် ၃ ခု မှ ၅ ခုအထိ ရွေးချယ်၍ လုပ်ကိုင်ဆောင်ရွက်ပါ။
• နေ့လည်စာချိန်မတိုင်မီ အဓိက လုပ်ငန်းဆောင်တာများကို ပြီးစီးအောင် လုပ်ဆောင်ပါ။
• ရုံးအလုပ်လုပ်နေချိန်တွင် မကြာခဏ အနားယူပါ။
• ၄၅ မိနစ်မှ ၆၀ မိနစ်အထိ အာရုံစိုက် အလုပ်လုပ်ပြီးချိန်တွင် ခေတ္တခဏ အနားယူပါ။
• စိတ်လန်းဆန်းစေရန် နေ့လည်စာ စားသည့်အခါ အလုပ်လုပ်သည့် စားပွဲမှ ထွက်၍ အခြားနေရာတွင် စားပြီးမှ အလုပ်ဆက်လုပ်ပါ။

၃.၃။ ကျန်းမာရေးအတွက် အကြံပေးချက်များ
• အများနှင့် ပေါင်းသင်းဆက်ဆံပါ – မိမိ၏ လုပ်ဖော်ကိုင်ဖက်များနှင့် ပြောဆိုဆက်ဆံနေခြင်းသည် အရေးကြီးပါသည်။
• အသင်းလိုက် ဖုန်းခေါ်ဆိုပြီး သတင်းအချက်အလက် ဖလှယ်ခြင်းများကို ပုံမှန်ပြုလုပ်ပါ။
• မိမိတွင် လုပ်စရာအရမ်းများနေပါက လုပ်ဖော်ကိုင်ဖက်ထံ အကူအညီတောင်းပါ။
• မိမိအားလပ်ပြီး လုပ်စရာမရှိပါက လုပ်ဖော်ကိုင်ဖက်များအား ကူညီပါ။
• ရုံးချိန်အလုပ်လုပ်နေချိန်တွင် သတင်းကြည့်ရှုခြင်းများကို ရှောင်ကြဉ်ပါ။ လက်ရှိ ကမ္ဘာအနှံ့တွင် ဖြစ်ပေါ်နေသော သတင်းကိစ္စရပ်များကြောင့် စိတ်အာရုံထွေပြားနိုင်ပါသည်။ ထို့ကြောင့် အလုပ်ချိန်အတွင်း အာရုံစိုက် လုပ်ဆောင်ပါ။
• ရုံးအလုပ်နားချိန်တွင် ကွန်ပြူတာ၊ ဖုန်းသုံးခြင်းများကို ရပ်တန့်ပြီး မိသားစုအပေါ် အာရုံစိုက် အချိန်ပေးပါ။
• ခန္ဓာကိုယ် ရေဓာတ်ပြည့်ဝနေရန် တနေ့လုံး ရေကို လုံလောက်စွာ သောက်သုံးပါ။
• ကျန်းမာကြံ့ခိုင်နေရန်အတွက် နေ့စဉ် လေ့ကျင့်ခန်းပြုလုပ်ပါ။
• ကိုယ်နှစ်သက်သော်လည်း ပုံမှန်အချိန်ပေး မလုပ်ဖြစ်သည့် အရာများကို လုပ်ဆောင်ပါ။ ဥပမာ စာဖတ်ခြင်း၊ တရားထိုင်ခြင်း၊ ဂိမ်းကစားခြင်း၊ ချက်ပြုတ်ခြင်း၊ မိသားစု သူငယ်ချင်းများနှင့် ဗီဒီယိုခေါ်ဆိုခြင်းတို့ကို ပြုလုပ်ပါ။ အချင်းချင်း နီးကပ်စွာ မနေရခြင်းသည် အချင်းချင်း ပြောဆိုဆက်ဆံခြင်း မပြုလုပ်ရဟု မဆိုလိုပါ။
• အကယ်၍ မိမိ၏ လုပ်ဖော်ကိုင်ဖက် တစ်ယောက်ယောက်သည် နေအိမ်မှာနေ၍ ရုံးအလုပ်လုပ်ရန် အခက်အခဲများ ရှိနေပါက မန်နေဂျာထံ အကြောင်းကြားပါ။ မန်နေဂျာမှ လိုအပ်သည်များကို ဆက်လက်လုပ်ဆောင်ပါလိမ့်မည်။
• Group HR မှ “WFH Wellness Center” ကို ဖွဲ့စည်းထားပါသည်။

  • သင် (သို့) သင့်လုပ်ဖော်ကိုင်ဖက် တစ်ယောက်ယောက်မှ နေအိမ်မှာနေ၍ ရုံးအလုပ်လုပ်ရာတွင် အခက်အခဲများ ရှိနေပါက askhr@yoma.com.mm သို့ အီးမေးလ်ပေးပို့နိုင်ပါသည်။
  • သင်ပို့ပေးသည့် အချက်အလက် အကြောင်းအရာများကို လျှို့ဝှက်ထားမည်ဖြစ်ပြီး HR ဌာနမှ ဆက်သွယ်လာပါလိမ့်မည်။
  • WFH Wellness Center သည် ဝန်ထမ်းများ၏ ကျန်းမာကြံ့ခိုင်မှုအတွက် အကြံပေးမှုများကို ပုံမှန် လုပ်ဆောင်ပေးသွားပါမည်။
  • စိတ်ပိုင်းဆိုင်ရာ စိန်ခေါ်မှုများကို ရင်ဆိုင်ခံစားနေရသည့် ဝန်ထမ်းများအတွက် တိုင်ပင်ဆွေးနွေးနိုင်သည့် ဝန်ဆောင်မှုကို WFH Wellness Center မှ စီစဉ်သွားပါမည်။

၄။ ဗီဒီယိုကွန့်ဖရင့် ပြုလုပ်စဉ် လိုက်နာသင့်သည့် ကျင့်ဝတ်များ

• ဆူညံမှုမရှိသည့်နေရာမှ ခေါ်ဆိုပါ – တိတ်ဆိတ်ငြိမ်သက်သည့် နေရာကို ရွေးချယ်ပြီး အနှောက်အယှက်မရှိစေရန် မိမိနေအိမ်သားများကို အကြောင်းကြားပါ။
• မိမိ၏ မိုက်ခရိုဖုန်းကို ပိတ်ထားပါ။
• အချိန်တိကျမှုရှိပါ။
• ဗီဒီယိုကွန့်ဖရင့်ခေါ်ဆိုမှုအတွက် သပ်ရပ်စွာ ဝတ်စားဆင်ယင်ပါ။
• အစည်းအဝေးခန်းမတွင် ရောက်ရှိနေသကဲ့သို့ ပြုမူနေထိုင်ပါ။
• လိုအပ်သည့် စာရွက်စာတမ်းများကို ကြိုတင်ပြင်ဆင်ထားရှိပါ။
• ဗီဒီယိုကွန့်ဖရင့် ပြုလုပ်နေစဉ်အတွင်း ကိုယ်စကားပြောလိုသည့်သူကို နာမည်တပ်ခေါ်ပါ။
• သူများစကားပြောနေစဉ် ကြားဖြတ်၍ ပြောဆိုခြင်းမပြုရပါ။
• အကြောင်းကိစ္စတစ်ခုပြောဆိုပြီးတိုင်း အခြားသူများ ထင်မြင်ချက်ပေးနိုင်စေရန် ခဏရပ်နားပါ။
• ဗီဒီယိုကွန့်ဖရင့်ပြုလုပ်နေစဉ် ဖုန်းသုံးခြင်းများကို ရှောင်ကြဉ်ပါ။
• သူများစကားပြောနေချိန်တွင် အာရုံစိုက် နားထောင်ပါ။
• မိမိ စားပွဲခုံပေါ်ရှိ ပစ္စည်းများသည် မိမိနှင့် အခြားသူများအား အနှောက်အယှက်ဖြစ်စေနိုင်သဖြင့် စားပွဲခုံကို ရှင်းလင်းထားပါ။
• တယ်လီကွန့်ဖရင့်ပြုလုပ်နေချိန်တွင် လိုအပ်သည့် အီးမေးလ်များကိုသာ ပြန်ကြားပါ။ ထိုသို့ပြုလုပ်ခြင်းဖြင့် အလုပ်များ လျင်မြန်စွာ ပြီးမြောက်ပြီး အခြားသူများနှင့်လည်း ချိတ်ဆက်မှုရှိစေပါသည်။
• သတ်မှတ်ထားသည့် အလုပ်ကိစ္စများ အကြောင်းကိုသာ ပြောဆိုဆွေးနွေးပါ။ အချိန်မှန်ကန်မှုရှိပြီး အစည်းအဝေးတက်ရောက်သူတိုင်း၏ ထင်မြင်ချက်၊ အကြံပေးချက်နှင့် သိရှိလိုသည်များကို အခါအားလျော်စွာ မေးမြန်းပါ။ ခေါ်ဆိုမှုပြုလုပ်နေစဉ်နှင့် ပြုလုပ်ပြီးချိန်တွင် အစည်းအဝေးတက်ရောက်သူတိုင်း အဆင်ပြေ သက်တောင့်သက်သာရှိအောင် ပြုလုပ်ပါ။