WFH The Yoma Way – Managers Guideline (Unicode MM Font)

Division Human Resources
Policy number 002
Last Updated 17th March 2020
Approved By Melvyn Pun & Martin Appel

၁။ နိဒါန်း
ယခုစာတမ်းသည် နေအိမ်မှာနေ၍ ရုံးအလုပ်လုပ်နေသည့် ဝန်ထမ်းများကို မန်နေဂျာများမှ ထိရောက်စွာစီမံခန့်ခွဲနိုင်စေရန် WFH The Yoma Way ၏ လမ်းညွှန်အကြံပြုချက်များကို စုဆောင်းဖော်ပြထားခြင်းဖြစ်ပါသည်။

၂။ နေအိမ်မှာနေ၍ ရုံးအလုပ်လုပ်နေသည့် ဝန်ထမ်းများအား စီမံခန့်ခွဲခြင်း
၂.၁ မျှော်မှန်းချက်များကို ရှင်းလင်းစွာ အသိပေးထားရန်
အဝေးမှနေ၍ အလုပ်လုပ်ခြင်းဖြင့် ဝန်ထမ်းများသည် တစ်နေ့တာ အလုပ်လုပ်ပုံကို ကိုယ်တိုင် စီမံထိန်းချုပ်နိုင်ပါသည်။ သို့ဖြစ်၍ နေအိမ်မှာနေ၍ ရုံးအလုပ်လုပ်နေသည့် အဖွဲ့သားများအပေါ် ထားရှိသည့် မျှော်မှန်းချက်များကို မန်နေဂျာမှ ရှင်းလင်းအောင် ဖော်ပြအသိပေးထားရပါမည်။
မန်နေဂျာကောင်းများသည် ဝန်ထမ်းအပေါ်ထားရှိသည့် မျှော်မှန်းချက်များကို အမြဲရှင်းလင်းစွာ အသိပေးထားပါသည်။
မိမိ၏ ဝန်ထမ်းများအား လုပ်ဆောင်ရမည့်အရာများကို ကောင်းမွန်စွာ သိရှိနေစေရန် မန်နေဂျာများမှ အောက်ဖော်ပြပါ အချက်များကို ဖြေကြားပေးရန် လိုအပ်ပါသည်။
• အရေးကြီးသည့် လုပ်ငန်းဆောင်တာများ ပြီးမြောက်စေရန် လာမည့်အပတ်တွင် ဦးစားပေး လုပ်ကိုင်စေခြင်း။
• ရှေ့ဆက်လုပ်ရမည့် လုပ်ငန်းများ၏ ရည်ရွယ်ချက်များ။
• အရေးကြီးကိစ္စရပ်များ ပေါ်ပေါက်လာလျှင် ဆက်သွယ်ရမည့်သူ။
• တစ်ပတ်လျှင် အလုပ်လုပ်ရမည့် နာရီပေါင်း။
• တစ်ရက်အတွင်း၊ တစ်ပတ်အတွင်း ပြီးစီးရမည့် လုပ်ငန်းတာဝန်။
• ရုံးအလုပ်လုပ်ရန် မည်သို့ အသင့်ပြင်ထားရန် လိုအပ်ကြောင်းနှင့် ဆက်သွယ်ခေါ်ဆိုမည့် ပုံစံများ။
မိမိအဖွဲ့တစ်ခုလုံး ရည်ရွယ်ချက်တူညီစွာ လုပ်ကိုင်နိုင်စေရန်နှင့် ဝန်ထမ်းများအပေါ်ထားရှိသည့် မျှော်မှန်းချက်များကို ရှင်းလင်းစွာ သိရှိနေစေရန် ဆွေးနွေးပြောကြားထားသည့် အကြောင်းအရာနှင့် ပက်သက်သည့် မေးခွန်းများကို မေးမြန်းဖြေကြားခြင်းသည် အကောင်းဆုံးဖြစ်ပါသည်။

၂.၂ တိုးတက်မှုအဆင့်ဆင့်ကို အကဲဖြတ်ခြင်း

မန်နေဂျာများနှင့် ဝန်ထမ်းများ မိမိတို့၏ လုပ်ငန်းတိုးတက်မှုကို အကဲဖြတ်ရန် CCC မှ တိုးတက်မှုအဆင့်ဆင့်ကို မှတ်တမ်းတင်စောင့်ကြည့်နိုင်သည့် လမ်းညွှန်စနစ်တစ်ခုကို ပြုလုပ်ထားပါသည်။ အဆိုပါစနစ်တွင် ဝန်ထမ်းများ၏ အလုပ်လုပ်ရက်များကိုလည်း မှတ်တမ်းထားနိုင်မည့်အပြင် မန်နေဂျာများသည်လည်း မိမိတို့ဌာန၏ လိုအပ်ချက်ပေါ်မူတည်၍ လမ်းညွှန်စနစ်အား ပြင်ဆင်ညှိုနှိုင်းမှုများ ပြုလုပ်နိုင်ပါသည်။ သို့ရာတွင် ရည်မှန်းချက်များနှင့် KPI တို့ကို အကဲဖြတ်စောင့်ကြည့်ရန် မန်နေဂျာတိုင်းတွင် မှတ်တမ်းတင်စောင့်ကြည့်နိုင်သည့် လမ်းညွှန်စနစ်တစ်ခုရှိသင့်ပါသည်။

စွမ်းဆောင်ရည်ကို မှတ်တမ်းတင်စောင့်ကြည့်နိုင်သည့် WFH The Yoma Way ၏ လမ်းညွှန်စနစ်ကို အောက်တွင် ကြည့်ရှုနိုင်ပါသည်။
//52.220.87.101/knowledge-base/wfh-performance-tracker/

၂.၃ အသင်းလိုက် ဗီဒီယိုကွန့်ဖရင့်ဖြင့် တွေ့ဆုံခြင်းများကို ပုံမှန်ပြုလုပ်ခြင်း

Teams (သို့) Zoom ဖြင့် အဖွဲ့လိုက် ဗီဒီယိုကွန့်ဖရင့် အစည်းအဝေးများကို ပုံမှန်ပြုလုပ်ရပါမည်။ အစည်းအဝေးအတွင်း ဆွေးနွေးပြောကြားရမည့် အကြောင်းအရာများအတွက် အစီအစဉ်ရေးဆွဲပြီး အစည်းအဝေးတက်ရောက်သူတိုင်းကို စကားပြော ဆွေးနွေးခွင့် ပေးရပါမည်။ အစည်းအဝေးတက်ရောက်သူတိုင်းနှင့် သက်ဆိုင်သည့် အကြောင်းအရာများကိုသာ ပြောကြားခြင်းဖြင့် လုပ်ငန်းတိုးတက်မှုအခြေအနေကို အကဲဖြတ်စောင့်ကြည့်ရပါမည်။
မန်နေဂျာတိုင်းသည် မိမိတို့ ဌာနအဖွဲ့၏ အခြေအနေကို သိရှိနိုင်စေရန် အနည်းဆုံး တစ်ပတ်တခါ ဗီဒီယိုကွန့်ဖရင့်ဖြင့် အစည်းအဝေးပြုလုပ်သင့်ပါသည်။

“Teams” ဖြင့် ဗီဒီယိုကွန့်ဖရင့် ပြုလုပ်ခြင်းအတွက် လမ်းညွှန်ချက်များကို အောက်ပါစာတမ်းတွင် ကြည့်ရှုနိုင်ပါသည်။
Click here for quick reference guide for setting up a ‘Microsoft Teams’ Video Conferencing

ဗီဒီယိုကွန့်ဖရင့်ပြုလုပ်ခြင်းအတွက် အကြံပေးချက်များ
• ဗီဒီယိုကွန့်ဖရင့်ပြုလုပ်ရန် ဖိတ်ကြားစာပေးပို့ပါ။
• တက်ရောက်သူများ အလွယ်တကူရှာတွေ့နိုင်ရန် ဗီဒီယိုကွန့်ဖရင့်လင့်ခ်ကို ဖိတ်ကြားစာတွင် ထည့်သွင်းပေးပို့ပါ။
• ဆွေးနွေးပြောကြားမည့် အကြောင်းအရာများကို ကြိုတင်အစီအစဉ်ချထားပြီး အစည်းအဝေးစတင်သည့်အခါတွင် တက်ရောက်သူများ သိရှိအောင် အကြောင်းကြားထားပါ။
• ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားပါ။
• အစည်းအဝေး တက်ရောက်ရန် လိုအပ်သည့်သူများကို ကြိုတင်အကြောင်းကြားထားပါ။
• အစည်းအဝေးအတွင်း ဆွေးနွေးပြောဆိုသည့်အခါ ဝန်ထမ်းများကို နာမည်တပ်ခေါ်ဆိုပါ။
• စကားနည်းသော ဝန်ထမ်းများကို ဝင်ရောက်ဆွေးနွေးနိုင်ရန် အခွင့်အရေးပေးပါ။
• အကြောင်းကိစ္စတစ်ခုပြောဆိုပြီးတိုင်း အခြားသူများ ထင်မြင်ချက်ပေးနိုင်ရန် ခဏရပ်နားပါ။
• ဗီဒီယိုကွန့်ဖရင့်ပြုလုပ်နေစဉ် ဖုန်းသုံးခြင်းနှင့် အီးမေးလ်ပြန်ခြင်းများကို ရှောင်ကြဉ်ပါ။
• ဗီဒီယိုကွန့်ဖရင့်ပြုလုပ်နေစဉ်အတွင်း လိုက်နာကျင့်သုံးရမည့် လမ်းညွှန်ချက်များကို ဝန်ထမ်းများသိရှိအောင် အသိပေးအကြောင်းကြားပါ။

၂.၄ မိမိ၏ ဝန်ထမ်းများနှင့် ချိတ်ဆက်ပြောဆိုခြင်းကို ပုံမှန်ပြုလုပ်ရန်
• ဝန်ထမ်းများနှင့် အမြဲအဆက်အသွယ်ရှိနေစေရန် အီးမေးလ်ပို့မည့်အစား ဖုန်းခေါ်ဆိုပါ။
• ဆက်သွယ်ပြောဆိုရန် ဆက်သွယ်ရေး channel များကို အမြဲဖွင့်ထားပါ။
• အလုပ်ကိစ္စအကြောင်း ပြောဆိုဆွေးနွေးပြီးတိုင်း လုပ်ဆောင်ရမည့်အရာများကို အီးမေးလ်ဖြင့် အကြောင်းထပ်ကြားပါ။

၂.၅ သတင်းအချက်အလက်များကို အမြဲသိနေရန်
မန်နေဂျာတစ်ယောက်အနေဖြင့် စီမံခန့်ခွဲမှုမှ ထုတ်ပြန်သည့် သတင်းအချက်အလက်များကို အချိန်နှင့်တပြေးညီ သိရှိနေမှသာ မိမိ၏ ဝန်ထမ်းများကို ပြန်လည်မျှဝေနိုင်မည်ဖြစ်ပါသည်။ နောက်ဆုံးထုတ်ပြန်ထားသည့် မူဝါဒများ၊ လမ်းညွှန်ချက်များနှင့် ကော်ပိုရိတ်အဆင့်တွင် ပြုလုပ်နေသည့် လှုပ်ရှားမှုများကို မိမိ၏ ဝန်ထမ်းများကို အသိပေးမျှဝေပေးနိုင်ရန် မိမိကိုယ်တိုင်မှ အမြဲသိရှိနေရမည်ဖြစ်ပါသည်။
ကုမ္ဗဏီ လုပ်ငန်းစု၏ ပြန်ကြားထုတ်ပြန်ချက်များနှင့် COVID-19 နှင့် ပက်သက်သည့် မူဝါဒ၊ လမ်းညွှန်ချက်များကို ဝန်ထမ်းများအား အချိန်နှင့်တပြေးညီ သိရှိစေရန် Yoma Connect ဝဘ်ဆိုဒ်တွင် အဓိကထားပြီး ထုတ်ပြန်ကြေညာသွားမည်ဖြစ်ပါသည်။ ဝန်ထမ်းများအတွက် ထားရှိထားသည့် Yoma Connect ကို Yoma Connect အက်ပလီကေးရှင်း (သို့) Yoma Connect ဝဘ်ဆိုဒ်ဖြစ်သည့် //52.220.87.101/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

၂.၆ မိမိဝန်ထမ်းများအပေါ် ယုံကြည်မှုရှိပြီး နားလည်မှုပေးရန်
• နေအိမ်မှာနေ၍ ရုံးအလုပ်လုပ်ရသည့်အတွက် ဝန်ထမ်းတစ်ဦးချင်းစီမှ ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများကို နားလည်စာနာပေးရန်။
• မိမိဝန်ထမ်းများ လွတ်လပ်စွာ ရုံးအလုပ်လုပ်ခြင်းအပေါ် ယုံကြည်မှုရှိရန်။
• လုပ်ငန်းတိုးတက်မှုကို လမ်းညွှန်စနစ် အသုံးပြု၍ အကဲဖြတ်စီစစ်ရန်။
• ဝန်ထမ်းများအနေဖြင့် မိမိတို့ ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများကို ပွင့်လင်းလွတ်လပ်စွာ ပြောကြားနိုင်အောင် ပြုလုပ်ပေးခြင်း။
• ဝန်ထမ်းများသည် သင်မျှော်မှန်းထားသလောက် မစွမ်းဆောင်နိုင်ပါက ပွင့်လင်းစွာ အကြံပြု ထင်မြင်ချက်များပေးရန်။

၂.၇ ထင်မြင်ချက်များ တောင်းခံရန်
မိမိ၏ စီမံခန့်ခွဲမှုအပေါ် ထားရှိသည့် ဝန်ထမ်းများ၏ ထင်မြင်ချက်ကို မေးမြန်းရန်လိုအပ်ပါသည်။ ဝန်ထမ်းများအနေဖြင့် အချင်းချင်း ဆက်သွယ်ခေါ်ဆိုခြင်းများ၊ အစည်းအဝေးများ နှင့် လမ်းညွှန်ချက်များကို ပိုမိုအလိုရှိကောင်း ရှိနိုင်ပါသည်။ ထို့ကြောင့် ဝန်ထမ်းများ၏ ထင်မြင်ချက်၊ အကြံပေးချက်များကို အခြေခံ၍ မိမိ၏ စီမံခန့်ခွဲမှုပုံစံကို ပြုပြင်ပြောင်းလဲနိုင်ပါသည်။

၃။ ဝန်ထမ်းများ၏ ကျန်းမာရေးကို စောင့်ကြည့်ခြင်း
လတ်တလော အခြေအနေကြောင့် မန်နေဂျာများသည် တစ်မူထူးခြားသည့် ပုံစံစနစ်ဖြင့် လုပ်ငန်းဆောင်တာများကို လုပ်ဆောင်ရမည်ဖြစ်ပါသည်။ မန်နေဂျာများအနေဖြင့် မိမိတို့ ဝန်ထမ်းများ၏ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအပေါ် ဂရုစိုက်စောင့်ကြည့်ရန် တာဝန်ရှိပါသည်။ မန်နေဂျာများမှ ဝန်ထမ်းများအပေါ် စောင့်ကြည့်နိုင်ရန်နှင့် ဝန်ထမ်းများအတွက် ရည်ရွယ်၍ WFH Wellness Center ကို Group HR မှ စီစဉ်ထားရှိပါသည်။
အချို့ဝန်ထမ်းများသည် လက်ရှိအခြေအနေကြောင့် စိတ်ဖိစီးမှုများကာ စိုးရိမ်ပူပန်မှုများရှိနေနိုင်ပါသည်။ သို့ဖြစ်၍ မိမိဝန်ထမ်းတစ်ယောက်ယောက်မှ စိတ်ပိုင်းဆိုင်ရာ စိန်ခေါ်မှုများကို ရင်ဆိုင်နေရသည်ဟု သင်ထင်ပါက askhr@yoma.com.mm ထံ အီးမေးလ်ပေးပို့ အကြောင်းကြားနိုင်ပါသည်။ HR အဖွဲ့ရှိ အကြီးတန်း ဝန်ထမ်းမှ အဆိုပါဝန်ထမ်းထံ ဆက်သွယ်လာပါလိမ့်မည်။ အဆိုပါဝန်ထမ်းအား ပြင်ပရှိ တိုင်ပင်ဆွေးနွေးနိုင်သည့် ဝန်ဆောင်မှုများထံ လွှဲပြောင်းပေးခြင်း (သို့) အခြားအစီအစဉ် တစ်ခုခုဖြင့် အဆင်ပြေအောင် စီစဉ်ပေးခြင်းများကို လုပ်ဆောင်ပေးခြင်းဖြင့် နေအိမ်မှာနေ၍ ရုံးအလုပ်ကို ကောင်းမွန်စွာ လုပ်ကိုင်နိုင်အောင် ပံ့ပိုးပေးသွားမည်ဖြစ်ပါသည်။