YomA Techhub


သုံးလပတ်ကြေငြာချက်များ

ဧပြီလ ၂၀၂၃

စာစဥ် ၀၂


Microsoft 365 Copilot ကို မိတ်ဆက်ခြင်း

Copilot  သည် Microsoft Graph နှင့် Microsoft 365app တို့တွင် LLM (LargeLanguageModels) စွမ်းအားကို ပေါင်းစပ်ထားပါသည်။

AR မျက်မှန်များ၏ အနာဂါတ်

AR နှင့် VR စျေးကွက်များတွင် Meta ၏ AR မျက်မှန်များ ဖြန့်ချိခြင်းသည် ၎င်း၏ တည်ရှိမှုကို ချဲ့ထွင်ရန်အတွက် ကုမ္မဏီမှ တစ်စိတ်တစ်ပိုင်း တွန်းအားပေးမှု ဖြစ်သည်။

Dynamic Lock

Window 10 တွင် သင့်ကွန်ပျူတာကို လော့ခ်ချရန် နောက်ထပ်နည်းလမ်းတစ်ခု ထပ် ရှိပါသည်။ Dynamic Lock Feature သည် သင့် PC ကွန်ပျူတာကို ဘလူးတုခ်မှ တစ်ဆင့် ဖုန်းဖြင့် …

Coins တွေ စုပြီးသုံး Pocket နဲ့ဆို အပျော်ဆုံး

Pocket သည် အားလုံးအတွက် လူနေမှုဘ၀ပုံစံများကို ပိုမိုလွယ်ကူ ကောင်းမွန်အောင် ရည်ရွယ်ထားသည့် Lifestyle Platform တစ်ခုဖြစ်ပါသည်။ Pocket နှင့်ချိတ်ဆက်ထားသောဆိုင်များတွင် ဈေးဝယ်၍ ငွေရှင်းပြီးသည့်အခါတိုင်း Pocket App ထဲရှိ My QR ကိုပြသ၍ ၁၀၀ ကျပ်မှ စတင်ကာ Coins များကိုစုဆောင်းနိုင်သည်။

Yoma Connect PassKey Feature

Yoma Connect အနေဖြင့် mobile အက်ပလီကေးရှင်းအတွက် ထပ်မံထည့်သွင်းထားသော လုံခြုံရေး Passcode feature အသစ်အား မိတ်ဆက်ခွင့်ရသည့်အတွက် ဂုဏ်ယူမိပါသည်။ ၎င်းသည် သင့်အကောင့်နှင့် ဒေတာအချက်အလက်များအပေါ် လုံခြုံမှုပိုမိုတိုးလာစေမည်ဖြစ်သည်။ mobile app တွင် ထို Passcode Feature ကို လုပ်ဆောင်ရန် အောက်ပါအဆင့်များအတိုင်း လုပ်ဆောင်နိုင်ပါသည်။

HEAL by Pun Hlaing မှ HEAL App အသစ်အား စတင် မိတ်ဆက်ခြင်း

HEAL App သည် Yoma-OUE ကျန်းမာရေးစောင့်ရှောက်မှု ဝန်ဆောင်မှုပေးသော အဖွဲ့အစည်း၏ App ဖြစ်ပါသည်။ ဤ App မှတဆင့် လူတစ်ဦးတစ်ယောက်ချင်းစီသာမက မိတ်ဖက် အဖွဲ့အစည်းများရှိ ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှု ဝန်ဆောင်မှုပေးသွားပါမည်။ နည်းပညာကိုအသုံးပြု၍ မြန်မာနိုင်ငံရှိ လူနေမှုဘဝမျိုးစုံမှ တစ်ဦးတစ်ယောက်ချင်းအတွက် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ နှင့် လူမှုဆိုင်ရာ အစသဖြင့် အလုံးစုံသော ကျန်းမာရေးစောင့်ရှောက်မှုပေးရန် ရည်ရွယ်ထားပါသည်။

Yoma Car Share, မြန်မာနိုင်ငံ၏ ပထမဆုံး IoT project တွေထဲက တစ်ခု

Yoma Car Share ဆိုတာ သင်ငှားလိုသည့်ကားများကို ကိုယ်တိုင်မောင်းစနစ်ဖြင့် သော့မလို၊ ငွေသားချက်ချင်းပေးချေရန်မလိုပဲ အလိုအလျောက်စနစ်ဖြင့် နာရီပိုင်းမှ လပိုင်းအထိ ငှားရမ်းနိုင်သည့် ကားအငှားဝန်ဆောင်မှုဖြစ်ပါသည်။ Yoma Car Share သည် အသုံးပြုသူများအတွက် ကားငှားရမ်းသည့်အချိန်မှစ၍ ငွေပေးချေသည်အထိ လွယ်ကူမြန်ဆန်စွာ အသုံးပြုနိုင်စေရန် အမြဲတစေ ကြိုးစားလျှက် ရှိပါတယ်။

မြန်မာနိုင်ငံတွင် ပိုလွယ်၊ ပိုမြန်၊ ပိုကောင်းသော ငှားရမ်းမှုအစီအစဉ် PLUS+ 

PLUS+ သည် ဝန်ထမ်းများအတွက် Phone နှင့် Tablet များ၊​အီလက်ထရွန်းနစ်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ အိမ်သုံးပစ္စည်းများ၊ ဟိုတယ်နှင့် ခရီးသွားပက်ကေ့ဂျ်များနှင့် အခြားဝန်ဆောင်မှုများကို လစဉ်ပေးစနစ်ဖြင့် ငှားရမ်းဝယ်ယူနိုင်သော အစီအစဉ်ပဲ​ဖြစ်ပါသည်။​ ဒါ့အပြင် အလှကုန်၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပညာရေးဝန်ဆောင်မှုများလည်း မကြာမီရရှိနိုင်တော့မှာဖြစ်ပါတယ်။

ရိုးမဘဏ် “YomaBank – Next” App

Yoma Bank Next သည် ရိုးမဘဏ်၏ လုံခြုံပြီးစိတ်ချရသော မိုဘိုင်းလ်ဘဏ်လုပ်ငန်းသုံး အက်ပလီကေးရှင်း တစ်ခုဖြစ်ပြီး အသုံးပြုသူများအား ပိုမိုမြန်ဆန်လွယ်ကူစေရန် ဖန်တီးထားသော မိုဘိုင်းအက်ပလီကေးရှင်းအသစ်တစ်ခုဖြစ်သည်။၎င်းသည် အသုံးပြုများအား ၎င်းတို့၏စမတ်ဖုန်းများတွင် ဘဏ်လုပ်ငန်းတာဝန်များကို စတင်ရန်နှင့် (သို့မဟုတ်)လုပ်ဆောင်နိုင်စေသည့် အထောက်အကူပစ္စည်းတစ်ခုဖြစ်သည်။ သုံးစွဲသူများသည် ၎င်းတို့၏ ဘဏ်စာရင်းလက်ကျန်ငွေကို ကြည့်ရှုရန်၊ လက်ငင်းငွေလွှဲပြောင်းခြင်းနှင့် ဘေလ်ပေးချေခြင်း စသည်တို့ကို လွယ်ကူလျင်မြန်စွာပြုလုပ်နိုင်သည်။

ပဟေဠိမေးခွန်းများ

Yoma TechHub Quiz Section ၏ မေးခွန်းများကို ရိုးမမိသားစုအားလုံး ပါဝင်ဖြေဆိုနိုင်ပြီး မေးခွန်းအားလုံး မှန်ကန်အောင် ဖြေဆိုနိုင်ပါက ၅၀၀၀ Pocket ကွိုင် များကိုရရှိမည်ဖြစ်ပါသည်။ အဖြေကို ၂၀၂၃ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့ နောက်ဆုံးထား၍ ပေးပို့နိုင်ပါသည်။ မေးခွန်းတိုင်းအတွက် အဖြေမှန်ပေးနိုင်သူများအနက်မှ ၃ ဦးကို ကျပန်းရွေးချယ်သွားမည်ဖြစ်သည်။ Group Communications မှ ဆုရရှိသူများထံသို့ ဆက်သွယ် အကြောင်းကြားပေးမှာဖြစ်ပါသည်။