Yoma Techhub


Quarterly Highlights

December 2023

Issue 04


Highlighting 2023 | Group Technology

Group Technology ရဲ့  Product Team ကနေ ၂၀၂၃ ခုနှစ်အတွင်း Yoma Group ရဲ့ entity များကို ပြုလုပ်ပေးခဲ့တဲ့ Website များနဲ့အားလုံးကို မိတ်ဆက်ပေးလိုက်ပါတယ်။

What is Ransomware and how does it work?

Ransomware သည် တောင်းဆိုသည့် ငွေကြေး မပေးမချင်း အ‌‌ရေးကြီးဒေတာ၊ စနစ်များထံ ဝင်ရောက်ခွင့်ကို ဖျက်ဆီး သို့မဟုတ် ပိတ်ဆို့သည့် အန္တရာယ် …

Popular Chats with Comparison

Viber၊ WhatsApp၊ Telegram နှင့် Microsoft Teams အချို့ကို နှိုင်းယှဉ်ကြည့်ရတဲ့အခါမှာ အက်ပ်တစ်ခုချင်းစီတွင် ထူးခြားသော အင်္ဂါရပ်များနှင့် လုပ်ဆောင်နိုင်စွမ်း …

၂၀၂၃ ခုနှစ်အတွက် ပြန်အနှစ်ချုပ်ရမယ်ဆိုရင် ကျွန်တော်တို့ Group IT အနေနဲ့ ရိုးမလုပ်ငန်းစုရဲ့ မျှော်မှန်းချက်၊ လုပ်ငန်းစဉ်တွေနဲ့ သဟဇာတဖြစ်ပြီး လုပ်ငန်းစုမှာရှိတဲ့ လုပ်ငန်းဌာနတိုင်း ဝန်ထမ်းတိုင်း အလွယ်တကူ လက်လှမ်းမီ အသုံးပြုနိုင်တဲ့ ဒီဂျစ်တယ် ထုတ်ကုန် ပလက်ဖောင်းတွေကို ဖော်ထုတ်ပေးနိုင်ဖို့ အဓိက ဆောင်ရွက်ခဲ့ကြပါတယ်။ လာမဲ့နှစ်မှာလည်း စီမံကိန်းအသစ်တွေ ထုတ်ကုန်အသစ်တွေနဲ့ မိတ်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
Phyo Thet Khine @ Chase
Head of IT, Group Technology

Onenex: Creating what’s next

Onenex သည် ဆော့ဖ်ဝဲများ နှင့် ဒစ်ဂျစ်တယ် ထုတ်ကုန်များကို လှပသေသပ်စွာဖြင့် အစမှအဆုံး ဖန်တီး ရေးဆွဲပေးသည့် နည်းပညာကုမ္ပဏီဖြစ်ပါသည်။ ကျွန်တော်တို့ ကုမ္ပဏီသည်လိုအပ်ချက်နှင့် ဖန်တီးမှု ကိုက်ညီအောင် စူးစမ်းရှာဖွေပေးခြင်း၊ လိုက်ဖက်တဲ့ အမည် နှင့် အမှတ်တံဆိပ် များ ရွေးချယ် ဖန်တီးပေးခြင်း၊ အသုံးပြုသူ လက်ထဲရောက်သည်အထိ တာဝန်ယူ ဆောင်ရွက်ပေးခြင်း နှင့် နောက်ပိုင်း နည်းပညာ ပံ့ပိုးကူညီမှုများကိုပါ ဆောင်ရွက်ပေးပါသည်။

Yoma Connect Updated Feature

အသစ်ထွက်ရှိလာတဲ့ feature များကတော့ တူညီသော ဌာနလက်အောက်ရှိ ဝန်ထမ်းများအနေဖြင့် အလိုအလျောက် follow ဖြစ်နေမှာဖြစ်ပြီး အခြားဌာနများမှ မိတ်ဆွေများကို follow လုပ်လိုပါက ထိုသူ၏ profile သို့ ကိုယ်တိုင်သွားရောက်၍ follow button ကို နှိပ်ရမှာ ဖြစ်ပါသည်။  

heal by Pun Hlaing App

heal by Pun Hlaing App မှာဆိုရင် ရိုးရှင်းတဲ့ အဆင့်အနည်းငယ်ကို ပြုလုပ်လိုက်ရုံနဲ့တင် တယ်လီကျန်းမာရေးဆွေးနွေးခြင်း၊ ရက်ချိန်းရယူခြင်း၊ အီလက်ထရောနစ်ဆေးကုသမှုမှတ်တမ်း(EMR) ရယူခြင်း၊ ကျန်းမာရေးသတင်းတွေကို စုံစုံလင်လင်ဖတ်ယူနိုင်ခြင်း၊ သွားလာရခက်ခဲတဲ့ နေရာဒေသတွေမှာ နေထိုင်ကြသူများနဲ့ သွားလာလှုပ်ရှားဖို့ ကန့်သတ်ချက်ရှိသူတွေအတွက် အချိန်နှင့်တပြေးညီ အရည်အသွေးမြင့်ကျန်းမာရေးအထောက်အပံ့တွေနဲ့ သတင်းအချက်အလက်တွေကို ၂၄နာရီ၊ ၇ရက် ပတ်လုံးသုံးနိုင်တဲ့ တယ်လီကျန်းမာရေးဝန်ဆောင်မှု ပံ့ပိုးပေးနိုင်ခြင်း …

Yoma Car Share Driver App

သင်ဟာခရီးတစ်ခုသွားဖို့စီစဥ်နေပြီး လမ်းခရီးမှာတစ်ယောက်တည်း ကားမောင်းရမှာကို စိတ်ပူနေပြီလား? Yoma Car Share မှာကားငှားတဲ့အခါ Driver App ကနေ အပိုယာဥ်မောင်းအား စာရင်းသွင်းပြီး ခရီးစဥ်ကို အတူတကွ မျှဝေနိုင်ပါတယ်။ သင့်ရဲ့ သူငယ်ချင်းတွေ၊ မိသားစုနဲ့ ခရီးတစ်ခုသွားဖို့ စီစဥ်နေသည်ဖြစ်စေ ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့အတူ လုပ်ငန်းဆိုင်ရာ ခရီးတစ်ခုသွားဖို့ စီစဥ်နေသည်ဖြစ်စေ သင်ကိုယ်တိုင်ကားမမောင်းချင်တဲ့အခါမျိုးမှာဆို ယာဥ်မောင်းတဲ့တာဝန်ကို မျှဝေဖို့အတွက် Yoma Car Share Driver App မှာ အလွယ်တကူပြုလုပ်နိုင်ပါတယ်။

Announcement for Next App Portal and Business Banking Portal 

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၂၀) ရက်နေ့ မှစတင်၍ အသစ်ထပ်မံအဆင့်မြှင့်တင်လိုက်သော Yoma Bank Next Portal Version အသစ် 1.0.1 အား အသုံးပြုနိုင်ပြီဖြစ်ပါသည်။ Yoma Bank Next Portal မိတ်ဆက်ရခြင်း၏ ရည်ရွယ်ချက်မှာ Customer များလက်ရှိအသုံးပြုလျက်ရှိနေသော Yoma Bank Next Mobile Banking App အပြင် အသုံးပြုရာတွင် ပိုမိုအဆင်ပြေစေရန်နှင့် Mobile သာမက Portal/ Web Version အနေဖြင့်ပါ ဘဏ္ဍရေးဆိုင်ရာလုပ်ငန်းများကို မြန်ဆန်စွာ ဆောင်ရွက်နိုင်စေရန် ရည်ရွယ် ပါသည်။

Pocket နဲ့အတူရှေ့ဆက် ရင်ခုန်စရာ ၃၆၅ ရက်

Pocket အသုံးပြုသူတို့ရဲ့ ဝိုင်းဝန်းပံ့ပိုးပေးမှုကြောင့် Pocket MM စတင်ခဲ့တာဆိုရင် (၁) နှစ်တိတိ ရောက်ရှိလို့လာခဲ့ပြီဖြစ်ပါတယ်။ ဒါ့အပြင် Pocket MM ရဲ့ (၁) နှစ်ပြည့် ရင်ခုန်စရာ အစီအစဉ်တွေနဲ့အတူ ပိုမိုကောင်းမွန်တဲ့ အတွေ့အကြုံတွေအတွက် Membership, Lucky Draw နဲ့ Special Offers စတဲ့ Features အသစ်တွေကို ထပ်မံမိတ်ဆက်ပေးလိုက်ပြီ ဖြစ်ပါတယ်။  

Quizzes

Yoma TechHub Quiz Section တွင် ပါဝင်ဖြေဆိုသူများအနေဖြင့် Group Technology Stickers များကို Campus front desk တွင် ဇန်နဝါရီလ ၁ ရက်နေ့ ၂၀၂၄ မှ စတင် ထုတ်ယူနိုင်မည်ဖြစ်ပြီး မေးခွန်းအားလုံး မှန်ကန်အောင် ဖြေဆိုနိုင်ပါက  Pocket ကွိုင် ၅၀၀၀ ကိုရရှိမည်ဖြစ်ပါသည်။ အဖြေကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့ နောက်ဆုံးထား၍ ပေးပို့နိုင်ပါသည်။ မေးခွန်းတိုင်းအတွက် အဖြေမှန်ပေးနိုင်သူများအနက်မှ ၃ ဦးကို ကျပန်းရွေးချယ်သွားမည်ဖြစ်သည်။ Group Communications မှ ဆုရရှိသူများထံသို့ ဆက်သွယ် အကြောင်းကြားပေးမှာ ဖြစ်ပါသည်။