၂၀၂၄ ခုနှစ်အတွင်း နည်းပညာ ကုမ္ပဏီများ၏ လှုပ်ရှားမှုများ

ယခုနှစ်၏ ပထမခြောက်လအတွင်းတွင် ထိပ်တန်း နည်းပညာကုမ္ပဏီများအနေဖြင့် အနာဂတ်ကို တိုးတက်ပြောင်းလဲစေနိုင်သည့် နည်းပညာအသစ်၊ ထုတ်ကုန်အသစ်များကို တီထွင်ဖန်တီးနိုင်ခဲ့ကြပါသည်။ ယခုနှစ်အတွင်း နည်းပညာနယ်ပယ်တွင် ခေတ်စားနေသော ထုတ်ကုန်အသစ်၊ တီထွင်မှု အသစ်များနှင့် မဟာဗျူဟာမြောက် လှုပ်ရှားမှုများကို ဖော်ပြလိုက်ပါသည်။

Artificial Intelligence နှင့် Machine Learning

AI နှင့် ML တို့သည် နည်းပညာပိုင်းဆိုင်ရာ တီထွင်မှုအပိုင်းတွင် ဆက်လက်ဦးဆောင်လျက်ရှိပါသည်။ ၂၀၂၄ ခုနှစ် အစောပိုင်းတွင် ကုမ္ပဏီအများစုသည် သိသာထင်ရှား‌သော တိုးတက်မှုများကို ပြုလုပ်နိုင်ခဲ့ကြပါသည်။

OpenAI: GPT-5 ကို စတင်နိုင်ခဲ့ပြီး သဘာဝ ဘာသာစကားပိုင်းဆိုင်ရာ လုပ်ငန်းစဥ်ကို တိုးတက်စေခဲ့ခြင်းကြောင့် AI သည် လူသားများ၏ စိတ်ခံစားချက်နှင့် အခြေအနေများကို ပို၍နားလည်လာစေပါသည်။ ထို့ကြောင့် AI မှ ပိုမိုခက်ခဲသည့် လုပ်ဆောင်ချက်များအတွက် ကူညီလုပ်ဆောင်ပေးလာနိုင်ပြီး အကြောင်းအရာများကို ဖန်တီးပေးသည့် AI အခြေပြု ကိရိယာများကိုလည်း ပေါ်ထွက်လာစေပါသည်။

Google: Google Workspace နှင့် ထည့်သွင်း ပေါင်းစပ်ထားသော အဆင့်မြင့် AI စနစ်အသစ်တစ်ခုဖြစ်သည့် Bard နှင့် မိတ်ဆက်ခဲ့ပြီး အဆင့်မြင့် စကားလုံး အသုံးအနှုန်းများ ၊ အစည်းအဝေး မှတ်တမ်းများကို အလိုအလျောက် ရေး‌ပေးခြင်းနှင့် ကောင်းမွန်သော ဒေတာခွဲခြမ်းစိတ်ဖြာမှုများကို ‌ပြုလုပ်နိုင်ပါသည်။

Quantum Computing

Quantum Computing သည် ကောင်းမွန်သော တိုးတက်မှုအခြေအနေတစ်ခုသို့ ရောက်ရှိခဲ့သည်။

IBM Condor အမည်ရှိ Quantum Processor သည် 1,000 qubits အထိ ရောက်ရှိခဲ့ကြောင်း ကြေညာခဲ့သည်။ ဤတိုးတက်မှုသည် Cryptography, Materials Science, နှင့် Complex System Simulations ကဲ့သို့သော နယ်ပယ်များကိုပါ တိုးတက်ပြောင်းလဲနိုင်စေမည်ဖြစ်သည်။

Google Quantum AI ပုံမှန် ကွန်ပျူတာများအတွက် ဖြေရှင်းရခက်သော ပြဿနာတစ်ခုကို ဖြေရှင်းလိုက်ခြင်းဖြင့် quantum ယှဥ်ပြိုင်မှုတွင် ၎င်းတို့၏ ဦးဆောင်နိုင်မှုကို ပြသနိုင်ခဲ့သည်။

Metaverse နှင့် လက်တွေ့ကြီးထွားခြင်း (AR)

Metaverse ကို အခြေခံထားသော သဘောတရားသည် ဆက်လက်နာမည်ကြီးလျက်ရှိသည်။

Meta (ယခင်က Facebook): လူအစစ်နှင့် ပိုတူလာသည့် Avatar များ၊ လက်တွေ့ဘဝရှိ မြင်ကွင်း ရုပ်ပုံများနှင့် ပိုတူလာအောင် လုပ်ဆောင်ခဲ့ခြင်းဖြင့် ပလက်ဖောင်းကို တိုးချဲ့ခဲ့သည်။ ကုမ္ပဏီသည် အွန်လိုင်း စာသင်ခန်းများကို ဖန်တီးပြီး အွန်လိုင်းပညာရေးကို တိုးတက်ပြောင်းလဲနိုင်ရန်အတွက် နာမည်ကြီး ပညာရေး အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းကိုလည်း ကြေညာခဲ့ပါသည်။

Apple: လူများ မျှော်လင့်ထားကြသည့် Vision Pro ဟုခေါ်သော AR မျက်မှန်များဖြင့် AR စျေးကွက်သို့ ၀င်ရောက်ခဲ့သည်။ အဆိုပါ မျက်မှန်များသည် Apple ၏ ‌ဂေဟစနစ် နှင့် တစ်ထပ်တည်း ပေါင်းစပ်ထားပြီး ဂိမ်း ၊ စက်မှုလုပ်ငန်းပိုင်းနှင့် ကျန်းမာရေးကဏ္ဍဆိုင်ရာ အက်ပလီကေးရှင်း အသုံးပြုသူများအား ပိုမိုကောင်းမွန်သော AR အတွေ့အကြုံကို ပေးစွမ်းနိုင်ပါသည်။

ရေရှည်တည်တံ့ ခိုင်မြဲမှုဆိုင်ရာ နည်းပညာ

သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ရေရှည်တည်တံ့ခိုင်မြဲရေးသည် အဓိက ဦးစားပေး လုပ်ဆောင်ရမည့်အရာအဖြစ် ဆက်လက်တည်ရှိလျက်ရှိပါသည်။

Tesla: ပိုမိုထိရောက်မှုရှိပြီး အသုံးခံသော အိမ်သုံး ဘက်ထရီစနစ် တစ်ခုဖြစ်သည့် Powerwall 3 ဖြင့် မိတ်ဆက်ခဲ့ပါသည်။ Tesla သည် ၎င်း၏ တိုးချဲ့ကြီးမားလာသော စွမ်းအင်လုပ်ငန်းဌာနကို အထောက်အကူပြုနိုင်ရာ ဧရာမ ဘက်ထရီ စက်ရုံတစ်ခုကို Texas တွင် ဆောက်လုပ်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့ပါသည်။

Microsoft: ကာဗွန်ဖမ်းယူစုထားနိုင်သည့် နည်းပညာများ၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ရင်းနှီးမြှုပ်နှံမှုများနှင့် ပြည့်စုံသောရေရှည်တည်တံ့မှုဆိုင်ရာ မဟာဗျူဟာများမှတစ်ဆင့် ရည်မှန်းထားသော ကာဗွန်အထွက် လျော့ချနိုင်မှုနှုန်းထားကို ၃ နှစ်တာ စော၍ ရရှိခဲ့ပါသည်။

ဆိုက်ဘာလုံခြုံရေး

ဆိုက်ဘာခြိမ်းခြောက်မှုများ များပြားလာသည်နှင့်အမျှ ဆိုက်ဘာလုံခြုံရေး သည် ယခင်ထက် ပို၍ အရေးကြီးလာပါသည်။

CrowdStrike: Cloud ၊ on-premises နှင့် ပေါင်းစပ်ကွန်ရက်များ အပါအဝင် ပတ်ဝန်းကျင်အမျိုးမျိုးတွင် ခြိမ်းခြောက်မှုများ အန္တရာယ်များကို ထောက်လှမ်းရှာဖွေနိုင်ပြီး နှင့် တုံ့ပြန်ဖြေရှင်းပေးနိုင်သည့် Falcon XDR ဖြင့် မိတ်ဆက်ခဲ့ပါသည်။

Palo Alto Networks: ၎င်း၏ Cloud လုံခြုံရေးကို မြှင့်တင်နိုင်ရန် နှင့် လုပ်ငန်းပတ်ဝန်းကျင်တွင် ခိုင်မာအားကောင်းသော ကာကွယ်မှုများရှိစေရန် ထိပ်တန်း ဆိုက်ဘာလုံခြုံရေး ကုမ္ပဏီတစ်ခုဖြစ်သည့် Prisma Cloud ကို ဝယ်ယူခဲ့သည်။

5G နှင့် ချိတ်ဆက်မှု

5G ကွန်ရက်များသည် အရှိန်အဟုန်ဖြင့် ထွက်ရှိလျက်ရှိပါသည်။

Verizon– မြန်နှုန်းမြင့်ပြီး ကြန့်ကြာမှုနည်းသော 5G Ultra Wideband network ကို မြို့ပေါင်း ၁၀၀ ကျော်သို့ ချဲ့ထွင်နိုင်ခဲ့ပါသည်။ ကုမ္ပဏီသည် မြို့ပြဖွံ့ဖြိုးတိုးတက်မှုအတွက် 5G network ကို အသုံးချရန် smart city နှင့် သက်ဆိုင်သည့် စီမံကိန်း၊ လှုပ်ရှားမှုများနှင့် မိတ်ဖက်ခဲ့ကြောင်းကိုလည်း ထုတ်ဖော်ကြေညာခဲ့ပါသည်။

Huawei– ပထဝီအနေအထားအရ နိုင်ငံရေး စိန်ခေါ်မှုများ ရှိနေသော်လည်း အာရှနှင့် အာဖရိကနိုင်ငံများတွင် 5G  ချဲ့ထွင်မှုကို ဆက်လက်လုပ်ဆောင်နိုင်ခဲ့ပြီး ဖွံ့ဖြိုးဆဲ ဒေသများတွင် စျေးနှုန်း သက်သာစွာ ချိတ်ဆက်အသုံးပြုနိုင်ရန် အာရုံစိုက် လုပ်ဆောင်ခဲ့ပါသည်။

လုပ်ငန်းပေါင်းစည်းမှုများ

မဟာဗျူဟာမြောက် လုပ်ငန်းပေါင်းစည်းမှုများသည် ပြိုင်ဆိုင်မှုများသည့် လုပ်ငန်းခွင်နယ်ပယ်ကို ပြောင်းလဲစေခဲ့ပါသည်။

NVIDIA –  NVIDIA အနေဖြင့် Semiconductor လုပ်ငန်းကဏ္ဍတွင် ထိပ်ဆုံးမှ ရပ်တည်နိုင်ရန် Arm Holdings ကို ဝယ်ယူခဲ့သည်။ ထိုဝယ်ယူမှုသည် AI, IoT, နှင့် edge computing တို့တွင် ဆန်းသစ်တီထွင်မှုများ ပိုမိုအားကောင်းလာအောင် တွန်းအားပေးနိုင်မည်ဟု မျှော်မှန်းထားပါသည်။

Amazon – ၎င်း၏ ထောက်ပံ့ပို့ဆောင်ရေးနှင့် ပို့ဆောင်ရေးကွန်ရက် အားကောင်းလာစေရန် အလိုအလျောက် မောင်းနှင်သည့်  မော်တော်ယာဥ်ကုမ္ပဏီဖြစ်သော Zoox ကို ဝယ်ယူခဲ့သည်။ ထိုသို့ ဝယ်ယူလိုက်ခြင်းကြောင့် အလိုအလျောက် မောင်းနှင်မှု လုပ်ငန်းကဏ္ဍတွင် ထိပ်တန်းမှ ဦးဆောင်လိုသည့် Amazon ၏ ရည်ရွယ်ချက်ကို သိနိုင်ပါသည်။

မဟာဗျူဟာမြောက် လုပ်ငန်းစဥ်များနှင့် ပူးပေါင်းဆောင်ရွက်မှုများ

ပူးပေါင်းဆောင်ရွက်ခြင်းသည် ဆန်းသစ်တီထွင်မှုအတွက် အလွန် အရေးပါသည်။

Microsoft နှင့် OpenAI-  OpenAI ၏ နည်းပညာများကို Microsoft ၏ Azure ပလက်ဖောင်းတွင် ပေါင်းစပ်လိုက်ခြင်းအားဖြင့် ၎င်းတို့၏ မဟာဗျူဟာဆိုင်ရာ ပူးပေါင်းမှုကို ခိုင်မာစေခဲ့ပြီး Azure ၏ ကာစတန်မာများအတွက် အဆင့်မြင့် AI စွမ်းရည်များကို ပေးဆောင်နိုင်ခဲ့ပါသည်။

Google နှင့် Samsung – ခေါက်နိုင်သော စမတ်ဖုန်းအတွက် နည်းပညာပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်လာပြီး    စမတ်ဖုန်း စက်မှုလုပ်ငန်းတွင် စံနှုန်းသစ်များ ထားရှိလာနိုင်ရန် ရည်ရွယ်၍ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများကို ကြေညာခဲ့ပါသည်။

၂၀၂၄ ခုနှစ်၏ ပထမနှစ်ဝက်တွင် နည်းပညာတိုးတက်ပြောင်းလဲမှုများ၊ ကုမ္ပဏီများအကြား မဟာဗျူဟာမြောက် ဝယ်ယူမှုများနှင့် တီထွင်ဆန်းသစ်သော မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုများဖြင့် မှတ်တမ်းတင်နိုင်ခဲ့ပါသည်။ ကုမ္ပဏီများသည် နည်းပညာဆိုင်ရာ စွမ်းဆောင်ရည်များ၏ နယ်နမိတ်ကို ချဲ့ထွင်ရုံသာမက ဒစ်ဂျစ်တယ် လုပ်ငန်းနယ်ပယ်တွင် အနာဂတ် ခေါင်းဆောင်များအဖြစ် ရပ်တည်နိုင်ရန် ရဲရင့်သော လုပ်ငန်းစဥ်များကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

Ref: Technology Trends in 2024