About InnoLearn by Yoma Academy
InnoLearn ဆိုသည်မှာ လူငယ်များကို IT လုပ်ငန်းကဏ္ဍတွင် လုပ်ကိုင်နိုင်ရန်အတွက် လိုအပ်သော အတတ်ပညာများကို Yoma Academy မှ လေ့ကျင့်သင်ကြားပေးသည့် အစီအစဉ်တစ်ခုဖြစ်ပါသည်။
ကနဦး လျှောက်ထားသူ အယောက် ၄၀၀ ရှိသည့်အနက်မှ သင်တန်းသား ၂၀ ကို ဝင်ခွင့်စာမေးပွဲ ဖြေဆိုစေခဲ့ပြီး ရွေးချယ်ခံရသော ကျောင်းသားများကို In Class နှင့် On Job Training အဖြစ် စာတွေ့ လက်တွေ့ ၉လတာ သင်ကြားစေသည့် Program ဖြစ်ပါသည်။
Objectives
InnoLearn ၏ အဓိက ရည်မှန်းချက်မှာ လူငယ်များ IT နည်းပညာနှင့် Soft Skill များတွင် ဖွံ့ဖြိုးတိုးတက်စေရန် ဖြစ်ပြီး၊ ကျောင်းသားများကို IT ၏ အမျိုးမျိုးသော လုပ်ငန်းခွင်များအတွက် ပြင်ဆင်ပေးခြင်းဖြစ်ပါသည်။
သင်တန်းကာလအောင်မြင်စွာ ပြီးဆုံးသည့်အခါ ကျောင်းသားကျောင်းသူများသည် Yoma Group ၏ IT လုပ်ငန်းခွင်အသီးသီးသို့ ဝင်ရောက်အလုပ်လုပ်ရာတွင် အသင့်ဖြစ်စေရန် IT နှင့်ပါတ်သတ်သည့် အသိပညာများသာမက Communication skill, Problem solving skill ၊ အဖွဲ့အစည်းအတွင်း ပူးပေါင်းဆောင်ရွက်မှုများနှင့် Yoma Group ၏ IT Talents များ ပေါ်ထွက်လာစေရန် ရည်ရွယ်ပါသည်၊၊
InnoLearn Journey
InnoLearn Program သည် စာသင်ခန်းတွင် ICT foundation, JAVA, Networking, Database, Software Engineering, Cyber Security, Server and Cloud technologies, English Language skill နှင့် ကိုယ်ရည်ကိုယ်သွေးတိုးတက်မှုဆိုင်ရာ သင်ခန်းစာများကို ၆ လတာ သင်ကြားရပါသည်။
ပြီးနောက် လက်တွေ့လုပ်ငန်းခွင်ပိုင်းဆိုင်ရာများကို လေ့လာနိုင်စေရန် On Job Training အဖြစ် Yoma Group ၏ Entity များသို့ ကို ၃ လ တာ သွားရောက် လေ့လာသင်ယူရပါသည်။
ကျောင်းသားများသည် လုပ်ငန်းခွင်အတွက် သင်ခန်းစာများ သီအိုရီများသာမက အခြားသော လှုပ်ရှားမှုများအဖြစ် ပြဇာတ်ကခြင်း၊ Yoma Connect Feature Idea Generating နှင့် Tech Visionaries Showcase များကို တက်ကြွစွာ ပါဝင်ဆောင်ရွက်ကြရပါသည်။