Extending Work From Home Arrangement

To ensure the health and safety of our staff, we have decided to extend the Work From Home (WFH) arrangement until 17 May, and the Campus will continue to stay close. We continue to look at how to bring everyone slowly back to work and this may be in incremental steps and when the time is right. 

We understand that some of you may have to juggle multiple responsibilities in your new work-from-home environment, and for others, motivation and engagement may not always come easy. But we are here to help. HR will be rolling out WFH The Yoma Way will include a WFH Wellness Centre, WFH In a Box, and a series of programs aimed to help you stay engaged while working remotely. Stay tuned and join in the activities. 

We are here to help you make WFH a success.

နေအိမ်မှာနေ၍ ရုံးအလုပ်လုပ်ခြင်းကို ရက်တိုးသတ်မှတ်ခြင်း

ကျွန်တော်တို့ ဝန်ထမ်းများ၏ ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေးအတွက် နေအိမ်မှာနေ၍ ရုံးအလုပ်လုပ်ခြင်းကို မေလ ၁၇ ရက်နေ့အထိ ရက်တိုးသတ်မှတ်ထားပြီး Campus ရုံးကိုလည်း ပိတ်ထားမည်ဖြစ်ပါသည်။ လူတိုင်း လုပ်ငန်းခွင်သို့ ပြန်ဝင်ရောက်နိုင်အောင် အခြေအနေနှင့် အချိန်အခါအပေါ် မူတည်၍ တစ်ဆင့်ခြင်း လုပ်ဆောင်သွားပါမည်။
အချို့ဝန်ထမ်းများသည် နေအိမ်မှာနေ၍ အလုပ်လုပ်သည့်အခါ တာဝန်များစွာကို ထမ်းဆောင်နေရပြီး အချို့သူများအတွက် အလုပ်လုပ်ချင်စိတ်ရှိလာအောင်နှင့် အဖွဲ့သားများနှင့် အမြဲချိတ်ဆက်မှုရှိနေရန်အတွက် အခက်အခဲများရှိသည်ကို ကျွန်တော်တို့အနေဖြင့် နားလည်ပါသည်။ ကျွန်တော်တို့မှ ကူညီပေးလိုသဖြင့် HR ဌာန၏ WFH The Yoma Way အစီအစဉ်များတွင် WFH Wellness Center လည်း ပါဝင်သွားမည်ဖြစ်ပါသည်။ မိတ်ဆွေတို့အား အဝေးမှနေ၍ အလုပ်လုပ်နေစဉ် အချင်းချင်း အမြဲချိတ်ဆက်မှုရှိနေစေရန် ထိုအစီအစဉ်များမှ ကူညီပေးသွားပါမည်။ အစီအစဉ်နှင့် လှုပ်ရှားမှုများကို မကြာခင် အသိပေးကြေညာသွားမည်ဖြစ်သည့်အတွက် ပါဝင်ဖို့ဖိတ်ခေါ်လိုက်ပါသည်။ 
နေအိမ်မှာနေ၍ အလုပ်လုပ်ရာတွင် အဆင်ပြေမှုရှိစေရန် ကျွန်တော်တို့မှ ကူညီပေးသွားပါမည်။