သင့်မိသားစုရဲ့ကျန်းမာရေးကို အထောက်အကူပြုစေမယ့် HEAL by Pun Hlaing ရဲ့ Family Member Tagging Feature

HEAL by Pun Hlaing Appliction ကနေ သင့်မိသားစုတွေရဲ့ ကျန်းမာရေးကို အထောက်အကူပြုစေမယ့် Family Member Tagging Feature အသစ်ကို မိတ်ဆက်လိုက်ပါပြီ။ မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ ပြည်သူလူထုရဲ့ ကျန်းမာရေးကို အလေးထားသောအားဖြင့် HEAL by Pun Hlaing Application ကနေ သင်နှင့်သင့်မိသားစုအတွက် အကျိုးရှိစေမယ့် Family Member Tagging Feature အသစ်ကို မိတ်ဆက်လိုက်ပါပြီ။ 

Family Member Tagging Feature ဟာဆိုရင် မြန်မာနိုင်ငံမှာရှိတဲ့ မိသားစုတွေရဲ့ တစ်ဦးနှင့်တစ်ဦးအပြန်အလှန်ဂရုစိုက်တတ်တဲ့ ယဉ်ကျေးမှုကိုအမှီပြုပြီး Digital Version အနေနဲ့ App ပေါ်ကနေတစ်ဆင့် မိသားစုဝင်တွေရဲ့ ကျန်းမာရေးမှတ်တမ်းတွေကို ကြည့်ရှုပြီး လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကို ဂရုပြုနိုင်အောင်ဖန်တီးထားတဲ့ Feature အသစ်တစ်ခုဖြစ်ပါတယ်။ 

Family Member Tagging Feature ကို အသုံးပြုခြင်းအားဖြင့် – 

  • မိဘ၊ ဘိုးဘွား (သို့မဟုတ်) ကလေးများငယ်ရဲ့ ကျန်းမာရေးမှတ်တမ်းတွေကို လိုအပ်တဲ့အချိန်မှာ App ကနေတစ်ဆင့် အလွယ်တကူသိရှိနိုင်တဲ့အတွက် စိုးရိမ်ပူပန်မှုလျော့နည်းစေနိုင်ခြင်း။
  • မိသားစုဝင်တွေရဲ့ ကျန်းမာရေးဆေးမှတ်တမ်း၊ ဆေးခန်းပြသရန်ရက်ချိန်း၊ ဆရာကြီးများနှင့်ဆွေးနွေးတိုင်ပင်ထားတဲ့ ကျန်းမာရေး အခြေအနေတွေကို  App ထဲမှာပဲ တစုတစည်းတည်းသိရှိနိုင်ခြင်းကြောင့် မိသားစုဝင်တွေရဲ့ ကျန်းမာရေးဆိုင်ရာစောင့်ရှောက်မှုအတွက် အထောက်အကူဖြစ်စေခြင်း။ 
  • Family Member Tagging Feature ကို အသုံးပြုခြင်းအားဖြင့် မိသားစုဝင်တွေရဲ့ လိုအပ်တဲ့ ကျန်းမာရေးဆိုင်ရာဆုံးဖြတ်ချက်တွေမှာ နှောင့်နှေးမှုမရှိပဲ လွယ်ကူအဆင်ပြေစွာ ဆုံးဖြတ်နိုင်ခြင်း။ 
  • အဝေးမှာရှိနေတဲ့ မိသားစုဝင်တွေအနေနဲ့လည်း ကျန်ရှိတဲ့ မိသားစုဝင်တွေရဲ့ ကျန်းမာရေးအခြေအနေတွေကို မိမိရဲ့ ဖုန်းထဲကနေ သိရှိနိုင်တဲ့အတွက် လိုအပ်တဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေကို အချိန်ကုန်လူပင်ပန်းသက်သာစွာဖြင့်စောင့်ရှောက်ပေးနိုင်ခြင်း (ဉပမာ။ ဆေးခန်းရက်ချိန်းရယူခြင်း၊ ဆရာဝန်ကြီးများနှင့်တစ်ဆင့်ဆွေးနွေးနိုင်ခြင်း) စတဲ့ အကျိုးရလဒ်တွေကို ရရှိစေနိုင်မှာဖြစ်ပါတယ်။ 

အနေဝေးနေ‌ပေမယ့်လည်း ချစ်ခြင်းမေတ္တာနဲ့ ဂရုစိုက်မှုတွေမဝေးကွာရအောင် heal by Pun Hlaing Application ရဲ့ Feature အသစ်ဖြစ်တဲ့ Family Member Tagging  Feature ကိုအသုံးပြုပြီး မိသားစုဝင်အချင်းချင်း အမြဲမပြတ်ဂရုစိုက်မှုတွေကိုမျှဝေလိုက်ကြရအောင်။