Yoma Family Day တွင် အဓိက အစီအစဥ်အဖြစ် ပါဝင်လာမည့် Esports
ရိုးမမိသားစုဝင်များထံ,
လွန်ခဲ့သောနှစ်များအတွင်း ယှဥ်ပြိုင်ဂိမ်းများ (သို့) Esports ဟုခေါ်သော ကစားပွဲများသည် ကမ္ဘာတစ်ဝန်း ကျယ်ပြန့်သော ဂိမ်းပြိုင်ပွဲများအဖြစ် ပျံ့နှံ့လာခဲ့ပါသည်။ ထိုသို့ရေပန်းစားသည့် ဂိမ်းများအနက် Mobile Legends: Bang Bang သည် ကမ္ဘာအနှံ့ရှိ လူသန်းပေါင်းများစွာ၏ အသည်းနှလုံးကို သိမ်းပိုက်နိုင်ခဲ့သော ဂိမ်းတစ်ခုဖြစ်ပါသည်။ ရိုးမလုပ်ငန်းစုတွင် ထိုသို့ စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းပြိုင်ပွဲကို ကုမ္ပဏီပွဲများတွင် ထည့်သွင်းကျင်းပသည့်အတွက် ဝမ်းမြောက်ဂုဏ်ယူမိပါသည်။
Mobile Legends စတင်ခဲ့ပုံ
၂၀၁၆ ခုနှစ်တွင် ထွက်ရှိခဲ့သော Mobile Legends တွင် တစ်ဖက်လျှင် အသင်း ၅ သင်းစီပါဝင်ပြီး စိတ်လှုပ်ရှားဖွယ် တိုက်ပွဲများနှင့် လူတိုင်းအလွယ်တကူ ဝင်ရောက်ကစားနိုင်ခြင်းကြောင့် လူကြိုက်များသည့် ဂိမ်းတစ်ခု ဖြစ်လာခဲ့သည်။ ယနေ့တွင် တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် ဒေါင်းလုဒ်လုပ်သူ ၁ ဘီလီယံကျော်ရှိပြီး ဂိမ်းဗျူဟာနှင့် ဦးဆောင်မှုပိုင်းကို ပြသနိုင်သဖြင့် ဆယ်ကျော်သက်များမှစ ဝါရင့်ကစားသမားများအထိ အသက်အရွယ်စုံနှင့် ကျွမ်းကျင်သူများကို ဆွဲဆောင်နိုင်သည့် ပလက်ဖောင်းတစ်ခု ဖြစ်လာခဲ့ပါသည်။
၂၀၂၄ ခုနှစ် Yoma Family Day တွင် ပါဝင်ခဲ့သည့် Esports
ရိုးမလုပ်ငန်းစုအနေဖြင့် ပြီးခဲ့သည့်နှစ် Wave Money ၏ ဦးဆောင်မှုဖြင့် Yoma Family Day တွင် Esport ဂိမ်းများကို စတင် မိတ်ဆက်နိုင်ခဲ့ပါသည်။ ဝန်ထမ်းများနှင့် မိသားးစုဝင်များ ပါဝင်ယှဥ်ပြိုင်ခဲ့ပြီး အသင်းပေါင်း ၆၄ သင်းနှင့် ကစားသမားပေါင်း ၃၀၀ ကျော်တို့၏ စိတ်အားထက်သန်မှု၊ ယှဥ်ပြိုင်မှုတို့ကို တွေ့မြင်ခဲ့ရပါသည်။
နောက်ဆုံးဖိုင်နယ်ပွဲစဥ်ကို StarCity ၏ Sports Arena ၌ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး ပရိသတ်များမှ သူတို့၏ အကြိုက်ဆုံး အသင်းများကို လာရောက်အားပေးခဲ့ကြပါတယ်။ PHH Team မှ ချန်ပီယံဆုကို ဆွတ်ခူးခဲ့ကာ ဝန်ထမ်းများအားလုံးအတွက် အမှတ်တရများကို ဖန်တီးနိုင်ခဲ့ကြပါသည်။
မျှော်မှန်းချက်များ – Yoma Family Day 2025
ပြီးခဲ့သောနှစ်၏ အောင်မြင်မှုများကြောင့် လာမည့် Yoma Family Day 2025 တွင်လည်း Mobile Legends ကို ထည့်သွင်းကျင်းပသွားမှာ ဖြစ်ပါသည်။ ယခုနှစ် အစီအစဥ်ကို Group Technology Department နှင့် YFD Esports Committee တို့မှ ပူးပေါင်း၍ စီစဉ်ကျင်းပခြင်းဖြစ်ပါသည်။
အသေးစိတ်အချက်အလက်များ
ပြိုင်ပွဲဝင်များ – အသင်းပေါင်း ၆၄ သင်းနှင့် ကစားသမား ၄၄၈ ယောက်ကျော် စံချိန်တင် စာရင်းပေးသွင်းထားပြီး ဖြစ်ပါသည်။
ပွဲအစီအစဉ်:
- Semi-finals: ၂၀၂၅ ခုနှစ် ၊ ဇန်နဝါရီတွင် Campus Lounge ၌ ကျင်းပပြုလုပ်မည်။
- Grand Finals: ၂၀၂၅ Yoma Family Day နေ့တွင် ကျင်းပပြုလုပ်မည်။
ယခုနှစ်တွင် ပါဝင်ယှဥ်ပြိုင်သူများသည် ယခင်နှစ် ပြိုင်ပွဲ ပြီးဆုံးချိန်မှစ၍ လေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြည်ကို ကြည့်ခြင်းဖြင့် ၎င်းတို့၏ စိတ်အားထက်သန်မှုနှင့် ကြိုတင်ပြင်ဆင်ထားမှုများကို သိနိုင်ပါသည်။
လာရောက်အားပေးကြရန်
မိမိနှစ်သက်သည့် အသင်းများအား လာရောက်အားပေးကြရန် ရိုးမလုပ်ငန်းစုရှိ ဝန်ထမ်းများအားလုံးကို ဖိတ်ခေါ်လိုက်ပါသည်။ Yoma Family Day ၏ မမေ့နိုင်စရာ အစီအစဥ်တစ်ခုဖြစ်သည့် E-sports ၏ စိတ်လှုပ်ရှားမှုနှင့် အဖွဲ့လိုက် ပူးပေါင်းလုပ်ဆောင်မှုတို့ကို မြင်တွေ့ရမှာ ဖြစ်ပါသည်။