Yoma InnoSights Mobile App မိတ်ဆက်ပွဲအခမ်းအနားကိုအောင်မြင်စွာကျင်းပနိုင်ခဲ့ခြင်း🚀
၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၉ ရက်နေ့တွင် ရန်ကုန်မြို့ရှိ Melia Hotel တွင် Yoma Fleet မှ ၎င်း၏ Yoma InnoSights Mobile App အသစ်ကို တရားဝင်မိတ်ဆက်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားတွင် စီးပွားရေးလုပ်ငန်းရှင် များအား ဖိတ်ကြားခဲ့ပြီး ဤအက်ပလီကေးရှင်းအသစ်သည် ယာဥ်စီမံခန့်ခွဲခြင်းကို မည်ကဲ့သို့ အဆင့်မြင့်လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ပါသည်။
အခမ်းအနားအစီအစဥ်များ🌟
- Yoma Fleet မှ General Manager of Products ဖြစ်သူ မကေတီဟိန်းမှ ဧည့်သည်များအား အဖွင့်အမှာစကား ပြောကြားခဲ့ပြီး စီးပွားရေးလုပ်ငန်းများ အတွက် နည်းပညာဖြင့် လုပ်ဆောင်မှုသည် မည်မျှ အရေးပါကြောင်းကို ပြောကြားခဲ့ပါသည်။
- Operation Services ၏ General Manager ဖြစ်သူ ကိုညွန့်လင်းအောင်မှ IoT နည်းပညာကို အသုံးပြုခြင်းဖြင့် ယာဥ်စီမံခန့်ခွဲခြင်းနှင့် လုံခြုံရေးကို ပိုမိုကောင်းမွန်စေရန် မည်ကဲ့သို့ လုပ်ဆောင်နိုင်ကြောင်း၊ အထောက်အကူဖြစ်စေကြောင်း ကို ဆွေးနွေးတင်ပြခဲ့သည်။
- အဆိုပါ အခမ်းအနားတွင် IoT Presales Manager ဖြစ်သူ မစောစန္ဒာထက်မှ Yoma InnoSights Mobile App ကို မိတ်ဆက်ပြသကာ အချိန်နှင့်တစ်ပြေးညီ ယာဥ်များအား စီမံခန့်ခွဲခြင်း၊ အစီရင်ခံစာများထုတ်ခြင်းနှင့် Geofencing လုပ်ဆောင်ခြင်း စသည့်လုပ်ဆောင်ချက်များအား အက်ပလီကေးရှင်းဖြင့် အသုံးပြုနည်းကို ရှင်းလင်းပြသခဲ့ပါသည်။
Networking နှင့် ဆုချီးမြှင့်ခြင်း 🎁🍽️
အခမ်းအနား၏ နောက်ဆုံးအပိုင်းတွင် အချင်းချင်းမိတ်ဆက်ခြင်း၊ အက်ပလီကေးရှင်းအကြောင်း ဆွေးနွေးခြင်းနှင့် Lucky Draw အစီအစဥ်တို့ကိုကျင်းပခဲ့ပါသည်။ ဤသို့ဖြင့် အခမ်းအနားတွင် Yoma InnoSights Mobile App ကို မိမိတို့ လုပ်ငန်းဆောင်ရွက်ချက်များတွင် မည်သို့ အကျိုးရှိစွာထည့်သွင်း အသုံးပြုနိုင်သည်ကို ဧည့်သည်များ အထူးတလည် စိတ်ဝင်စားမှုရှိကြောင်းကို တွေ့ရှိခဲ့ရပါသည်။
Yoma InnoSights Mobile App ကိုအောက်ပါ လင့်များမှ တစ်ဆင့် ဒေါင်းလုဒ်ဆွဲနိုင်ပါပြီ ⬇️
Yoma InnoSights Website ကိုအောက်ပါ လင့်မှတစ်ဆင့်လေ့လာနိုင်ပါသည် ⬇️
Experience the future of fleet management firsthand! 🚚