အီးမေးလ်အမျိုးအစားပေါ်မူတည်၍ လေဘယ်(လ်) သတ်မှတ်ခြင်း (Sensitivey Labels) နှင့် ဒေတာပျောက်ဆုံးမှု ကာကွယ်ခြင်းဆိုင်ရာများနှင့် ပတ်သက်၍ သိသင့်သည်များ
🙍♀️ K: Tech Newsletter မှ ကြိုဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့တွင် သတင်းအချက်အလက် နှင့် ဒေတာပျောက်ဆုံးမှု ကာကွယ်ခြင်းဆိုင်ရာ အကြောင်းအရာများနှင့် မိတ်ဆက်ပေးခဲ့ပါတယ်။ ၎င်းသည် အရေးကြီး သတင်းအချက်အလက်များကို ကာကွယ်ရန် အရေးကြီးပါတယ်။ ယခုလမှာဆိုရင် Sensitivey Labels နှင့် ဒေတာပျောက်ဆုံးမှု ကာကွယ်ခြင်းဆိုင်ရာ အကြောင်းအရာများနှင့် ပတ်သက်ပြီး အဆိုပါလုပ်ဆောင်ချက်တွေကို ဦးဆောင်အကောင်အထည်ဖော်နေသူ ကိုအောင်သူရ (ATR) နှင့်အတူ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ အခုလိုအချိန်ပေးပြီး ပါဝင်တဲ့အတွက် ကျေးဇူးတင်ပါတယ်။
🙍♂️ ATR: ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ လက်ရှိ ဆောင်ရွက်နေတာတွေကို အားလုံးသိအောင် မျှဝေပေးရတဲ့အတွက် ဝမ်းသာပါတယ်။ အခုလက်ရှိမှာလည်း ကျွန်တော်တို့ Group Technology Department မှာ လုပ်ဆောင်ချက်တချို့ကို စမ်းသပ်လျက်ရှိပါတယ်။
🙍♀️ K: ဒါဆို Sensitivity label တွေအကြောင်းကို စပြီးဆွေးနွေးလိုက်ရအောင်။ အားလုံးနားလည်အောင် ရှင်းပြပေးပါလား။
🙍♂️ ATR: ဟုတ်ကဲ့။ Sensitivity Label ကို မိမိတို့ ဒေတာအချက်အလက်တွေရဲ့ ဒီဂျစ်တယ် အချက်ပြမီးပွိုင့်လို့ ယူဆလိုက်ပါ။ ဒေတာအချက်အလက်တွေရဲ့ အရေးပါပုံကို မူတည်ပြီး ခွဲခြားနိုင်ဖို့ ကူညီပေးတာ ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ လေဘယ်ကို ၃ မျိုး ခွဲထားပါတယ်။
- General: ဒါကတော့ လူတိုင်းသိဖို့အတွက် နေ့တဓူ ပေးပို့နေတဲ့ Document တွေပေါ့။ ဥပမာ ကုမ္ပဏီပွဲအတွက် ဖိတ်ကြားစာတွေ (သို့) စျေးကွက်ရှာဖွေရေး ကြော်ငြာကမ်းစာတွေမျိုးတွေ ဖြစ်ပါတယ်။
- Internal Use Only: ဒါကတော့ လုပ်ငန်းတွင်းမှာသာ ရှိရမဲ့ လုပ်ငန်းတွင်းအစီရင်ခံစာများ (သို့) ပရောဂျက် အစီအစဥ်တွေပါဝင်တဲ့ Document တွေအတွက် ဖြစ်ပါတယ်။ ‘ရုံးတွင်း အသုံးပြုရန် အတွက်သာ’ လို့ တံဆိပ်တုံးရိုက်နှိပ်ထားတဲ့ သဘောပါ။
- Confidential: နောက်ဆုံးအဆင့်အနေနဲ့ကတော့ အထူးလျှို့ဝှက်ထားရမဲ့ အချက်အလက်တွေအတွေက် ဖြစ်ပါတယ်။ ဘဏ္ဍာရေးဆိုင်ရာ ဒေတာများ (သို့) လျှို့ဝှက် ဗျူဟာလို အရေးကြီးတာတွေအတွက် ဖြစ်ပါတယ်။ သော့ခတ်သိမ်းထားရမဲ့ Document လိုပေါ့။
🙍♀️ K: ဒီ Sensitivity labels တွေကို ဘယ်နေရာတွေမှာ အသုံးပြုနိုင်ပါသလဲ။
🙍♂️ ATR: Microsoft Office document ဖြစ်တဲ့ Word, Excel နဲ့ PowerPoint တွေမှာ အသုံးပြုနိုင်ပါတယ်။
🙍♀️ K: ဒီတော့ သုံးစွဲသူတွေက ဒီ label တွေရဲ့ အသုံးပြုပုံကို ဘယ်လိုသိနိုင်မလဲ။
🙍♂️ ATR: အသုံးပြုသူတွေအနေနဲ့ ကိုယ့်ဒေတာအချက်အလက်တွေရဲ့ အရေးပါမှုကို ထည့်သွင်း စဥ်းစားရပါမယ်။ လူတိုင်းသိလို့ရတဲ့ အချက်အလက်တွေဆိုရင် “General” Label ၊ ကုမ္ပဏီ အတွင်းမှာပဲ သိရမယ့် အချက်အလက်မျိုးဆိုရင်တော့ “Internal Use Only” ကို သုံးရမှာဖြစ်ပြီး အရေးကြီး လျှို့ဝှက်ရမဲ့ သတင်းအချက်အလက်တွေဆိုရင် “Confidential” ကို သုံးရမှာ ဖြစ်ပါတယ်။
🙍♀️ K: “Internal Use Only” Label တပ်ထားတဲ့ အချက်အလက်တွေကို ကုမ္ပဏီပြင်ပရှိ အခြားသူတစ်ဦးထံ ဖြန့်ဝေဖို့ ကြိုးစားရင် ဘာဖြစ်မလဲ?
🙍♂️ ATR: အဲ့ဒီလို လုပ်ဆောင်လာပြီဆိုရင် Label ကိုပြောင်းရန် (သို့) ဘာကြောင့်ဖြန့်ဝေဖို့ လိုအပ်သလဲဆိုတဲ့ အကြောင်းပြချက်ကို System ကနေတဆင့် တောင်းခံမှာ ဖြစ်ပါတယ်။ ဒီလိုလုပ်ဆောင်ခြင်းဖြင့် လျှို့ဝှက်အအချက်အလက်တွေကို ကုမ္ပဏီပြင်ပသို့ မတော်တဆ ပေါက်ကြားမှုကို ကာကွယ်ပေးမှာ ဖြစ်ပါတယ်။
🙍♀️ K: DLP ဆိုတာကကော ဘာလဲ? အဲ့ဒါက ဘယ်လို အလုပ်လုပ်တာလဲ?
🙍♂️ ATR: DLP ဆိုတာ ကျွန်တော်တို့ ဒေတာအချက်အလက်တွေရဲ့ လုံခြုံရေးအစောင့်လိုပါဘဲ။ အရေးကြီးတဲ့ အချက်အလက်တွေကို ခွင့်ပြုချက်မရှိဘဲ ဖြန့်ဝေတာတွေကို တားဆီးခြင်းဖြင့် ဒေတာပျက်ဆီးဆုံးရှုံးမှုများကို ကာကွယ်ပေးပါတယ်။ ဥပမာ – တစ်စုံတစ်ယောက်က “Confidential” လို့ တပ်ထားတဲ့ Document ကို ပြင်ပရှိ email လိပ်စာ (သို့) personal email ထံ ပို့တဲ့ လုပ်ဆောင်ချက်တွေကို တားဆီးပေးပါတယ်။ ဒါ့အပြင် Data အသုံးပြုမှုတွေကို စောင့်ကြည့်ပြီး ဖြစ်နိုင်ချေရှိတဲ့ ဒေတာဆုံးရှုံးမှုတွေကို စောင့်ကြည့်ပေးပါတယ်။rsonal email account.
🙍♀️ K: ဒီ labels တွေက လူတွေ အလုပ်လုပ်တဲ့အပေါ် ဘယ်လိုအကျိုးသက်ရောက်နိုင်ပါသလဲ။
🙍♂️ ATR: User အများစုအတွက်တော့ တော်တော်လေး အဆင်ပြေကြပါတယ်။ “Internal Use Only” Label ကိုတော့ ပုံသေသတ်မှတ်ပြီးသားဖြစ်လို့ သူတို့အနေနဲ့ ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး အများကြီး စဉ်းစားနေစရာမလိုပါဘူး။ ဒါပေမယ့် ပြင်ပကို အချက်အလက် တစ်ခုခု မျှဝေလိုတဲ့ အခါမှာတော့ Label ကို ပြန်လည်စစ်ဆေးဖို့ သတိပေးချက်တစ်ခုကို ရမှာဖြစ်ပါတယ်။ တချို့အချိန်တွေမှာ ဒါဟာ အလုပ်နည်းနည်းရှုပ်စေပေမဲ့ အရေးကြီး လျှို့ဝှက်ဒေတာ အချက်အလက်တွေကို ကာကွယ်နိုင်ဖို့အတွက် လိုအပ်တဲ့ စနစ်တစ်ခုဖြစ်ပါတယ်။
🙍♀️ K: ဒီ tools တွေကို ထည့်သွင်းအသုံးပြုနိုင်အောင် လုပ်ဆောင်တဲ့အခါ ဘယ်လို စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရလဲ?
🙍♂️ ATR: အကြီးဆုံး စိန်ခေါ်မှုကတော့ ဝန်ထမ်းတိုင်း ဒီ tools တွေရဲ့ အရေးကြီးမှုကို နားလည်ပြီး မှန်ကန်စွာ အသုံးပြုနိုင်အောင် လုပ်ပေးဖို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် အသုံးပြုသူတွေကို မှန်ကန်တဲ့ Label ကို ရွေးချယ်နိုင်ဖို့အတွက် ရှင်းလင်းပြတ်သားတဲ့ လမ်းညွှန်ချက်တွေနှင့် လေ့ကျင့်သင်ကြားရေး အစီအစဥ်တွေကို ပြုလုပ်ပေးနေပါတယ်။ users make the right choices.
🙍♀️ K: အဖွဲ့အစည်းအတွင်း Sensitivity Labels နဲ့ DLP အတွက် နောက်တစ်ဆင့်မှာ ဘာတွေ ဆက်လုပ်ဆောင်သွားဖို့ရှိလဲ။
🙍♂️ ATR: DLP ကို အခြားဌာနတွေထိ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုဖို့နဲ့ System ထဲကို နောက်ထပ် လုပ်ဆောင်ချက် အသစ်တွေ ထည့်သွားမှာ ဖြစ်ပါတယ်။ ဒေတာလုံခြုံရေးနှင့် ၎င်းရဲ့ အရေးပါပုံကို ဝန်ထမ်းတိုင်းနားလည်ပြီး အလေးပေးလာတဲ့ အနေအထားသို့ ရောက်ရှိအောင် ကြိုးစားလုပ်ဆောင်နေပါတယ်။
🙍♀️ K: စာဖတ်သူတွေအတွက် နောက်ဆုံးအကြံပြုချက်ပေးချင်တာ ရှိပါသလား။
🙍♂️ ATR: အဓိကကတော့ ဒေတာအချက်အလက်တွေကို လုံခြုံအောင်ထိန်းသိမ်းရာမှာ ကျွန်တော်တို့အားလုံးက အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေကြတာဖြစ်ပါတယ်။ Label တွေကို သေချာဂရုစိုက်ကြည့်ပါ၊ လမ်းညွှန်ချက်တွေကို လိုက်နာပါ၊ မသေချာတာ မသိတာရှိရင် ချက်ချင်းမေးမြန်းပါ။ ကျွန်တော်တို့အားလုံး အတူတကွလုပ်ဆောင်မယ်ဆိုရင် ဆိုက်ဘာခြိမ်းခြောက်မှုတွေကနေ အကောင်းဆုံး ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။
🙍♀️ K: အခုလို ရှင်းလင်းပြောကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ကိုအောင်သူရ။