Yoma Family Day မှာပြုလုပ်မယ့် Esports တွင် ပါဝင်ဖို့ မကြာခင်မှာ စာရင်းပေးသွင်းနိုင်ပြီ

Yoma Family Day အတွက် အသင့်ပြင်ထားကြနော်! ကိုယ့်ရဲ့ လုပ်ငန်းဌာနကို ကိုယ်စားပြုပြီး ကိုယ့်ရဲ့ Esports အစွမ်းတွေကို ပြသဖို့ အဆင်သင့်ဘဲလား? အခုဆိုရင် နေရာတော်တော်များများမှာ Esports ကို တရားဝင် အားကစားဂိမ်းတစ်ခုအဖြစ် သတ်မှတ်ထားကြပါတယ်။ အခုလာမယ့် Yoma Family Day အစီအစဉ်မှာလည်း Esports ကို အားကစားတစ်ခုအနေနဲ့ ပါဝင်သွားမှာဖြစ်ကြောင်း အသိပေးလိုက်ပါတယ်။

Yoma Family Day မှာ ပါဝင်မယ့် Esports နဲ့ ပတ်သက်ပြီး သိထားရမယ့်အချက်တွေကို ဖော်ပြလိုက်ပါတယ်။

  • သင်နှင့် သင့်သူငယ်ချင်းများရဲ့ MOBA စွမ်းရည်ကို ပြသဖို့ဆိုရင် YFD Mobile Legends Tournament မှာ ပါဝင်ရပါမည်။
  • ချန်ပီယံဆုရရှိရန် Double Elimination Bracket Tournament တွင် ပါဝင်ယှဥ်ပြိုင်ရပါမည်။
  • အဆိုပါပြိုင်ပွဲကို Yoma Group ရှိ ဝန်ထမ်းများအားလုံး ပါဝင်ယှဥ်ပြိုင်နိုင်ပြီး အဖွဲ့ဝင် ၅ ဦးမှ ၆ ဦးအထိ ပါဝင်ကစားနိုင်ပါသည်။
  • ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်နေ့တွင် စတင်စာရင်းပေးသွင်းနိုင်မှာဖြစ်ပြီး စည်းမျဉ်းစည်းကမ်းနှင့် အသေးစိတ်အချက်အလက်များကိုလည်း ထိုနေ့တွင် ထုတ်ပြန်ကြေညာသွားပါမည်။
  • စာရင်းပေးသွင်းခြင်းနှင့် အခြားအသေးစိတ် အချက်အလက်များအတွက် အောက်ပါ QR Code ကို စကင်န်ဖတ်၍  ကြည့်ရှုနိုင်ပါသည်။