Yoma Family Day ၏ အားကစားပြိုင်ပွဲများတွင် ပါဝင်ရန်အတွက် စာရင်းပေးသွင်းရန် ဖိတ်ခေါ်ခြင်း

၂၀၂၄ ခုနှစ်ရဲ့ Yoma Family Day ပွဲမှာ စိတ်လှုပ်ရှားဖွယ်ရာ အားကစားပြိုင်ပွဲများဖြစ်သော စားပွဲတင် တင်းနစ်၊ တင်းနစ်၊ ကြက်တောင်၊ ဘတ်စကက်ဘောနှင့် ဖူဆယ်လ်ပြိုင်ပွဲများတွင် ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြရန် အားကစား ဝါသနာရှင်များအားလုံးကို ဖိတ်ခေါ်လိုက်ပါသည်။

ပွဲစဥ်များ
  • ဖူဆယ်လ်
    အမျိုးအစား – (၁) အမျိုးသမီး (၂) အမျိုးသား (၃) အမျိုးသမီး အမျိုးသား အရော
  • ကြက်တောင်ရိုက်
    အမျိုးအစား – (၁) အမျိုးသမီး တဦးချင်း (၂) အမျိုးသား တဦးချင်း (၃) အမျိုးသား၊ အမျိုးသမီး နှစ်ဦးတွဲ
  • စားပွဲတင်တင်းနစ်
    အမျိုးအစား – (၁) တစ်ဦးချင်း ယှဉ်ပြိုင်မှု (၂)  နှစ်ဦးတွဲ ယှဥ်ပြိုင်မှု)
  • တင်းနစ်
    အမျိုးအစား – (၁) အမျိုးသမီး တဦးချင်း (၂) အမျိုးသား တဦးချင်း (၃) အမျိုးသမီး အမျိုးသား နှစ်ဦးတွဲ (၄) အမျိုးသား ၂ ဦးတွဲ
  • ဘတ်စကပ်ဘော (3v3)
    အမျိုးအစား – အသင်းလိုက် (တသင်းလျှင် ၅ ယောက်အများဆုံး)

မိမိတို့ရဲ့ အားကစားစွမ်းရည်တွေကို ထုတ်ပြနိုင်မှာဖြစ်လို့ ပါဝင်ယှဥ်ပြိုင်ဖို့ ဖိတ်ခေါ်လိုက်ပါသည်။ သက်ဆိုင်ရာ အားကစားတွေမှာ ကျွမ်းကျင်သည်ဖြစ်စေ ၊ ဝါသနာပါသည်ဖြစ်စေ  Yoma Family Day ရဲ့ အားကစားလှုပ်ရှားမှုတွေမှာ ပါဝင်ပြီး မေ့မရနိုင်တဲ့ အတွေ့အကြုံတွေကို ဖန်တီးနိုင်မှာ ဖြစ်ပါသည်။

စာရင်းပေးသွင်းနိုင်သည့်ကာလ
၂၀၂၃ ခုနှစ် ၊ နိုဝင်ဘာလ ၁၀ ရက်နေ့အထိ

စာရင်းပေးသွင်းရန်
သင်ပါဝင်ဆင်နွဲလိုသည့် ပြိုင်ပွဲ (များ) ကို ysc@yoma.com.mm သို့ အီးမေလ်းပေးပို့၍ စာရင်းပေးသွင်းနိုင်ပါသည်။

၂၀၂၄ ခုနှစ် Yoma Family Day  တွင် လုပ်ဖော်ကိုင်ဖက်များနှင့် အတူ ရင်းနှီးစွာ ပါဝင်ပျော်ရွှင်နိုင်မှာဖြစ်လို့ လက်လွတ် မခံဘဲ ပါဝင်ဆင်နွဲကြဖို့ တိုက်တွန်းလိုက်ပါသည်။