အသစ်ထွက်ရှိလာတဲ့ Yoma Connect Features

ယခု သြဂုတ်လတွင် Yoma Connect မှာ အသစ်ထည့်ထားတဲ့ လုပ်ဆောင်ချက် အသစ်များဖြင့် မိတ်ဆက်ပေးလိုက်ပါတယ်။ Yoma Connect တွင် ဝန်ထမ်းများအချင်းချင်း ချိတ်ဆက်ပြောဆိုခြင်းနှင့် ဂုဏ်ပြုခြင်းများ လုပ်‌ဆောင်ရာတွင် ပိုမိုအဆင်ပြေလာစေရန် feature အသစ်များကို ထည့်ပေးထားခြင်းဖြစ်ပါတယ်။

လက်ရှိ birthday wish feature အသစ်‌လေးကိုတော့ အားလုံးမြင်ဖူးသုံးဖူး နေပြီးလောက်ပါပြီ။ ဒီ feature လေးကို သုံးရတာ ပိုမိုအဆင်ပြေစေဖို့ recommended message feature အသစ်လေးကို ထပ်ထည့်ပေးထားပါတယ်။ ဒီ feature အသစ်လေးနှင့် တွဲဖက် အသုံးပြုပြီး Birthday Wishes လှလှလေးတွေပေးလိုက်ကြပါစို့။

Yoma ရဲ့ချစ်ဖို့ကောင်းတဲ့ အလေ့အထလေးကတော့ လုပ်ဖော်ကိုင်ဖက် အချင်းချင်း အောင်မြင်မှုတွေ အသိအမှတ်ပြုခြင်းဖြစ်ပါတယ်။ ဒီအလေ့အထလေး ပိုမိုပေါ်လွင်စေဖို့ လုပ်ဖော်ကိုင်ဖက်အချင်းအချင်း တစ်နှစ်ပြည့်တိုင်း ဂုဏ်ပြုပေးနိုင်မှာဖြစ်ပြီး ပိုမိုအဆင်ပြေစေဖို့ recommended text လေးတွေပါ ထည့်ပေးထားပါတယ်။

မွေးနေ့ဆုတောင်းနဲ့ အလုပ်နှစ်ပတ်လည် ဂုဏ်ပြုခြင်း လွယ်ကူစွာ အတူစုစည်းပေးထားပါတာမလို့ လုပ်ဖော်ကိုင်ဖက်များအနေနဲ့ ကိုယ့်ကိုလာပေးတဲ့ comment လေးတွေကိုလွယ်ကူစွာ တနေရာတည်းကြည့်ရှုနိုင်ပါပြီ။

တစ်ခါတစ်လေမှာ ကိုယ်နဲ့ စိတ်တူကိုယ်တူ co-worker တွေကိုရှာဖို့ ခက်နေပါလိမ့်မယ်။ ဒီ့အတွက် suggested group လေးတွေကို social page ရဲ့အပေါ်ဆုံးမှာ လွယ်ကူစွာကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

Comment တွေမှာပေးတဲ့ reaction icon လေးတွေကိုပိုကြည့်ကောင်းပြီး ခံစားချက်လေးတွေ ပိုပေါ်လွင်သွားအောင် design လေးတွေပြောင်းပေးထားပါတယ်။ Reaction icon အသစ်လေးတွေနဲ့ ခံစားချက်လေးတွေကို ရင်ဖွင့်လိုက်ကြရအောင်။

နောက်ဆုံး feature အသစ်အနေနဲ့ social gathering ပဲဖြစ်စေ၊ department အနေနဲ့ occasion တစ်ခုခုကျင်းပတာပဲဖြစ်စေ လွယ်ကူစွာစီစဥ်လို့ရအောင် Event feature တစ်ခုထည့်ပေးထားပါတယ်။
The Yoma Connect Team

  1. Home »
  2. Tech-hub Newletter »
  3. အသစ်ထွက်ရှိလာတဲ့ Yoma Connect Features