News Features တွေနဲ့ မိတ်ဆက်ပေးလိုက်သည့် Next App 1.9.0

ငွေကြေးပိုင်းဆိုင်ရာကိစ္စရပ်များကို အချိန်မရွေးနေရာမရွေးစီမံနိုင်ရန်အတွက် ပိုမိုအသုံးပြုရလွယ်ကူပြီး Feature အသစ်များဖြင့် အဆင့်မြှင့်တင်ထားတဲ့ Yoma Bank Next App ကို အခုပဲအသုံးပြုလိုက်ပါ။  ငွေလွှဲခြင်း၊ ငွေစာရင်းလက်ကျန်စစ်ဆေးခြင်း၊ ဘေလ်ပေးဆောင်ခြင်း၊ ချေးငွေအချက်အလက်များ စစ်ဆေးခြင်း နှင့် QR ဖြင့် ငွေပေးချေခြင်းများကိုလည်း ဘဏ်ခွဲကိုလူကိုယ်တိုင်သွားစရာမလိုဘဲ Yoma Bank Next App ကနေ  လုပ်ဆောင်နိုင်နေပါပြီ။ ယခုဆိုရင်တော့ Update Features ၂ ခုထပ်မံပါဝင်လာတဲ့ Version အသစ် 1.9.0 ကိုလည်း ထပ်မံ မိတ်ဆက်လိုက်ရပါတယ်။ 

SCB (Smart Credit Business)  

  • ရိုးမဘဏ်ရဲ့ အသေးစားစီးပွားရေးလုပ်ငန်းရှင် Customers များအတွက် လုပ်ငန်းလည်ပတ်ချေးငွေရယူနိုင်မည့် Smart Credit Business မှာ ယခင်ရှိထားတဲ့ ချေးငွေများကို အချိန်မီပေးချေရုံနဲ့ လုပ်ငန်းတိုးတက်လာတာနှင့်အညီ ပိုမိုများပြားတဲ့ ချေးငွေပမာဏကို ရယူနိုင်မည့် ချေးငွေအမျိုးအစားတစ်ခုဖြစ်ပါတယ်။ အဆိုပါချေးငွေဟာ လုပ်ငန်းတိုးတက်မှုကို ကူညီနိုင်ပြီး အပေါင်ပစ္စည်းများ၊ စာရွက်စာတမ်းကိစ္စများနှင့် အာမခံပေးမည့်သူများ မလိုဘဲ ချေးယူနိုင်မှာ ဖြစ်ပါတယ်။ 
  • ယခုအခါ သတ်မှတ်ချက်များနှင့် ကိုက်ညီသော Customer များ အနေဖြင့် ၎င်း ချေးငွေကို Yoma Bank Next App ကို အသုံးပြုပြီး Click အနည်းငယ်နှိပ်လိုက်ရုံဖြင့် လွယ်ကူစွာ လျှောက်ထားနိုင်ပါတယ်။ 
  • အနည်းဆုံး ချေးငွေပမာဏ 5 သိန်းမှ အများဆုံး ချေးငွေပမာဏ ၂၀၀ သိန်း အထိ Credit Score ပေါ်မူတည်ပြီး လျှောက်ထားနိုင်ပါတယ်။  

Account Linkage to Pocket  

  • – Pocket ဟာဆိုရင် အသုံးပြုသူတွေရဲ့ နေ့စဉ်နေထိုင်မှုဘဝကို ပိုမိုအဆင်ပြေချောမွေ့စေရန်အတွက် အထောက်အကူပြုပေးတဲ့ Digital Lifestyle Platform တစ်ခုဖြစ်ပါတယ်။ 
  • – ယခုအခါမှာ Yoma Bank Next App ကို အသုံးပြုပြီး Pocket Account နဲ့ချိတ်ဆက်ကာ Yoma Bank Next App မှတဆင့် လူကြီးမင်းတို့​၏ Pocket Coin အရေအတွက်ကို ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။  
  • အနာဂတ်မှာလည်း Yoma Bank နှင့် Pocket တို့ပူးပေါင်းပြီး ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကောင်းတဲ့ အစီအစဉ်များစွာကို မိတ်ဆက်သွားဖို့လည်း ရှိနေပါသေးတယ်။ 
  1. Home »
  2. Tech-hub Newletter »
  3. News Features တွေနဲ့ မိတ်ဆက်ပေးလိုက်သည့် Next App 1.9.0