PLUS+ ရဲ့ သတင်းကဏ္ဍနှင့် ကမ်းလှမ်းမှုများ

ကျွန်ုပ်တို့ရဲ့ PLUS+ အသုံးပြုသူများအတွက် PLUS+ ဝက်ဘ်ဆိုက်တွင် အသစ်ထည့်ထားသော သတင်းကဏ္ဍနှင့် ကမ်းလှမ်းမှုများအကြောင်းကို မိတ်ဆက်ပေးပါရစေ။ 

  1. သတင်းကဏ္ဍ

PLUS+ News အစီအစဥ်သည် လက်ရှိခေတ်စားနေသော ထုတ်ကုန်များ၊ ဘဏ္ဍာရေးသတင်းများ၊ ငှားရမ်းဝယ်ယူအသုံးပြုသူများရဲ့ PLUS+ အကြောင်းမျှဝေပေးမှုများနှင့် HR တို့၏အကြံပြုချက်များအကြောင်းကို လစဥ် သိရှိနိုင်မည့် သတင်းများစုစည်းရာနေရာဖြစ်သည်။ အသုံးပြုသူများသည် သတင်းစာစောင်များကို လစဥ် ၃၀ရက်နေ့၌ ဖတ်ရှုနိုင်ပါသည်။ 

  1. ကမ်းလှမ်းမှုများ

PLUS+ အသုံးပြုသူများသည် ယခုအခါတွင် PLUS+ ၏ ကုန်ပစ္စည်းသွင်းသူများနှင့် စီးပွားရေးလုပ်ဖော်ကိုင်ဖက်များထံမှ ထပ်တိုးအကျိုးကျေးဇူးများ ခံစားနိုင်ပါပြီ။ အသုံးပြုသူများသည် PLUS+ တွင် ငှားရမ်းဝယ်ယူခြင်းမပြုလုပ်ရသေးပါကလဲ အကျိုးကျေးဇူးများကို ခံစားခွင့်ရှိမည် ဖြစ်ပါသည်။ အကျိုးကျေးဇူးခံစားခွင့်များ ရရှိနိုင်ရန်အတွက် အသုံးပြုသူများသည် PLUS+ တွင် စာရင်းသွင်းထားရန်သာလိုသောကြောင့် PLUS+ ၏ သီးသန့်ကမ်းလှမ်းချက်များကို ယခုပဲ ရယူလိုက်ပါ။ 

PLUS+ သည် အသုံးပြုသူများအတွက် သီးသန့်ကမ်းလှမ်းမှုများနှင့် အသုံးပြုသူအတွေ့အကြုံကို မြှင့်တင်ရန်အတွက် ယခုကဲ့သို့သော အသစ်အသစ်များကို ယူဆောင်လာရန် ရည်ရွယ်ပါသည်။ 

PLUS+ သတင်းကဏ္ဍ နှင့် ကမ်းလှမ်းမှုများအကြောင်းကို မည်ကဲ့သို့ ရရှိနိုင်မည်ကို အောက်တွင်ကြည့်ရှုပါ။ 

  • PLUS+ ဝက်ဘ်ဆိုက်ဖြစ်သော https://yoma.plus.com.mm/
  • ယခုမှ စတင်အသုံးပြုမည့် အသုံးပြုသူအသစ်များသည် အရင်ဦးဆုံး စာရင်းသွင်းရန်လိုအပ်ပါသည်။ 
  • လက်ရှိအသုံးပြုနေသူများအနေဖြင့် လွယ်ကူစွာပင် ဝက်ဘ်ဆိုက်သို့ဝင်ရောက်ကာ ဝက်ဘ်ဆိုက်၏ မူလစာမျက်နှာတွင် လုပ်ဆောင်ချက်အသစ်များကို ကြည့်ရှုနိုင်ပါသည်။

PLUS+ ၏နောက်ဆုံးရသတင်းများနှင့် သီးသန့်ကမ်းလှမ်းမှုများ ရရှိနိုင်ရန် ယခုပဲ PLUS+ ဝဘ်ဆိုက်သို့ ဝင်ရောက်ကြည့်ရှုလိုက်ပါ။ 

Website Link – https://yoma.plus.com.mm/ 

  1. Home »
  2. Tech-hub Newletter »
  3. PLUS+ ရဲ့ သတင်းကဏ္ဍနှင့် ကမ်းလှမ်းမှုများ