သင့်အားလပ်ချိန်တွင် အသုံးပြုနိုင်သော AI App များ

သင့် အလုပ်ဝာာဝန်တွေကို ရိုးရှင်းစွာနှင့် မြန်မြန်ပြီးအောင်လုပ်ပြီး အားလပ်ချိန်တွေကို အကျိုးရှိစွာ အသုံးချလိုပါလား။ အောက်မှာ ဖော်ပြထားသည့် AI စနစ်သုံးအက်ပ်များက သင့်အား ကူညီပေးနိုင်သည့် လုပ်ဆောင်ချက်များစွာ ရှိပါတယ်။ ဘာသာစကား တိုးတက်အောင် လေ့လာလိုသည်ဖြစ်စေ၊ သင့်ခရီးစဥ်အတွက် စီစဥ်လိုသည့်အခါဖြစ်စေ (သို့) အခြားအကူအညီရယူလိုတဲ့ အခါမျိုးတွင်လည်း အသုံးပြုနိုင်ပါတယ်။ ဒါ့ကြောင့် အဆိုပါ အက်ပ်တွေကို စမ်းသုံးကြည့်ဖို့ အကြံပြုလိုက်ပါတယ်။

GrammarlyGO – စာရေးသားခြင်းအတွက် AI အကူအညီ ရယူခြင်း
GrammarlyGO သည် သင် စာအရေးများသော ဒစ်ဂျစ်တယ်နေရာများတွင် AI ၏ စွမ်းအားဖြင့် အကူအညီပေးပါတယ်။ သင့်အကြောင်းအရာနဲ့ သင်ပိုရွေးချယ်လိုသော စာရေးပုံရေးသားနည်းအပေါ် အရှိန်အဟုန်မြှင့်ပေးတဲ့ AI အကူအညီနဲ့ ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ AI Communication လက်ထောက်ဖြစ်သည့် GrammarlyGO သည် မိမိရေးသားလိုတဲ့ အကြောင်းအရာနှင့် စာအရေးသားပုံစံအတိုင်း ကူညီပေးမှာ ဖြစ်ပါတယ်။
အဆိုပါအက်ပ်သည် သင့်အီးမေးလ်အား စကင်န်ဖတ်ပြီး သင် အလိုရှိသော အရေးအသားပုံစံဖြင့် ရေးသားပေးနိုင်ပါတယ်။ ထို့ကြောင့် သင့်အီးမေးလ်များကို သင် ယုံကြည်မှု ပိုမိုရှိလာစေခြင်း (သို့) သင့်စိတ်ကြိုက် ပုံစံဖြင့် ရေးသားနိုင်ခြင်းတို့ဖြင့် အချိန်ကုန်သက်သာစေနိုင်ပါတယ်။
Android: https://shorturl.at/evx18
iOS: https://shorturl.at/hkvX3

Duolingo ၏ Roleplay Feature
Duolingoသည် ဘာသာစကားမျိုးစုံကို သင်ယူလေ့ကျင့်နိုင်သည့် နာမည်ကြီး ပလပ်ဖောင်းတစ်ခုဖြစ်ပြီး ၎င်းတွင် မိုဘိုင်းအက်ပ်နှင့် ဝဘ်ဆိုဒ်တို့ ရှိပါတယ်။ Duolingo ကို Duo Max ဖြင့် လစဥ်ကြေးပေးသွင်း၍ အသုံးပြုနိုင်ပြီး Duolingo ၏ Roleplay လုပ်ဆောင်ချက်ဖြင့် language-learning bot နှင့် ချိတ်ဆက်နိုင်ခြင်း၊ သင်အသုံးပြုသော ဘာသာစကားဖြင့် အကြံပြုချက်များကိုလည်း ရရှိနိုင်မှာ ဖြစ်ပါတယ်။ ထိုသို့ လုပ်ဆောင်ခြင်းဖြင့် သင်၏ စကားပြောစွမ်းရည်ကိုလည်း မြှင့်တင်ပေးမှာ ဖြစ်ပါတယ်။
Android: https://rb.gy/82fxt
iOS: https://shorturl.at/fhku2

Khan Academy ၏ Khanmigo
Khan Academy သည် အွန်လိုင်းမှ သင်ယူလေ့လာနိုင်သည့် အကျိုးအမြတ်မယူသော ပညာရေးအဖွဲ့အစည်းတစ်ခုဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းရှိ လေ့လာသင်ယူသူများကို အရည်အသွေးမြင့် ပညာရေးဆိုင်ရာ ဘာသာရပ်များ သင်ကြားပေးလျက် ရှိပါတယ်။ Khanmigo သည် ကိုယ်ပိုင် လေ့လာသင်ယူလိုသူများနှင့် အိမ်စာလုပ်သူများအတွက် အထောက်အကူဖြစ်စေပါတယ်။ ၎င်းသည် သင့်အား တိုက်ရိုက်အဖြေများပေးမည် မဟုတ်သော်လည်း၊ ဘာသာရပ်အမျိုးမျိုးနှင့် အယူအဆများကို လွယ်ကူစွာရှာဖွေနိုင်စေရန် အရိပ်အမြွက် လမ်းညွှန်မှုများ ပေးပါတယ်။
Android: https://rb.gy/4rf5k
iOS: https://shorturl.at/fgEUV
Learn more: https://shorturl.at/otDKV

Expedia’s in-app AI chat
Expedia သည် ကမ္ဘာတစ်ဝှမ်းရှိ ကာစတန်မာများအတွက် ခရီးသွားဝန်ဆောင်မှုများ ပေးသည့် အွန်လိုင်းခရီးသွားကုမ္ပဏီ တစ်ခုဖြစ်ပါတယ်။ Expedia ၏ AI chatbot သည် ခရီးသွားအစီအစဉ်များကို စီစဉ်ရာတွင် ကူညီပေးနိုင်ပါတယ်။ သင်တည်းခိုလိုသည့်နေရာများအတွက် အကြံပြုချက်များ တောင်းခံဲနိုင်ပါတယ်။ ခရီးစဉ်အတွက် အကြံပြုချက်များကိုသာမက ဘွတ်ကင်ယူခြင်းတို့ကိုပါ လွယ်ကူစွာ ဆောင်ရွက်နိုင်ပါတယ်။
Android: https://rb.gy/aqfvv
iOS: https://shorturl.at/gtyU9

My AI from Snapchat
Snapchat သည် အသုံးပြုသူများအား ဓာတ်ပုံများ၊ ဗီဒီယိုများနှင့် မက်ဆေ့ချ်များကို သူငယ်ချင်းများနှင့် follower များထံ ပေးပို့နိုင်သည့် multimedia အက်ပ်တစ်ခုဖြစ်ပါတယ်။ Snapchat တွင် My AI ဆိုတဲ့ အချိန်မရွေး အကူအညီရယူနိုင်သည့် AI Assistant တစ်ခု ပါရှိပါတယ်။ သင်နဲ့အတူစကားပြောဆိုနိုင်ပြီး အမျိုးစုံသော အကြံပြုချက်များကိုလည်း ရယူနိုင်ပါတယ်။ ဥပမာအနေဖြင့် မွေးနေ့ညစာအတွက် အကြံတောင်းနိုင်ခြင်း (သို့) အစားအသောက် သိမ်းဆည်းခြင်းနဲ့ပတ်သက်ပြီး အကြံပြုချက်များတို့ကိုလည်း မေးမြန်းလို့ရပါတယ်။ ပျော်စရာကောင်းပြီး အသုံးပြုရတာလည်း လွယ်ကူပါတယ်။
Android: https://rb.gy/ix76f
iOS: https://shorturl.at/kxIU9