လူသုံးများသည့် Chat အက်ပလီကေးရှင်းများကို နှိုင်းယှဥ်ခြင်း (Viber ၊ Whatsapp ၊ Telegram ၊ Teams)
Viber၊ WhatsApp၊ Telegram နှင့် Microsoft Teams အချို့ကို နှိုင်းယှဉ်ကြည့်ရတဲ့အခါမှာ အက်ပ်တစ်ခုချင်းစီတွင် ထူးခြားသော အင်္ဂါရပ်များနှင့် လုပ်ဆောင်နိုင်စွမ်းများကို တွေ့ရပါတယ်။ သင့်ရဲ့ လိုအပ်ချက်နဲ့အညီ ဆက်သွယ်ရေးလိုအပ်ချက်များအတွက် အသင့်တော်ဆုံးပလက်ဖောင်းကို ရွေးချယ်နိုင်ဖို့ ၎င်းတို့၏ထူးခြားသောအရည်အချင်းများကို တစ်ဆင့်ချင်းဆီ လေ့လာကြည့်ကြပါစို့။
- ဖုန်းခေါ်ဆိုမှုများနှင့် မက်ဆေ့ဂျ်ပို့ခြင်းများအားလုံးအတွက် End-to-end encryption ထားရှိခြင်း
- မက်ဆေ့ဂျ်များကို Server များတွင် သိမ်းဆည်း မထားခြင်း
- Group chats ဖန်တီးရာတွင် လူဦးရေ ၂၅၆ ဦးအထိ ပါဝင်နိုင်ခြင်း
- Group chats တွင် ပါဝင်သူများ၏ မက်ဆေ့ချ်များကို လိုအပ်သလိုရွေး၍ ဖျက်နိုင်ခြင်း
- အဖွဲ့လိုက် Voice နှင့် Video Call များ ခေါ်ဆိုနိုင်ခြင်း
- ရုပ်ပုံ၊ ဗီဒီယိုနှင့် ဖိုင်များကို ပေးပို့ရှဲပေးနိုင်ခြင်း
Telegram
- Chat App များအနက် Telegram တစ်ခုတည်းသာ 1GB ထက်ကြီးသောဖိုင်များကို ရှဲနိုင်ခြင်း
- Group chat များကို ဖန်တီးရာတွင် လူဦးရေ ၂၀၀,၀၀၀ အထိ ပါဝင်နိုင်သဖြင့် Chat App များအနက် အများဆုံးဖြစ်ခြင်း
- Telegram သည် Facebook (သို့) Facebook ၏ တွဲဖက်ကုမ္ပဏီများနှင့် ဆက်စပ်မှုမရှိသည့် အားသာချက်ရှိခြင်း
- ဗီဒီယိုများ၊ ဓာတ်ပုံများနှင့် ဖိုင်များကို မျှဝေနိုင်ခြင်း
- လူဦးရေ ၂၀၀,၀၀၀ အထိ ပါဝင်နိုင်သည့် Group chat များတွင် ပါဝင်သူအားလုံး၏ မက်ဆေ့ဂျ်များကို ဖျက်နိုင်သည့် လုပ်ဆောင်ချက်ရှိခြင်း
- Secret Chat များအတွင်း screenshot ရိုက်လို့မရအောင် တားဆီးထားခြင်း
- Secret Chat များတွင် ဖျက်လိုသော မက်ဆေ့ချ်များကို မိမိကိုယ်တိုင်ဖျက်နိုင်ခြင်း
Viber
- ဖုန်းခေါ်ဆိုမှုများနှင့် မက်ဆေ့ဂျ်ပို့ခြင်းများအားလုံးအတွက် End-to-end encryption ထားရှိခြင်း
- ပေးပို့ပြီးသည့် မက်ဆေ့ဂျ်အားလုံးကို ဖျက်ပစ်နိုင်ပြီး အလွယ်တကူ ဝင်ရောက်နိုင်သော server နေရာများတွင် သိမ်းဆည်းမှု မရှိခြင်း
- ပေးပို့ပြီးသည့် မက်ဆေ့ချ်များ၊ ဗီဒီယိုများ နှင့် အသံဖိုင်များကို ကြည့်ရှုပြီးသည့်နောက် အလိုအလျောက် ဖျက်သွားအောင် လုပ်နိုင်ခြင်း
- App တွင် Counterparty screenshot လုပ်ဆောင်ချက်ပါဝင်ခြင်း
- Group Chat ဖွဲ့ရာတွင် private နှင့် public အတွက် လုပ်ဆောင်နိုင်ပြီး private chat တွင် လူဦးရေ ၂၅၀ ဦးထိ ထည့်သွင်းနိုင်ပြီး private chat တွင်မူ လူဦးရေ အကန့်အသတ်မရှိ ထည့်သွင်းနိုင်ခြင်း
- Group Chat တွင် ပါဝင်သူတစ်ဦးချင်းစီ (သို့) ပါဝင်သူအားလုံး၏ မက်ဆေ့ချ်များကို ဖျက်နိုင်ခြင်း
- Private chat များကို pin code စနစ်ဖြင့် အခြားသူ မမြင်နိုင်အောင် လော့ခ်ချ၍ ဝှက်ထားနိုင်ခြင်း
- အသံနှင့် ဗီဒီယိုခေါ်ဆိုမှုများ ပြုလုပ်နိုင်ခြင်း – ထိုသို့ ခေါ်ဆိုမှုများ၏ ရုပ်သံကြည်လင်ပြတ်သားမှုမှာ Chat App များအနက် အကောင်းဆုံးဖြစ်ခြင်း
- Facebook (သို့) Facebook ၏ တွဲဖက်ကုမ္ပဏီများ (ဥပမာ GIFY) နှင့် ဆက်စပ်မှုမရှိခြင်း
Microsoft Teams
- အဆင်ပြေချောမွေ့သော Microsoft 365 ၏ ပေါင်းစည်းမှု
- Instant Chats
Microsoft Teams ၏ Chat သည် အဓိကအင်္ဂါရပ်များအနက်မှ တစ်ခုဖြစ်သည်။ တစ်ဦးချင်းဖြစ်စေ၊ Group chat ဖြင့်ဖြစ်စေ အကြံပြုချက်များကို အဖွဲ့၀င်များထံ ချက်ချင်းသတင်းပို့ကာ လျင်မြန်စွာ တိုင်ပင်ဆွေးနွေးနိုင်ခြင်း - စကားဝိုင်း channel များ။
- Email, Skype, OneDrive နှင့် SharePoint တို့နှင့် တိုက်ရိုက်ချိတ်ဆက် ဝင်ရောက်နိုင်ခြင်း
Teams မှတစ်ဆင့် Microsoft 365 အပလီကေးရှင်းများထံ ဝင်ရောက်နိုင်သဖြင့် အလုပ်တာဝန်များကို ပိုမိုထိရောက်စွာ လုပ်ဆောင်နိုင်စေပါသည်။ OneDrive နှင့် SharePoint ရှိ ဖိုင်များနှင့် စာရွက်စာတမ်းများကို ဝင်ရောက်ကြည့်ရှုနိုင်ပြီး Team မှ တိုက်ရိုက် ဖုန်းခေါ်ဆိုမှုများနှင့် video conference များပြုလုပ်နိုင်ခြင်း။ - ရုံးတွင်းနှင့် ပြင်ပအကြား ချိတ်ဆက်ရာတွင် စိတ်ချရခြင်း