Blog Posts
MOHS reported a positive COVID-19 case this week – Case 120. The infected woman works at a MPT shop on Level 1 in Myanmar Plaza. If you were in Myanmar Plaza between April 1 – 9, and had visited the MPT shop, please inform HR (askHR@yoma.com.mm) so that we can conduct COVID-19 contact tracing with you.
ထိတွေ့သွားလာမှုအပေါ် စီစစ်ခြင်း
ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ယခုအပတ်တွင် အတည်ပြုလိုက်သည့် လူနာအမှတ် ၁၂၀ အမျိုးသမီးသည် မြန်မာပလာဇာ ပထမထပ်ရှိ MPT ဆိုင်တွင် အလုပ်လုပ်သူဖြစ်သည်။ အကယ်၍ သင်သည် ဧပြီလ ၁ ရက်နေ့မှ ၉ ရက်နေ့အထိ အဆိုပါ MPT ဆိုင်သို့ သွားရောက်ခဲ့ပါက askHR@yoma.com.mm သို့ အီးမေးလ်ပေးပို့ပြီး HR ထံ အကြောင်းကြားပါ။ သို့မှသာ ကျွန်တော်တို့အနေဖြင့် သင့်အတွက် COVID-19 လူနာနှင့် ထိတွေ့သွားလာခဲ့မှုအပေါ် စုံစမ်းစစ်ဆေးနိုင်မည်ဖြစ်ပါသည်။
Hi Yoma Family,
Hope you all had a restful and safe Thingyan Holiday.
As announced, work from home will be extended from Monday till the end of the month.
Sharing here some guidelines and tips to help us focus, work efficiently and professionally, while working from home –
WFH The Yoma Way.
Find out more in this link for more guidelines.
https://yomagroup.net/knowledge-base-category/wfh-the-yoma-way/
#People2020 puts our employees at the forefront of all our decision making, and in this covid situation, the health and wellbeing of our employees is our greatest priority.
There is much uncertainty about whether the Stay Home notice will continue. Regardless, to ensure the health and safety of our staff, we have decided to extend the Work From Home (WFH) arrangement until 4May. Some entities have already decided to extend WFH until a later date, while arrangement will need to be different for front line staffs. Please check with your line manager to determine how your work may be impacted.
For anyone who needs to travel back to Yangon, we will provide a week’s notice prior to any further change so you can plan accordingly.
Covid will be with us for a while. Staffs should expect that some form of WFH arrangement in the next months. We will need a high degree of flexibility together to operate in these uncertain times.
We need to work hard to make WFH a success. To support remote working, we have developed guidelines to help our employees operate as effectively as possible. The “WFH The Yoma Way” guideline will be posted on Yoma Connect today. We have also established the WFH Wellness Centre which will have programs aimed at keeping staff engaged and motivated, and to ensure there is a support structure in place for staff that need assistance.
Stay Safe. Happy Thingyan!
နေအိမ်မှာနေ၍ ရုံးအလုပ်လုပ်ခြင်းကို ရက်တိုးသတ်မှတ်ခြင်း
#People2020 ဆိုတဲ့အတိုင်း ကျွန်တော်တို့ရဲ့ ဆုံဖြတ်ချက် တစ်ခုချတိုင်း ဝန်ထမ်းတွေအတွက် အဓိက ဦးစားပေး စဉ်းစားပါတယ်။ ယခုလို Covid အခြေအနေမျိုးမှာလည်း ဝန်ထမ်းတွေရဲ့ ကျန်းမာလုံခြုံရေးက ကျွန်တော်တို့အတွက် အရေးကြီးဆုံးဖြစ်ပါတယ်။
နေအိမ်မှာဘဲ ဆက်နေရမလားဆိုတဲ့ ထုတ်ပြန်ချက်အပေါ် မရေရာ မသေချာမှုတွေ အများကြီးရှိနေပါတယ်။ ဘယ်လိုဘဲဖြစ်ဖြစ် ကျွန်တော်တို့ ဝန်ထမ်းတွေရဲ့ ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေးအတွက် နေအိမ်မှာနေပြီး ရုံးအလုပ်လုပ်ရမည့် အစီအစဉ်ကို မေလ ၄ ရက်နေ့အထိ ရက်တိုးလုပ်ဆောင်သွားဖို့ ကျွန်တော်တို့ ဆုံးဖြတ်ခဲ့ပါတယ်။ တချို့ လုပ်ငန်းဌာနတွေကလည်း နေအိမ်မှာနေပြီး ရုံးအလုပ်လုပ်ခြင်းကို ဒီထက်မက ရက်တိုးသတ်မှတ်ထားပြီးဖြစ်ပါတယ်။ ဒါပေမဲ့ ရှေ့တန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းတွေအတွက်တော့ တစ်မျိုးစီစဉ်ရမှာ ဖြစ်ပါတယ်။ ကိုယ့်အလုပ်အပေါ် သက်ရောက်မှု ရှိ၊ မရှိကို မိမိမန်နေဂျာနှင့် စုံစမ်းမေးမြန်းနိုင်ပါတယ်။
တခြားမြို့မှ ရန်ကုန်သို့ ပြန်လာမည့် ဝန်ထမ်းများအနေနဲ့လည်း ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်နိုင်အောင် ကျွန်တော်တို့ဘက်မှ အပြောင်းအလဲရှိရင် တစ်ပတ်ကြို အကြောင်းကြားပေးသွားမှာ ဖြစ်ပါတယ်။
ဒီ Covid အခြေအနေကလည်း အချိန်တစ်ခုအထိ ရှိနေအုံးမှာ ဖြစ်တဲ့အတွက် ဝန်ထမ်းများအနေနှင့် နောက်လတွေအထိ နေအိမ်မှာနေပြီး ရုံးအလုပ် ဆက်လုပ်သွားရမယ်ဆိုတာကို ခန့်မှန်းထားနိုင်ပါတယ်။ အခုလို မသေချာ မရေရာတဲ့အချိန်မှာ လုပ်ငန်းဆောင်တာတွေကို ကျွန်တော်တို့အားလုံး လိုက်လျောညီထွေမှုရှိစွာ ဆက်လုပ်သွားဖို့ လိုအပ်ပါတယ်။
နေအိမ်မှာနေပြီး ရုံးအလုပ်လုပ်ခြင်းကို အောင်မြင်တဲ့ အစီအစဉ်တစ်ခုဖြစ်လာအောင် လုပ်ဖို့လိုပါတယ်။ ဝန်ထမ်းတွေ အဝေးကနေပြီး အလုပ်ကို ထိရောက်စွာ လုပ်ကိုင်နိုင်အောင် လမ်းညွှန်ချက်တွေကိုလည်း ထုတ်ပြန်ထားရှိပါတယ်။ “WFH The Yoma Way” ၏ လမ်းညွှန်ချက်များကို ဒီနေ့ Yoma Connect မှာ တင်ပြသွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ဝန်ထမ်းများကို စိတ်အားတက်ကြွပြီး လိုအပ်တဲ့ ပံ့ပိုးမှုတွေကို ဖြည့်ဆည်းပေးနိုင်ဖို့ WFH Wellness Centre ကိုဖွဲ့စည်းပြီး အစီအစဉ်များ ရေးဆွဲထားရှိပါတယ်။
အားလုံးဘဲ ဘေးကင်းပြီး ပျော်ရွှင်စရာနှစ်သစ်ဖြစ်ပါစေ။
Hi all,
This morning it was confirmed that one of our Pun Hlaing Estate residents has tested positive for COVID-19. The patient is quarantined in the government hospital, while the family has been put into self-isolation in their house. The Estate Management team is working with the family to thoroughly trace their movements.
For the Estate, our residents are already taking conservative safe-distancing measures, and we have now closed facilities such as the gym, swimming pool, tennis courts and golf club. The Country Store will only reopen after deep cleaning and disinfecting.
This hits close to home, and is a stark reminder that we have to take social distancing and hygiene seriously and implement any precautionary measures to stay safe and stay healthy.
I want to thank you all for your hard work and dedication over this difficult year. I also want to thank our front line staffs and hospital staffs for the dedication over the past weeks to prepare our covid response. These are critical times and I am grateful many of our HEROes are stepping up to this fight. THANK YOU!!
Happy Thingyan!
Melvyn
The world is facing a challenging time. We all are told to stay at home, to work from home. But there are those who cannot. And because they are working, they help to keep us safe and help to look after the community we live in. Yoma Group Would like to express our gratitude towards these Unsung heroes of Myanmar.
တစ်ကမ္ဘာလုံး စိန်ခေါ်မှုတွေကို ရင်ဆိုင်နေရချိန်မှာ ကျွန်တော်တို့တွေ အိမ်မှာဘဲနေပြီး အလုပ်လုပ်နေကြပါတယ်။ ဒါပေမဲ့ တချို့တွေအတွက်တော့ ဒီလိုမဟုတ်ပါဘူး။ သူတို့တွေအပြင်မှာ အလုပ်ထွက်လုပ်ပြီး ကျွန်တော်တို့တွေနဲ့ လူ့အဖွဲ့အစည်းကို ဘေးကင်းအောင် ကာကွယ်စောင့်ရှောက်နေကြပါတယ်။ ကိုယ်ကျိုးစွန့် အနစ်နာခံနေကြတဲ့ မြန်မာနိုင်ငံရဲ့ သူရဲကောင်းတွေကို ရိုးမအုပ်စုမှ ကျေးဇူးတင်ရှိပါတယ်။
The government has implemented Stay at Home rules for the Thingyan period (Yangon 10-19April; Mandalay 7-19April). There will be restricted movement in each township to avoid the spread of covid-19.
The Group will therefore be implementing Level 2 BCP plans accordingly by the end of next week. Each entity will set their timeline for restricting business services and shutting of offices as appropriate.
The city lockdown is a preventive measure to limit the risk of covid spread. This is different from many countries in Europe and the US who are forced to implement rules as a last resort. We have time to put in place our plans in an orderly manner.
A few thoughts:
1) Preparing your homes – prepare food, medical supply and essential goods. You will be allowed to get food during the lockdown, but it is important to plan ahead. Consider the chance that lock down may be extended beyond 19April
2) Covid-19 staff loan – consider using the loan for emergency purposes only. Yoma Bank will continue to offer this for the next months until the covid-19 situation ends. Therefore, you can wait to apply when you need it for emergency.
3) Campus Zay – Campus will be open during next week. If we run out on items you need, we will order for replenishment.
4) Masks – we have also added stock of masks in Campus Zay, and can source more. Please consider wearing masks particularly if you are in crowded areas
Good hygiene and social distancing are now very important. During Thingyan, please pass these advices, and also guideline on how to self-isolate in the event of illness, to your friends and family. Be extra careful and protect your community and loved ones in this critical times.
Stay safe 🙏
Covid-19 (၂၀၂၀ ခုနှစ်၊ ဧပြီလ ၄ ရက်နေ့ ထုတ်ပြန်ချက်)
နိုင်ငံတော် အစိုးရမှ သင်္ကြန်ကာလ (ရန်ကုန် – ဧပြီလ ၁၀ မှ ၁၉ ရက်၊ မန္တလေး – ဧပြီလ ၇ မှ ၁၉ ) အထိကို နေအိမ်တွင်သာနေရမည့် စည်းကမ်းကို ညွှန်ကြားထုတ်ပြန်ထားပါသည်။ Covid-19 ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရန် မြို့နယ်များတွင် သွားလာမှုများကို ကန့်သတ်ထားမည်ဖြစ်သည်။
ထို့ကြောင့် လုပ်ငန်းစုအနေနှင့် အဆင့် (၂) အစီအစဉ်များကို နောက်အပတ်မှစ၍ စတင်လုပ်ဆောင်သွားပါမည်။ လုပ်ငန်းဌာန တစ်ခုချင်းစီမှ လုပ်ငန်းဝန်ဆောင်မှု ကန့်သတ်ခြင်းများနှင့် ရုံးပတ်ခြင်းများကို လိုအပ်သလို အချိန်နှင့်တပြေးညီ ဆောင်ရွက်သွားမည်ဖြစ်သည်။
မြို့ကို ပိတ်ချပြီး အသွားအလာ ကန့်သတ်လိုက်ခြင်းသည် Covid-19 ကူးစက်မှုကို ကာကွယ်ထိန်းချုပ်ရန်ဖြစ်သည်။ ယခုကဲ့သို့ ပြုလုပ်ခြင်းသည် ဥရောပနှင့် အမေရိကန်နိုင်ငံတွင် အခြေအနေဆိုးလာမှ စည်းကမ်းများကို လိုက်နာရန် အတင်းအကြပ်ပြုလုပ်သည့် အခြေအနေနှင့် မတူပါ။ ကျွန်တော်တို့တွင် လိုအပ်သည်များကို စနစ်တကျ စီမံရန် အချိန်ရပါသေးသည်။
၁) မိမိအိမ်တွင် ပြင်ဆင်ရန် – အစားအစာများ၊ လိုအပ်သည့် လူသုံးကုန်ပစ္စည်းနှင့် ဆေးဝါးများကို ကြိုတင်ပြင်ဆင်ထားပါ။ မြို့ပိတ်ချချိန်တွင် အစားအစာများ ဝယ်ယူရရှိနိုင်သေးမည်ဖြစ်သော်လည်း ကြိုတင်ပြင်ဆင်ထားသင့်ပါသည်။ မြို့ပတ်ချမှုသည် ဧပြီလ ၁၉ ရက်နေ့နောက်ပိုင်းအထိ ဖြစ်လာနိုင်ဖွယ်ရှိသည်ဟု မှန်းဆထားပါ။
၂) အရေးပေါ်ချေးငွေ – အရေးပေါ်ချေးငွေကို အမှန်တကယ်လိုအပ်မှသာ လျှောက်ထားသင့်ပါသည်။ Covid-19 အခြေအနေ မပြီးဆုံးသေးသရွေ့ လာမည့်လများတွင်လည်း ရိုးမဘဏ်မှ ချေးငွေများ ထုတ်ချေးပေးသွားမည်ဖြစ်ပါသည်။ ထို့ကြောင့် လိုအပ်သည့်အချိန်တွင် ထုတ်ချေးနိုင်ပါသည်။
၃) Campus ဈေး – နောက်အပတ်မှာလည်း Campus ဈေးကို ဆက်လက်ဖွင့်လှစ်သွားပါမည်။ လိုအပ်သည့်ပစ္စည်းများ ရောင်းကုန်သွားပါက ကုန်ပစ္စည်းများ ထပ်မံဖြည့်ထားပါမည်။
၄) Masks – Campus ဈေးတွင် Masks များ စတော့ထပ်ဖြည့်ထားပြီး ထပ်မံလည်း မှာယူနိုင်ပါသည်။ ထို့ကြောင့် အပြင်ထွက်တိုင်း အထူးသဖြင့် လူထူထပ်သောနေရာများတွင် Mask ဝတ်ဆင်သင့်ပါသည်။
တစ်ကိုယ်ရည်သန့်ရှင်းရေးနှင့် အချင်းချင်း ခပ်ခွာခွာနေခြင်းသည် အထူးအရေးကြီးပါသည်။ သင်္ကြန်အချိန်ခါတွင် လိုက်နာရမည့် စည်းကမ်းများနှင့် နေမကောင်းဖြစ်ပါက မည်သို့ သီးသန့်နေထိုင်ရမည်ကို မိမိအသိမိတ်ဆွေများနှင့် မျှဝေလက်ဆင့်ကမ်းပေးကြပါ။ ယခုလို အရေးကြီးချိန်တွင် အထူးဂရုစိုက်နေထိုင်ပြီး မိမိချစ်ရသူများနှင့် လူ့ပတ်ဝန်ကျင်ကို ကာကွယ်နိုင်ကြပါစေ။
အားလုံးဘဲ ဘေးကင်းကြပါစေ။
Positive case: #15
Location 1: International SOS Clinic @ Inya Lake Hotel
If you or anyone in your family had attended this clinic between 20th March – 31st March.
Location 2: Parami Hospital/ Samitivej Clinic
If you or anyone in your family had attended this clinic between 23rd March – 1st April.
You MUST complete the declaration form:
Declare-Travel/Hospital Visit Form
You have to also alert Martin Appel and Valentina Lwin Bailey so they can determine the level of contact.
To protect you, your family and our employee’s health and safety, please be responsible in following our declaration procedure. If you have any medical questions please email askDR.com.mm.
Dr. Zaw Nyein Aye of Pun Hlaing Siloam Hospital shares with us the steps and procedures you should be aware of while you are self-isolating at home.
ပန်းလှိုင်စီလုံဆေးရုံမှ ဒေါက်တာ ဇော်ငြိမ်းအေးသည် မိမိတို့နေအိမ်တွင် သီးသန့်နေထိုင်စဉ် လိုက်နာကျင့်သုံးရမည့် အလေ့အကျင့်နှင့် လုပ်ဆောင်ပုံများကို ရှင်းလင်းပြောကြားထားပါသည်။