Tech-Hub Newsletter Myanmar

ဆော့ဖ်ဝဲရေးသားဖန်တီးရာတွင် Onenex ရဲ့ ချဉ်းကပ်ပုံ နှင့် လုပ်ငန်းစဉ် အကြောင်း

လျင်မြန်စွာ တိုးတက်ဖွံ့ဖြိုးနေသော နည်းပညာနယ်ပယ်တွင်၊ ဆော့ဖ်ဝဲ ရေးဆွဲဖန်တီးမှုသည် နည်းပညာကျွမ်းကျင်မှု ရှိရုံတင်မကပဲ၊ အဖွဲ့အစည်းအတွင်း အဆင်ပြေ ချောမွေ့မှု့ရှိသော ပူးပေါင်းဆောင်ရွက်မှုကို လိုအပ်သည်။ Onenex တွင် လည်ပတ်လုပ်ကိုင်လျှက်ရှိသော Project တိုင်းအတွက် Customer များ၏ လိုအပ်ချက်များကို ပြည့်မ့်မရန် နှင့်   Onenex ၏ ဆောင်ရွက်မှုများ သေချာစေရန်အတွက် ဆော့ဖ်ဝဲ ရေးသား ဖန်တီးသည့် လုပ်ငန်းစဉ်ကို စနစ်တကျသတ်မှတ်ထားပါသည်။ 

စိတ်ကူးမှ လက်တွေ့ သို့ အကောင်အထည်ဖော်ခြင်း

Onenex ၏ ဆော့ဖ်ဝဲ ရေးဆွဲဖန်တီးမှုလုပ်ငန်းစဉ်သည် Customer များအတွက် လက်တွေ့အကျိုးရှိရှိ အသုံးပြုနိုင်သော ဆော့ဖ်ဝဲ တစ်ခု ဖန်တီး တည်ဆောက်ရန်အတွက် ပူးပေါင်းလုပ်ဆောင်သည့် လုပ်ငန်းစဉ်တစ်ခုဖြစ်သည်။ 

ဆော့ဖ်ဝဲ ရေးဆွဲဖန်တီးမှု လုပ်ငန်းစဉ်ကို Customer ၏ စိတ်ကူးနှင့် လိုက်လျောညီထွေရှိစေရန် တိကျသေချာသော BRS (Business Requirement Specification) လုပ်ငန်းလိုအပ်ချက် သတ်မှတ်ချက်စာရွက်စာတမ်းကို ရေးသား မှတ်တမ်းတင်ပေးသော Business Analyst များနှင့် စတင်ပါသည်။ 

UI/UX ဒီဇိုင်နာများသည် ဤ BRS တွင်ပါသော အချက်အလက်အများ ကို အခြေခံပြီး Business Analyst နှင့် ပူးပေါင်း၍ Customer အပါဝင် သက်ဆိုင်ရာ အဖွဲ့သားများပါ မြင်သာထင်သာ စစ်ဆေးကြည့်ရှုနိုင်သော User Interface ဒီဇိုင်းပုံများကို ရေးဆွဲပေးပါသည်။ 

Developer များက ဤဒီဇိုင်းများကို ကုဒ်များ အဖြစ် ပြောင်းလဲ ရေးသားပြီး လက်တွေ့ အသုံးပြု ဆောင်ရွက် နိုင်သော အပလီကေးရှင်း ဆော့ဖ်ဝဲ များအဖြစ်သို့ ပြောင်းလဲပေးပါသည်။ 

QA (Quality Assurance) အဖွဲ့သည် ဆော့ဖ်ဝဲကို အမှားများကင်းစင်ရုံသာမက Customer များ မျှော်မှန်းထားသည့် အတိုင်း လုပ်ဆောင်နိုင်စေရန် စမ်းသပ် စစ်ဆေးပေးပါသည်။ ဤလုပ်ငန်းစဉ် တစ်ခုလုံးတွင် ပရောဂျက်မန်နေဂျာက သတ်မှတ်ထားသည့် အချိန်တွင်၊ မျှော်လင့်ထားသည့် အရေအသွေးအတိုင်း၊ သတ်မှတ်ထားသည့် ငွေကြေးပမာဏ ကို မကျော်လွန်စေပဲ အောင်မြင်စေရန် အစမှ အဆုံး စီမံ ဆောင်ရွက်ပေးသည်။ 

သင့် စိတ်ကူးကို ဒစ်ဂျစ်တယ် နည်းပညာ ဆော့ဖ်ဝဲ ထုတ်ကုန်များ အဖြစ် ပြောင်းလဲရန် ကျွန်ုပ်တို့နှင့်ပူးပေါင်းဖို့ ဖိတ်ခေါ်ပါသည်။ 

Yoma Connect: The All-In-One Features

Yoma Connect ကို ပိုမိုကောင်းမွန်အောင် ထည့်သွင်းထားသည့် လုပ်ဆောင်ချက်အသစ်များကို အသုံးပြုနိုင်ရန် Version အသစ်ကို March 14th မှာကြေငြာခဲ့ပါတယ်။  March 18th မှာတော့ Poll Feature upgrade ပြုလုပ်ခဲ့ပါတယ်။

Poll feature

Poll လုပ်ဆောင်ချက်ကို မြှင့်တင်လိုက်တာကြောင့် ယခုဆိုရင် working group အတွင်း တုံ့ပြန်ချက်များကို အလွယ်တကူ စုဆောင်းနိုင်ခြင်း၊ ဆုံးဖြတ်ချက်များ ချမှတ်လာနိုင်ခြင်းတို့အပြင် အဖွဲ့သားအချင်းချင်းလည်း ပိုမိုထိရောက်စွာ ချိတ်ဆက်လာနိုင်ပြီ ဖြစ်ပါတယ်။ Poll လုပ်ဆောင်ချက်ကို အသုံးပြုနိုင်ဖို့ သင့်ရဲ့ Yoma Connect အက်ပ်ကို update လုပ်ရပါမည်။ 

မကြာခင် Yoma Connect မှာ အသစ်ထွက်ရှိမယ့် လုပ်ဆောင်ချက်တွေမှာ Biometric Login ၊ ဝန်ထမ်းအချင်းချင်း Badge ပေးလို့ရတဲ့ feature တွေ ပါလာဦးမယ့်အကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ 

Cybersecurity Awareness Training 2024

Group Technology သည် ယနေ့ခေတ်တွင် ဒစ်ဂျစ်တယ်အခင်းအကျင်းကို လုံခြုံစွာသွားလာရန် လိုအပ်သော အသိပညာနှင့် ကျွမ်းကျင်မှုများကို တစ်ဦးချင်းစီအား ဖြည့်ဆည်းပေးရန်အတွက် စုစည်းထားသော ကျွန်ုပ်တို့၏ Cybersecurity Awareness Training Program ကို စတင်ကြေညာရခြင်းအတွက် ဝမ်းသာပီတိဖြစ်ရပါသည်။  

Group Technology မှ ကျွမ်းကျင်သော သင်တန်းဆရာများဖြစ်သော ကိုတင်ထွန်းလွင်နှင့် ကိုအောင်သူရတို့က ဦးဆောင်ကာ၊ ဤပရိုဂရမ်သည် အင်တာနက်အသုံးပြုမှုအတွက် အကောင်းဆုံးအလေ့အကျင့်များ၊ ဖြားယောင်းခြင်းဆိုင်ရာ အသိပညာနှင့် စကားဝှက်လုံခြုံရေးအပါအဝင် မရှိမဖြစ်လိုအပ်သော ဆိုက်ဘာလုံခြုံရေးဆိုင်ရာ အကြောင်းအရာများကို အကျုံးဝင်ပါသည်။ အစီအစဉ်အချိန်ဇယားများနှင့် မှတ်ပုံတင်ခြင်းအသေးစိတ်အချက်အလက်များကို စောင့်မျှော်ကြည့်ရှုပါ။ ကျွန်ုပ်တို့၏ ဆိုက်ဘာလုံခြုံရေးအနေအထားကို အားကောင်းစေရန်နှင့် ကျွန်ုပ်တို့၏ ဒစ်ဂျစ်တယ်ပိုင်ဆိုင်မှုများကို ကာကွယ်ရန် အင်အားစုများ ပူးပေါင်းကြပါစို့။

Simplify Your Tasks with Microsoft Planner

Microsoft Planner ဆိုတာ ဘာလဲ?
Microsoft Planner ဆိုသည်မှာ အလုပ်တာဝန်များကို စီမံခန့်ခွဲပေးနိုင်သည့် Microsoft 365 ထုတ်လုပ်မှုစွမ်းရည်ဆိုင်ရာ အက်ပ်လီကေးရှင်း၏ တစ်စိတ်တစ်ပိုင်းဖြစ်ပါသည်။ အသုံးပြုသူများအနေဖြင့် လုပ်ငန်းဆောင်တာများကို အစီအစဉ်‌ရေးဆွဲနိုင်ခြင်း၊ လုပ်ငန်းတာဝန်များကို တစ်နေရာတည်းတွင် ထည့်ထားနိုင်ခြင်း၊ အဖွဲ့၀င်များထံ တာဝန်များ ခွဲပေးနိုင်ခြင်း ၊ Deadlines များ သတ်မှတ်ခြင်း ၊ အလုပ်ပြီးစီးမှု အခြေအ‌နေကို စောင့်ကြည့်ခြင်း စသည်တို့ကို တစ်နေရာတည်းတွင် လုပ်ဆောင်နိုင်ပါသည်။ 

လုပ်ဆောင်ပုံ
Microsoft Planner ကိုအသုံးပြုခြင်းဖြင့် သင့်လုပ်ငန်းတာဝန်များကို စီမံခန့်ခွဲရာတွင် ပိုမိုလွယ်ကူအဆင်ပြေစေပါသည်။ ၎င်း၏ လုပ်ဆောင်ပုံမှာ – 

အစီအစဥ်တစ်ခုကို ရေးဆွဲပါ – သင့်ပရောဂျက် (သို့) လုပ်ငန်းတာဝန်များအတွက် အစီအစဉ်အသစ်တစ်ခုကို ရေးဆွဲပါ။ သင့်အဖွဲ့သားများ နားလည်နိုင်စေရန် အစီအစဥ်ကို အမည်ပေး၍ သတ်မှတ်ဖော်ပြနိုင်ပါသည်။  

လုပ်ငန်းတာဝန်များကို ထည့်သွင်းပါ – အစီအစဉ်ရေးဆွဲပြီးသည်နှင့် တစ်ပြိုင်နက် လုပ်ဆောင်ရမည့်လုပ်ငန်းတာဝန်များကို စတင်ထည့်သွင်းနိုင်ပါသည်။ “Add Task” ခလုတ်ကို နှိပ်၍ လုပ်ဆောင်ရမည့် တာဝန်အတွက် အမည်ပေးနိုင်ပြီး လိုအပ်ပါက ထိုအလုပ်တာဝန်ကို အဖွဲ့ဝင်ထံ တာဝန်ချပေးနိုင်ပါသည်။

လုပ်ငန်းတာဝန်များကို ခွဲခြမ်းစိတ်ဖြာပါ – လုပ်ငန်းတာဝန်များကို အမျိုးအစားခွဲခြားပြီး ဦးစားပေး သတ်မှတ်မှုများ ပြုလုပ်နိုင်ရန် bucket list များ ပြုလုပ်ထားနိုင်ပါသည်။ ဥပမာအားဖြင့် ပရောဂျက်တစ်ခု၏ ဦးစားပေးအဆင့်အလိုက် တာဝန်များ (သို့) အဖွဲ့၀င်အလိုက် သက်ဆိုင်သည့် ဝာာဝန်များကို bucket list ပြုလုပ်၍ ခွဲခြား သတ်မှတ်နိုင်ပါသည်။ 

တာဝန်များပေးအပ်ခြင်း – အလုပ်တာဝန်တစ်ခုကို စတင်သည့်အခါ (သို့) ပြင်ဆင်သည့်အခါ ဝာာဝန်ချပေးလိုသူသူ၏ အမည်ကို dropdown menu မှရွေးချယ်၍ တာဝန်များပေးအပ်နိုင်ပါသည်။ သို့မှသာ အဖွဲ့ဝင်များမှ ၎င်းတို့လုပ်ဆောင်ရမည့် အလုပ်တာဝန်များကို သိရှိပြီး အလုပ်များကို အချိန်မီ ပြီးမြောက်အောင် လုပ်ဆောင်နိုင်မှာ ဖြစ်ပါသည်။  

လုပ်ငန်းတာဝန်များ ပြီးဆုံးမှု အခြေအနေကို ခြေရာခံပါ – ပြီးစီးသွားသည့် လုပ်ငန်းတာဝန်များကိုလည်း ပြီးမြောက်သွားပြီဖြစ်ကြောင်းကို Microsoft Planner တွင် မှတ်သားထားနိုင်ပါသည်။ ထိုသို့ မှတ်သားမှုများကို ကြည့်၍ အလုပ်ပြီးမြောက်မှု အခြေအနေကို အလွယ်တကူ သိနိုင်ပါသည်။ 

Microsoft Planner ၏ အကျိုးကျေးဇူးများ

  • အလုပ်တာဝန်များကို ထိရောက်စွာ စီမံခန့်ခွဲနိုင်ခြင်း – လုပ်ငန်းတာဝန်များကို တစ်နေရာတည်းတွင် စုစည်းထားခြင်းဖြင့် လုပ်ဆောင်ရမည့် တာဝန်များနှင့် အလုပ်တစ်ခုစီတိုင်းအတွက် မည်သူ့တွင် တာဝန်ရှိသည်ကို အလွယ်တကူ သိရှိနိုင်ပါသည်။  
  • ပူးပေါင်းဆောင်ရွက်နိုင်ခြင်း – Microsoft Planner ဖြင့် အဖွဲ့၀င်များသည် လုပ်ငန်းတာဝန်များကို ပူးပေါင်းဆောင်ရွက်နိုင်ခြင်း၊ ဖိုင်များကို မျှဝေနိုင်ခြင်း၊ တစ်ဦးနှင့်တစ်ဦး ဆက်သွယ်ပြောဆိုခြင်း အစရှိသည်တို့ကို တစ်နေရာတည်းတွင် လုပ်ဆောင်နိုင်ပါသည်။ 
  • အလုပ်ပိုမို ပြီးမြောက်နိုင်ခြင်း – အချိန်မီပြီးစီးရမည့် လုပ်ငန်းတာဝန်များနှင့် နေ့ရက်များကို လွယ်ကူရှင်းလင်းစွာ သိမြင်နိုင်ခြင်း‌ကြောင့် သင့်အား ပိုမို အာရုံစိုက် လုပ်ကိုင်နိုင်စေကာ အလုပ်များကို ပိုမိုပြီးမြောက်နိုင်စေပါသည်။ 

နိဂုံးချုပ်အနေဖြင့် Microsoft Planner သည် မိမိတို့၏ လုပ်ငန်းတာဝန်များကို ပိုမိုထိရောက်စွာ စီမံခန့်ခွဲနိုင်စေသည့်အပြင် ပူးပေါင်းဆောင်ရွက်မှုများကိုပါ မြင့်တင်ပေးနိုင်ခြင်းတို့ကြောင့် မိမိတို့ မျှော်မှန်းထားသည်များကို အကောင်အထည်‌ပေါ်အောင် လုပ်ဆောင်ပေးနိုင်သည့် ပလက်ဖောင်းတစ်ခုဖြစ်ပါသည်။ 
Plan an event in Microsoft Planner – Microsoft Support  
Track a process in Microsoft Planner – Microsoft Support  

Discover the Must-Try AI Chatbots

ယနေ့ ဒစ်ဂျစ်တယ်ခေတ်တွင် (AI) chatbots ၏ လုပ်နိုင်စွမ်းများမှာ ဆက်လက် ကျယ်ပြန့်လာလျက်ရှိကာ သုံးစွဲသူများအား ပိုမိုကောင်းမွန်သော ဆက်သွယ်ချိတ်ဆက်ခြင်းများ၊ ပြဿနာဖြေရှင်းခြင်းနှင့် သတင်းအချက်အလက်များ ရှာဖွေ ရယူခြင်းများ အစရှိသည့် ကိစ္စရပ်များကို လုပ်ဆောင်ပေးနိုင်ပါသည်။ AI chatbots များသည် မိမိတို့၏ လက်ထောက်တာဝန်မှ အွန်လိုင်းမှ ပညာများ သင်ကြားပေးသူများအထိ ကျွန်ုပ်တို့ နေ့စဉ်ဘဝ၏ အရေးကြီးသော နေရာများတွင် ပါဝင်လာကာ အလုပ်တာဝန်မျိုးစုံနှင့် စုံစမ်းမေးမြန်းမှုများကို ကူညီဖြေရှင်းပေးလျက်ရှိပါသည်။  

အောက်ဖော်ပြပါ လမ်းညွှန်ချက်တွင် ကျွန်ုပ်တို့သည် AI chatbots တို့၏ ကွဲပြားသော လုပ်ဆောင်နိုင်စွမ်းများ၊ အင်္ဂါရပ်များနှင့် စွမ်းဆောင်ရည်များကို ခွဲခြမ်း‌ဖော်ပြထားပါသည်။ နာမည်ကြီး AI chatbot များ၏ စျေးနှုန်းသတ်မှတ်ချက်များ၊ ဘာသာစကား အသုံးပြုပုံများ၊ ၎င်းတို့၏ လက်ရှိလုပ်ဆောင်နိုင်စွမ်းများနှင့် အဓိကလုပ်ဆောင်ချက်များကိုလည်း သုံးသပ်လေ့လာထားပါသည်။ 

Announcement for Next App Portal and Business Banking Portal

Next Portal

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၂၀) ရက်နေ့ မှစတင်၍ အသစ်ထပ်မံအဆင့်မြှင့်တင်လိုက်သော Yoma Bank Next Portal Version အသစ် 1.0.1 အား အသုံးပြုနိုင်ပြီဖြစ်ပါသည်။ Yoma Bank Next Portal မိတ်ဆက်ရခြင်း၏ ရည်ရွယ်ချက်မှာ Customer များလက်ရှိအသုံးပြုလျက်ရှိနေသော Yoma Bank Next Mobile Banking App အပြင် အသုံးပြုရာတွင် ပိုမိုအဆင်ပြေစေရန်နှင့် Mobile သာမက Portal/ Web Version အနေဖြင့်ပါ ဘဏ္ဍရေးဆိုင်ရာလုပ်ငန်းများကို မြန်ဆန်စွာ ဆောင်ရွက်နိုင်စေရန် ရည်ရွယ် ပါသည်။ 

Yoma Bank Next Portal အား MVP အနေဖြင့် ရိုးမဘဏ်ရှိ ဝန်ထမ်းများကိုသာ Internal အသုံးပြုနိုင်ရန် စတင်မိတ်ဆက်ခဲ့ပြီး ယခုအခါ Yoma Bank Next Mobile Banking App အသုံးပြုနေသူ Existing Customer များနှင့် မိမိ၏ဖုန်းတွင် Yoma Bank Next Mobile Banking App အား ဖုန်းအမျိုးအစားကြောင့်သော်လည်းကောင်း Download ပြုလုပ်၍ အသုံးပြုနိုင်ခြင်းမရှိသော Existing Customer များနှင့် New Customer များကိုပါ Browser မှတဆင့် Portal/ Web Version အနေဖြင့် အသုံးပြုနိုင်တော့မည်ဖြစ်ပါသည်။ Yoma Bank Next Portal သို့ https://nextportal.yomabank.com/ မှတဆင့် ဝင်ရောက်အသုံးပြုနိုင်မည် ဖြစ်ပါသည်။ 

ယခု Version အသစ် 1.1.0 တွင် ပါဝင်လာသော Features အသေးစိတ်ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။ 

  • Activation
  • Login
  • Acc Transfer (Own Acc, Other Acc, Other Bank, WavePay)      
  • Bill Payment & Mobile Topup
  • Deposit & Fixed Deposit Acc Overview
  • Account Overview & Detail
  • Download Account Statement
  • Add Receivers
  • Transaction History
  • Forget Password
  • Open FD and Super FD
  • Open Flexi Everyday 

Business Banking Portal

YOMA Bank Business Banking Portal မိတ်ဆက်ရခြင်း၏ ရည်ရွယ်ချက်မှာ SME & Corporate Customer များလက်ရှိအသုံးပြုလျက်ရှိနေသော DC Enterprise Portal ပိုမိုကောင်းမွန်သော ဘဏ္ဍရေးဆိုင်ရာလုပ်ငန်းများကို လွယ်ကူမြန်ဆန်စွာ ဆောင်ရွက်နိုင်စေရန် ရည်ရွယ် ပါသည်။ရိုးမဘဏ်၏ SME & Enterprise Customer များအနေဖြင့် လက်ရှိအသုံးပြုလျက်ရှိနေသော DC Enterprise Portal မှာ မကြာမီအချိန်တွင် အသုံးပြု၍ ရရှိနိုင်တော့မည်မဟုတ်ဘဲ ဝန်ဆောင်မှုအား ရပ်ဆိုင်းသွားမည်ဖြစ်ပါသောကြောင့် SME& Enterprise Customer များအသုံးပြုနိုင်မည့် Online Banking Portal အသစ်အနေဖြင့် Yoma Bank Business Banking Portal (BBP) Version 1.1 အား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၂) ရက်နေ့မှ စတင်၍ အသုံးပြုနိုင်မည် ဖြစ်ပါသည်။ Business Banking Portal (BBP) အား https://businessbanking.yomabank.com မှတဆင့် ဝင်ရောက်အသုံးပြုရမည်ဖြစ်ပါသည်။  

YoWave: Enhanced YB Onboarding Approach & Campaign

WavePay Customer များအနေဖြင့် WavePay App ပေါ်တွင် ရိုးမဘဏ်၏ Flexi Everyday Account ကို “Promotions” Session ရှိ Yoma Bank Banner ကို နှိပ်ပြီး အလွယ်တကူဖွင့်လှစ်နိုင်ပြီဖြစ်ပါသည်။ မကြာသေးမီက Wave’s KYC data sharing API နှင့် ပေါင်းဆည်းလိုက်ခြင်းဖြင့် Customer များ သုံးစွဲမှုပိုမိုအဆင်ပြေစေရန်/ သိသာရိုးရှင်းသော customer onboarding experience ရရှိစေရန်အတွက်လည်း ၎င်းတို့၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို Yoma Bank Application Portal တွင် ကြိုတင်ထည့်သွင်းထားပြီးဖြစ်ပါသည်။

ဒါ့အပြင် WavePay App မှတဆင့် ရိုးမဘဏ်အကောင့်ဖွင့်သော Customer များအတွက် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့ မှ ဒီဇင်ဘာလ ၈ ရက်နေ့အတွင်း ကံစမ်းမဲအစီအစဉ် ပြုလုပ်လျက်ရှိပြီး ပေးအပ်မည့်ဆုများမှာ ကျပ်ငွေ ၃ သိန်းဆု၊ ၁ သိန်းဆု နှင့် ၅ သောင်းဆု တို့ဖြစ်သည်။ Customer များအနေဖြင့် ဤကံစမ်းမဲအစီအစဉ်တွင် အကျုံးဝင်ရန်နှင့် ကံထူးခွင့်လတ်မှတ် ၁ စောင် ရရှိရန် မိမိ၏ အသစ်ဖွင့်လှစ်ထားသော ရိုးမဘဏ်အကောင့်တွင် အနည်းဆုံးအပ်ငွေ ၃၀,၀၀၀ ကျပ် ထားရှိရမည့်အပြင် Yoma Bank Next Application ကို Download ဆွဲ၍ Activate လုပ်ထားရမည်။

Pocket နဲ့အတူရှေ့ဆက် ရင်ခုန်စရာ ၃၆၅ ရက် 

Pocket အသုံးပြုသူတို့ရဲ့ ဝိုင်းဝန်းပံ့ပိုးပေးမှုကြောင့် Pocket MM စတင်ခဲ့တာဆိုရင် (၁) နှစ်တိတိ ရောက်ရှိလို့လာခဲ့ပြီဖြစ်ပါတယ်။ ဒါ့အပြင် Pocket MM ရဲ့ (၁) နှစ်ပြည့် ရင်ခုန်စရာ အစီအစဉ်တွေနဲ့အတူ ပိုမိုကောင်းမွန်တဲ့ အတွေ့အကြုံတွေအတွက် Membership, Lucky Draw နဲ့ Special Offers စတဲ့ Features အသစ်တွေကို ထပ်မံမိတ်ဆက်ပေးလိုက်ပြီ ဖြစ်ပါတယ်။  

Pocket နဲ့ချိတ်ဆက်ထားတဲ့ဆိုင်တိုင်းမှာ ဈေးဝယ်ယူပြီးတိုင်း Coins တွေစုဆောင်းနိုင်ရုံသာမက သီးသန့်အကျိုးခံစားခွင့်တွေအတွက် – Membership နဲ့ အထူးလျှော့ဈေးတွေကို အလွယ်တကူရယူနိုင်မယ့် – Special Offers အပြင် Lucky Draw ဆုလက်ဆောင်တွေကို လက်ငင်းပိုင်ဆိုင်နိုင်မယ့် အခွင်အရေးတွေကို တစ်နေရာထဲမှာ ရရှိနိုင်ပြီပဲ ဖြစ်ပါတယ်။ အခုလို တိုးတက်ကောင်းမွန်လာတဲ့ လုပ်ဆောင်ချက်တွေနဲ့အတူ Pocket ရဲ့ (၁) နှစ်ပြည့် ကမ်ပိန်း အစီအစဉ်တွေမှာ ပါဝင်ရင်း Digital အတွေ့အကြုံအသစ်တွေအတွက် Pocket Application ကို App Store, Play Store နဲ့ Huawei App Gallery တွေမှာ အခုပဲ Download ရယူဖို့ သတင်းကောင်းပါးလိုက်ပါတယ်။ 

Yoma Car Share Driver App

သင်ဟာခရီးတစ်ခုသွားဖို့စီစဥ်နေပြီး လမ်းခရီးမှာတစ်ယောက်တည်း ကားမောင်းရမှာကို စိတ်ပူနေပြီလား? Yoma Car Share မှာကားငှားတဲ့အခါ Driver App ကနေ အပိုယာဥ်မောင်းအား စာရင်းသွင်းပြီး ခရီးစဥ်ကို အတူတကွ မျှဝေနိုင်ပါတယ်။ သင့်ရဲ့ သူငယ်ချင်းတွေ၊ မိသားစုနဲ့ ခရီးတစ်ခုသွားဖို့ စီစဥ်နေသည်ဖြစ်စေ ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့အတူ လုပ်ငန်းဆိုင်ရာ ခရီးတစ်ခုသွားဖို့ စီစဥ်နေသည်ဖြစ်စေ သင်ကိုယ်တိုင်ကားမမောင်းချင်တဲ့အခါမျိုးမှာဆို ယာဥ်မောင်းတဲ့တာဝန်ကို မျှဝေဖို့အတွက် Yoma Car Share Driver App မှာ အလွယ်တကူပြုလုပ်နိုင်ပါတယ်။

လွယ်ကူစွာ ကြိုတင်စာရင်းသွင်းခြင်း 

သင့်ရဲ့ ကားကြိုတင်ငှားခြင်းလုပ်ငန်းစဥ်တွင် အပိုယာဥ်မောင်းအား ချောမွေ့လွယ်ကူစွာ ထည့်သွင်းနိုင်ခြင်းကြောင့် အသုံးပြုရလွယ်ကူစေပြီး လျှင်မြန်ရိုးရှင်းသော အတွေ့အကြုံကို ရရှိမှာ အသေအချာပါပဲ။

လုံခြုံစိတ်ချရသော အတည်ပြုခြင်း

အပိုယာဥ်မောင်းများကို Yoma Car Share အကောင့်ပိုင်ရှင်မှ အတည်ပြုထားသော လျှို့ဝှက်စကားဝှက်ဖြင့် အကောင့်ဝင်ရောက်စေခြင်းအားဖြင့် လုံခြုံစိတ်ချရစေပါသည်။

အက်ပ်အတွင်း ဝင်ရောက်နိုင်မှု

အက်ပ်မှတစ်ဆင့် များစွာသော လုပ်ဆောင်ချက်များဖြစ်သည့် ကြိုတင်စာရင်းသွင်းမှု အသေးစိတ်ကို သိရှိနိုင်ခြင်း၊ ကားတံခါး အဖွင့်/အပိတ်ပြုလုပ်နိုင်ခြင်း ၊ ထိခိုက်ဒဏ်ရာများ ဖြစ်ပွားခဲ့ပါက တင်ပြနိုင်ခြင်း၊ ဆီဖိုး ပြန်လည်တောင်းခံနိုင်ခြင်း၊ ကြိုတင်စာရင်းသွင်းမှုအား အချိန်ထပ်မံတိုးခြင်း နှင့် ခရီးစဥ်ပြီးဆုံးသည့်အခါ ခရီးစဥ်ကို အဆုံးသတ်နိုင်ခြင်း စသည်တို့အား ဆောင်ရွက်နိုင်ပါသည်။

အချိန်နှင့်တစ်ပြေးညီ အကြောင်းကြားချက်များ

ကြိုတင်စာရင်းသွင်းမှု အောင်မြင်ကြောင်းနှင့် ပြင်ဆင်ပြောင်းလဲမှုများအား ယာဥ်မောင်း အက်ပ်မှတစ်ဆင့် အချိန်နဲ့တစ်ပြေးညီ အကြောင်းကြားချက်များ ရရှိနိုင်မည်ဖြစ်သည်။

ဝန်ဆောင်မှု

မေးမြန်းလိုသည်များနှင့် အခက်အခဲတစ်စုံတစ်ခုရှိပါက အကူအညီပေးနိုင်ရန်အတွက် ၂၄/၇ အသင့်ရှိနေသော ဝန်ဆောင်မှုရှိပါသည်။

ယာဥ်မောင်း အက်ပ် အလုပ်လုပ်ပုံ
  • အပိုယာဥ်မောင်း၏ အချက်အလက်များအား Yoma Car Share အကောင့်ပိုင်ရှင်၏ အက်ပ်တွင် စာရင်းသွင်းပါ။ 
  • အပိုယာဥ်မောင်းအား လွယ်ကူစွာ ထည့်သွင်းပါ။ 
  • အပိုယာဥ်မောင်းသည် Yoma Car Share Driver App ကို ဒေါင်းလုဒ်လုပ်ပါ။ 
  • ယာဥ်မောင်းအကောင့်အား ဝင်ရောက်ပါ။ 
  • ကြိုတင်စာရင်းသွင်းမှု အသေးစိတ်အချက်အလက်များအား ဝင်ရောက်ကြည့်ရှုပြီး ကိုယ်တိုင်ကားမောင်းခြင်း ခရီးစဥ်ကို စတင်နိုင်ပါပြီ။ 

အခုပဲ Yoma Car Share Driver App ကို ဒေါင်းလုဒ်လုပ်ပြီး တူတူသွားကြစို့! 

Website link – https://carshare.yomafleet.com/
Android App – https://play.google.com/store/apps/details?id=com.yomafleet.carsharedriver
iOS App – https://apps.apple.com/th/app/yoma-car-share-driver/id1633961520
Huawei App Gallery – https://appgallery.huawei.com/app/C107700699

Email – aung@yomafleet.com
24/7 Hotline – 09 YOMAFLEET (09 966 235 338)

heal by Pun Hlaing App

As we strive to prioritize your well-being, heal by Pun Hlaing App brings three key features that will transform the way you approach healthcare: On-Demand services, Electronic Medical Records, and In-Person Appointment.

heal by Pun Hlaing App မှာဆိုရင်

  • ရိုးရှင်းတဲ့ အဆင့်အနည်းငယ်ကို ပြုလုပ်လိုက်ရုံနဲ့တင် တယ်လီကျန်းမာရေးဆွေးနွေးခြင်း
  • ရက်ချိန်းရယူခြင်း
  • အီလက်ထရောနစ်ဆေးကုသမှုမှတ်တမ်း(EMR) ရယူခြင်း
  • ကျန်းမာရေးသတင်းတွေကို စုံစုံလင်လင်ဖတ်ယူနိုင်ခြင်း
  • သွားလာရခက်ခဲတဲ့ နေရာဒေသတွေမှာ နေထိုင်ကြသူများနဲ့ သွားလာလှုပ်ရှားဖို့ ကန့်သတ်ချက်ရှိသူတွေအတွက် အချိန်နှင့်တပြေးညီ အရည်အသွေးမြင့်ကျန်းမာရေးအထောက်အပံ့တွေနဲ့ သတင်းအချက်အလက်တွေကို ၂၄နာရီ၊ ၇ရက် ပတ်လုံးသုံးနိုင်တဲ့ တယ်လီကျန်းမာရေးဝန်ဆောင်မှု ပံ့ပိုးပေးနိုင်ခြင်း
  • အထူးကုဆရာဝန်ပေါင်း ၁၅၀ ကျော်နဲ့ ၂၄ နာရီ၊ ၇ ရက်ပတ်လုံး တယ်လီကျန်းမာရေးဝန်ဆောင်မှုများရယူနိုင်ခြင်း
  • ဆေးဝါးမှာယူခြင်းအတွက် heal by Pun Hlaing App ကိုသုံးစွဲနိုင်ပြီး ဆရာဝန်ညွှန်ကြားတဲ့ဆေးဝါးများကို အိမ်တိုင်ရာရောက်ပါမက ပန်းလှိုင်ဆေးရုံဆေးခန်းများတွင် ကိုယ်တိုင်ယူစနစ်ဖြင့် ရွေးချယ်ဝယ်ယူနိုင်ခြင်း စတဲ့ ဝန်ဆောင်မှုတွေရရှိမှာပါ
  • ဒါ့အပြင် ကျန်းမာရေးစောင့်ရှောက်မှု package တွေဖြစ်တဲ့ ပျော်ရွှင်ခြင်း၊ ဆရာကြီးများ၊ ပုခက်၊ ဟာကျူလီ packages တွေက်ို စျေးနှုန်းသက်သာစွာဖြင့် ဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ် 

Yoma Connect Feature အသစ်များ  

အသစ်ထွက်ရှိလာတဲ့ feature များကတော့

  • တူညီသော ဌာနလက်အောက်ရှိ ဝန်ထမ်းများအနေဖြင့် အလိုအလျောက် follow ဖြစ်နေမှာဖြစ်ပြီး အခြားဌာနများမှ မိတ်ဆွေများကို follow လုပ်လိုပါက ထိုသူ၏ profile သို့ ကိုယ်တိုင်သွားရောက်၍ follow button ကို နှိပ်ရမှာ ဖြစ်ပါသည်။  
  • နောက်တစ်ခုကတော့ Default Group များပါဝင်လာမှာဖြစ်ပြီး ဝန်ထမ်းများအနေဖြင့် ၎င်းတို့၏ သက်ဆိုင်ရာဌာန၊ entity အလိုက် Group များကိုလည်း စိတ်ကြိုက် ကြည့်ရှုနိုင်မှာဖြစ်ပါသည်။ 
  • Attendance ဝင်ရတဲ့ Entity များအတွက်လည်း အဆင်ပြေချောမွေ့စွာ Check-in/out လုပ်နိုင်အောင်လည်း ဆောင်ရွက်ထားပါတယ်။